ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၆၂
  • ကိုယ်ဝန်ဖျက်ချခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကိုယ်ဝန်ဖျက်ချခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • ဘယ်အချိန်မှာ လူ့အသက် အစပြုသလဲ
  • ကိုယ်ဝန် ဖျက်ချဖူးသူကို ဘုရား ခွင့်လွှတ်ပါ့မလား
  • မိခင် ဒါမှမဟုတ် ကလေး အသက်အန္တရာယ် ရှိနေလို့ ကိုယ်ဝန်ချက်ချတာ မှားသလား
  • ကိုယ်ဝန်ဖျက်ချခြင်း
    နိုးလော့!—၂၀၁၇
  • ကိုယ်ဝန်ဖျက်ချ (ပျက်ကျ) ခြင်း
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ကိုယ်ဝန်ဖျက်ချခြင်း—ပြဿနာကင်းသော ဖြေရှင်းနည်းမဟုတ်
    နိုးလော့!—၂၀၀၉
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၆၂
ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး မှန်ရှေ့မှာ ရပ်နေစဉ်

ကိုယ်ဝန်ဖျက်ချခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ

ကျမ်းစာအဖြေ

လူ့သန္ဓေသား ထုတ်ပစ်ခြင်း၊ တစ်နည်းအားဖြင့် “ကိုယ်ဝန်ဖျက်ချခြင်း” ဆိုတဲ့စကားလုံး ကျမ်းစာမှာ မပါဘူး။ ဒါပေမဲ့ မမွေးသေးတဲ့ ကလေးအသက် အပါအဝင် လူ့အသက်ကို ဘုရား ဘယ်လို ရှုမြင်ကြောင်း ဖော်ပြတဲ့ ကျမ်းချက်တွေ အများကြီးပါတယ်။

အသက်ဟာ ဘုရားပေး ဆုလက်ဆောင်ပါ။ (ကမ္ဘာဦး ၉:၆။ ဆာလံ ၃၆:၉) သန္ဓေသားအသက် အပါအဝင် အသက်မှန်သမျှကို ဘုရား တန်ဖိုးထားတယ်။ ဒါကြောင့် မမွေးသေးတဲ့ကလေး သေအောင် တမင်တကာ ပြုလုပ်ခြင်းဟာ လူသတ်မှု ကျူးလွန်ရာရောက်တယ်။

အစ္စရေးတွေကို ပေးတဲ့ ဘုရားရဲ့ ပညတ်တရားမှာ ဒီလိုဖော်ပြထားတယ်– “ယောက်ျားချင်း ခိုက်ရန်ဖြစ်တဲ့အခါ ကိုယ်ဝန်ဆောင်မိခင်ကို ထိခိုက်မိပြီး လမစေ့ဘဲ သားဖွားလိုက်ရတယ်ဆိုပါစို့။ မိခင်ရော ကလေးပါ မသေဘူးဆိုရင် ထိခိုက်အောင်လုပ်တဲ့သူက အဲဒီမိန်းမရဲ့ ယောက်ျား တောင်းဆိုတဲ့ လျော်ကြေးကို တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အတိုင်း ပေးရမယ်။ တစ်ယောက်ယောက် သေရင်တော့ အသက်အတွက် အသက် ပြန်လျော်ပေးရမယ်။”—ထွက်မြောက်ရာ ၂၁:၂၂၊ ၂၃။a

  • ဘယ်အချိန်မှာ လူ့အသက် အစပြုသလဲ

  • ကိုယ်ဝန်ဖျက်ချဖူးသူကို ဘုရား ခွင့်လွှတ်ပါ့မလား

  • မိခင် ဒါမှမဟုတ် ကလေး အသက်အန္တရာယ် ရှိနေလို့ ကိုယ်ဝန်ချက်ချတာ မှားသလား

ဘယ်အချိန်မှာ လူ့အသက် အစပြုသလဲ

သန္ဓေတည်ချိန်က စပြီး လူ့အသက် အစပြုပြီလို့ ဘုရား ရှုမြင်တယ်။ မမွေးသေးတဲ့ကလေးကို လူတစ်ဦးအဖြစ် ဘုရားနှုတ်တော်ထွက် ကျမ်းစာမှာ ဖော်ပြလေ့ရှိတယ်။ မိခင်ဗိုက်ထဲက ကလေးရဲ့ အသက်ကို မွေးဖွားပြီးကလေးအသက်နဲ့ အတူတူလို့ ဘုရား ယူမှတ်ကြောင်း ဖော်ပြတဲ့ နမူနာတချို့ကို လေ့လာကြည့်ပါ။

