ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ ဘုရင်များ ၃
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

၁ ဘုရင်များ မာတိကာ

      • ဖာရောရဲ့သမီးတော်နဲ့ ရှောလမုန်ထိမ်းမြား (၁-၃)

      • ရှောလမုန်ရဲ့အိပ်မက်မှာ ယေဟောဝါရောက်လာ (၄-၁၅)

        • ရှောလမုန် ဉာဏ်ပညာတောင်း (၇-၉)

      • မိခင်နှစ်ဦးရဲ့အမှုကို ရှောလမုန်စီရင် (၁၆-၂၈)

၁ ဘုရင်များ ၃:၁

ကျမ်းညွှန်းများ

  • +တရ ၇:၃၊ ၄; ၁ဘု ၇:၈; ၉:၂၄; ၁၁:၁; နေ ၁၃:၂၅-၂၇
  • +၁ဘု ၇:၁
  • +၁ဘု ၈:၁၇-၁၉
  • +၁ဘု ၉:၁၅
  • +၂ရှ ၅:၇; ၁ရ ၁၁:၇

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၂/၁၅/၂၀၁၁၊ စာ. ၁၀

၁ ဘုရင်များ ၃:၂

ကျမ်းညွှန်းများ

  • +တရ ၁၂:၅၊ ၆; ၁ဘု ၅:၃; ၁ရ ၂၈:၆
  • +၂ရ ၃၃:၁၇

၁ ဘုရင်များ ၃:၃

ကျမ်းညွှန်းများ

  • +၁ရှ ၇:၉; ၁၀:၈; ၁ရ ၂၁:၂၆

၁ ဘုရင်များ ၃:၄

ကျမ်းညွှန်းများ

  • +၁ရ ၁၆:၃၉၊ ၄၀; ၂၁:၂၉
  • +၂ရ ၁:၃-၆

၁ ဘုရင်များ ၃:၅

ကျမ်းညွှန်းများ

  • +၂ရ ၁:၇-၁၀

၁ ဘုရင်များ ၃:၆

ကျမ်းညွှန်းများ

  • +၁ဘု ၂:၁၊ ၄

၁ ဘုရင်များ ၃:၇

ကျမ်းညွှန်းများ

  • +၁ရ ၂၉:၁; ယေ ၁:၆

၁ ဘုရင်များ ၃:၈

ကျမ်းညွှန်းများ

  • +ထွ ၁၉:၅၊ ၆

၁ ဘုရင်များ ၃:၉

အောက်ခြေမှတ်ချက်များ

  • *

    “ထိန်းသိမ်းရခက်တဲ့” လည်းဖြစ်နိုင်။

ကျမ်းညွှန်းများ

  • +ဟီ ၅:၁၄
  • +ဆ ၇၂:၁; ၁၁၉:၃၄

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၆/၁၅/၂၀၀၇၊ စာ. ၂၆

    ၇/၁၅/၁၉၉၈၊ စာ. ၂၉-၃၁

၁ ဘုရင်များ ၃:၁၀

ကျမ်းညွှန်းများ

  • +ပ ၁၅:၈

၁ ဘုရင်များ ၃:၁၁

ကျမ်းညွှန်းများ

  • +၁ရ ၂၂:၁၂; ၂၉:၁၉; ၂ရ ၁:၁၁၊ ၁၂; ပ ၁၆:၁၆

