ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ ဘုရင်များ ၁
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

၁ ဘုရင်များ မာတိကာ

      • ဒါဝိဒ်နဲ့ အဘိရှက် (၁-၄)

      • ထီးနန်းရဖို့ အဒေါနိယ ကြံစည် (၅-၁၀)

      • နာသန်နဲ့ ဗာသရှေဘရဲ့ လုပ်ဆောင်ချက် (၁၁-၂၇)

      • ရှောလမုန်ကို ဘိသိက်ပေးဖို့ ဒါဝိဒ်အမိန့်ပေး (၂၈-၄၀)

      • အဒေါနိယ ပူဇော်ရာပလ္လင်ဆီ ပြေး (၄၁-၅၃)

၁ ဘုရင်များ ၁:၁

ကျမ်းညွှန်းများ

  • +၂ရှ ၅:၄; ၁ရ ၂၉:၂၆၊ ၂၇

၁ ဘုရင်များ ၁:၃

ကျမ်းညွှန်းများ

  • +ယရ ၁၉:၁၇၊ ၁၈
  • +၁ဘု ၂:၁၇၊ ၂၂

၁ ဘုရင်များ ၁:၅

ကျမ်းညွှန်းများ

  • +၂ရှ ၃:၂၊ ၄; ၁ရ ၃:၁၊ ၂
  • +၂ရှ ၁၅:၁

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ၊ ၅/၂၀၂၂၊ စာ. ၁၂

    ကင်းမျှော်စင်၊

    ၇/၁/၂၀၀၅၊ စာ. ၂၈

၁ ဘုရင်များ ၁:၇

ကျမ်းညွှန်းများ

  • +၂ရှ ၂၀:၂၅
  • +၁ဘု ၂:၂၂

၁ ဘုရင်များ ၁:၈

ကျမ်းညွှန်းများ

  • +၂ရှ ၈:၁၇
  • +၂ရှ ၂၀:၂၃; ၁ရ ၂၇:၅
  • +၂ရှ ၇:၂; ၁၂:၁
  • +၁ဘု ၄:၇၊ ၁၈
  • +၂ရှ ၂၃:၈; ၁ရ ၁၁:၁၀

