ရုသ
၄ ဗောဇက မြို့တံခါးမှာ+ သွားထိုင်နေတဲ့အခါ သူပြောခဲ့တဲ့ ပြန်ဝယ်ခွင့်ရှိသူ+ ဖြတ်သွားတာကို တွေ့တော့ “မိတ်ဆွေ၊ ဒီနား လာထိုင်ပါဦး” လို့ပြောတယ်။ အဲဒီလူလည်း လာထိုင်တယ်။ ၂ ဗောဇက မြို့အကြီးအကဲ ဆယ်ယောက်ကို+ ခေါ်ပြီး “ထိုင်ကြပါဦး” လို့ပြောတော့ သူတို့ လာထိုင်ကြတယ်။
၃ အဲဒီအခါ ဗောဇက ပြန်ဝယ်ခွင့်ရှိသူကို+ “မောဘပြည် ကျေးလက်ဒေသကနေ ပြန်လာတဲ့နောမိက+ ငါတို့ညီအစ်ကို ဧလိမလက်ရဲ့+ မြေကွက်ကို ရောင်းမယ်။ ၄ ဒီအကြောင်းကို ခင်ဗျား သိသင့်တယ်လို့ ကျွန်တော်ထင်တယ်။ ‘အဲဒီမြေကွက်ကို ခင်ဗျား ပြန်ဝယ်ချင်ရင် ဒီမြို့သားတွေရှေ့မှာ၊ အကြီးအကဲတွေရှေ့မှာ ဝယ်ပါ။+ မဝယ်ချင်ဘူးဆိုရင်လည်း ကျွန်တော့်ကို ပြောပါ။ ပြန်ဝယ်ပိုင်ခွင့်ရှိသူဆိုလို့ ခင်ဗျားပြီးရင် ကျွန်တော်ပဲ ရှိတာ’” လို့ပြောတယ်။ အဲဒီအခါ ပြန်ဝယ်ခွင့်ရှိသူက “ကောင်းပြီ၊ ပြန်ဝယ်မှာပေါ့”+ လို့ဆိုတော့၊ ၅ ဗောဇက “ဒီလယ်ကို နောမိရော၊ ကွယ်လွန်သူရဲ့ဇနီး မောဘအမျိုးသမီး ရုသရော ပိုင်တဲ့အတွက် သူတို့နှစ်ယောက်စလုံးဆီကနေ ပြန်ဝယ်ရမယ်။ ဒါမှ ကွယ်လွန်သူရဲ့ အမွေမြေက သူ့နာမည်နဲ့ ဆက်ရှိနိုင်မယ်”+ လို့ပြောတယ်။ ၆ အဲဒီအခါ ပြန်ဝယ်ခွင့်ရှိသူက “ကျွန်တော့်အမွေမြေ ဆုံးရှုံးမှာစိုးလို့ ပြန်မဝယ်တော့ဘူး။ ဒါကြောင့် ကျွန်တော့်ရဲ့ ပြန်ဝယ်ပိုင်ခွင့်ကို ယူပြီး ခင်ဗျားပဲ ဝယ်လိုက်ပါ” လို့ပြောတယ်။
၇ အစ္စရေးပြည်ရဲ့ရှေးထုံးစံအရ ပြန်ဝယ်ခွင့်၊ လွှဲပြောင်းခွင့်စတဲ့ အရောင်းအဝယ်ကိစ္စ မှန်သမျှကို တရားဝင်ဖြစ်အောင် လုပ်ဆောင်တဲ့အခါ လူတစ်ယောက်က ကိုယ့်ဖိနပ်ကို ချွတ်ပြီး+ နောက်တစ်ယောက်ကို ပေးရတယ်။ အစ္စရေးပြည်မှာ ဒီနည်းနဲ့ အရောင်းအဝယ်ပြီးပြတ်အောင် လုပ်ကြတယ်။ ၈ ဒါကြောင့် ပြန်ဝယ်ခွင့်ရှိသူက “ခင်ဗျားပဲ ဝယ်လိုက်ပါ” လို့ ဗောဇကို ပြောပြီး သူ့ဖိနပ်ကို ချွတ်ပေးတယ်။ ၉ ဗောဇက အကြီးအကဲတွေနဲ့ မြို့သားတွေကို “ဧလိမလက်ပိုင်ဆိုင်သမျှ၊ ခိလုန်နဲ့ မဟာလုန်တို့ ပိုင်ဆိုင်သမျှကို နောမိဆီကနေ ကျွန်တော်ဝယ်လိုက်ပြီ၊ ခင်ဗျားတို့ဟာ သက်သေပဲ။+ ၁၀ ကွယ်လွန်သူရဲ့ အမွေမြေကို သူ့နာမည်နဲ့ဆက်ရှိစေဖို့၊+ ညီအစ်ကိုတွေအလယ်မှာ၊ နေရင်းမြို့မှာ* ကွယ်လွန်သူရဲ့နာမည် ဆက်ရှိနေဖို့ မဟာလုန်ရဲ့ဇနီး မောဘအမျိုးသမီး ရုသကိုလည်း ဇနီးအဖြစ် ကျွန်တော်ယူလိုက်ပြီ။ ခင်ဗျားတို့ဟာ သက်သေပဲ”+ လို့ပြောတယ်။
