ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • သဘာဝလွန်စွမ်းအားများ ညှို့ယူဖမ်းစားထား
    နိုးလော့!—၂၀၁၇ | အမှတ် ၂
    • တက်ဘလက်မှာ မြင်ရတဲ့အရာကြောင့် အံ့သြနေတဲ့ ချာတိတ်လေး

      မျက်နှာဖုံးအကြောင်းအရာ | နတ်ဆိုးနဲ့ဆိုင်တဲ့ ဖျော်ဖြေမှုတွေ အန္တရာယ်ကင်းသလား

      သဘာဝလွန်စွမ်းအားများ ညှို့ယူဖမ်းစားထား

      “သွေးစုပ်ဖုတ်ကောင်၊ ဝံပုလွေလူသားနဲ့ ဖုတ်ကောင်တွေအစား သရဲစီးတာ၊ မကောင်းဆိုးဝါး နှင်ထုတ်တာတွေ နေရာယူထားလိုက်ပြီ။” —ဝေါစထရိဂျာနယ်။

      မှော်ဆရာ ကြီးကြီးငယ်ငယ်၊ ညှို့အားပြင်း စုန်းကဝေမ၊ ခပ်ချောချော သွေးစုပ်ဖုတ်ကောင်တွေဟာ စာအုပ်၊ ရုပ်ရှင်နဲ့ ဗီဒီယိုဂိမ်းထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ရေပန်းစားလာတဲ့ သဘာဝလွန်စွမ်းအားရှင် ဇာတ်ကောင်တချို့သာ ဖြစ်တယ်။ အဲဒါတွေကို ဘာကြောင့် လူကြိုက်များကြတာလဲ။a

      “လွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း သရဲတစ္ဆေတွေကိုယုံတဲ့ အမေရိကန်လူမျိုး ဆယ်ယောက်မှာ တစ်ယောက်နှုန်းရှိရာကနေ သုံးယောက်မှာ တစ်ယောက်နှုန်းအထိ မြင့်တက်လာတယ်။ အကြားအမြင်ရသူတွေနဲ့ ဆွေးနွေးသူ၊ သရဲတစ္ဆေကို ယုံတဲ့သူ၊ တစ္ဆေခြောက်တဲ့အိမ်တွေကို ယုံတဲ့သူ အမေရိကန်လူငယ်အရေအတွက်ဟာ လူကြီးတွေထက် နှစ်ဆလောက် ပိုများတယ်” လို့ လူမှုဗေဒပါမောက္ခ ကလော့ ဖစ်ရှာ ရေးတယ်။

      လူတွေကို မကောင်းဆိုးဝါး ဝင်ပူးတဲ့အကြောင်း ပုံပြင်တွေဟာ ကြောက်စရာကောင်းလောက်အောင် တစ်ကျော့ပြန် ခေတ်ထလာတာ အံ့သြစရာ မဟုတ်ပါဘူး။ “လူကြိုက်များတဲ့ ယဉ်ကျေးမှုမှာ သရဲစီးတာတွေ တစ်ကျော့ပြန် အောင်မြင်မှုရလာတာဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း တစ်ဟုန်ထိုးခေတ်ထလာတဲ့ ဖုတ်ကောင်၊ ဝံပုလွေလူသား၊ သွေးစုပ်ဖုတ်ကောင်တွေကြောင့် ဖြစ်တယ်” လို့ ဝေါစထရိဂျာနယ်မှာ မိုက်ကယ် ကယ်လီယာ ရေးတယ်။

      “ကမ္ဘာ့ဒေသအသီးသီးမှာ လူ ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းဟာ သရဲတစ္ဆေတွေ၊ ယဉ်ကျေးမှုအများစုရဲ့ စာပေတွေမှာ အသားပေးဖော်ပြထားတဲ့ သရဲတစ္ဆေတွေကို ယုံကြည်ကြတယ်” လို့ သတင်းတစ်ပုဒ်က ဆိုတယ်။ အမေရိကန်ပြည်ထောင်စုမှာ လူမှုဗေဒပါမောက္ခတွေဖြစ်တဲ့ ခရစ္စတိုဖာ ဘာဒါနဲ့ ကာဆန် မင်ကန်တို့ရဲ့ လေ့လာချက်အရ “အမေရိကန်လူမျိုး ၇၀ ကနေ ၈၀ ရာခိုင်နှုန်းဟာ သဘာဝလွန်လုပ်ဆောင်မှု တစ်မျိုးမျိုးကို အခိုင်အမာယုံကြည်ကြောင်း သိရတယ်။”

