ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၅၃
  • သင်သေသွားရင် ဘာဖြစ်မလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်သေသွားရင် ဘာဖြစ်မလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာဖြေဆိုရာ
  • နာမ်ဝိညာဉ်များဟာ ကမ္ဘာပေါ် အသက်ရှင်ခဲ့ပြီး သေဆုံးသွားတဲ့ ပုဂ္ဂိုလ်များ မဟုတ်
    လူသေတွေရဲ့ဝိညာဉ်—ကောင်းကျိုးပြုနိုင်သလား၊ အန္တရာယ်ပေးနိုင်သလား။ တကယ်ကော တည်ရှိရဲ့လား။
  • လူသေသောအခါ မည်သို့ ဖြစ်သွားသနည်း
    နိုးလော့!—၂၀၀၇
  • သမ္မာကျမ်းစာ သွန်သင်ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • မေးခွန်း ၂– ကျွန်ုပ် သေဆုံးပြီးတဲ့နောက် ဘာဖြစ်သွားမလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၅၃

သင် သေသွားရင် ဘာဖြစ်မလဲ

သမ္မာကျမ်းစာဖြေဆိုရာ

“အသက်ရှင်သောသူသည် မိမိသေရမည်ကို သိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ” လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ဒေသနာ ၉:၅; ဆာလံ ၁၄၆:၄) ဒါကြောင့် ကျွန်ုပ်တို့သေသွားရင် လုံးဝမတည်ရှိတော့ဘူး။ သေဆုံးသွားသူတွေဟာ စဉ်းစားတာ၊ လုပ်ဆောင်တာ၊ ခံစားတာ ဘာဆိုဘာမှမလုပ်ဆောင်နိုင်တော့ဘူး။

“သင်သည် မြေမှုန့်သို့ ပြန်ရမည်”

ပထမဆုံးလူသား အာဒံကို ဘုရားသခင် ပြောဆိုခဲ့ရာကနေ ကျွန်ုပ်တို့ သေဆုံးသွားရင် ဘာဖြစ်မလဲဆိုတာ သိနိုင်တယ်။ အာဒံ နာခံမှုမရှိလို့ ဘုရားသခင် သူ့ကို ဒီလိုပြောခဲ့တယ်– “သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်။” (ကမ္ဘာဦး ၃:၁၉) ဘုရားသခင်က အာဒံကို “မြေမှုန့်” ကနေ မဖန်ဆင်းခင် အာဒံဆိုတာ မရှိခဲ့ဘူး။ (ကမ္ဘာဦး ၂:၇) အဲဒီလိုပဲ အာဒံသေသွားတဲ့အခါ သူဟာ မြေမှုန့်ပြန်ဖြစ်သွားပြီး လုံးဝမတည်ရှိတော့ပါဘူး။

အခုလည်း လူတွေသေရင် မြေမှုန့်ပြန်ဖြစ်သွားပြီး လုံးဝမတည်ရှိတော့ပါဘူး။ သမ္မာကျမ်းစာမှာ လူတွေနဲ့ တိရစ္ဆာန်တွေအကြောင်း အခုလိုပြောတယ်– “အလုံးစုံတို့သည် မြေမှုန့်ထဲကဖြစ်သည်နှင့်အညီ မြေမှုန့်ထဲသို့ ပြန်သွားတတ်ကြ၏။”​—ဒေသနာ ၃:၁၉၊ ၂၀။

သေခြင်းဆိုတာ ဘဝနိဂုံးမဟုတ်

ကျမ်းစာမှာ သေတာကို အိပ်တာနဲ့ နှိုင်းယှဉ်တတ်တယ်။ (ဆာလံ ၁၃:၃; ယောဟန် ၁၁:၁၁–၁၄; တမန်တော် ၇:၆၀) နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသူတစ်ယောက်က သူ့ဘေးမှာ ဘာတွေဖြစ်နေသလဲဆိုတာ မသိဘူး။ အဲဒီလိုပါပဲ၊ သေတဲ့သူဟာ ဘာကိုမှ မသိပါဘူး။ ဒါပေမဲ့ ဘုရားသခင်က အိပ်ပျော်တဲ့သူကို ပြန်နှိုးသလိုမျိုး သေလွန်သူတွေကို အသက်ပြန်ရှင်စေမယ်လို့ သမ္မာကျမ်းစာမှာ ကတိပြုထားပါတယ်။ (ယောဘ ၁၄:၁၃–၁၅) ဘုရားသခင် အသက်ပြန်ရှင်အောင် လုပ်ပေးမယ့်သူတွေအတွက် သေခြင်းဆိုတာ ဘဝနိဂုံးမဟုတ်ပါဘူး။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