၁ ဘုရင်များ ၁:၉

ကျမ်းညွှန်းများ

  • +၂ရှ ၁၅:၁၂

၁ ဘုရင်များ ၁:၁၁

ကျမ်းညွှန်းများ

  • +၂ရှ ၇:၄၊ ၅
  • +၂ရှ ၁၂:၂၄
  • +၂ရှ ၁၁:၃၊ ၂၇
  • +၂ရှ ၃:၂၊ ၄

၁ ဘုရင်များ ၁:၁၂

ကျမ်းညွှန်းများ

  • +သူ ၉:၄-၆; ၁ဘု ၁:၂၁; ၂ဘု ၁၁:၁

၁ ဘုရင်များ ၁:၁၃

ကျမ်းညွှန်းများ

  • +၁ရ ၂၂:၉; ၂၈:၅; ၂၉:၁

၁ ဘုရင်များ ၁:၁၅

ကျမ်းညွှန်းများ

  • +၁ဘု ၁:၁၊ ၃

၁ ဘုရင်များ ၁:၁၇

ကျမ်းညွှန်းများ

  • +၁ဘု ၁:၁၃; ၁ရ ၂၂:၉၊ ၁၀

၁ ဘုရင်များ ၁:၁၈

ကျမ်းညွှန်းများ

  • +၁ဘု ၁:၅၊ ၁၁

၁ ဘုရင်များ ၁:၁၉

ကျမ်းညွှန်းများ

  • +၁ဘု ၁:၇
  • +၁ဘု ၁:၉၊ ၁၀

၁ ဘုရင်များ ၁:၂၂

ကျမ်းညွှန်းများ

  • +၁ဘု ၁:၁၄

၁ ဘုရင်များ ၁:၂၄

ကျမ်းညွှန်းများ

  • +၁ဘု ၁:၅

၁ ဘုရင်များ ၁:၂၅

ကျမ်းညွှန်းများ

  • +၂ရှ ၁၅:၁၂
  • +၁ဘု ၁:၅၊ ၇

၁ ဘုရင်များ ၁:၂၆

ကျမ်းညွှန်းများ

  • +၁ရ ၂၇:၅

၁ ဘုရင်များ ၁:၂၉

ကျမ်းညွှန်းများ

  • +ဆ ၇၁:၂၃; ၁၀၃:၄

၁ ဘုရင်များ ၁:၃၂

ကျမ်းညွှန်းများ

  • +၁ဘု ၁:၈
  • +၂ရှ ၂၀:၂၃; ၂၃:၂၀; ၁ရ ၂၇:၅

၁ ဘုရင်များ ၁:၃၃

ကျမ်းညွှန်းများ

  • +၁ဘု ၁:၃၈; လု ၁၉:၃၃-၃၅
  • +၂ရ ၃၂:၃၀

၁ ဘုရင်များ ၁:၃၄

ကျမ်းညွှန်းများ

  • +၁ရှ ၁၆:၁၃
  • +၁ရှ ၁၀:၁၊ ၂၄; ၂ရှ ၁၅:၁၀; ၂ဘု ၁၁:၁၂

၁ ဘုရင်များ ၁:၃၆

အောက်ခြေမှတ်ချက်များ

  • *

    ဟီဘရူးလို “အာမင်။”