      နတ်ဆိုးပညာလိုက်စားတာ၊ သဘာဝလွန်စွမ်းအားတွေနဲ့ ပတ်သက်တာဟာ ပျော်စရာသက်သက် ဖြစ်သလား။

      a သဘာဝလွန်စွမ်းအား– “သိပ္ပံပညာ ဒါမှမဟုတ် သဘာဝနိယာမတရားအရ ရှင်းပြလို့မရနိုင်တဲ့အရာ။”—Merriam-Webster’s Learner အဘိဓာန်။

  • နတ်ဆိုးပညာလိုက်စားခြင်းအကြောင်း ကျမ်းစာ ဘာပြောသလဲ
    နိုးလော့!—၂၀၁၇ | အမှတ် ၂
    • တီဗီမှာ နတ်ဆိုးအကြောင်း ရုပ်ရှင်ကြော်ငြာတွေကို ကြည့်နေတဲ့မောင်နှံစုံ

      ဖျော်ဖြေရေးလုပ်ငန်းတွေက နတ်ဆိုးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေ၊ ဇာတ်ကောင်တွေကို နှစ်သက်စရာကောင်းအောင် တင်ဆက်ထားပေမဲ့ အဲဒါတွေနဲ့ ဆက်နွှယ်နေတဲ့ အန္တရာယ်တွေကို သတိထားဖို့ လိုတယ်

      မျက်နှာဖုံးအကြောင်းအရာ | နတ်ဆိုးနဲ့ဆိုင်တဲ့ ဖျော်ဖြေမှုတွေ အန္တရာယ်ကင်းသလား

      နတ်ဆိုးပညာလိုက်စားခြင်းအကြောင်း ကျမ်းစာ ဘာပြောသလဲ

      သဘာဝလွန်စွမ်းအားတွေ၊ နတ်ဆိုးပညာနဲ့ဆက်နွှယ်တာတွေကို လူအများ အယုံအကြည် မရှိဘူး၊ ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာတွေရဲ့ လက်ရာ ဒါမှမဟုတ် သူတို့ရဲ့လှည့်ကွက်လို့ပဲ ယူဆကြတယ်။ ဒါပေမဲ့ ကျမ်းစာရဲ့ ရှုမြင်ပုံကတော့ အဲဒီလိုမဟုတ်ဘူး။ နတ်ဆိုးပညာလိုက်စားခြင်းနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း သတိပေးထားတယ်။ ဥပမာ၊ ကျမ်းစာမှာ ဒီလိုဖော်ပြတယ်– “ခင်ဗျားတို့ဆီမှာ . . . နတ်ဆရာ၊ မှော်ဆရာ၊ နိမိတ်ဖတ်သူ၊ ပယောဂဆရာ၊ စုန်းအတတ်နဲ့ပြုစားသူ၊ နတ်ကတော်ကို၊ ဗေဒင်ဆရာကို မေးမြန်းတဲ့သူ၊ လူသေကိုမေးမြန်းတဲ့သူ တစ်ယောက်မှ မရှိရဘူး။” ဘာကြောင့်လဲ။ “အဲဒီလိုလူတွေကို ယေဟောဝါ ရွံမုန်းတယ်။ . . . ယေဟောဝါဘုရားရှေ့မှာ ခင်ဗျားတို့ အပြစ်ပြောစရာ မရှိအောင် နေရမယ်” ဆိုပြီး ဆက်ပြောထားလို့ပဲ။—တရားဟောရာ ၁၈:၁၀-၁၃၊ ကဘ။

      နတ်ဆိုးပညာလိုက်စားတဲ့ နည်းမှန်သမျှကို ကျမ်းစာက ဘာကြောင့် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချထားတာလဲ။

