ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဝတ်ပြုရာ ၁၃
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

ဝတ်ပြုရာ မာတိကာ

      • အနာကြီးရောဂါနဲ့ပတ်သက်တဲ့ စည်းမျဉ်းများ (၁-၄၆)

      • အဝတ်မှာ ပြန့်ပွားနာစွဲခြင်း (၄၇-၅၉)

ဝတ်ပြုရာ ၁၃:၂

အောက်ခြေမှတ်ချက်များ

  • *

    ‘အနာကြီးရောဂါ’ လို့ပြန်ဆိုတဲ့ ဟီဘရူးစကားလုံးဟာ အဓိပ္ပာယ်ကျယ်ပြန့်။ ကူးစက်တတ်တဲ့ အရေပြားရောဂါအမျိုးမျိုး၊ အဝတ်အစားနဲ့ အိမ်တွေမှာ စွဲတတ်တဲ့ မှိုရောဂါအမျိုးမျိုး ပါဝင်နိုင်။

ကျမ်းညွှန်းများ

  • +တလ ၁၂:၁၀၊ ၁၂; ၂ရ ၂၆:၁၉; မ ၈:၃
  • +တရ ၂၄:၈; ယဇ ၄၄:၂၃; မလ ၂:၇; လု ၁၇:၁၄

ဝတ်ပြုရာ ၁၃:၄

ကျမ်းညွှန်းများ

  • +ဝ ၁၃:၅၀; ၁၄:၃၈; တလ ၁၂:၁၅

ဝတ်ပြုရာ ၁၃:၆

ကျမ်းညွှန်းများ

  • +မ ၈:၄; မာ ၁:၄၄; လု ၅:၁၄; ၁၇:၁၄

ဝတ်ပြုရာ ၁၃:၈

ကျမ်းညွှန်းများ

  • +ဝ ၁၃:၁၅၊ ၂၅၊ ၃၀၊ ၄၂; တလ ၁၂:၁၀၊ ၁၂

ဝတ်ပြုရာ ၁၃:၁၀

ကျမ်းညွှန်းများ

  • +ဝ ၁၃:၃
  • +ဝ ၁၃:၂၄၊ ၂၅

ဝတ်ပြုရာ ၁၃:၁၁

ကျမ်းညွှန်းများ

  • +ဝ ၁၃:၄

ဝတ်ပြုရာ ၁၃:၁၃

အောက်ခြေမှတ်ချက်များ

  • *

    ဒါမှမဟုတ်၊ “မကူးစက်နိုင်ဘူး။”

ဝတ်ပြုရာ ၁၃:၁၅

ကျမ်းညွှန်းများ

  • +တရ ၂၄:၈
  • +ဝ ၁၃:၈

ဝတ်ပြုရာ ၁၃:၁၇

ကျမ်းညွှန်းများ

  • +လု ၅:၁၄; ၁၇:၁၄

ဝတ်ပြုရာ ၁၃:၂၀

ကျမ်းညွှန်းများ

  • +ယဇ ၄၄:၂၃

ဝတ်ပြုရာ ၁၃:၂၁

ကျမ်းညွှန်းများ

  • +ဝ ၁၃:၄၊ ၅၀; ၁၄:၃၈; တလ ၁၂:၁၅

ဝတ်ပြုရာ ၁၃:၂၃

ကျမ်းညွှန်းများ

  • +မ ၈:၄; မာ ၁:၄၄; လု ၅:၁၄; ၁၇:၁၄

ဝတ်ပြုရာ ၁၃:၂၆

ကျမ်းညွှန်းများ

  • +ဝ ၁၃:၄၊ ၅၀; ၁၄:၃၈; တလ ၁၂:၁၅

ဝတ်ပြုရာ ၁၃:၃၀

ကျမ်းညွှန်းများ

  • +တရ ၂၄:၈; မလ ၂:၇

ဝတ်ပြုရာ ၁၃:၃၁

ကျမ်းညွှန်းများ

  • +ဝ ၁၃:၄၊ ၅၀; ၁၄:၃၈; တလ ၁၂:၁၅

ဝတ်ပြုရာ ၁၃:၃၇

ကျမ်းညွှန်းများ

  • +မ ၈:၄; မာ ၁:၄၄; လု ၅:၁၄; ၁၇:၁၄

ဝတ်ပြုရာ ၁၃:၃၉

ကျမ်းညွှန်းများ

  • +ဝ ၁၃:၂

ဝတ်ပြုရာ ၁၃:၄၆

ကျမ်းညွှန်းများ

  • +တလ ၅:၂; ၁၂:၁၄; ၂ဘု ၇:၃; ၂ရ ၂၆:၂၀၊ ၂၁

ဝတ်ပြုရာ ၁၃:၄၇

အောက်ခြေမှတ်ချက်များ

  • *

    မူရင်း၊ “အနာကြီးရောဂါ ဖြစ်ရင်။” မှို၊ ဖားဥစွဲတာ ဖြစ်နိုင်ပေမဲ့ အတိအကျ မပြောနိုင်ပါ။