၁ ဘုရင်များ ၁:၃၇

ကျမ်းညွှန်းများ

  • +၁ရ ၂၈:၂၀
  • +၁ဘု ၃:၁၂; ၁၀:၂၃; ဆ ၇၂:၈

၁ ဘုရင်များ ၁:၃၈

ကျမ်းညွှန်းများ

  • +၁ရ ၂၇:၅
  • +၂ရှ ၁၅:၁၈; ၁ရ ၁၈:၁၇
  • +၁ဘု ၁:၃၃; မ ၂၁:၇
  • +၂ရ ၃၂:၃၀

၁ ဘုရင်များ ၁:၃၉

ကျမ်းညွှန်းများ

  • +ထွ ၃၀:၂၃-၂၅; ၁ရှ ၁၆:၁၃
  • +၂ရှ ၆:၁၇
  • +၁ရ ၂၉:၂၂

၁ ဘုရင်များ ၁:၄၀

ကျမ်းညွှန်းများ

  • +၁ရှ ၄:၅

၁ ဘုရင်များ ၁:၄၁

ကျမ်းညွှန်းများ

  • +၁ဘု ၁:၉၊ ၂၅

၁ ဘုရင်များ ၁:၄၂

ကျမ်းညွှန်းများ

  • +၂ရှ ၁၅:၃၆; ၁၇:၁၇

၁ ဘုရင်များ ၁:၄၄

ကျမ်းညွှန်းများ

  • +၁ဘု ၁:၃၃၊ ၃၄

၁ ဘုရင်များ ၁:၅၀

ကျမ်းညွှန်းများ

  • +ထွ ၂၁:၁၄; ၃၈:၁၊ ၂; ၁ဘု ၂:၂၈

၁ ဘုရင်များ ၁:၅၂

ကျမ်းညွှန်းများ

  • +၁ဘု ၂:၂၃

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

၁ ဘု. ၁:၁၂ရှ ၅:၄; ၁ရ ၂၉:၂၆၊ ၂၇
၁ ဘု. ၁:၃ယရ ၁၉:၁၇၊ ၁၈
၁ ဘု. ၁:၃၁ဘု ၂:၁၇၊ ၂၂
၁ ဘု. ၁:၅၂ရှ ၃:၂၊ ၄; ၁ရ ၃:၁၊ ၂
၁ ဘု. ၁:၅၂ရှ ၁၅:၁
၁ ဘု. ၁:၇၂ရှ ၂၀:၂၅
၁ ဘု. ၁:၇၁ဘု ၂:၂၂
၁ ဘု. ၁:၈၁ဘု ၄:၇၊ ၁၈
၁ ဘု. ၁:၈၂ရှ ၂၃:၈; ၁ရ ၁၁:၁၀
၁ ဘု. ၁:၈၂ရှ ၈:၁၇
၁ ဘု. ၁:၈၂ရှ ၂၀:၂၃; ၁ရ ၂၇:၅
၁ ဘု. ၁:၈၂ရှ ၇:၂; ၁၂:၁
၁ ဘု. ၁:၉၂ရှ ၁၅:၁၂
၁ ဘု. ၁:၁၁၂ရှ ၇:၄၊ ၅
၁ ဘု. ၁:၁၁၂ရှ ၁၂:၂၄
၁ ဘု. ၁:၁၁၂ရှ ၁၁:၃၊ ၂၇
၁ ဘု. ၁:၁၁၂ရှ ၃:၂၊ ၄
၁ ဘု. ၁:၁၂သူ ၉:၄-၆; ၁ဘု ၁:၂၁; ၂ဘု ၁၁:၁
၁ ဘု. ၁:၁၃၁ရ ၂၂:၉; ၂၈:၅; ၂၉:၁
၁ ဘု. ၁:၁၅၁ဘု ၁:၁၊ ၃
၁ ဘု. ၁:၁၇၁ဘု ၁:၁၃; ၁ရ ၂၂:၉၊ ၁၀
၁ ဘု. ၁:၁၈၁ဘု ၁:၅၊ ၁၁
၁ ဘု. ၁:၁၉၁ဘု ၁:၇
၁ ဘု. ၁:၁၉၁ဘု ၁:၉၊ ၁၀
၁ ဘု. ၁:၂၂၁ဘု ၁:၁၄
၁ ဘု. ၁:၂၄၁ဘု ၁:၅
၁ ဘု. ၁:၂၅၂ရှ ၁၅:၁၂
၁ ဘု. ၁:၂၅၁ဘု ၁:၅၊ ၇
၁ ဘု. ၁:၂၆၁ရ ၂၇:၅
၁ ဘု. ၁:၂၉ဆ ၇၁:၂၃; ၁၀၃:၄
၁ ဘု. ၁:၃၂၁ဘု ၁:၈
၁ ဘု. ၁:၃၂၂ရှ ၂၀:၂၃; ၂၃:၂၀; ၁ရ ၂၇:၅
၁ ဘု. ၁:၃၃၁ဘု ၁:၃၈; လု ၁၉:၃၃-၃၅
၁ ဘု. ၁:၃၃၂ရ ၃၂:၃၀
၁ ဘု. ၁:၃၄၁ရှ ၁၆:၁၃
၁ ဘု. ၁:၃၄၁ရှ ၁၀:၁၊ ၂၄; ၂ရှ ၁၅:၁၀; ၂ဘု ၁၁:၁၂
၁ ဘု. ၁:၃၇၁ရ ၂၈:၂၀
၁ ဘု. ၁:၃၇၁ဘု ၃:၁၂; ၁၀:၂၃; ဆ ၇၂:၈
၁ ဘု. ၁:၃၈၁ရ ၂၇:၅
၁ ဘု. ၁:၃၈၂ရှ ၁၅:၁၈; ၁ရ ၁၈:၁၇
၁ ဘု. ၁:၃၈၁ဘု ၁:၃၃; မ ၂၁:၇
၁ ဘု. ၁:၃၈၂ရ ၃၂:၃၀
၁ ဘု. ၁:၃၉ထွ ၃၀:၂၃-၂၅; ၁ရှ ၁၆:၁၃
၁ ဘု. ၁:၃၉၂ရှ ၆:၁၇
၁ ဘု. ၁:၃၉၁ရ ၂၉:၂၂
၁ ဘု. ၁:၄၀၁ရှ ၄:၅
၁ ဘု. ၁:၄၁၁ဘု ၁:၉၊ ၂၅
၁ ဘု. ၁:၄၂၂ရှ ၁၅:၃၆; ၁၇:၁၇
၁ ဘု. ၁:၄၄၁ဘု ၁:၃၃၊ ၃၄
၁ ဘု. ၁:၅၀ထွ ၂၁:၁၄; ၃၈:၁၊ ၂; ၁ဘု ၂:၂၈
၁ ဘု. ၁:၅၂၁ဘု ၂:၂၃
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
  • ၂၆
  • ၂၇
  • ၂၈
  • ၂၉
  • ၃၀
  • ၃၁
  • ၃၂
  • ၃၃
  • ၃၄
  • ၃၅
  • ၃၆
  • ၃၇
  • ၃၈
  • ၃၉
  • ၄၀
  • ၄၁
  • ၄၂
  • ၄၃
  • ၄၄
  • ၄၅
  • ၄၆
  • ၄၇
  • ၄၈
  • ၄၉
  • ၅၀
  • ၅၁
  • ၅၂
  • ၅၃
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
၁ ဘုရင်များ ၁:၁-၅၃