၁၁ ဒါနဲ့ မြို့တံခါးမှာရှိတဲ့လူတွေ၊ အကြီးအကဲတွေက “ကောင်းပြီ။ ကျွန်တော်တို့ဟာ သက်သေတွေပါ။ ခင်ဗျားရဲ့ဇနီးလောင်းကို ယေဟောဝါဘုရား ကောင်းချီးပေးပါစေ။ သူဟာ အစ္စရေးအမျိုးကို တည်ထောင်ခဲ့တဲ့ ရာခေလနဲ့ လေအာတို့လို ဖြစ်လာပါစေ။+ ခင်ဗျားလည်း ဧဖရတ်မြို့မှာ+ ကြီးပွားတိုးတက်ပြီး ဘက်သလီဟင်မြို့မှာ+ နာမည်ကောင်းရပါစေ။ ၁၂ ဒီမိန်းကလေးကနေ ဆင်းသက်လာမယ့်၊ ယေဟောဝါဘုရားပေးမယ့် ခင်ဗျားရဲ့မျိုးနွယ်ဟာ+ ယုဒနဲ့တာမာတို့ရဲ့သား ဖာရက်ရဲ့မျိုးနွယ်လို+ ဖြစ်လာပါစေ” လို့ပြောကြတယ်။
၁၃ ဗောဇက ရုသနဲ့လက်ထပ်ပြီး အတူ နေတယ်။ ယေဟောဝါရဲ့ ကောင်းချီးကြောင့် ရုသ ကိုယ်ဝန်ရပြီး သားလေးမွေးလာတယ်။ ၁၄ အဲဒီအခါ အမျိုးသမီးတွေက နောမိကို “ရှင့်အတွက် ပြန်ဝယ်ခွင့်ရှိသူပေါ်လာအောင် လုပ်ပေးတဲ့ ယေဟောဝါဘုရားကို ချီးမွမ်းကြပါစေ။ အစ္စရေးအမျိုးမှာ ဒီကလေး နာမည်ကျော်ကြားပါစေ။ ၁၅ ရှင့်ကိုချစ်ပြီး+ သားခုနစ်ယောက်ထက် ပိုကောင်းတဲ့ချွေးမက ဒီကလေးကို မွေးပေးလိုက်ပြီ။ ဒီကလေးဟာ ရှင့်ဘဝကို ပြန်ပြီး အသက်ဝင်စေသူ၊ ဇရာအိုအရွယ်မှာ ရှင့်ကိုပြုစုပေးသူ ဖြစ်လာမယ်” လို့ ပြောကြတယ်။ ၁၆ နောမိလည်း ကလေးကို ရင်ခွင်ထဲပိုက်ပြီး ထိန်းပေးတယ်။ ၁၇ အိမ်နီးချင်းမိန်းမတွေက ကလေးကို နာမည်ပေးကြတယ်။ သူတို့က “နောမိတော့ သားတစ်ယောက်ရပြီ” လို့ ပြောပြီး ကလေးကို ဩဗက်လို့+ နာမည်ပေးလိုက်တယ်။ သြဗက်ဟာ ယေရှဲရဲ့ဖခင်၊ ယေရှဲဟာ+ ဒါဝိဒ်ရဲ့ဖခင်ပဲ။
၁၈ ဖာရက်ရဲ့ သားစဉ်မြေးဆက်ကတော့+ ဖာရက်ရဲ့သား ဟေဇရုံ၊+ ၁၉ ဟေဇရုံရဲ့သား ရာမ၊ ရာမရဲ့သား အမိနဒပ်၊+ ၂၀ အမိနဒပ်+ ရဲ့သား နာရှုန်၊ နာရှုန်ရဲ့သား စာလမုန်၊ ၂၁ စာလမုန်ရဲ့သား ဗောဇ၊ ဗောဇရဲ့သား ဩဗက်၊ ၂၂ သြဗက်ရဲ့သား ယေရှဲ၊+ ယေရှဲရဲ့သား ဒါဝိဒ်ဖြစ်တယ်။+