ဝတ်ပြုရာ ၁၃:၅၀

ကျမ်းညွှန်းများ

  • +ဝ ၁၃:၄; ၁၄:၃၈; တလ ၁၂:၁၅

ဝတ်ပြုရာ ၁၃:၅၁

ကျမ်းညွှန်းများ

  • +ဝ ၁၄:၄၄၊ ၄၅

ဝတ်ပြုရာ ၁၃:၅၇

ကျမ်းညွှန်းများ

  • +ဝ ၁၃:၅၂

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

ဝတ်. ၁၃:၂တလ ၁၂:၁၀၊ ၁၂; ၂ရ ၂၆:၁၉; မ ၈:၃
ဝတ်. ၁၃:၂တရ ၂၄:၈; ယဇ ၄၄:၂၃; မလ ၂:၇; လု ၁၇:၁၄
ဝတ်. ၁၃:၄ဝ ၁၃:၅၀; ၁၄:၃၈; တလ ၁၂:၁၅
ဝတ်. ၁၃:၆မ ၈:၄; မာ ၁:၄၄; လု ၅:၁၄; ၁၇:၁၄
ဝတ်. ၁၃:၈ဝ ၁၃:၁၅၊ ၂၅၊ ၃၀၊ ၄၂; တလ ၁၂:၁၀၊ ၁၂
ဝတ်. ၁၃:၁၀ဝ ၁၃:၃
ဝတ်. ၁၃:၁၀ဝ ၁၃:၂၄၊ ၂၅
ဝတ်. ၁၃:၁၁ဝ ၁၃:၄
ဝတ်. ၁၃:၁၅တရ ၂၄:၈
ဝတ်. ၁၃:၁၅ဝ ၁၃:၈
ဝတ်. ၁၃:၁၇လု ၅:၁၄; ၁၇:၁၄
ဝတ်. ၁၃:၂၀ယဇ ၄၄:၂၃
ဝတ်. ၁၃:၂၁ဝ ၁၃:၄၊ ၅၀; ၁၄:၃၈; တလ ၁၂:၁၅
ဝတ်. ၁၃:၂၃မ ၈:၄; မာ ၁:၄၄; လု ၅:၁၄; ၁၇:၁၄
ဝတ်. ၁၃:၂၆ဝ ၁၃:၄၊ ၅၀; ၁၄:၃၈; တလ ၁၂:၁၅
ဝတ်. ၁၃:၃၀တရ ၂၄:၈; မလ ၂:၇
ဝတ်. ၁၃:၃၁ဝ ၁၃:၄၊ ၅၀; ၁၄:၃၈; တလ ၁၂:၁၅
ဝတ်. ၁၃:၃၇မ ၈:၄; မာ ၁:၄၄; လု ၅:၁၄; ၁၇:၁၄
ဝတ်. ၁၃:၃၉ဝ ၁၃:၂
ဝတ်. ၁၃:၄၆တလ ၅:၂; ၁၂:၁၄; ၂ဘု ၇:၃; ၂ရ ၂၆:၂၀၊ ၂၁
ဝတ်. ၁၃:၅၀ဝ ၁၃:၄; ၁၄:၃၈; တလ ၁၂:၁၅
ဝတ်. ၁၃:၅၁ဝ ၁၄:၄၄၊ ၄၅
ဝတ်. ၁၃:၅၇ဝ ၁၃:၅၂
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
  • ၂၆
  • ၂၇
  • ၂၈
  • ၂၉
  • ၃၀
  • ၃၁
  • ၃၂
  • ၃၃
  • ၃၄
  • ၃၅
  • ၃၆
  • ၃၇
  • ၃၈
  • ၃၉
  • ၄၀
  • ၄၁
  • ၄၂
  • ၄၃
  • ၄၄
  • ၄၅
  • ၄၆
  • ၄၇
  • ၄၈
  • ၄၉
  • ၅၀
  • ၅၁
  • ၅၂
  • ၅၃
  • ၅၄
  • ၅၅
  • ၅၆
  • ၅၇
  • ၅၈
  • ၅၉
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ဝတ်ပြုရာ ၁၃:၁-၅၉