၁ ဘုရင်များ

၁ ဒါဝိဒ်မင်းဟာ အသက်ကြီးပြီး+ အိုမင်းလာတယ်။ စောင်ခြုံလည်း မနွေးနိုင်တော့ဘူး။ ၂ ဒါကြောင့် မင်းမှုထမ်းတွေက  “အရှင်မင်းကြီးအတွက် အပျိုစင်လေးတစ်ယောက် ရှာပေးပါရစေ။ သူက အနားမှာ ခစားပြီး ကြည့်ရှုပြုစုပေးလိမ့်မယ်။ မင်းကြီး နွေးနွေးထွေးထွေးရှိအောင် အနားမှာ အိပ်ပေးပါလိမ့်မယ်” လို့လျှောက်တင်ကြတယ်။ ၃ အဲဒီနောက် မိန်းမချောလေးတစ်ယောက်ကို အစ္စရေးပြည်အနှံ့ လိုက်ရှာတော့ ရှုနင်မြို့သူ+ အဘိရှက်ကို+ တွေ့သွားပြီး ရှေ့တော်သွင်းကြတယ်။ ၄ မိန်းကလေးဟာ အင်မတန်လှတယ်။ သူက မင်းကြီးအနားမှာ ခစားပြီး ပြုစုပေးတယ်။ ဒါပေမဲ့ မင်းကြီးက သူနဲ့ ကိုယ်လက်နှီးနှောတာမျိုး မလုပ်ဘူး။

၅ အဲဒီအချိန်မှာ ဟဂိတ်နဲ့ရတဲ့ ဒါဝိဒ်ရဲ့သား အဒေါနိယက+ “ငါ ဘုရင်လုပ်မယ်” ဆိုပြီး သူ့ကိုယ်သူ ချီးမြှောက်တယ်။ သူစီးဖို့ မြင်းရထားတစ်စီး၊ မြင်းစီးသူရဲတွေနဲ့ သူ့ရှေ့ကနေ ပြေးဖို့ လူအယောက် ၅၀ ကို ထားတယ်။+ ၆ ခမည်းတော်က “မင်း ဘာလို့ ဒီလိုလုပ်တာလဲ” ဆိုပြီး တစ်ခါမှ ခေါ်မဆူဖူးဘူး။ အဒေါနိယဟာ အဗရှလုံရဲ့ညီဖြစ်ပြီး အင်မတန်ချောတယ်။ ၇ သူက ဇေရုယာရဲ့သား ယွာဘ၊ ပုရောဟိတ်အဗျာသာ+ တို့နဲ့ တိုင်ပင်ဆွေးနွေးတဲ့အခါ သူတို့ ကူညီထောက်မပေးကြတယ်။+ ၈ ပုရောဟိတ်ဇာဒုတ်၊+ ယောယဒရဲ့သား ဗေနာယ၊+ ပရောဖက်နာသန်၊+ ရှိမိ၊+ ရေအိနဲ့ ဒါဝိဒ်ရဲ့သူရဲကောင်းတွေကတော့+ အဒေါနိယကို မထောက်ခံကြဘူး။