      မကောင်းတဲ့ဇာစ်မြစ်

      မြေကြီးကို မဖန်ဆင်းခင် ကြာမြင့်စွာကတည်းက ကောင်းကင်တမန်လို့ခေါ်တဲ့ ဝိညာဉ်သတ္တဝါ သန်းပေါင်းများစွာကို ဘုရားဖန်ဆင်းခဲ့တဲ့အကြောင်း ကျမ်းစာ ဖော်ပြတယ်။ (ယောဘ ၃၈:၄၊ ၇။ ဗျာဒိတ် ၅:၁၁) အဲဒီကောင်းကင်တမန်တွေကို အမှားအမှန်ခွဲခြားနိုင်စွမ်း၊ လွတ်လပ်စွာရွေးချယ်နိုင်စွမ်း ပေးထားတယ်။ တချို့က ဘုရားသခင်ကို ပုန်ကန်တယ်၊ ကောင်းကင်အခွင့်အရာကို စွန့်ခွာပြီး ဒုက္ခပေးဖို့ မြေကြီးကို ဆင်းလာကြတယ်။ ဒါကြောင့် “မြေကြီးသည် အဓမ္မအမှုနှင့်ပြည့်” လာတယ်။—ကမ္ဘာဦး ၆:၂-၅၊ ၁၁။ ယုဒ ၆။

      အဲဒီကောင်းကင်တမန်ဆိုးတွေဟာ လူသန်းပေါင်းများစွာကို လှည့်စားပြီး အကြီးအကျယ် သြဇာလွှမ်းမိုးထားတယ်လို့ ကျမ်းစာ ပြောတယ်။ (ဗျာဒိတ် ၁၂:၉) အနာဂတ်ကို စူးစမ်းချင်တဲ့ လူတွေရဲ့ သဘောသဘာဝကိုလည်း အခွင့်ကောင်းယူကြတယ်။—၁ ဓမ္မရာဇဝင် ၂၈:၅၊ ၇။ ၁ တိမောသေ ၄:၁။

      သဘာဝလွန်စွမ်းအားတချို့ဟာ လူတွေကို ကူညီပေးတယ်လို့ ထင်ရတယ်။ (၂ ကောရိန္သု ၁၁:၁၄) တကယ်တော့ နတ်ဆိုးတွေဟာ ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားကို မသိနိုင်အောင် လူတွေရဲ့ ဉာဏ်မျက်စိကို ကွယ်ထားကြတယ်။—၂ ကောရိန္သု ၄:၄။

      ကျမ်းစာအရ နတ်ဆိုးတွေနဲ့ ဆက်သွယ်တာဟာ အန္တရာယ်ကင်းတဲ့အရာ၊ ပျော်စရာကောင်းတဲ့အရာ မဟုတ်ဘူး။ ဒါကြောင့် ယေရှုတပည့်ဖြစ်လာမယ့်သူတွေဟာ နတ်ဆိုးတွေနဲ့ပတ်သက်တဲ့ အမှန်တရားအကြောင်း သိလာတဲ့အခါ ‘မှော်အတတ် [သဘာဝလွန်နည်းလမ်းတွေကို] လိုက်စားသူတို့သည် မိမိတို့စာစောင်များကို ယူလာပြီးလျှင် မီးရှို့လိုက်ကြ၏။’ အဲဒီလိုလုပ်ဖို့ ငွေကြေးအများကြီး ဆုံးရှုံးခဲ့ရတယ်။—တမန်တော် ၁၉:၁၉။

      သဘာဝလွန်စွမ်အားအကြောင်းပါတဲ့ စာအုပ်ကို ဖတ်နေတဲ့ အမျိုးသမီး

      “တီဗီ၊ ရုပ်ရှင်နဲ့ စာအုပ်တွေမှာ စွဲမက်စရာကောင်းပြီး ညှို့အားပြင်းတဲ့ စုန်းကဝေမတွေအကြောင်း ဖော်ပြတင်ဆက်ထားပုံကြောင့် စုန်းကဝေအတတ်ကို ယုံတဲ့ ဆယ်ကျော်သက် မိန်းကလေးတွေ ပိုပိုများလာတယ်။”—၂၀၁၄ မှာကောက်ယူတဲ့ လူငယ်သဘောထားစစ်တမ်း။

      ဒီနေ့လည်း လူအများစုဟာ နတ်ဆိုးပညာနဲ့ဆက်နွှယ်တဲ့ ဖျော်ဖြေမှုတွေ၊ လုပ်ဆောင်မှုတွေနဲ့ လုံးဝမပတ်သက်ဖို့ ဆုံးဖြတ်ထားကြတယ်။ ဥပမာ၊ အသက် ၁၂ နှစ်အရွယ် မာရီယာaဟာ အနာဂတ်မှာ ဘာဖြစ်မယ်၊ ဘာအန္တရာယ်ဖြစ်မယ်ဆိုတာ ကြိုဟောနိုင်စွမ်း ရှိပုံရတယ်။ ကျောင်းနေဖက်တွေအတွက် ဖဲချပ်ဗေဒင်ကြည့်ပေးတယ်။ သူဟောတဲ့အတိုင်း ဖြစ်လာတဲ့အတွက် ဂမ္ဘီရပညာကို နှစ်သက်စွဲလမ်းလာတယ်။

