ဧဇရ
၇ အဲဒါတွေဖြစ်ပြီးတဲ့နောက် ပါးရှားဘုရင် အာတဇေရဇ်+ လက်ထက်မှာ ဗာဗုလုန်မြို့ကနေ ဧဇရ*+ ပြန်လာတယ်။ သူ့အဖေက စရာယ၊+ စရာယရဲ့အဖေက အာဇရိ၊ အာဇရိရဲ့အဖေက ဟိလခိ၊+ ၂ ဟိလခိရဲ့အဖေက ရှလုံ၊ ရှလုံရဲ့အဖေက ဇာဒုတ်၊ ဇာဒုတ်ရဲ့အဖေက အဟိတုပ်၊ ၃ အဟိတုပ်ရဲ့အဖေက အာမရိ၊ အာမရိရဲ့အဖေက အာဇရိ၊+ အာဇရိရဲ့အဖေက မေရာယုတ်၊ ၄ မေရာယုတ်ရဲ့အဖေက ဇေရဟိ၊ ဇေရဟိရဲ့အဖေက ဩဇေ၊ သြဇေရဲ့အဖေက ဗုကိ၊ ၅ ဗုကိရဲ့အဖေက အဘိရွှ၊ အဘိရွှရဲ့အဖေက ဖိနဟတ်၊+ ဖိနဟတ်ရဲ့အဖေက ဧလာဇာ၊+ ဧလာဇာရဲ့အဖေက ပုရောဟိတ်မင်း အာရုန်ဖြစ်တယ်။+ ၆ အဲဒီဧဇရက ဗာဗုလုန်မြို့ကနေ ပြန်လာတယ်။ သူဟာ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ ပေးအပ်ခဲ့တဲ့ မောရှေပညတ်ကို နှံ့နှံ့စပ်စပ်သိတဲ့ ကျမ်းကူးသူတစ်ယောက်ပဲ။*+ သူ့ကို ယေဟောဝါဘုရား ထောက်မပေးနေတဲ့အတွက် သူတောင်းဆိုသမျှကို ပါးရှားဘုရင် ခွင့်ပြုတယ်။
၇ အစ္စရေးတွေ၊ ပုရောဟိတ်တွေ၊ လေဝိအမျိုးသားတွေ၊+ သီချင်းသည်တွေ၊+ တံခါးစောင့်တွေ၊+ ဗိမာန်တော်ကျွန်တွေ*+ ထဲက တချို့ဟာ အာတဇေရဇ်မင်း နန်းစံခုနစ်နှစ်မှာ ဂျေရုဆလင်မြို့ကို ပြန်လာတယ်။ ၈ ဧဇရလည်း အာတဇေရဇ် နန်းစံခုနစ်နှစ်၊ ငါးလပိုင်းမှာ ဂျေရုဆလင်မြို့ကို ရောက်လာတယ်။ ၉ သူက တစ်လပိုင်း၊ တစ်ရက်နေ့မှာ ဗာဗုလုန်မြို့ကနေ စထွက်လာတယ်။ ဘုရားသခင် ထောက်မပေးနေတဲ့အတွက် ၅ လပိုင်း၊ တစ်ရက်နေ့မှာ ဂျေရုဆလင်မြို့ကို သူရောက်လာတယ်။+ ၁၀ သူဟာ ယေဟောဝါရဲ့ ပညတ်ကျမ်းကို ရှာဖွေလေ့လာဖို့၊ လက်တွေ့ကျင့်သုံးဖို့၊+ အစ္စရေးတွေကို စည်းမျဉ်းတွေ၊ တရားစီရင်ချက်တွေအကြောင်း သွန်သင်ပေးဖို့ စိတ်ကို ပြင်ဆင်ထားတယ်။+
၁၁ ဒါကတော့ အစ္စရေးတွေအတွက် ယေဟောဝါရဲ့ ပညတ်ချက်တွေ၊ စည်းမျဉ်းတွေကို နှံ့စပ်ကျွမ်းကျင်တဲ့ ကျမ်းကူးသူ ပုရောဟိတ် ဧဇရဆီ အာတဇေရဇ်မင်း ပေးလိုက်တဲ့စာပဲ။