၁ ဘုရင်များ ၃:၁၂

ကျမ်းညွှန်းများ

  • +ဒေ ၁:၁၆; ၁ယ ၅:၁၄
  • +၁ဘု ၄:၂၉; ပ ၂:၃-၅; ယာ ၁:၅
  • +မ ၁၂:၄၂

၁ ဘုရင်များ ၃:၁၃

ကျမ်းညွှန်းများ

  • +၁ဘု ၄:၂၁; ဒေ ၇:၁၁
  • +ဆ ၈၄:၁၁; မ ၆:၃၃; ဧ ၃:၂၀
  • +၁ဘု ၁၀:၂၃

၁ ဘုရင်များ ၃:၁၄

ကျမ်းညွှန်းများ

  • +၁ဘု ၁၅:၅
  • +ဆ ၂၁:၄; ၉၁:၁၄၊ ၁၆; ပ ၃:၁၃၊ ၁၆

၁ ဘုရင်များ ၃:၁၅

ကျမ်းညွှန်းများ

  • +ဝ ၇:၁၁

၁ ဘုရင်များ ၃:၂၈

ကျမ်းညွှန်းများ

  • +၁ဘု ၃:၉၊ ၁၀
  • +၁ရ ၂၉:၂၃-၂၅; ဆ ၇၂:၅

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

၁ ဘု. ၃:၁တရ ၇:၃၊ ၄; ၁ဘု ၇:၈; ၉:၂၄; ၁၁:၁; နေ ၁၃:၂၅-၂၇
၁ ဘု. ၃:၁၁ဘု ၇:၁
၁ ဘု. ၃:၁၁ဘု ၈:၁၇-၁၉
၁ ဘု. ၃:၁၁ဘု ၉:၁၅
၁ ဘု. ၃:၁၂ရှ ၅:၇; ၁ရ ၁၁:၇
၁ ဘု. ၃:၂တရ ၁၂:၅၊ ၆; ၁ဘု ၅:၃; ၁ရ ၂၈:၆
၁ ဘု. ၃:၂၂ရ ၃၃:၁၇
၁ ဘု. ၃:၃၁ရှ ၇:၉; ၁၀:၈; ၁ရ ၂၁:၂၆
၁ ဘု. ၃:၄၁ရ ၁၆:၃၉၊ ၄၀; ၂၁:၂၉
၁ ဘု. ၃:၄၂ရ ၁:၃-၆
၁ ဘု. ၃:၅၂ရ ၁:၇-၁၀
၁ ဘု. ၃:၆၁ဘု ၂:၁၊ ၄
၁ ဘု. ၃:၇၁ရ ၂၉:၁; ယေ ၁:၆
၁ ဘု. ၃:၈ထွ ၁၉:၅၊ ၆
၁ ဘု. ၃:၉ဟီ ၅:၁၄
၁ ဘု. ၃:၉ဆ ၇၂:၁; ၁၁၉:၃၄
၁ ဘု. ၃:၁၀ပ ၁၅:၈
၁ ဘု. ၃:၁၁၁ရ ၂၂:၁၂; ၂၉:၁၉; ၂ရ ၁:၁၁၊ ၁၂; ပ ၁၆:၁၆
၁ ဘု. ၃:၁၂ဒေ ၁:၁၆; ၁ယ ၅:၁၄
၁ ဘု. ၃:၁၂၁ဘု ၄:၂၉; ပ ၂:၃-၅; ယာ ၁:၅
၁ ဘု. ၃:၁၂မ ၁၂:၄၂
၁ ဘု. ၃:၁၃၁ဘု ၄:၂၁; ဒေ ၇:၁၁
၁ ဘု. ၃:၁၃ဆ ၈၄:၁၁; မ ၆:၃၃; ဧ ၃:၂၀
၁ ဘု. ၃:၁၃၁ဘု ၁၀:၂၃
၁ ဘု. ၃:၁၄၁ဘု ၁၅:၅
၁ ဘု. ၃:၁၄ဆ ၂၁:၄; ၉၁:၁၄၊ ၁၆; ပ ၃:၁၃၊ ၁၆
၁ ဘု. ၃:၁၅ဝ ၇:၁၁
၁ ဘု. ၃:၂၈၁ဘု ၃:၉၊ ၁၀
၁ ဘု. ၃:၂၈၁ရ ၂၉:၂၃-၂၅; ဆ ၇၂:၅
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
  • ၂၆
  • ၂၇
  • ၂၈
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
၁ ဘုရင်များ ၃:၁-၂၈

