ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တရားသူကြီး ၂၀
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

တရားသူကြီး မာတိကာ

      • ဗင်ယာမိန်အမျိုးသားတွေကို စစ်ခင်း (၁-၄၈)

တရားသူကြီး ၂၀:၁

ကျမ်းညွှန်းများ

  • +ယရ ၂၂:၉
  • +ယရ ၁၉:၄၇၊ ၄၈; သူ ၁၈:၂၉
  • +၁ရှ ၇:၅; ၁၀:၁၇; ၂ဘု ၂၅:၂၃

တရားသူကြီး ၂၀:၂

ကျမ်းညွှန်းများ

  • +သူ ၂၀:၁၇; ၂ရှ ၂၄:၉

တရားသူကြီး ၂၀:၃

ကျမ်းညွှန်းများ

  • +သူ ၁၉:၂၂

တရားသူကြီး ၂၀:၄

ကျမ်းညွှန်းများ

  • +သူ ၁၉:၁၊ ၂
  • +သူ ၁၉:၁၂၊ ၁၄

တရားသူကြီး ၂၀:၅

အောက်ခြေမှတ်ချက်များ

  • *

    “ဂိဗာမြေရှင်တွေက” လည်းဖြစ်နိုင်။

ကျမ်းညွှန်းများ

  • +သူ ၁၉:၂၅၊ ၂၆

တရားသူကြီး ၂၀:၆

ကျမ်းညွှန်းများ

  • +သူ ၁၉:၂၉

တရားသူကြီး ၂၀:၇

ကျမ်းညွှန်းများ

  • +သူ ၁၉:၃၀

တရားသူကြီး ၂၀:၉

ကျမ်းညွှန်းများ

  • +သူ ၂၀:၁၈; ပ ၁၆:၃၃

တရားသူကြီး ၂၀:၁၃

ကျမ်းညွှန်းများ

  • +သူ ၁၉:၂၂၊ ၂၅
  • +တရ ၁၃:၅; ၁၇:၇; ၂၂:၂၂; ၁က ၅:၆၊ ၁၃

တရားသူကြီး ၂၀:၁၆

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကျမ်းစာမေးခွန်းများရဲ့ အဖြေ၊ ဆောင်းပါး ၉၆