ဝတ်ပြုရာ

၁၃ ယေဟောဝါက  မောရှေနဲ့ အာရုန်ကို  မိန့်မှာတယ်– ၂ “လူတစ်ယောက်ရဲ့ အရေပြားပေါ်မှာ အဖုအပိမ့်၊ ဝဲနာ၊ အကွက်ပေါ်လာပြီး အနာကြီးရောဂါ*+ ဖြစ်နိုင်ချေရှိတယ်ဆိုရင်  သူ့ကို  ပုရောဟိတ်အာရုန် ဒါမှမဟုတ်  သူ့သားပုရောဟိတ်  တစ်ယောက်ယောက်ဆီ ခေါ်လာရမယ်။+ ၃ ပုရောဟိတ်က အနာကို စစ်ဆေးကြည့်ရမယ်။  အနာပေါ်က အမွေးတွေ ဖြူနေပြီး အနာက အရေပြားထဲ နက်ဝင်နေပြီဆိုရင်  အနာကြီးရောဂါပဲ။ ပုရောဟိတ်က စစ်ဆေးကြည့်ပြီးနောက် မသန့်ရှင်းဘူးလို့ အတည်ပြုပေးရမယ်။ ၄ ဒါပေမဲ့ အနာကွက်က ဖြူနေပြီး အရေပြားထဲ နက်ဝင်ပုံမရှိဘူး၊ အမွေးလည်း မဖြူဘူးဆိုရင် သူ့ကို ခုနစ်ရက် သီးသန့်နေခိုင်းရမယ်။+ ၅ ခုနစ်ရက်မြောက်နေ့မှာ ပုရောဟိတ်က သူ့ကို စစ်ဆေးကြည့်ရမယ်။ အရေပြားပေါ်မှာ အနာမပြန့်ပွားဘဲ နဂိုအတိုင်းရှိနေရင် နောက်ထပ်ခုနစ်ရက် သီးသန့်နေခိုင်းရမယ်။

၆ “ခုနစ်ရက်မြောက်နေ့မှာ ပုရောဟိတ်က  ထပ်စစ်ဆေးကြည့်ရမယ်။ အနာက သက်သာသွားပြီး မပြန့်ပွားဘူးဆိုရင်  သူ့ကို  သန့်ရှင်းတယ်လို့ အတည်ပြုပေးရမယ်။+ အဲဒါ ဝဲနာပဲ။ သူက အဝတ်တွေကို လျှော်ရမယ်။ ပြီးရင် သန့်ရှင်းသွားပြီ။ ၇ သူသန့်ရှင်းတယ်လို့ ပုရောဟိတ်အတည်ပြုပြီးမှ အရေပြားပေါ်မှာ ဝဲနာပြန့်ပွားလာရင် ပြန်လာရမယ်။ ၈ ပုရောဟိတ်က စစ်ဆေးကြည့်တဲ့အခါ အရေပြားပေါ်မှာ ဝဲနာပြန့်ပွားနေရင် မသန့်ရှင်းဘူးလို့ အတည်ပြုပေးရမယ်။ ဒါဟာ အနာကြီးရောဂါပဲ။+