၁ ဘုရင်များ

၃ ရှောလမုန်က အီဂျစ်ဘုရင် ဖာရောရဲ့ သမီးတော်ကို မိဖုရားမြှောက်ပြီး+ နှစ်နိုင်ငံ မဟာမိတ်ဖွဲ့တယ်။ ဖာရောရဲ့ သမီးတော်ကို ခေါ်လာပြီး နန်းတော်၊+ ယေဟောဝါရဲ့အိမ်တော်နဲ့+ ဂျေရုဆလင်မြို့ရိုး+ တည်ဆောက်လို့ မပြီးခင်အထိ ဒါဝိဒ်မြို့မှာ+ နေခိုင်းတယ်။ ၂ အဲဒီတုန်းက ယေဟောဝါရဲ့ နာမတော်အတွက် အိမ်တော်ကို မတည်ဆောက်ရသေးလို့+ လူတွေက အထွတ်အမြတ်နေရာတွေဆီ သွားပြီး ပူဇော်သက္ကာတွေ  ဆက်သကြတယ်။+ ၃ ရှောလမုန်က ယေဟောဝါကို ချစ်ပြီး ခမည်းတော်ဒါဝိဒ် မှာကြားခဲ့တဲ့ ဥပဒေတွေအတိုင်း ဆက်လိုက်လျှောက်တယ်။ ဒါပေမဲ့ အထွတ်အမြတ်နေရာတွေမှာ ပူဇော်သက္ကာတွေကို မီးရှို့ပူဇော်လေ့ရှိတယ်။+

၄ ဂိဗောင်မြို့ဟာ အထင်ရှားဆုံး အထွတ်အမြတ်နေရာဖြစ်တဲ့အတွက်+ ရှောလမုန်မင်းကြီးက ပူဇော်သက္ကာတွေဆက်သဖို့ အဲဒီကို သွားတယ်။ မီးရှို့ရာအလှူအဖြစ် တိရစ္ဆာန် ၁,၀၀၀ ကို ပူဇော်ရာပလ္လင်မှာ ပူဇော်တယ်။+ ၅ ဂိဗောင်မြို့မှာ ရှိနေတုန်း ညအခါအိပ်မက်မှာ ယေဟောဝါ ရောက်လာတယ်။ ဘုရားသခင်က “မင်း လိုချင်တာတောင်းပါ။ ငါပေးမယ်”+ လို့ပြောတော့၊ ၆ ရှောလမုန်က “ခမည်းတော်ဒါဝိဒ်ဟာ သစ္စာရှိတဲ့ လမ်းစဉ်အတိုင်း ကိုယ်တော့်ရှေ့မှာ ဖြောင့်မတ်စွာ၊ တရားမျှတစွာ အသက်ရှင်ခဲ့သလို ကိုယ်တော်ကလည်း ခမည်းတော်ကို ကြီးမားခိုင်မြဲတဲ့မေတ္တာ ပြခဲ့ပါပြီ။ ဒါတင်မကသေးဘဲ သူ့ထီးနန်းကို ဆက်ခံမယ့် သားတစ်ယောက်ကိုပါ ပေးသနားပြီး အခုလို ကြီးမားခိုင်မြဲတဲ့ မေတ္တာကို ဆက်ပြပါပြီ။+ ၇ ယေဟောဝါဘုရား၊ အခု ကိုယ်တော်ကြောင့် ခမည်းတော်ဒါဝိဒ်ရဲ့ အရိုက်အရာကို ဆက်ခံပြီး ဘုရင်လုပ်နေရပေမဲ့ ကျွန်တော်ဟာ အတွေ့အကြုံမရှိတဲ့ လူငယ်တစ်ယောက်ပါ။+ ၈ ကိုယ်တော် ရွေးချယ်ထားတဲ့ လူမျိုး၊+ မရေတွက်နိုင်အောင် များလွန်းတဲ့လူမျိုးကို အုပ်ချုပ်နေရပါတယ်။ ၉ ဒါကြောင့် လူမျိုးတော်ကို တရားစီရင်နိုင်ဖို့၊ အကောင်းအဆိုးကို ပိုင်းခြားနိုင်ဖို့+ နာခံတတ်တဲ့စိတ်နှလုံး ပေးသနားပါ။+ ဒီလောက်များလှတဲ့* လူတွေကို ဘယ်သူကများ တရားစီရင်နိုင်မှာလဲ” ဆိုပြီးပြန်ဖြေတယ်။