၉ နောက်တော့ အဒေါနိယက အင်ရောဂေလ စမ်းရေတွင်းအနီး၊ ဇောဟေလက်ကျောက်နားမှာ သိုးနွားတွေ၊ ဆူဖြိုးတဲ့တိရစ္ဆာန်တွေ ပူဇော်တဲ့အခါ+ သားတော်တွေဖြစ်တဲ့ သူ့ညီတော်အားလုံး၊ ယုဒအမျိုးသားအားလုံးနဲ့ မင်းမှုထမ်းတွေကို ဖိတ်ခေါ်တယ်။ ၁၀ ဒါပေမဲ့ ပရောဖက်နာသန်၊ ဗေနာယ၊ ဒါဝိဒ်ရဲ့ သူရဲကောင်းတွေနဲ့ ညီတော်ရှောလမုန်ကိုတော့ မဖိတ်ဘူး။ ၁၁ အဲဒီအခါ နာသန်က+ ရှောလမုန်ရဲ့မယ်တော်+ ဗာသရှေဘကို+ “ဟဂိတ်ရဲ့သား  အဒေါနိယ+  ဘုရင်လုပ်နေပြီဆိုတဲ့ သတင်းကို  မိဖုရား မကြားဘူးလား။ ဒီကိစ္စကို မင်းကြီး လုံးဝမသိဘူး။ ၁၂ ဒါကြောင့် အခု မိဖုရားကိုယ်တိုင်ရော သားတော်ရှောလမုန်ပါ အသက်ချမ်းသာရနိုင်ဖို့ ကျွန်တော် အကြံပေးပါရစေ။+ ၁၃ မိဖုရားက မင်းကြီးဆီ အခစားဝင်ပြီး ‘အရှင်မင်းကြီး၊ “မင်းရဲ့သား ရှောလမုန်က ငါ့နေရာကို ဆက်ခံပြီး ငါ့ရာဇပလ္လင်ပေါ်မှာ ထိုင်ရမယ်”+ လို့ ကျိန်ပြောခဲ့တယ် မဟုတ်လား။ ဒါဆိုရင် အခု အဒေါနိယက ဘာကြောင့် ဘုရင်လုပ်နေရတာလဲ’  လို့ လျှောက်တင်ပါ။ ၁၄ အဲဒီလို လျှောက်တင်နေချိန်မှာ ကျွန်တော်ဝင်လာပြီး မိဖုရားရဲ့စကားကို ထောက်ခံပေးပါ့မယ်” လို့ပြောတယ်။

၁၅ ဗာသရှေဘလည်း ဒါဝိဒ်မင်းရှိရာ နန်းဆောင်ထဲ ဝင်သွားတယ်။ မင်းကြီးဟာ အတော်လေး အိုမင်းနေပြီ။ ရှုနင်မြို့သူ အဘိရှက်က+ အနားမှာ ပြုစုပေးနေတယ်။ ၁၆ ဗာသရှေဘက ရှေ့တော်မှာ ခစားတဲ့အခါ ဒါဝိဒ်က “ဘာများ တောင်းဆိုချင်သလဲ” လို့မေးတယ်။ ၁၇ ဒါနဲ့ ဗာသရှေဘက “အရှင်မင်းကြီး၊ ‘မင်းရဲ့သား ရှောလမုန်က ငါ့နေရာကို ဆက်ခံပြီး ငါ့ရာဇပလ္လင်ပေါ်မှာ ထိုင်ရမယ်’+ လို့ ယေဟောဝါဘုရားကို တိုင်တည်ပြီး မင်းကြီး ကျိန်ပြောခဲ့ပါတယ်။ ၁၈ အခုတော့ အဒေါနိယက ဘုရင်လုပ်နေပြီ။ ဒီကိစ္စကို အရှင်မင်းကြီး လုံးဝမသိပါဘူး။+ ၁၉ သူက နွားထီးတွေ၊ ဆူဖြိုးတဲ့ တိရစ္ဆာန်တွေ၊ သိုးတွေ အများကြီးပူဇော်ပြီး  သားတော်အားလုံးကိုရော ပုရောဟိတ်အဗျာသာနဲ့ စစ်ဗိုလ်ချုပ်ယွာဘတို့ကိုပါ  ဖိတ်ခေါ်ထားပါတယ်။+ သားတော်ရှောလမုန်ကိုတော့ မဖိတ်ပါဘူး။+ ၂၀ အရှင်မင်းကြီး၊ အစ္စရေးအားလုံး မင်းကြီးကို စောင့်မျှော်နေပါတယ်။ ဘယ်သူက မင်းကြီးနေရာကို ဆက်ခံပြီး နန်းထိုင်ရမလဲဆိုတာ မိန့်ကြားပေးပါ။ ၂၁ ဒီလိုမှ မမိန့်ကြားခဲ့ရင် အရှင်မင်းကြီး ကွယ်လွန်သွားတဲ့အခါ ကျွန်မနဲ့ သားတော်ရှောလမုန်ဟာ သစ္စာဖောက်တွေလို့ သတ်မှတ်ခံရပါလိမ့်မယ်” လို့လျှောက်တင်တယ်။

