ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၅/၁၃ စာ. ၁၄-၁၅
  • ဘုရားသခင်က ဘယ်လိုမျိုးလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်က ဘယ်လိုမျိုးလဲ
  • နိုးလော့!—၂၀၁၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်မှာ ဘယ်လိုခန္ဓာကိုယ်မျိုးရှိသလဲ
  • ဘုရားသခင်က နေရာတိုင်းမှာရှိနေသလား
  • လူကို ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်တော်နဲ့အညီ ဖန်ဆင်းထားတယ်ဆိုတာ ဘာကိုပြောတာလဲ
  • ဘုရားသခင်ဟာ နေရာတိုင်းမှာ ရှိနေသလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ဘုရားသခင်ဟာ တစ်နေရာတည်းမှာပဲ စံမြန်းနေသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ကောင်းကင်ဟူသည် မည်သို့သောနေရာနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဘုရားသခင်​—ကိုယ်တော်ကား မည်သူနည်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၃
န ၅/၁၃ စာ. ၁၄-၁၅
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာရှုထောင့်

ဘုရားသခင်က ဘယ်လိုမျိုးလဲ

ဘုရားသခင်မှာ ဘယ်လိုခန္ဓာကိုယ်မျိုးရှိသလဲ

“ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏။”—ယောဟန် ၄:၂၄။

သမ္မာကျမ်းစာပြောဆိုရာ

– ဘုရားသခင်ဟာ နာမ်ဝိညာဉ်ဖြစ်တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (၂ ကောရိန္သု ၃:၁၇) အဲဒါကြောင့် ကိုယ်တော်ဟာ ကျွန်ုပ်တို့ထက် အများကြီးသာလွန်ပြီး မျက်စိနဲ့မမြင်နိုင်ဘူး။ ကိုယ်တော်ဟာ “ထာဝရဘုရင်ဖြစ်သော၊ ဖောက်ပြန်ပျက်စီးခြင်းမရှိသော၊ မျက်မြင်မရသော” ဘုရားသခင်ဖြစ်တယ်လို့ ၁ တိမောသေ ၁:၁၇ မှာဖော်ပြထားတယ်။ “ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူး” လို့လည်း သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။—၁ ယောဟန် ၄:၁၂။

ဖန်ဆင်းရှင်ဟာ ကျွန်ုပ်တို့ထက် အများကြီးသာလွန်တဲ့အတွက် ကိုယ်တော်က ဘယ်လိုပုံလဲ ဆိုတာ စိတ်ကူးကြည့်လို့မရနိုင်ဘူး။ “ဘုရားသခင်ကို ဘယ်သူနဲ့ သင်တို့ခိုင်းနှိုင်းမလဲ။ ကိုယ်တော်က ဘယ်သူနဲ့တူတယ်လို့ သင်တို့ပြောမလဲ” လို့ ဟေရှာယ ၄၀:၁၈ [ကဘ] မှာ ဖော်ပြထားတယ်။ အံ့သြမိန်းမောဖွယ်ကောင်းတဲ့ စကြဝဠာကြီးတောင်မှ တန်ခိုးအကြီးဆုံးအရှင်နဲ့ နှိုင်းယှဉ်တဲ့အခါ ဘာမှမဟုတ်တော့ဘူး။—ဟေရှာယ ၄၀:၂၂၊ ၂၆။

ဘုရားသခင်ကိုမြင်နိုင်ပြီး ကိုယ်တော်နဲ့ မျက်နှာချင်းဆိုင်တောင် စကားပြောနိုင်သူတွေရှိတယ်။ အကြောင်းကတော့ သူတို့တွေလည်း နာမ်ဝိညာဉ်ပုဂ္ဂိုလ်တွေဖြစ်ပြီး ကောင်းကင်မှာနေကြတဲ့အတွက်ဖြစ်တယ်။ (၃ ဓမ္မရာဇဝင် ၂၂:၂၁; ဟေဗြဲ ၁:၇) လူ့ထက်သာလွန်တဲ့၊ ကောင်းကင်တမန်လို့လည်းခေါ်တဲ့ အဲဒီပုဂ္ဂိုလ်တွေအကြောင်း ယေရှုဒီလိုပြောခဲ့တယ်– “ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံရှိ ငါ့အဖ၏မျက်နှာတော်ကို အစဉ်မပြတ်ဖူးမြင်ကြ၏။”—မဿဲ ၁၈:၁၀။

ဘုရားသခင်က နေရာတိုင်းမှာရှိနေသလား

“သင်တို့ ဤသို့ ဆုတောင်းရမည်။ ‘ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ . . . ။’”—မဿဲ ၆:၉။

သမ္မာကျမ်းစာပြောဆိုရာ–

ဘုရားသခင်ဟာ ပုဂ္ဂိုလ်မဟုတ်တဲ့စွမ်းအားတစ်ခုလို နေရာတိုင်းမှာ တစ်ပြိုင်နက်ရှိနေတယ်လို့ သမ္မာကျမ်းစာက မသွန်သင်ဘူး။ အဲဒီအစား မဿဲ ၆:၉ နဲ့ ၁၈:၁၀ မှာပါတဲ့ယေရှုရဲ့စကားတွေမှာ ဘုရားသခင်ကို ပုဂ္ဂိုလ်တစ်ပါးအနေနဲ့ “အဖ” လို့ခေါ်ဆိုထားပြီး ကိုယ်တော်ဟာ ကောင်းကင်မှာနေတယ်လို့ ဖော်ပြထားတယ်။ —၃ ဓမ္မရာဇဝင် ၈:၄၃။

