သီချင်း ၅၄
‘ဒီလမ်းပါပဲ’
၁။ ငြိမ်သက်ခြင်းလမ်း တစ်ခု
တို့များ သိရှိလာရ။
သင်ယူသိခဲ့သောလမ်း
အရင်က လမ်းပါပဲ။
ယေရှုအသံ ကြားစဉ်
သင်ယူခဲ့သော လမ်းစဉ်။
ငြိမ်သက်ခြင်းလမ်း တွေ့ရ၊
ယေဟောဝါ တရားတော်မှာ။
(ထပ်ကျော့ပိုဒ်)
ဒီလမ်းပါပဲ၊ အသက်လမ်း ဖြစ်ပါတယ်။
ဘေးမကြည့်နဲ့၊ ခဏမျှ မလွဲနဲ့။
ဘုရားသံတော် ကြား– ‘ဒီလမ်းပါပဲ၊
လှည့်မကြည့်နဲ့၊ ဆက်၍သာ လျှောက်ပါလေ။’
၂။ ဒါဟာ မေတ္တာတော်လမ်း၊
တခြားမှာ ရှာဖို့ မလို။
သံတော်နဲ့ လမ်းပြပေး၊
ကိုယ်တော်တိုင် အတွေ့ခံမှာ။
ဘုရားချစ်ခြင်း ကောင်းမြတ်၊
မှန်ကန်ပြီး နွေးထွေးလှ။
လုပ်ဆောင်သမျှ လှုံ့ဆော်၊
ဒီမေတ္တာ လမ်းစဉ်ပဲ။
(ထပ်ကျော့ပိုဒ်)
ဒီလမ်းပါပဲ၊ အသက်လမ်း ဖြစ်ပါတယ်။
ဘေးမကြည့်နဲ့၊ ခဏမျှ မလွဲနဲ့။
ဘုရားသံတော် ကြား– ‘ဒီလမ်းပါပဲ၊
လှည့်မကြည့်နဲ့၊ ဆက်၍သာ လျှောက်ပါလေ။’
၃။ ဒါဟာ အသက်လမ်း၊
နောက်ပြန် မျှော်ဖို့ မလိုပါ။
ပိုမြတ်သောလမ်း မရှိ၊
ပိုငြိမ်းချမ်းလမ်း မရှိ၊
ပိုကောင်းသောလမ်း မရှိ၊
တို့ဘုရား ကတိပြု။
ဒါဟာ အသက်လမ်းပါ၊
ကျေးဇူးတော် ချီးမွမ်းကြ။
(ထပ်ကျော့ပိုဒ်)
ဒီလမ်းပါပဲ၊ အသက်လမ်း ဖြစ်ပါတယ်။
ဘေးမကြည့်နဲ့၊ ခဏမျှ မလွဲနဲ့။
ဘုရားသံတော် ကြား– ‘ဒီလမ်းပါပဲ၊
လှည့်မကြည့်နဲ့၊ ဆက်၍သာ လျှောက်ပါလေ။’