၁၂ *“ဘုရင်တို့ရဲ့ဘုရင် အာတဇေရဇ်ထံမှ+ ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်ရဲ့ ပညတ်ကျမ်းကို ကူးရေးသူ ပုရောဟိတ်ဧဇရသို့– ငြိမ်သက်ခြင်းအပေါင်းနဲ့ ပြည့်စုံပါစေ။ ၁၃ ငါ့နိုင်ငံမှာရှိတဲ့ အစ္စရေးတွေ၊ ပုရောဟိတ်တွေ၊ လေဝိအမျိုးသားတွေထဲမှာ မင်းနဲ့အတူ ဂျေရုဆလင်မြို့ဆီ ပြန်လိုသူတိုင်း ပြန်နိုင်တယ်လို့ ငါ အမိန့်ထုတ်ပြန်လိုက်တယ်။+ ၁၄ ငါကိုယ်တော်မြတ်နဲ့ အကြံပေးအရာရှိ ခုနစ်ယောက်ရဲ့ အမိန့်အရ မင်းဆီမှာရှိတဲ့ ဘုရားသခင်ရဲ့ ပညတ်တရားကို ယုဒပြည်သားနဲ့ ဂျေရုဆလင်မြို့သားတွေ လိုက်နာ၊ မလိုက်နာ စုံစမ်းစစ်ဆေးဖို့ မင်းကို စေလွှတ်လိုက်တယ်။ ၁၅ ဒါ့အပြင် ဂျေရုဆလင်မြို့မှာ စံမြန်းတဲ့ အစ္စရေးတို့ရဲ့ ဘုရားသခင်အတွက် ငါကိုယ်တော်မြတ်နဲ့ အကြံပေးအရာရှိတွေ စေတနာရှိရှိ လှူလိုက်တဲ့ရွှေငွေကို မင်း ယူသွားရမယ်။ ၁၆ ဗာဗုလုန်ခရိုင်မြို့တွေမှာ ကောက်ခံရရှိတဲ့ ရွှေငွေအားလုံးအပြင် ဂျေရုဆလင်မြို့မှာရှိတဲ့ မင်းတို့ဘုရားသခင်ရဲ့ အိမ်တော်အတွက် ပုရောဟိတ်တွေနဲ့ လူတွေ စေတနာရှိရှိလှူလိုက်တဲ့ လက်ဆောင်တွေကိုလည်း ယူသွားရမယ်။+ ၁၇ နွားထီးတွေ၊+ သိုးထီးတွေ၊+ သိုးသငယ်တွေ၊+ ကောက်နှံအလှူတွေ၊+ သွန်းလောင်းရာအလှူတွေကို+ အဲဒီငွေနဲ့ ချက်ချင်းဝယ်ပြီး ဂျေရုဆလင်မြို့၊ မင်းတို့ဘုရားသခင်ရဲ့ အိမ်တော်မှာရှိတဲ့ ပူဇော်ရာပလ္လင်ပေါ်မှာ ဆက်သရမယ်။
၁၈ “ကျန်တဲ့ရွှေငွေကို မင်းနဲ့ညီအစ်ကိုတွေက မင်းတို့ဘုရားသခင်ရဲ့ အလိုတော်နဲ့အညီ ကောင်းမယ်ထင်သလို သုံးလိုက်ပါ။ ၁၉ မင်းကိုပေးလိုက်တဲ့ အိမ်တော်အသုံးအဆောင် ခွက်ဖလားအားလုံးကို ဂျေရုဆလင်မြို့ဆီ သယ်သွားပြီး ဘုရားသခင်ရှေ့မှာ ပြန်ထားလိုက်ပါ။+ ၂၀ မင်းတို့ဘုရားသခင်ရဲ့ အိမ်တော်အတွက် လိုအပ်တာတွေရှိသေးလို့ တောင်းလာခဲ့ရင် မင်းက ငါ့ရဲ့ ဘဏ္ဍာတိုက်ထဲကနေ ထုတ်ပြီးပေးလိုက်ပါ။+