တရားသူကြီး ၂၀:၁၇

ကျမ်းညွှန်းများ

  • +သူ ၂၀:၂

တရားသူကြီး ၂၀:၁၈

ကျမ်းညွှန်းများ

  • +ထွ ၂၈:၃၀; တလ ၂၇:၂၁; သူ ၂၀:၂၇

တရားသူကြီး ၂၀:၂၃

ကျမ်းညွှန်းများ

  • +သူ ၂၀:၂၈

တရားသူကြီး ၂၀:၂၅

ကျမ်းညွှန်းများ

  • +သူ ၂၀:၂၁

တရားသူကြီး ၂၀:၂၆

ကျမ်းညွှန်းများ

  • +သူ ၂၀:၂၃
  • +၂ရ ၂၀:၃; ဧဇ ၈:၂၁
  • +ဝ ၁:၃
  • +ဝ ၃:၁

တရားသူကြီး ၂၀:၂၇

ကျမ်းညွှန်းများ

  • +တလ ၂၇:၂၁; သူ ၂၀:၁၈

တရားသူကြီး ၂၀:၂၈

ကျမ်းညွှန်းများ

  • +ထွ ၆:၂၅; တလ ၂၅:၇
  • +သူ ၂၀:၂၃

တရားသူကြီး ၂၀:၂၉

ကျမ်းညွှန်းများ

  • +ယရ ၈:၃၊ ၄

တရားသူကြီး ၂၀:၃၀

ကျမ်းညွှန်းများ

  • +သူ ၂၀:၂၀၊ ၂၂

တရားသူကြီး ၂၀:၃၁

ကျမ်းညွှန်းများ

  • +သူ ၂၀:၃၆
  • +သူ ၂၀:၃၉

တရားသူကြီး ၂၀:၃၂

ကျမ်းညွှန်းများ

  • +သူ ၂၀:၂၁၊ ၂၅

တရားသူကြီး ၂၀:၃၅

ကျမ်းညွှန်းများ

  • +သူ ၂၀:၂၈၊ ၄၈
  • +သူ ၂၀:၁၄၊ ၁၅၊ ၄၆

တရားသူကြီး ၂၀:၃၆

ကျမ်းညွှန်းများ

  • +သူ ၂၀:၃၁
  • +သူ ၂၀:၂၉

တရားသူကြီး ၂၀:၃၉

ကျမ်းညွှန်းများ

  • +သူ ၂၀:၃၁
  • +သူ ၂၀:၂၁၊ ၂၅

တရားသူကြီး ၂၀:၄၄

ကျမ်းညွှန်းများ

  • +သူ ၂၀:၁၅

တရားသူကြီး ၂၀:၄၅

ကျမ်းညွှန်းများ

  • +သူ ၂၁:၁၃

တရားသူကြီး ၂၀:၄၆

ကျမ်းညွှန်းများ

  • +သူ ၂၀:၁၅၊ ၃၅

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

သူကြီး. ၂၀:၁ယရ ၂၂:၉
သူကြီး. ၂၀:၁ယရ ၁၉:၄၇၊ ၄၈; သူ ၁၈:၂၉
သူကြီး. ၂၀:၁၁ရှ ၇:၅; ၁၀:၁၇; ၂ဘု ၂၅:၂၃
သူကြီး. ၂၀:၂သူ ၂၀:၁၇; ၂ရှ ၂၄:၉
သူကြီး. ၂၀:၃သူ ၁၉:၂၂
သူကြီး. ၂၀:၄သူ ၁၉:၁၊ ၂
သူကြီး. ၂၀:၄သူ ၁၉:၁၂၊ ၁၄
သူကြီး. ၂၀:၅သူ ၁၉:၂၅၊ ၂၆
သူကြီး. ၂၀:၆သူ ၁၉:၂၉
သူကြီး. ၂၀:၇သူ ၁၉:၃၀
သူကြီး. ၂၀:၉သူ ၂၀:၁၈; ပ ၁၆:၃၃
သူကြီး. ၂၀:၁၃သူ ၁၉:၂၂၊ ၂၅
သူကြီး. ၂၀:၁၃တရ ၁၃:၅; ၁၇:၇; ၂၂:၂၂; ၁က ၅:၆၊ ၁၃
သူကြီး. ၂၀:၁၇သူ ၂၀:၂
သူကြီး. ၂၀:၁၈ထွ ၂၈:၃၀; တလ ၂၇:၂၁; သူ ၂၀:၂၇
သူကြီး. ၂၀:၂၃သူ ၂၀:၂၈
သူကြီး. ၂၀:၂၅သူ ၂၀:၂၁
သူကြီး. ၂၀:၂၆သူ ၂၀:၂၃
သူကြီး. ၂၀:၂၆၂ရ ၂၀:၃; ဧဇ ၈:၂၁
သူကြီး. ၂၀:၂၆ဝ ၁:၃
သူကြီး. ၂၀:၂၆ဝ ၃:၁
သူကြီး. ၂၀:၂၇တလ ၂၇:၂၁; သူ ၂၀:၁၈
သူကြီး. ၂၀:၂၈ထွ ၆:၂၅; တလ ၂၅:၇
သူကြီး. ၂၀:၂၈သူ ၂၀:၂၃
သူကြီး. ၂၀:၂၉ယရ ၈:၃၊ ၄
သူကြီး. ၂၀:၃၀သူ ၂၀:၂၀၊ ၂၂
သူကြီး. ၂၀:၃၁သူ ၂၀:၃၆
သူကြီး. ၂၀:၃၁သူ ၂၀:၃၉
သူကြီး. ၂၀:၃၂သူ ၂၀:၂၁၊ ၂၅
သူကြီး. ၂၀:၃၅သူ ၂၀:၂၈၊ ၄၈
သူကြီး. ၂၀:၃၅သူ ၂၀:၁၄၊ ၁၅၊ ၄၆
သူကြီး. ၂၀:၃၆သူ ၂၀:၃၁
သူကြီး. ၂၀:၃၆သူ ၂၀:၂၉
သူကြီး. ၂၀:၃၉သူ ၂၀:၃၁
သူကြီး. ၂၀:၃၉သူ ၂၀:၂၁၊ ၂၅
သူကြီး. ၂၀:၄၄သူ ၂၀:၁၅
သူကြီး. ၂၀:၄၅သူ ၂၁:၁၃
သူကြီး. ၂၀:၄၆သူ ၂၀:၁၅၊ ၃၅
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
  • ၂၆
  • ၂၇
  • ၂၈
  • ၂၉
  • ၃၀
  • ၃၁
  • ၃၂
  • ၃၃
  • ၃၄
  • ၃၅
  • ၃၆
  • ၃၇
  • ၃၈
  • ၃၉
  • ၄၀
  • ၄၁
  • ၄၂
  • ၄၃
  • ၄၄
  • ၄၅
  • ၄၆
  • ၄၇
  • ၄၈
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
တရားသူကြီး ၂၀:၁-၄၈