၂၂ အဲဒီလို  သူလျှောက်တင်နေတုန်း   ပရောဖက်နာသန်   ဝင်လာတော့၊+ ၂၃ “ပရောဖက်နာသန် ရောက်နေပါတယ်” လို့ လျှောက်တင်ကြတယ်။ နာသန်လည်း ရှေ့တော်ကို ဝင်လာပြီး ဦးတိုက်ခစားတယ်။ ၂၄ ပြီးတော့ “အရှင်မင်းကြီး၊ ‘အဒေါနိယဟာ ငါ့နေရာကို ဆက်ခံမယ့်သူ၊ ငါ့ရာဇပလ္လင်ပေါ် ထိုင်မယ့်သူပဲ’+ ဆိုပြီး မင်းကြီး မိန့်မှာခဲ့ပါသလား။ ၂၅ အခု နွားထီးတွေ၊ ဆူဖြိုးတဲ့တိရစ္ဆာန်တွေ၊ သိုးတွေ အများကြီးပူဇော်ဖို့ သူ ဆင်းသွားပါတယ်။+ ပုရောဟိတ်အဗျာသာနဲ့အတူ စစ်ဗိုလ်ချုပ်တွေ၊ သားတော်တွေအားလုံးကို ဖိတ်ခေါ်ပါတယ်။+ အဲဒီမှာ အတူစားသောက်ပြီး ‘အဒေါနိယမင်းကြီး အသက်တော်ရှည်ပါစေ’ လို့ကြွေးကြော်နေကြပါတယ်။ ၂၆ ဒါပေမဲ့ ပုရောဟိတ်ဇာဒုတ်၊ ယောယဒရဲ့သား ဗေနာယ၊+ သားတော်ရှောလမုန်နဲ့ ကျွန်တော့်ကိုတော့ မဖိတ်ပါဘူး။ ၂၇ မင်းကြီးနေရာကိုဆက်ခံပြီး နန်းထိုင်မယ့်သူ ဘယ်သူဆိုတာ ကျွန်တော့်ကို အသိမပေးဘဲ မင်းကြီး ခွင့်ပြုလိုက်တာလား” လို့လျှောက်တင်တယ်။

၂၈ ဒါဝိဒ်မင်းက “ဗာသရှေဘကို ခေါ်လိုက်ပါ” လို့ အမိန့်ပေးတော့ ဗာသရှေဘလည်း ဝင်လာပြီး ခစားတယ်။ ၂၉ အဲဒီအခါ မင်းကြီးက “ငါ့ကို ဆင်းရဲဒုက္ခအမျိုးမျိုးကနေ ကယ်လွှတ်ခဲ့တဲ့အရှင်၊+ အသက်ရှင်နေတဲ့ဘုရား ယေဟောဝါကို  တိုင်တည်ပြီး ငါပြောတယ်။ ၃၀ ‘မင်းရဲ့သားတော် ရှောလမုန်က ငါ့နေရာကို ဆက်ခံရမယ်။ ငါ့ရာဇပလ္လင်ပေါ်မှာ ထိုင်ရမယ်’ လို့ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါကို တိုင်တည်ပြီး ကျိန်ပြောခဲ့တဲ့အတိုင်း ဒီနေ့ ငါလုပ်မယ်” လို့ပြောတယ်။ ၃၁ ဗာသရှေဘလည်း ဦးညွှတ်ပျပ်ဝပ်ပြီး  “အရှင်မင်းကြီး အသက်တော်ရှည်ပါစေ” လို့ပြောတယ်။