ယေရှုက မြေကြီးအသက်တာကုန်ဆုံးခါနီးမှာ ဒီလိုပြောခဲ့တယ်– “ငါသည် . . . ဤလောကမှထွက်၍ ခမည်းတော်ထံသို့ သွားဦးမည်။” (ယောဟန် ၁၆:၂၈) ယေရှုဟာ သွေးသားခန္ဓာနဲ့ သေဆုံးပြီးတဲ့နောက်မှာ နာမ်ဝိညာဉ်ခန္ဓာနဲ့ ရှင်ပြန်ထမြောက်ခဲ့ပြီး “ဘုရားသခင့် ရှေ့တော်မှောက်သို့ ရောက်ရှိရန် ကောင်းကင်ဘုံထဲ” ဝင်တော်မူခဲ့တယ်။—ဟေဗြဲ ၉:၂၄။

ဘုရားသခင်နဲ့ပတ်သက်တဲ့ ဒီအချက်တွေက အရေးကြီးပါတယ်။ ဘာကြောင့်လဲ။ တစ်ချက်အနေနဲ့ ဘုရားသခင်ဟာ ပုဂ္ဂိုလ်တစ်ပါးဖြစ်တဲ့အတွက် ကိုယ်တော့်အကြောင်း ကျွန်ုပ်တို့ သင်ယူနိုင်ပြီး ကိုယ်တော်နဲ့ ရင်းနှီးနိုင်တယ်။ (ယာကုပ် ၄:၈) နောက်တစ်ချက်က ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားကို သိထားတဲ့အတွက် အသက်မရှိတဲ့ ရုပ်ပုံတွေ၊ အရာဝတ္ထုတွေကို ဝတ်ပြုခြင်းလိုမျိုး မှားယွင်းတဲ့ဝတ်ပြုရေးကနေ အကာအကွယ်ရတယ်။ ၁ ယောဟန် ၅:၂၁ မှာလည်း အဲဒါတွေကို “ကြဉ်ရှောင်ကြလော့” ဆိုပြီး ပြောထားတယ်။

လူကို ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်တော်နဲ့အညီ ဖန်ဆင်းထားတယ်ဆိုတာ ဘာကိုပြောတာလဲ

“ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား လူမိန်းမကိုဖန်ဆင်းပြီးလျှင် . . . ။” —ကမ္ဘာဦး ၁:၂၇။

သမ္မာကျမ်းစာပြောဆိုရာ–

လူသားတွေဟာ ချစ်ခြင်း၊ တရားမျှတခြင်း၊ ဉာဏ်ပညာ စတဲ့ ဘုရားသခင်ရဲ့ကိုယ်ရည်ကိုယ်သွေးတွေကို တုပနိုင်ကြတယ်။ ကျမ်းစာမှာ ဒီလိုပြောထားတယ်– “ချစ်မြတ်နိုးခံရသော သားသမီးများဖြစ်သည်နှင့်အညီ ဘုရားသခင်ကို တုပကြလော့။ . . . ချစ်ခြင်းမေတ္တာ၌ လျှောက်လှမ်းနေကြလော့။” —ဧဖက် ၅:၁၊ ၂။

ဘုရားသခင်က ကျွန်ုပ်တို့ကို လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိသူတွေအနေနဲ့ ဖန်ဆင်းခဲ့တယ်။ ဆိုလိုတာက ကျွန်ုပ်တို့မှာ အမှန်၊ အမှားကို ရွေးချယ်နိုင်စွမ်း၊ တခြားသူတွေကို နည်းမျိုးစုံနဲ့ မေတ္တာပြနိုင်စွမ်းရှိတယ်။ (၁ ကောရိန္သု ၁၃:၄-၇) ဖန်တီးနိုင်စွမ်း၊ အလှအပခံစားနိုင်စွမ်းနဲ့ ဝန်းကျင်မှာရှိတဲ့ အံ့ဩစရာတွေကို ကြည့်ရှုလေ့လာနိုင်စွမ်းရှိတယ်။ အဲဒါတွေအားလုံးထက် ဖန်ဆင်းရှင်အကြောင်းနဲ့ ကိုယ်တော့်အလိုတော်တွေကို သင်ယူချင်တဲ့ဆန္ဒရှိကြတယ်။ —မဿဲ ၅:၃။

သမ္မာကျမ်းစာအမှန်တရားက သင့်ကို ကူညီပေးနိုင်ပုံ။ ဘုရားသခင်အကြောင်းသင်ယူပြီး ကိုယ်တော့်ကို ပိုတုပလာတာနဲ့အမျှ ကိုယ်တော်နှစ်သက်တဲ့နည်းလမ်းအတိုင်း နေထိုင်တတ်လာမယ်။ ရလဒ်ကတော့ စစ်မှန်တဲ့ကျေနပ်မှု၊ အတွင်းစိတ်ငြိမ်သက်မှု၊ ရောင့်ရဲမှုရှိပြီး ဘဝက ပိုပျော်ရွှင်စရာကောင်းလာမယ်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ဘုရားသခင် ရဲ့ နှစ်လိုဖွယ်အရည်အသွေးတွေက လူတွေရဲ့နှလုံးသားကို ထိမိနိုင်တယ်၊ စိတ်နှလုံး ရိုးဖြောင့်သူတွေကို ကိုယ်တော့်ဆီချဉ်းကပ်စေနိုင်ပြီး ထာဝရအသက်လမ်းပေါ် ရောက်စေနိုင်တယ်ဆိုတာ ကိုယ်တော်သိတယ်။—ယောဟန် ၆:၄၄; ၁၇:၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