၁၀ ယေဟောဝါက ရှောလမုန် အဲဒီလို တောင်းလျှောက်တာကို နှစ်သက်တယ်။+ ၁၁ ဒါကြောင့် ဘုရားသခင်က “အသက်ရှည်ရှည်နေရဖို့၊ စည်းစိမ်ကြွယ်ဝဖို့၊ ရန်သူတွေ သေကျေပျက်စီးဖို့ မတောင်းဘဲ ဒီဆုကို မင်းတောင်းတယ်၊ တရားရေးကိစ္စတွေကို ကြားနာတဲ့အခါ သိနားလည်နိုင်စွမ်းရှိဖို့ တောင်းတယ်။+ ၁၂ ဒါကြောင့် မင်းတောင်းတာတွေကို ငါပေးမယ်။+ ဉာဏ်ပညာရှိပြီး သိနားလည်နိုင်စွမ်းရှိတဲ့ စိတ်နှလုံးကို ငါပေးမယ်။+ မင်းလိုလူမျိုး အရင်ကမရှိခဲ့ဖူးသလို နောက်နောင်လည်း ရှိမှာမဟုတ်ဘူး။+ ၁၃ ဒါ့အပြင် မင်းမတောင်းတဲ့ စည်းစိမ်ချမ်းသာနဲ့ ဘုန်းတန်ခိုးကိုလည်း+ ငါပေးဦးမယ်။+ မင်းလက်ထက်မှာ မင်းလိုဘုရင်မျိုး ဘယ်မှာမှ ရှိမှာမဟုတ်ဘူး။+ ၁၄ မင်းရဲ့ခမည်းတော် ဒါဝိဒ်လိုပဲ ငါ့စည်းမျဉ်းတွေ၊ ပညတ်ချက်တွေကို လိုက်နာပြီး ငါ့လမ်းစဉ်အတိုင်း လိုက်လျှောက်မယ်ဆိုရင်+ မင်းကို အသက်ရှည်ရှည် နေခွင့်ပေးမယ်”+ လို့ပြောတယ်။

၁၅ ရှောလမုန် နိုးလာတော့ အိပ်မက်ဖြစ်နေမှန်း သိလိုက်တယ်။ ဒါနဲ့ ဂျေရုဆလင်မြို့ကို ပြန်လာပြီးနောက် ယေဟောဝါရဲ့ ပဋိညာဉ်သေတ္တာရှေ့မှာ ရပ်ပြီး မီးရှို့ရာပူဇော်သက္ကာတွေနဲ့ မိတ်သဟာယ  အလှူတွေကို  ဆက်သတယ်။+ မင်းမှုထမ်းအားလုံးအတွက်လည်း စားသောက်ပွဲ လုပ်ပေးတယ်။