၃၂ ဒါဝိဒ်မင်းက ချက်ချင်းပဲ “ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်နဲ့ ယောယဒ+ ရဲ့သား ဗေနာယကို+ ဆင့်ခေါ်လိုက်ပါ” လို့ အမိန့်ပေးတယ်။ သူတို့လည်း  မင်းကြီးဆီ လာခစားကြတယ်။ ၃၃ မင်းကြီးက  “သားတော်ရှောလမုန်ကို  ငါစီးတဲ့  လားပေါ်  တင်ပြီး+ ဂိဟုန်အရပ်ကို ခေါ်သွားကြ။+ မင်းမှုထမ်းတွေကိုပါ တစ်ပါတည်း ခေါ်သွား။ ၃၄ အဲဒီမှာ ပုရောဟိတ်ဇာဒုတ်နဲ့ ပရောဖက်နာသန်က ရှောလမုန်ကို အစ္စရေးဘုရင်အဖြစ် ဘိသိက်ပေးရမယ်။+ တံပိုးမှုတ်ပြီး “ရှောလမုန်မင်းကြီး အသက်တော်ရှည်ပါစေ” လို့လည်း ကြွေးကြော်ရမယ်။+ ၃၅ ပြီးရင် သူ့နောက်ကနေ ပြန်လိုက်လာခဲ့ကြ။ သူ ဒီကိုလာပြီး ငါ့ရာဇပလ္လင်ပေါ်မှာ နန်းထိုင်ရမယ်။ ငါ့နေရာကို ဆက်ခံရမယ်။ အစ္စရေးနဲ့ ယုဒအမျိုးရဲ့ ခေါင်းဆောင်အဖြစ် သူ့ကို ငါခန့်အပ်မယ်” လို့အမိန့်ပေးလိုက်တယ်။ ၃၆ ယောယဒရဲ့သား ဗေနာယလည်း ချက်ချင်းပဲ “အမိန့်တော်အတိုင်း ဖြစ်ပါစေ။* အရှင်မင်းကြီးရဲ့ဘုရား ယေဟောဝါက ဒီကိစ္စကို  အတည်ပြုပါစေ။ ၃၇ ယေဟောဝါဘုရားက အရှင်မင်းကြီးနဲ့အတူ ရှိခဲ့သလို ရှောလမုန်နဲ့လည်း အတူရှိပါစေ။+ သူ့ရာဇပလ္လင်ကို မင်းကြီးရဲ့ရာဇပလ္လင်ထက် ကြီးမြတ်အောင် လုပ်ပေးပါစေ”+ လို့လျှောက်တင်တယ်။

၃၈ အဲဒီနောက်  ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒရဲ့သား ဗေနာယ၊+ ခေရသိလူ၊ ပေလသိလူတွေက+ ရှောလမုန်ကို ဒါဝိဒ်မင်းရဲ့လားပေါ် တင်ပြီး+ ဂိဟုန်အရပ်ကို ဆင်းသွားတယ်။+ ၃၉ ပုရောဟိတ်ဇာဒုတ်လည်း ဆီထည့်ထားတဲ့ဦးချိုကို+ တဲတော်ထဲကနေ+ ယူပြီး ရှောလမုန်ကို ဘိသိက်ပေးတယ်။+ ပြီးတော့ တံပိုးမှုတ်လိုက်တဲ့အခါ  လူအားလုံးက “ရှောလမုန်မင်းကြီး အသက်တော်ရှည်ပါစေ” လို့ ကြွေးကြော်ကြတယ်။ ၄၀ လူအားလုံးက ဝမ်းသာအားရနဲ့ ပလွေတွေမှုတ်ရင်း ရှောလမုန်နောက်ကနေ လိုက်တက်လာတယ်။ သူတို့ရဲ့ကြွေးကြော်သံဟာ မြေကြီးအက်ကွဲမတတ် ကျယ်လောင်တယ်။+