      တခြားသူတွေကို ကူညီနိုင်ဖို့ ဘုရားပေးဆု ရထားတယ်လို့ မာရီယာ ယူဆတယ်။ “ဖဲချပ်ဗေဒင်ကြည့်တဲ့အခါ တခြားသူတွေအတွက်ပဲ ကြည့်ပေးလို့ရတယ်။ ကိုယ်တိုင်ရဲ့ အနာဂတ်ကို သိချင်ပေမဲ့ ကိုယ့်အတွက် ကြည့်ပေးလို့ မရဘူး။ ဒါကြောင့် စိတ်အနှောင့်အယှက်ဖြစ်မိတယ်” လို့ သူပြောတယ်။

      သိချင်တာတွေ အများကြီးရှိတဲ့ မာရီယာဟာ ဘုရားသခင်ကို ဆုတောင်းခဲ့တယ်။ နောက်ပိုင်းမှာ ယေဟောဝါသက်သေတွေနဲ့ တွေ့ပြီး ကျမ်းစာလေ့လာခဲ့တယ်။ သူ့ဆီမှာရှိတဲ့ အနာဂတ် ကြိုဟောနိုင်စွမ်းဟာ ဘုရားဆီက မဟုတ်မှန်း ကျမ်းစာလေ့လာရာကနေ သိလာတယ်။ ဘုရားသခင်ရဲ့ မိတ်ဆွေဖြစ်ချင်သူတွေဟာ နတ်ဆိုးပညာနဲ့ဆက်နွှယ်တဲ့ ပစ္စည်းမှန်သမျှကို ဖယ်ရှားပစ်ရမယ်ဆိုတာကိုလည်း သူသိလာတယ်။ (၁ ကောရိန္သု ၁၀:၂၁) သူ ဘာဆက်လုပ်သလဲ။ နတ်ဆိုးပညာနဲဆက်နွှယ်တဲ့ ပစ္စည်းတွေ၊ စာအုပ်တွေကို ဖယ်ရှားပစ်တယ်။ အခုဆိုရင် ကျမ်းစာကနေ သိရှိလာတဲ့ အမှန်တရားတွေကို တခြားသူတွေဆီ ဝေမျှပေးနေတယ်။

      ဆယ်ကျော်သက်အရွယ် မိုက်ကယ်ဟာ သဘာဝလွန်စွမ်းအားရှင် ဇာတ်ကောင်တွေအကြောင်း ပါတဲ့ စိတ်ကူးယဉ်ဝတ္ထုတွေကို စွဲစွဲလမ်းလမ်း ဖတ်တယ်။ “သက်တူရွယ်တူ လူစွမ်းကောင်းတွေနဲ့အတူ စိတ်ကူးယဉ်ကမ္ဘာမှာ စူးစမ်းရတာကို ကျွန်တော် ပျော်တယ်” လို့ သူပြောတယ်။ တဖြည်းဖြည်းနဲ့ မိုက်ကယ်ဟာ မှော်အတတ်အကြောင်း၊ စာတန်နဲ့ဆိုင်တဲ့ ဓလေ့ထုံးစံတွေအကြောင်း ပါတဲ့ စာအုပ်တွေကို စွဲစွဲလမ်းလမ်း ဖတ်လာတယ်။ “စူးစမ်းချင်စိတ်ကြောင့် အဲဒီအကြောင်းတွေနဲ့ ဆက်နွှယ်တဲ့ စာအုပ်တွေဖတ်ချင်၊ ရုပ်ရှင်တွေကြည့်ချင်လာတယ်” လို့ သူပြောတယ်။