၉ “လူတစ်ယောက်မှာ အနာကြီးရောဂါဖြစ်နေရင် သူ့ကို ပုရောဟိတ်ဆီ ခေါ်လာရမယ်။ ၁၀ ပုရောဟိတ်က သူ့ကို စစ်ဆေးကြည့်ရမယ်။+ အရေပြားပေါ်မှာ အဖြူရောင်အဖုအပိမ့် ထွက်နေပြီး အမွေးတွေဖြူနေမယ်၊ အနာက ပွင့်ထွက်နေမယ်ဆိုရင်၊+ ၁၁ နာတာရှည် အနာကြီးရောဂါပဲ။ မသန့်ရှင်းဘူးလို့ ပုရောဟိတ်က အတည်ပြုပေးရမယ်။  သူက  မသန့်ရှင်းတဲ့အတွက် နောက်ထပ်စစ်ဆေးဖို့ သီးသန့်နေခိုင်းစရာ မလိုတော့ဘူး။+ ၁၂ တစ်ကိုယ်လုံးမှာ အနာကြီးရောဂါ ပြန့်နေပြီ၊ ဘယ်နေရာကြည့်ကြည့် ခြေဆုံးခေါင်းဆုံး ပြန့်နေပြီဆိုရင်၊ ၁၃ ပုရောဟိတ်က စစ်ဆေးကြည့်လိုက်လို့ တစ်ကိုယ်လုံး အနာကြီးရောဂါ ပြန့်နေတာ သေချာသွားရင် သန့်ရှင်းတယ်* လို့အတည်ပြုပေးရမယ်။ သူဟာ တစ်ကိုယ်လုံး ဖြူသွားပြီဆိုတော့ သန့်ရှင်းတယ်။ ၁၄ သူ့မှာ ပွင့်ထွက်နေတဲ့ အနာရှိရင်တော့ မသန့်ရှင်းဘူး။ ၁၅ ပုရောဟိတ်က  ပွင့်ထွက်နေတဲ့ အနာကိုတွေ့ရင် မသန့်ရှင်းဘူးလို့ အတည်ပြုပေးရမယ်။+ ပွင့်ထွက်နေတဲ့ အနာရှိရင် မသန့်ရှင်းဘူး။ ဒါဟာ အနာကြီးရောဂါပဲ။+ ၁၆ ပွင့်ထွက်နေတဲ့အနာ  သက်သာပြီး  ဖြူလာရင် ပုရောဟိတ်ဆီ သူပြန်လာရမယ်။ ၁၇ ပုရောဟိတ်က စစ်ဆေးကြည့်တဲ့အခါ+ အနာဟာ အဖြူရောင်ပြောင်းနေရင် ရောဂါစွဲသူကို သန့်ရှင်းတယ်လို့ အတည်ပြုပေးရမယ်။ သူဟာ သန့်ရှင်းတယ်။

၁၈ “လူတစ်ယောက်ရဲ့ အရေပြားပေါ်မှာ   အနာစိမ်းပေါက်ပြီးနောက် ပျောက်သွားပေမဲ့၊ ၁၉ အနာစိမ်းပေါက်တဲ့ နေရာမှာ အဖြူရောင်အဖုအပိမ့် ထွက်လာရင် ဒါမှမဟုတ် နီဖျော့ဖျော့အကွက် ပေါ်လာရင် ပုရောဟိတ်ဆီ လာပြရမယ်။ ၂၀ ပုရောဟိတ်က  စစ်ဆေးကြည့်တဲ့အခါ+ အနာဟာ အရေပြားထဲ နက်ဝင်နေပြီး အမွေးတွေဖြူနေပြီဆိုရင်  မသန့်ရှင်းဘူးလို့ အတည်ပြုပေးရမယ်။ ဒါဟာ အနာစိမ်းနေရာမှာ ပေါ်လာတဲ့ အနာကြီးရောဂါပဲ။ ၂၁ ပုရောဟိတ်က စစ်ဆေးကြည့်တဲ့အခါ အနာမှာ အဖြူရောင်အမွေး မရှိ၊ အနာလည်း အရေပြားထဲ နက်ဝင်ပုံမရှိဘဲ သက်သာနေရင် သူ့ကို ခုနစ်ရက် သီးသန့်နေခိုင်းရမယ်။+ ၂၂ အရေပြားပေါ်မှာ အနာပြန့်ပွားနေတာ သေချာပြီဆိုရင်တော့ မသန့်ရှင်းဘူးလို့ အတည်ပြုပေးရမယ်။ ဒါဟာ အနာကြီးရောဂါပဲ။ ၂၃ အနာကွက် မပြန့်ပွားဘဲ နဂိုအတိုင်းရှိနေရင် အနာစိမ်းရောင်ရမ်းတာပဲ။ သူ့ကို သန့်ရှင်းတယ်လို့ အတည်ပြုပေးရမယ်။+