တရားသူကြီး

၂၀ ဒါကြောင့်  ဂိလဒ်ပြည်အပါအဝင်+ ဒန်မြို့ကနေ+ ဗေရရှေဘမြို့အထိ တစ်လျှောက်လုံးမှာနေတဲ့ အစ္စရေးတစ်မျိုးလုံး ထွက်လာပြီး မိဇပါမြို့၊ ယေဟောဝါရှေ့မှာ တညီတညွတ်တည်း စုဝေးကြတယ်။+ ၂ ခေါင်းဆောင်တွေနဲ့ အစ္စရေးအနွယ် အားလုံးပါဝင်တဲ့ ဘုရားသခင်ရဲ့ လူစုကြီးထဲမှာ ဓားကိုင်တဲ့ ခြေကျင်တပ်သား ၄၀၀,၀၀၀ ရှိတယ်။+

၃ မိဇပါမြို့ဆီ အစ္စရေးအမျိုးသားတွေ  တက်သွားပြီဆိုတဲ့  သတင်းကို ဗင်ယာမိန် အမျိုးသားတွေ ကြားတယ်။

အစ္စရေးအမျိုးသားတွေက  “ဘယ်လိုလုပ်ပြီး ဒီလောက်ဆိုးတဲ့ကိစ္စ ဖြစ်ရတာလဲ။  ပြောပါဦး”+  လို့မေးတော့၊ ၄ အသတ်ခံရတဲ့ မိန်းမရဲ့ ယောက်ျား လေဝိအမျိုးသားက+ “ကျွန်တော်နဲ့ ကျွန်တော့်မယားငယ်က  ဗင်ယာမိန်နယ်၊ ဂိဗာမြို့မှာ+  ညအိပ်တည်းခိုဖို့ ရောက်သွားတယ်။ ၅ ညရောက်တော့ ဂိဗာမြို့သားတွေက* မကောင်းတဲ့အကြံနဲ့ ကျွန်တော်တည်းခိုတဲ့ အိမ်ကို ဝိုင်းလာကြတယ်။ သူတို့သတ်ချင်တာက ကျွန်တော့်ကိုပါ။ ဒါပေမဲ့ ကျွန်တော့်မယားငယ်ကို မတရားပြုကျင့်လိုက်တာ သူသေသွားတယ်။+ ၆ ကျွန်တော်လည်း မယားငယ်ရဲ့ အလောင်းကို အပိုင်းပိုင်းဖြတ်ပြီး  အစ္စရေးနယ်မြေအားလုံးကို တစ်ပိုင်းစီ ပို့လိုက်တယ်။+ ဒီလူတွေဟာ အစ္စရေးလူမျိုးမှာ  အရှက်မဲ့ပြီး ယုတ်ညံ့တဲ့လုပ်ရပ်ကို  ကျူးလွန်ခဲ့တာပဲ။ ၇ ဒါကြောင့်  အစ္စရေးအားလုံး ဝိုင်းဝန်းဆွေးနွေးပြီး အကြံပေးကြပါ”+ လို့ပြောတယ်။