      ဒါပေမဲ့ ကျမ်းစာလေ့လာတဲ့အခါ သူဖတ်နေတဲ့အရာတွေကို အသေအချာ ဆန်းစစ်ဖို့လိုမှန်း မိုက်ကယ် သိလာတယ်။ “နတ်ဆိုးပညာနဲ့ဆက်နွှယ်တဲ့ ပစ္စည်းတွေကို စာရင်းလုပ်ပြီး အကုန်လုံး ဖယ်ရှားပစ်တယ်။ အရေးကြီးတဲ့ သင်ခန်းစာတစ်ခု ရခဲ့တယ်။ ၁ ကောရိန္သု ၁၀:၃၁ မှာ ‘ဘုရားသခင်ရဲ့ဘုန်းတော်ကို ထောက်ပြီး အရာရာကို လုပ်ဆောင်ပါ’ လို့ ပြောထားတယ်။ ဒါကြောင့် ‘ဒီစာအုပ်ကိုဖတ်ရင် ဘုရားသခင်ရဲ့ဘုန်းတော်ကို ထိခိုက်စေမလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးတယ်။ ထိခိုက်မယ်ဆိုရင် အဲဒီစာအုပ်ကို မဖတ်ဘူး” လို့ သူပြောတယ်။

      jw.org ဝက်ဆိုက်ကို ကြည့်နေတဲ့ အမျိုးသမီး

      ကျမ်းစာကို မီးခွက်နဲ့နှိုင်းထားတာ သင့်လျော်တယ်။ နတ်ဆိုးပညာဟာ တကယ်တမ်း ဘာလဲဆိုတာ ကျမ်းစာက ရှင်းရှင်းလင်းလင်း သိမြင်စေတယ်။ (ဆာလံ ၁၁၉:၁၀၅) ဒါတင်မကသေးဘူး။ ဒီကမ္ဘာကြီးဟာ နတ်ဆိုးသြဇာကနေ လွတ်ကင်းတော့မယ်ဆိုတဲ့ ကျမ်းစာကတိ ရှိတယ်။ လူသားတွေလည်း အကြီးအကျယ် အကျိုးခံစားရမှာ ဖြစ်တယ်။ ဥပမာ၊ ဆာလံ ၃၇:၁၀၊ ၁၁ မှာ ဒီလိုဖော်ပြထားတယ်– “ခဏကြာပြီးမှ မတရားသောသူသည် မရှိရ။ သူ၏နေရာကို စေ့စေ့ရှာ၍ မတွေ့ရ။ စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော် [ကမ္ဘာမြေ] ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။”

      a ဒီဆောင်းပါးမှာ နာမည်လွှဲတွေကို သုံးထားတယ်။

      နတ်ဆိုးပညာလိုက်စားခြင်းဆိုတာ ဘာလဲ

      နက္ခတ်ဗေဒင်၊ စုန်းကဝေအတတ်၊ ဂမ္ဘီရပညာလိုက်စားနေတာတွေက နတ်ဆိုးပညာကို လူတွေ စိတ်ဝင်စားမှန်း ဖော်ပြနေတယ်။ ကမ္ဘာ့ဒေသများစွာက လူတွေဟာ အကြားအမြင်ရသူတွေ ဒါမှမဟုတ် ပယောဂဆရာတွေကတစ်ဆင့် နတ်ဆိုးတွေနဲ့ ဆက်သွယ်ကြတယ်။ နတ်ဆိုးပညာကို သုံးပြီး အနာဂတ်အကြောင်း သိဖို့ ကြိုးစားကြတယ်။ ကြယ်နက္ခတ်တွေ ကြည့်တယ်၊ အတိတ်နိမိတ် ကောက်တယ်၊ ဓာတ်ဖန်လုံး ကြည့်တယ်၊ လက္ခဏာ ကြည့်ကြတယ်။

      စာအုပ်၊ မဂ္ဂဇင်း၊ ရုပ်ရှင်တွေဟာ နတ်ဆိုးပညာလိုက်စားခြင်းကို အန္တရာယ်ကင်းတဲ့အရာ၊ စိတ်ဝင်စားစရာအဖြစ် တင်ဆက်ကြတယ်။ တီဗီနဲ့ ရုပ်ရှင်တွေမှာ သဘာဝလွန်စွမ်းအားအကြောင်း တင်ဆက်ထားပုံက လူတွေရဲ့ ယုံကြည်ရာအပေါ် အကြီးအကျယ် သြဇာလွှမ်းမိုးထားတယ်လို့ လူမှုဆက်သွယ်ရေး ပညာရှင်တချို့ ပြောတယ်။

      သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ

      ပိုသိချင်ရင် သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာက ဘာလဲ စာအုပ် အခန်း ၁၀ ကို ဖတ်ကြည့်ပါ။ ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ အဲဒီစာအုပ်ကို jw.org/mya မှာ အခမဲ့ ကူးယူနိုင်တယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