၂၄ “တစ်ယောက်ယောက်က မီးလောင်နာဖြစ်ပြီး အနာပေါ်မှာ နီဖျော့ဖျော့အကွက် ဒါမှမဟုတ် အဖြူကွက်ပေါ်လာရင်၊ ၂၅ ပုရောဟိတ်က အနာကို စစ်ဆေးကြည့်ရမယ်။ အနာကွက်ပေါ်က အမွေးတွေဖြူလာပြီး အနာက အရေပြားထဲ နက်ဝင်နေပြီဆိုရင် မီးလောင်နာမှာ ပေါ်လာတဲ့ အနာကြီးရောဂါပဲ။  သူ့ကို မသန့်ရှင်းဘူးလို့ အတည်ပြုပေးရမယ်။ ဒါဟာ အနာကြီးရောဂါပဲ။ ၂၆ ဒါပေမဲ့ ပုရောဟိတ်က စစ်ဆေးကြည့်တဲ့အခါ  အနာမှာ  အဖြူရောင်အမွေး မရှိ၊ အနာလည်း အရေပြားထဲ နက်ဝင်ပုံမရှိဘဲ သက်သာနေရင် သူ့ကို  ခုနစ်ရက် သီးသန့်နေခိုင်းရမယ်။+ ၂၇ ခုနစ်ရက်မြောက်နေ့မှာ ပုရောဟိတ်က သူ့ကို စစ်ဆေးကြည့်ရမယ်။ အရေပြားပေါ်မှာ အနာပြန့်ပွားနေတာ သေချာပြီဆိုရင် မသန့်ရှင်းဘူးလို့ အတည်ပြုပေးရမယ်။ ဒါဟာ အနာကြီးရောဂါပဲ။ ၂၈ အနာကွက် မပြန့်ပွားဘဲ နဂိုအတိုင်းရှိနေရင် မီးလောင်ဖုပဲ။ မီးလောင်နာ ရောင်ရမ်းတာဖြစ်တဲ့အတွက် သန့်ရှင်းတယ်လို့ အတည်ပြုပေးရမယ်။

၂၉ “ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ခေါင်းပေါ်မှာ ဒါမှမဟုတ် မေးစေ့မှာ အနာပေါက်လာရင်၊ ၃၀ ပုရောဟိတ်က  အနာကို  စစ်ဆေးကြည့်ရမယ်။+ အနာဟာ အရေပြားထဲ နက်ဝင်နေပြီး အမွေးတွေ ဝါတာတာဖြစ်နေရင် သူ့ကို မသန့်ရှင်းဘူးလို့ အတည်ပြုပေးရမယ်။ ဒါဟာ ဦးရေပြား ဒါမှမဟုတ် မေးစေ့မှာပေါက်တဲ့ အနာပဲ။ ခေါင်းနဲ့ မေးစေ့မှာဖြစ်တဲ့  အနာကြီးရောဂါပဲ။ ၃၁ အနာဟာ အရေပြားထဲ နက်ဝင်ပုံမရှိ၊ အနာမှာ အမည်းရောင် အမွေးလည်း မရှိတာကို ပုရောဟိတ်တွေ့ရင်  သူ့ကို ခုနစ်ရက် သီးသန့်နေခိုင်းရမယ်။+ ၃၂ ခုနစ်ရက်မြောက်နေ့မှာ ပုရောဟိတ်က စစ်ဆေးကြည့်ရမယ်။  အနာမပြန့်ပွားဘူး၊  အရေပြားထဲ  နက်ဝင်ပုံမရှိဘူး၊  အဝါရောင် အမွေးတွေ မရှိဘူးဆိုရင်၊ ၃၃ သူ့ဆံပင် ဒါမှမဟုတ်  မုတ်ဆိတ်ကို   ရိတ်ရမယ်။ အနာပေါက်တဲ့နေရာက အမွေးကိုတော့ မရိတ်ရဘူး။ ပုရောဟိတ်က သူ့ကို နောက်ထပ်  ခုနစ်ရက် သီးသန့်နေခိုင်းရမယ်။