၈ အဲဒီအခါ အစ္စရေးအားလုံးက “ဒို့တစ်တွေ တစ်ယောက်မှ ကိုယ့်တဲ၊ ကိုယ့်အိမ်ကို မပြန်ဘူး။ ၉ အခု၊ ဂိဗာမြို့ကို သွားတိုက်ခိုက်ဖို့ မဲချပြီး လူရွေးမယ်။+ ၁၀ ဂိဗာမြို့မှာရှိတဲ့ ဗင်ယာမိန်အမျိုးသားတွေကို တိုက်ခိုက်ပြီး အရေးယူရမယ်။ အစ္စရေးအနွယ်အားလုံးထဲကနေ လူ ၁၀၀ မှာ ၁၀၊ ၁,၀၀၀ မှာ ၁၀၀၊ ၁၀,၀၀၀ မှာ ၁,၀၀၀ က ရိက္ခာစုဆောင်းပေးရမယ်။ ဗင်ယာမိန်အမျိုးသားတွေဟာ အစ္စရေးလူမျိုးမှာ ယုတ်ညံ့တဲ့လုပ်ရပ်ကို ကျူးလွန်ခဲ့တာပဲ” ဆိုပြီး တစ်သံတည်း ပြောကြတယ်။ ၁၁ ဒီလိုနဲ့ အစ္စရေးအနွယ်အားလုံး ပူးပေါင်းပြီး ဂိဗာမြို့ကို တိုက်ခိုက်ဖို့ တညီတညွတ်တည်း စုဝေးကြတယ်။

၁၂ အဲဒီနောက် အစ္စရေးအနွယ်တွေက ဗင်ယာမိန်အနွယ်ဝင်အားလုံးဆီ လူလွှတ်ပြီး “မင်းတို့ဆီမှာ ဘယ်လိုလုပ်ပြီး ဒီလောက်ဆိုးရွားတဲ့ကိစ္စ ဖြစ်ရတာလဲ။ ၁၃ ဂိဗာမြို့သား အဲဒီလူယုတ်မာတွေကို ငါတို့လက်ထဲ အပ်ပါ။+ သူတို့ကို သတ်ပြီး အစ္စရေးလူမျိုးထဲကနေ ဒီမကောင်းမှုကို ဖယ်ရှားပစ်ရမယ်”+ လို့မှာလိုက်ပေမဲ့ ဗင်ယာမိန်အမျိုးသားတွေက ကိုယ့်ညီအစ်ကိုချင်းဖြစ်တဲ့ အစ္စရေးတွေ ပြောတာကို နားမထောင်ဘူး။

၁၄ ဗင်ယာမိန်အမျိုးသားတွေက အစ္စရေးတွေကို တိုက်ခိုက်ဖို့ မြို့တွေထဲကနေ ထွက်လာပြီး ဂိဗာမြို့မှာ စုဝေးကြတယ်။ ၁၅ အဲဒီနေ့မှာ မြို့တွေကနေ လာစုဝေးကြတဲ့ ဗင်ယာမိန်အမျိုးသား ဓားကိုင်တပ်သား ၂၆,၀၀၀ ရှိတဲ့အပြင် ဂိဗာမြို့မှာလည်း လက်ရွေးစင်တပ်သား ၇၀၀ ရှိတယ်။ ၁၆ အဲဒီတပ်ထဲက လက်ရွေးစင်တပ်သား ၇၀၀ ဟာ ဘယ်လက်ကိုသုံးပြီး ဆံခြည်တစ်မျှင် မလွဲအောင် ပစ်နိုင်တဲ့ လောက်လွှဲသမားတွေဖြစ်တယ်။

၁၇ ဗင်ယာမိန်အနွယ်မပါဘဲ ကျန်တဲ့အစ္စရေး ဓားကိုင်တပ်သားကတော့ ၄၀၀,၀၀၀ ရှိတယ်။+ အားလုံးဟာ အတွေ့အကြုံရှိတဲ့  စစ်သည်တွေပဲ။ ၁၈ သူတို့က ဘုရားသခင်ကို မေးမြန်းဖို့  ဗေသလမြို့ကို  တက်သွားတယ်။+ “ဗင်ယာမိန်အမျိုးသားတွေကို တိုက်ခိုက်ဖို့ ဘယ်အနွယ် ဦးဆောင်ချီတက်ရမလဲ” လို့မေးတဲ့အခါ ယေဟောဝါက “ယုဒအနွယ် ဦးဆောင်ရမယ်” လို့ဖြေတယ်။