၁၆ တစ်နေ့မှာ ပြည့်တန်ဆာနှစ်ယောက်က မင်းကြီးရှေ့ကို အခစားဝင်လာကြတယ်။ ၁၇ တစ်ယောက်က “အရှင်မင်းကြီး၊ ကျွန်မနဲ့ ဒီမိန်းမက တစ်အိမ်တည်းမှာ အတူနေထိုင်ပါတယ်။ ကျွန်မ မီးဖွားတုန်းက အိမ်မှာ သူရှိပါတယ်။ ၁၈ နောက်သုံးရက်အကြာမှာ သူလည်း မီးဖွားပါတယ်။ တစ်အိမ်လုံးမှာ ကျွန်မတို့ နှစ်ယောက်ပဲရှိနေတယ်။ သူစိမ်းတစ်ယောက်မှ မရှိပါဘူး။ ၁၉ တစ်ညမှာ သူဖိအိပ်မိတဲ့အတွက် ကလေးသေသွားပါတယ်။ ၂၀ ဒါနဲ့ သူက သန်းခေါင်အချိန် ကျွန်မအိပ်ပျော်နေတုန်း ကျွန်မရဲ့သားလေးကို လာယူသွားပါတယ်။ သူ့သားအသေကို ကျွန်မရင်ခွင်မှာ ထားခဲ့ပြီး ကျွန်မသားလေးကိုတော့ သူ့ရင်ခွင်မှာ သိပ်ထားတယ်။ ၂၁ မနက်ကျတော့ သားလေးကိုနို့တိုက်ဖို့ ထတဲ့အခါ သားလေးက သေနေပါတယ်။ ဒါနဲ့ အသေအချာ ကြည့်လိုက်တော့ ကျွန်မမွေးတဲ့သားလေး မဟုတ်မှန်း သိလိုက်ရတယ်” ဆိုပြီး လျှောက်တင်တယ်။ ၂၂ ဒါပေမဲ့ နောက်တစ်ယောက်က “မဟုတ်ဘူး။ အသက်ရှင်တဲ့ကလေးက ငါ့သား။ သေနေတဲ့ကလေးက နင့်သား” ဆိုပြီး ငြင်းတယ်။ ပထမတစ်ယောက်က “မဟုတ်ပါဘူး။ သေနေတဲ့ကလေးက နင့်သားပါ။ အသက်ရှင်တဲ့ ကလေးကမှ ငါ့သား” လို့ပြောတယ်။ ဒီလိုနဲ့ မင်းကြီးရှေ့မှာ ငြင်းခုံနေကြတော့တယ်။

၂၃ နောက်ဆုံးမှာ မင်းကြီးက “တစ်ယောက်ပြောတော့ ‘အသက်ရှင်နေတာ ငါ့သား။ သေနေတာ နင့်သား’ တဲ့။ နောက်တစ်ယောက်ကလည်း ‘မဟုတ်ဘူး။ သေနေတာ နင့်သား။ အသက်ရှင်နေတာ ငါ့သား’ တဲ့။ ၂၄ ဒီတော့ ဓားတစ်လက် ယူခဲ့” လို့ အမိန့်ပေးလိုက်တဲ့အခါ ဓားယူလာပေးတယ်။ ၂၅ ဒါနဲ့ မင်းကြီးက “အသက်ရှင်တဲ့ကလေးကို နှစ်ပိုင်းပိုင်းပြီး တစ်ယောက်တစ်ပိုင်း ပေးလိုက်” လို့အမိန့်ချတော့၊ ၂၆ အသက်ရှင်တဲ့ ကလေးရဲ့ မိခင်ဟာ ချက်ချင်းပဲ ကလေးကိုချစ်တဲ့ဇောနဲ့ “အရှင်မင်းကြီး၊ ကလေးကို မသတ်ပါနဲ့။ သူ့ကိုပဲ ပေးလိုက်ပါတော့” လို့တောင်းပန်တယ်။ ဒါပေမဲ့ နောက်တစ်ယောက်က “ဒီကလေးကို နင်ရော ငါပါမရစေရဘူး။ နှစ်ပိုင်း ပိုင်းပါစေ” လို့ပြောတယ်။ ၂၇ အဲဒီအခါ မင်းကြီးက “ကလေးကို မသတ်နဲ့။ ပထမတစ်ယောက်ကိုသာ ပေးလိုက်။ သူဟာ မိခင်အရင်းပဲ” လို့ အမိန့်ချလိုက်တယ်။

၂၈ မင်းကြီးရဲ့ တရားစီရင်ချက်ကို အစ္စရေးတွေ   ကြားတဲ့အခါ   ဘုရားသခင်ပေးတဲ့ ဉာဏ်ပညာနဲ့ အဲဒီလိုစီရင်ဆုံးဖြတ်နိုင်မှန်း သိမြင်ပြီး+ မင်းကြီးကို ကြည်ညိုလေးစားကြတယ်။+

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