၃၄ “ခုနစ်ရက်မြောက်နေ့မှာ ပုရောဟိတ်က ခေါင်းမှာ ဒါမှမဟုတ် မေးစေ့မှာဖြစ်တဲ့ အနာကို ထပ်စစ်ဆေးကြည့်ရမယ်။ အနာ မပြန့်ပွားဘူး၊ အရေပြားထဲ နက်ဝင်ပုံမရှိဘူးဆိုရင် သန့်ရှင်းတယ်လို့ အတည်ပြုပေးရမယ်။ သူ အဝတ်တွေကို လျှော်ရမယ်။ ပြီးရင် သန့်ရှင်းသွားပြီ။ ၃၅ ဒါပေမဲ့ သန့်ရှင်းတယ်လို့ အတည်ပြုပြီးမှ အရေပြားပေါ်မှာ အနာပြန့်ပွားလာရင်၊ ၃၆ ပုရောဟိတ်က သူ့ကို စစ်ဆေးကြည့်ရမယ်။ အရေပြားပေါ်မှာ  အနာပြန့်ပွားနေရင်  အဝါရောင်အမွေးရှိမရှိ စစ်ဆေးဖို့ မလိုတော့ဘူး။ သူဟာ မသန့်ရှင်းဘူး။ ၃၇ ဒါပေမဲ့ အနာမပြန့်ပွားဘူး၊ အမွေးတွေ နဂိုအတိုင်းမည်းနေရင်  အနာသက်သာပြီ။  သူ သန့်ရှင်းသွားပြီဖြစ်လို့ သန့်ရှင်းကြောင်း အတည်ပြုပေးရမယ်။+

၃၈ “ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ အရေပြားပေါ်မှာ အဖြူအကွက်တွေ ပေါ်လာမယ်ဆိုရင်၊ ၃၉ ပုရောဟိတ်က စစ်ဆေးကြည့်ရမယ်။+ အရေပြားပေါ်မှာ ဖြူဖျော့ဖျော့အကွက်တွေ ဖြစ်နေရင် ရိုးရိုးအဖုအပိမ့်ပဲ။ သူဟာ သန့်ရှင်းတယ်။

၄၀ “ယောက်ျားတစ်ယောက်ဟာ ဆံပင်ကျွတ်ပြီး ထိပ်ပြောင်နေရင် သန့်ရှင်းတယ်။ ၄၁ နဖူးပေါ်ကဆံပင်တွေ ကျွတ်ပြီး ထိပ်ပြောင်နေရင် သန့်ရှင်းတယ်။ ၄၂ ပြောင်နေတဲ့ထိပ် ဒါမှမဟုတ် နဖူးပေါ်မှာ နီဖျော့ဖျော့အနာကွက် ပေါ်လာရင်တော့ အနာကြီးရောဂါပဲ။ ၄၃ ပုရောဟိတ်က သူ့ကို စစ်ဆေးကြည့်ရမယ်။ ပြောင်နေတဲ့ထိပ် ဒါမှမဟုတ် နဖူးပေါ်က အနာကွက်မှာ နီဖျော့ဖျော့ အဖုအပိမ့်ဖြစ်နေရင်၊ အနာကြီးရောဂါနဲ့ တူနေရင်၊ ၄၄ သူဟာ အနာကြီးရောဂါသည်ပဲ။ မသန့်ရှင်းဘူး။ ခေါင်းမှာ အနာစွဲနေတဲ့အတွက် မသန့်ရှင်းဘူးလို့ အတည်ပြုပေးရမယ်။ ၄၅ အနာကြီးရောဂါသည်က ကိုယ့်အဝတ်တွေကို ဆုတ်ဖြဲရမယ်။ ခေါင်းမဖြီးရဘူး။ ပါးစပ်ကို အုပ်ပြီး ‘မသန့်ရှင်းဘူး၊ မသန့်ရှင်းဘူး’ လို့အော်ရမယ်။ ၄၆ ရောဂါဖြစ်နေချိန်တစ်လျှောက်လုံး မသန့်မရှင်း ဖြစ်နေလိမ့်မယ်။ သူက မသန့်ရှင်းလို့ စခန်းအပြင်ဘက်မှာ သီးခြားနေထိုင်ရမယ်။+