၁၉ အစ္စရေးတွေလည်း မနက်ပိုင်းမှာ ချီတက်သွားပြီး ဂိဗာမြို့ရှေ့မှာ စခန်းချကြတယ်။

၂၀ အစ္စရေးအမျိုးသားတွေဟာ ဗင်ယာမိန်အမျိုးသားတွေကို တိုက်ခိုက်ဖို့ ထွက်လာပြီး ဂိဗာမြို့မှာ စစ်ခင်းတယ်။ ၂၁ ဗင်ယာမိန်အမျိုးသားတွေလည်း ဂိဗာမြို့ထဲကနေ ထွက်တိုက်ပြီး အဲဒီနေ့မှာ အစ္စရေးအမျိုးသား ၂၂,၀၀၀ ကို ချေမှုန်းပစ်တယ်။ ၂၂ ဒါပေမဲ့ အစ္စရေးတပ်သားတွေက ပထမအကြိမ် စစ်ခင်းခဲ့တဲ့ နေရာမှာပဲ သတ္တိရှိရှိ စစ်ခင်းကြပြန်တယ်။ ၂၃ စစ်မြေပြင်မထွက်ခင် အစ္စရေးတွေက ဗေသလမြို့ကို တက်သွားပြီး ယေဟောဝါရှေ့မှာ ညဦးပိုင်းအထိ ငိုကြွေးကြတယ်။ “ကျွန်တော်တို့ရဲ့ ညီအစ်ကို ဗင်ယာမိန်အမျိုးသားတွေကို ထပ်တိုက်ရဦးမလား”+  လို့ ယေဟောဝါကို မေးမြန်းတဲ့အခါ ယေဟောဝါက “သွားတိုက်ခိုက်ကြ” ဆိုပြီး ဖြေတယ်။

၂၄ ဒါနဲ့ အစ္စရေးတွေက ဗင်ယာမိန် အမျိုးသားတွေဆီ ဒုတိယအကြိမ် ချီတက်ကြတယ်။ ၂၅ ဗင်ယာမိန်အမျိုးသားတွေလည်း ဒုတိယအကြိမ် ဂိဗာမြို့ထဲကနေ ထွက်တိုက်ပြီး အစ္စရေးဓားကိုင်တပ်သား ၁၈,၀၀၀ ကို ချေမှုန်းပြန်တယ်။+ ၂၆ ဒါကြောင့် အစ္စရေးအမျိုးသားအားလုံးက ဗေသလမြို့ကို တက်သွားတယ်။ ယေဟောဝါရှေ့ ငိုကြွေးပြီး ထိုင်နေကြတယ်။+ အဲဒီနေ့မှာ ညဦးပိုင်းအထိ အစာရှောင်ပြီး+ မီးရှို့ရာအလှူတွေနဲ့+ မိတ်သဟာယအလှူတွေကို+ ယေဟောဝါဆီ ပူဇော်ကြတယ်။ ၂၇ အဲဒီတုန်းက စစ်မှန်တဲ့ဘုရားသခင်ရဲ့ ပဋိညာဉ်သေတ္တာက ဗေသလမြို့မှာ ရှိတဲ့အတွက် အစ္စရေးအမျိုးသားတွေ ယေဟောဝါကို မေးမြန်းကြတယ်။+ ၂၈ အဲဒီအချိန်မှာ အာရုန်ရဲ့မြေး၊ ဧလာဇာရဲ့သား ဖိနဟတ်က+ သေတ္တာတော်ရှေ့မှာ အမှုဆောင်နေတယ်။ အစ္စရေးတွေက “ကျွန်တော်တို့ရဲ့ ညီအစ်ကို ဗင်ယာမိန်အမျိုးသားတွေကို ထပ်ပြီး စစ်တိုက်ရဦးမလား။ မတိုက်ရတော့ဘူးလား”+ လို့မေးတဲ့အခါ ယေဟောဝါက “သွားတိုက်ခိုက်ပါ။ မနက်ဖြန်ကျရင် သူတို့ကို မင်းတို့လက်ထဲ ငါအပ်မယ်” ဆိုပြီး ဖြေတယ်။ ၂၉ ဒါနဲ့ အစ္စရေးတွေက ဂိဗာမြို့ပတ်လည်မှာ ချုံခိုတပ်ဖွဲ့ချထားလိုက်တယ်။+