၄၁ အဒေါနိယနဲ့  ဖိတ်ခေါ်ခံရသူအားလုံး စားသောက်ပြီးချိန်မှာ+ အဲဒီအသံကို ကြားတယ်။ ယွာဘက တံပိုးမှုတ်သံကြားတော့ “မြို့ထဲမှာ ဘာလို့  အုတ်အုတ်ကျက်ကျက်  ဖြစ်နေတာပါလိမ့်”   ဆိုပြီး   ပြောတယ်။ ၄၂ အဲဒီလို ပြောနေတုန်းမှာပဲ ပုရောဟိတ် အဗျာသာရဲ့သားယောနသန်+ရောက်လာတယ်။ အဒေါနိယက “ဝင်ခဲ့။   မင်းဟာ   လူကောင်း ဆိုတော့ သတင်းကောင်း ပါလာမှာပဲ” လို့ပြောတယ်။ ၄၃ ယောနသန်က “သတင်းကောင်းတော့ မဟုတ်ပါဘူး။ ဒါဝိဒ်မင်းကြီးက ရှောလမုန်ကို   မင်းမြှောက်လိုက်ပြီ။ ၄၄ ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊  ယောယဒရဲ့သားဗေနာယ၊ ခေရသိလူ၊ ပေလသိလူတွေကိုလည်း ရှောလမုန်နဲ့အတူ စေလွှတ်လိုက်တာ။ သူတို့က ရှောလမုန်ကို မင်းကြီးရဲ့လားပေါ်  တင်ပြီး  ခေါ်သွားတယ်။+ ၄၅ ပုရောဟိတ်ဇာဒုတ်နဲ့ ပရောဖက်နာသန်က ဂိဟုန်အရပ်မှာ ရှောလမုန်ကို  ဘိသိက်ပေးပြီး  မင်းမြှောက်လိုက်တယ်။ အဲဒီကနေ သူတို့ ဝမ်းသာအားရ ပြန်လာကြတာ တစ်မြို့လုံး အုတ်အုတ်ကျက်ကျက် ဖြစ်နေတာပဲ။ အရှင်ကြားရတဲ့အသံဟာ အဲဒီအသံပါ။ ၄၆ အခု၊ ရှောလမုန် နန်းထိုင်နေပြီ။ ၄၇ ဒါတင်ဘယ်ကမလဲ။ မင်းမှုထမ်းတွေကလည်း ဒါဝိဒ်မင်းကြီးဆီ လာပြီး ‘ဘုရားသခင်က ရှောလမုန်ကို မင်းကြီးထက် ဘုန်းတန်ခိုးပိုကြီးအောင်၊ မင်းကြီးထက် ကြီးမြတ်တဲ့ ဘုရင်ဖြစ်အောင် လုပ်ပေးပါစေ’  ဆိုပြီး  ဂုဏ်ယူဝမ်းမြောက်စကား ဆိုကြတယ်။ ဒါဝိဒ်မင်းကြီးလည်း သလွန်ပေါ်မှာ ဦးညွှတ်ပြီး၊ ၄၈ ‘အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါကို ချီးမွမ်းကြ။ ဒီနေ့ ဘုရားသခင်က ငါ့ရာဇပလ္လင်မှာ နန်းထိုင်မယ့်သူကို ပေးရုံမက အဲဒါကို မြင်ရတဲ့အခွင့်ကိုပါ ပေးသနားပြီ’ လို့ ပြောနေတယ်” ဆိုပြီး ပြန်ဖြေတယ်။

၄၉ အဲဒီသတင်းကို အဒေါနိယ ဖိတ်ခေါ်ထားသူအားလုံး  ကြားတဲ့အခါ ကြောက်ကြောက်နဲ့ တစ်ယောက်ပြီးတစ်ယောက်  ထပြန်သွားကြတယ်။ ၅၀ အဒေါနိယလည်း ရှောလမုန်ကို ကြောက်လာတော့ ထသွားပြီး ပူဇော်ရာပလ္လင်ရဲ့ ဦးချိုအတက်တွေကို ဆုပ်ကိုင်ထားတယ်။+ ၅၁ “အဒေါနိယက ရှောလမုန်မင်းကြီးကို ကြောက်လို့ ပူဇော်ရာပလ္လင်ရဲ့ ဦးချိုအတက်တွေကို  ဆုပ်ကိုင်ပြီး  ‘ငါ့ကို မကွပ်မျက်ပါဘူးလို့ ရှောလမုန်မင်းကြီး အရင်ကတိပေးပါစေ’ လို့ပြောနေပါတယ်” ဆိုတဲ့သတင်းကို ရှောလမုန်ကြားတဲ့အခါ၊ ၅၂ “သူသာ ကောင်းကောင်းမွန်မွန် နေမယ်ဆိုရင် သူ့ဆံခြည်တစ်မျှင်မှ မြေပေါ် မကျစေရဘူး။ မဟုတ်တာလုပ်ရင်တော့+ သေရမယ်” လို့ အမိန့်ပေးတယ်။ ၅၃ အဲဒီနောက် လူလွှတ်ပြီး အဒေါနိယကို ပူဇော်ရာပလ္လင်ကနေ ခေါ်လာခိုင်းတယ်။ အဒေါနိယက ရှေ့ကိုလာပြီး ဦးတိုက်ခစားတော့ ရှောလမုန်က “ကိုယ့်အိမ်ကို ပြန်ပါ” ဆိုပြီး ခွင့်ပေးလိုက်တယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