၄၇ “သိုးမွေးထည်မှာ ဒါမှမဟုတ် ချည်ထည်မှာ ကူးစက်ပြန့်ပွားနာ တစ်မျိုးမျိုးဖြစ်ရင်၊* ၄၈ အဲဒီအထည်တွေရဲ့ တိုင်ချည်ဖောက်ချည်မှာ၊ သားရေ၊ သားရေအသုံးအဆောင် တစ်ခုခုမှာ ပြန့်ပွားနာဖြစ်ရင်၊ ၄၉ အဝတ်၊ တိုင်ချည်ဖောက်ချည်၊ သားရေ၊ သားရေအသုံးအဆောင် တစ်ခုခုမှာ စိမ်းဝါရောင် ဒါမှမဟုတ် နီစပ်စပ်အကွက်တွေရှိနေရင် ပြန့်ပွားနာကြောင့် ညစ်ညမ်းတာပဲ။  ပုရောဟိတ်ဆီ  သွားပြရမယ်။ ၅၀ ပုရောဟိတ်က စစ်ဆေးကြည့်ပြီးတော့ ပြန့်ပွားနာဖြစ်တဲ့ပစ္စည်းကို ခုနစ်ရက် သီးသန့်ခွဲထားရမယ်။+ ၅၁ ခုနစ်ရက်မြောက်နေ့မှာ စစ်ဆေးကြည့်တဲ့အခါ  အဝတ်၊  တိုင်ချည်ဖောက်ချည်၊ သားရေအသုံးအဆောင် တစ်ခုခုမှာ အကွက်တွေ ပြန့်ပွားနေရင် ကူးစက်တတ်တဲ့ရောဂါဖြစ်လို့ မသန့်ရှင်းဘူး။+ ၅၂ အဲဒီအဝတ်၊ သိုးမွေးထည်နဲ့ ချည်ထည်တွေရဲ့ တိုင်ချည်ဖောက်ချည်၊ သားရေအသုံးအဆောင်တွေကို မီးရှို့ရမယ်။ ဒါဟာ ကူးစက်တတ်တဲ့ ရောဂါဖြစ်လို့ မီးရှို့ပစ်ရမယ်။

၅၃ “ပုရောဟိတ်က စစ်ဆေးကြည့်တဲ့အခါ အဝတ်၊ တိုင်ချည်ဖောက်ချည်၊ သားရေအသုံးအဆောင်မှာ အကွက်တွေ မပြန့်ပွားဘူးဆိုရင်၊ ၅၄ အဲဒါကို လျှော်ခိုင်းရမယ်။ ပြီးရင် နောက်ထပ်ခုနစ်ရက် သီးသန့်ခွဲထားရမယ်။ ၅၅ အသေအချာ လျှော်ဖွပ်ပြီးနောက် ပြန်စစ်ဆေးကြည့်လို့ အကွက်တွေ မပြန့်ပွားရင်တောင် နဂိုအတိုင်း ညစ်ညမ်းနေတုန်းပဲဆိုရင် ဒါဟာ မသန့်ရှင်းဘူး။ အဲဒီပစ္စည်းက အတွင်းအပြင် ဆွေးမြေ့နေပြီဖြစ်လို့ မီးရှို့ပစ်ရမယ်။

၅၆ “ပုရောဟိတ်  စစ်ဆေးကြည့်တဲ့အခါ အဝတ်၊ သားရေ၊ တိုင်ချည်ဖောက်ချည်ပေါ်က အကွက်တွေဟာ အသေအချာ  လျှော်ဖွပ်ပြီးတဲ့နောက်မှာ အရောင်မှိန်သွားရင်  အဲဒီအကွက်ရှိတဲ့  နေရာကို  ဖြတ်ထုတ်ပစ်ရမယ်။ ၅၇ ဒါပေမဲ့ အဝတ်၊ တိုင်ချည်ဖောက်ချည်၊ သားရေအသုံးအဆောင်တစ်ခုခုရဲ့ နောက်တစ်နေရာမှာ အကွက်ထပ်ပေါ်လာရင် ရောဂါပြန့်ပွားနေပြီ။ ဒါကြောင့် ရောဂါပြန့်နေတဲ့ ဘယ်ပစ္စည်းကိုမဆို မီးရှို့ပစ်ရမယ်။+ ၅၈ အဝတ်၊ တိုင်ချည်ဖောက်ချည်၊   သားရေအသုံးအဆောင်ကို လျှော်ဖွပ်ပြီးနောက် အဲဒီအကွက် ပျောက်သွားရင် ဒုတိယအကြိမ် ထပ်လျှော်ရမယ်။  ပြီးရင်  သန့်ရှင်းသွားပြီ။

၅၉ “ဒါတွေဟာ သိုးမွေးထည်၊ ချည်ထည်၊ တိုင်ချည်ဖောက်ချည်၊ သားရေအသုံးအဆောင်တွေမှာ စွဲတတ်တဲ့ ကူးစက်ပြန့်ပွားနာနဲ့ဆိုင်တဲ့ ပညတ်ပဲ။ ဘယ်ပစ္စည်းက သန့်ရှင်းတယ်၊ မသန့်ရှင်းဘူးဆိုတာကို ဒီပညတ်အတိုင်း အတည်ပြုပေးရမယ်။”

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