  • စွမ်းအားတော် လှုံ့ဆော်မှုကြောင့် ဒါဝိဒ်မင်းက “ကျွန်တော် သန္ဓေသားလောင်းအရွယ်မှာတောင် ကိုယ်တော် မြင်တယ်” လို့ ပြောခဲ့တယ်။ (ဆာလံ ၁၃၉:၁၆) ဒါဝိဒ် မမွေးသေးခင်ကတည်းက ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဘုရားသခင် သဘောထားတယ်။

  • ယေရမိဟာ တစ်နေ့ကျရင် ပရောဖက်တာဝန် ရမယ်ဆိုတာကို မမွေးခင်ကတည်းက ဘုရား သိနေတယ်။ ဒါကြောင့် “မင်းကို မိခင်ဝမ်းထဲမှာ ပုံမသွင်းခင်ကတည်းက ငါသိတယ်။ မင်း မမွေးခင်ကတည်းက မင်းကို သီးသန့်ဖယ်ထားတယ်။ လူမျိုးတွေအတွက် ပရောဖက်အဖြစ် ငါခန့်ထားတယ်” လို့ မိန့်ဆိုခဲ့တယ်။—ယေရမိ ၁:၅။

  • ကျမ်းရေးသူ သမားတော် လုကာဟာ မမွေးသေးတဲ့ကလေးနဲ့ မွေးကင်းစကလေးအတွက် ဂရိစကားလုံး တစ်လုံးတည်းကို အသုံးပြုခဲ့တယ်။—လုကာ ၁:၄၁။ ၂:၁၂၊ ၁၆။

ကိုယ်ဝန် ဖျက်ချဖူးသူကို ဘုရား ခွင့်လွှတ်ပါ့မလား

ကိုယ်ဝန် ဖျက်ချဖူးတဲ့သူတွေအနေနဲ့ ဘုရားရဲ့ ခွင့်လွှတ်မှု ရနိုင်ပါတယ်။ အသက်ကို ဘုရားရှုမြင်သလို ရှုမြင်လာပြီဆိုရင် အပြစ်ရှိနေတုန်းပဲလို့ ခံစားနေဖို့ မလိုတော့ဘူး။ “ယေဟောဝါဟာ ကရုဏာရှိပြီး သနားစာနာတတ်တယ်။ . . . နေထွက်ရာအရပ်နဲ့ နေဝင်ရာအရပ် အလှမ်းဝေးသလို အပြစ်တွေကို ငါတို့နဲ့ အလှမ်းဝေးစေတယ်။”b (ဆာလံ ၁၀၃:၈-၁၂) ကိုယ်ဝန်ဖျက်ချမှု အပါအဝင် အတိတ်က ကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက် စိတ်ရင်းမှန်နဲ့ နောင်တရသူတွေကို ယေဟောဝါ ခွင့်လွှတ်ပေးမှာပါ။—ဆာလံ ၈၆:၅။

မိခင် ဒါမှမဟုတ် ကလေး အသက်အန္တရာယ် ရှိနေလို့ ကိုယ်ဝန်ချက်ချတာ မှားသလား

မမွေးသေးတဲ့ကလေး အသက်နဲ့ပတ်သက်ပြီး ကျမ်းစာ ဖော်ပြပုံကို သိထားပြီဆိုရင် မိခင် ဒါမှမဟုတ် ကလေး အသက်အန္တရာယ် ရှိနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ်ဝန် ဖျက်ချမှာ မဟုတ်ဘူး။

မီးဖွားချိန်မှာ မိခင်အသက်နဲ့ ကလေးအသက် တစ်ခုကိုပဲ လုယူခွင့်ရမယ့် အရေးပေါ် အခြေအနေမျိုး ရောက်နေရင်ကော။ အဲဒီလို သေရေးရှင်ရေး အခြေအနေမျိုးမှာ ကာယကံရှင်တွေက ဆုံးဖြတ်ရပါမယ်။

a ဘာသာပြန်ကျမ်းတချို့က သန္ဓေသားကို မဟုတ်ဘဲ ကိုယ်ဝန်ဆောင်မိခင် ထိခိုက်မိတာကို အလေးပေး ဖော်ပြကြတယ်။ ဟီဘရူးကျမ်းစာသားမှာတော့ မိခင်ဖြစ်စေ၊ ကလေးဖြစ်စေ အသက်အန္တရာယ် ကြုံရတာကို ဆိုလိုတယ်။

b ယေဟောဝါဆိုတာ ကျမ်းစာမှာပါတဲ့ ဘုရားသခင့်နာမည် ဖြစ်တယ်။—ဆာလံ ၈၃:၁၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