၃၀ အစ္စရေးတွေလည်း ဗင်ယာမိန်အမျိုးသားတွေဆီ တတိယအကြိမ် ချီတက်ပြီး အရင်တုန်းကလိုပဲ ဂိဗာမြို့ရှေ့မှာ စစ်ခင်းကြပြန်တယ်။+ ၃၁ ဗင်ယာမိန်အမျိုးသားတွေ  ထွက်တိုက်တော့  မြို့နဲ့ဝေးရာဆီ  မျှားခေါ်သွားတယ်။+ ဗင်ယာမိန်အမျိုးသားတွေက အရင်တုန်းကလိုပဲ သူတို့ကို တိုက်ခိုက်တဲ့အခါ ဗေသလမြို့ကိုသွားတဲ့လမ်းမ၊ ဂိဗာမြို့ကိုသွားတဲ့လမ်းမမှာ အစ္စရေးတပ်သား ၃၀ လောက် သေသွားတယ်။+ ၃၂ ဒါနဲ့ ဗင်ယာမိန်အမျိုးသားတွေက “အရင်တုန်းကလိုပဲ သူတို့ရှုံးပြန်ပြီ” လို့ထင်နေတယ်။+ အစ္စရေးတွေကတော့ “ငါတို့ဆုတ်ခွာပြီး သူတို့ကို မြို့နဲ့ဝေးတဲ့ လမ်းမကြီးတွေဆီ မျှားခေါ်သွားမယ်” လို့ တိုင်ပင်ထားပြီးသား။ ၃၃ အစ္စရေးအမျိုးသားတွေ ထွက်လာပြီး ဗာလတာမာအရပ်မှာ စစ်ခင်းတယ်။ အဲဒီအချိန်မှာ ဂိဗာမြို့ဝန်းကျင်က အစ္စရေးချုံခိုတပ်ဖွဲ့လည်း ပုန်းနေရာကနေ ထွက်လာတယ်။ ၃၄ ဒီလိုနဲ့ အစ္စရေးလက်ရွေးစင် တပ်သား ၁၀,၀၀၀ က ဂိဗာမြို့ရှေ့ ရောက်လာပြီး တိုက်ခိုက်ကြတာ တိုက်ပွဲသိပ်ပြင်းထန်တယ်။ ဗင်ယာမိန် အမျိုးသားတွေကတော့ ဘေးဆိုးကြုံရတော့မှာကို မရိပ်မိဘူး။

၃၅ ယေဟောဝါက  ဗင်ယာမိန် အမျိုးသားတွေကို အစ္စရေးတွေရှေ့မှာ ရှုံးနိမ့်စေတဲ့အတွက်+ အဲဒီနေ့မှာ ဗင်ယာမိန်အမျိုးသား ဓားကိုင်တပ်သားပေါင်း ၂၅,၁၀၀ ကျဆုံးသွားတယ်။+

၃၆ အစ္စရေးအမျိုးသားတွေ စစ်ရှုံးပြီး ဆုတ်ခွာသွားတယ်လို့ ဗင်ယာမိန်အမျိုးသားတွေ  ထင်နေကြတယ်။+ တကယ်တော့ အစ္စရေးတွေက ဂိဗာမြို့ဝန်းကျင်မှာ တပ်ချထားတဲ့ ချုံခိုတပ်ဖွဲ့ကို စိတ်ချလို့ ဆုတ်ခွာသွားတာ။+ ၃၇ ချုံခိုတပ်ဖွဲ့က ချက်ချင်းပဲ ဂိဗာမြို့ထဲ တစ်ဟုန်ထိုး ပြေးဝင်သွားတယ်။ တစ်မြို့လုံးကို တပ်ဖြန့်ပြီး မြို့သားအားလုံးကို ဓားနဲ့ချေမှုန်းပစ်တယ်။

၃၈ မြို့ထဲကနေ  မီးခိုးလုံးကြီးနဲ့ အချက်ပြဖို့ ချုံခိုတပ်ဖွဲ့ကို အစ္စရေးအမျိုးသားတွေ မှာထားတယ်။