၂၁ “မြစ်ကြီး* တစ်ဖက်ကမ်းမှာရှိတဲ့ ဘဏ္ဍာထိန်းအားလုံးကို ငါအာတဇေရဇ်မင်း အမိန့်ထုတ်ပြန်တာက ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်ရဲ့ ပညတ်ကျမ်းကို ကူးရေးသူ ပုရောဟိတ်ဧဇရ+ တောင်းဆိုသမျှ မင်းတို့ ချက်ချင်းလုပ်ပေးရမယ်။ ၂၂ ငွေ တဲလင့်* ၁၀၀၊ ဂျုံ ကောရ* ၁၀၀၊ စပျစ်ဝိုင် ဗတ်* ၁၀၀၊+ ဆီ ဗတ် ၁၀၀ နဲ့+ ဆားကို+ လိုအပ်သလို ပေးရမယ်။ ၂၃ ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်ရဲ့ အိမ်တော်နဲ့ပတ်သက်ပြီး ကောင်းကင်အုပ်စိုးရှင် ဘုရားသခင် မိန့်မှာသမျှ ဝီရိယရှိရှိ လုပ်ကြ။+ မလုပ်ရင် တိုင်းသူပြည်သားတွေနဲ့ ငါ့သားမြေးတွေကို အမျက်တော်သင့်လိမ့်မယ်။+ ၂၄ မင်းတို့ကို နောက်ထပ် အသိပေးချင်တာက ပုရောဟိတ်တွေ၊ လေဝိအမျိုးသားတွေ၊ ဂီတပညာရှင်တွေ၊+ တံခါးစောင့်တွေ၊ ဗိမာန်တော်ကျွန်တွေ၊*+ ဘုရားသခင့်အိမ်တော် အလုပ်သမားတွေဆီက လူခွန်၊ ပစ္စည်းခွန်၊+ ဖြတ်သန်းခ လုံးဝမကောက်ခံရဘူး။
၂၅ “ဧဇရ၊ မင်းကတော့ မင်းရဲ့ ဘုရားသခင်ဆီက ရထားတဲ့ ဉာဏ်ပညာကို သုံးပြီး လက်ထောက်တရားသူကြီးတွေနဲ့ တရားသူကြီးတွေကို ခန့်အပ်ပါ။ မြစ်ကြီးတစ်ဖက်ကမ်းမှာရှိတဲ့ လူတွေ၊ ဘုရားသခင်ရဲ့ ပညတ်တွေအကြောင်း သိထားတဲ့လူတွေကို သူတို့တရားစီရင်ရမယ်။ မင်းက အဲဒီပညတ်တွေအကြောင်း မသိတဲ့သူတွေကို သွန်သင်ပေးရမယ်။+ ၂၆ မင်းကိုးကွယ်တဲ့ ဘုရားသခင်ရဲ့ ပညတ်တရားနဲ့ ငါထုတ်ပြန်ထားတဲ့ တရားဥပဒေတွေကို မလိုက်နာတဲ့သူဟာ သေဒဏ်၊ ပြည်နှင်ဒဏ်၊ ထောင်ဒဏ်၊ ဒဏ်ငွေ တစ်ခုမဟုတ်တစ်ခု ချက်ချင်း ချမှတ်ခံရမယ်။”
၂၇ ဂျေရုဆလင်မြို့မှာရှိတဲ့ ယေဟောဝါရဲ့ အိမ်တော်ကို တင့်တယ်အောင် လုပ်ပေးချင်တဲ့စိတ် ပေါ်လာဖို့ မင်းကြီးကို လှုံ့ဆော်တဲ့အရှင် ဘိုးဘေးတို့ရဲ့ဘုရား ယေဟောဝါကို ချီးမွမ်းကြပါ။+ ၂၈ ဘုရားသခင်က မင်းကြီးနဲ့ အကြံပေးအရာရှိတွေ၊ အာဏာရှိတဲ့မှူးမတ်တွေ အားလုံးရှေ့မှာ ကျွန်တော့်ကို ခိုင်မြဲတဲ့မေတ္တာပြတယ်။+ ယေဟောဝါဘုရား ထောက်မနေတဲ့အတွက် ကျွန်တော်လည်း သတ္တိရှိလာပြီး အစ္စရေးခေါင်းဆောင်တွေကို အတူလိုက်ခဲ့ဖို့ စုရုံးလိုက်တယ်။