၃၉ အစ္စရေးတွေ ဆုတ်ခွာတဲ့အခါ ဗင်ယာမိန်အမျိုးသားတွေက စတိုက်ခိုက်ပြီး  အစ္စရေးအမျိုးသား  ၃၀ လောက်ကို သတ်ပစ်လိုက်တယ်။+ ပြီးတော့  “အရင်တုန်းကလိုပဲ  အစ္စရေးတွေ အပြတ်အသတ် ရှုံးပြန်ပြီ” လို့ထင်နေတယ်။+ ၄၀ ဒါပေမဲ့ မြို့ထဲကနေ အချက်ပြမီးခိုးလုံးကြီး တက်လာတယ်။ ဗင်ယာမိန် အမျိုးသားတွေ နောက်လှည့်ကြည့်တဲ့အခါ မြို့ထဲကနေ မီးခိုးတွေ အလိပ်လိုက် တက်နေတာ မြင်လိုက်ရတယ်။ ၄၁ အစ္စရေးတွေလည်း ပြန်လှည့်လာတယ်။ ဗင်ယာမိန် အမျိုးသားတွေက ဘေးဆိုးကြုံရတော့မယ်ဆိုတာ သိလိုက်ရတဲ့အတွက် ထိတ်လန့်တုန်လှုပ်သွားတယ်။ ၄၂ ဒါကြောင့် တောကန္တာရဘက် လှည့်ပြေးကြတယ်။ ဒါပေမဲ့ အစ္စရေးတွေက လိုက်တိုက်ကြတယ်။ မြို့တွေကနေ ထွက်လာတဲ့ အစ္စရေးတပ်သားတွေလည်း ပူးပေါင်းပြီး တိုက်ခိုက်တယ်။ ၄၃ ဗင်ယာမိန် အမျိုးသားတွေကို ဝိုင်းရံပိတ်ဆို့ပြီး မရပ်မနား လိုက်တိုက်တယ်။ ဂိဗာမြို့ရဲ့အရှေ့ဘက်မှာ သူတို့ကို ချေမှုန်းပစ်တယ်။ ၄၄ ဒီလိုနဲ့ ဗင်ယာမိန်အမျိုးသား ခွန်အားကြီးစစ်သည် ၁၈,၀၀၀ ကျဆုံးသွားတယ်။+

၄၅ ဗင်ယာမိန်အမျိုးသားတွေဟာ တောကန္တာရမှာရှိတဲ့  ရိမုန်ကျောက်ဆောင်အထိ လှည့်ပြေးကြတယ်။+ အစ္စရေးတွေလည်း ဗင်ယာမိန်အမျိုးသား ၅,၀၀၀ ကို လမ်းမတွေပေါ်မှာ သတ်လိုက်တယ်။ ကျန်တဲ့သူတွေကို ဂိဒုံအရပ်အထိ ဆက်လိုက်ပြီး နောက်ထပ်လူ ၂,၀၀၀ ကိုသတ်ပစ်တယ်။ ၄၆ အဲဒီနေ့မှာ ဗင်ယာမိန်ဓားကိုင်တပ်သား စုစုပေါင်း ၂၅,၀၀၀ ကျဆုံးသွားတယ်။+ အားလုံးဟာ ခွန်အားကြီး စစ်သည်တွေပဲ။ ၄၇ ဒါပေမဲ့ လူ ၆၀၀ ကတော့ တောကန္တာရမှာရှိတဲ့ ရိမုန်ကျောက်ဆောင်အထိ လှည့်ပြေးပြီး အဲဒီမှာ လေးလ နေထိုင်တယ်။

၄၈ အစ္စရေးတွေလည်း လိုက်တိုက်ရာကနေ ပြန်လာပြီး ဗင်ယာမိန်နယ်မြေထဲက မြို့တွေမှာ ကျန်နေတဲ့ လူ၊ တိရစ္ဆာန် အားလုံးကို သတ်ပစ်တယ်။ လမ်းမှာတွေ့တဲ့ မြို့တွေကိုပါ မီးရှို့ပစ်တယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