ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၅၉
  • တိရစ္ဆာန်တွေ ကောင်းကင် တက်မလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တိရစ္ဆာန်တွေ ကောင်းကင် တက်မလား
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • လူ့အသက်နဲ့ တိရစ္ဆာန်အသက်ကို ဘုရားသခင် ရှုမြင်ပုံဟာ အတူတူပဲလို့ ကျမ်းစာ ဆိုတယ်။ (တောလည်ရာ ၃၁:၂၈) လူတွေရော တိရစ္ဆာန်တွေပါ “မြေမှုန့်” နဲ့ “အသက်စွမ်းအား” နှစ်မျိုး ပေါင်းစပ်ထားတဲ့ သတ္တဝါတွေ ဖြစ်ကြတယ်။—ကမ္ဘာဦး ၂:၇၊ အောက်ခြေမှတ်ချက်။
  • တိရစ္ဆာန်တွေ အပြစ်လုပ်တတ်သလား
  • တိရစ္ဆာန်တွေကို နှိပ်စက်တာ ကောင်းသလား
  • တိရစ္ဆာန်များ
    နိုးလော့!—၂၀၁၅
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • တိရစ္ဆာန်များကို ရက်စက်ခြင်း—မှားသလော
    နိုးလော့!—၂၀၀၁
  • ချစ်စနိုး အိမ်မွေးတိရစ္ဆာန်များအပေါ် မျှတသောအမြင်
    နိုးလော့!—၂၀၀၄
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၅၉
ခွေးတစ်ကောင်

တိရစ္ဆာန်တွေ ကောင်းကင် တက်မလား

ကျမ်းစာအဖြေ

ကမ္ဘာပေါ်က သတ္တဝါအားလုံးထဲမှာ လူအကန့်အသတ်ပဲ ကောင်းကင် တက်မယ်လို့ ကျမ်းစာ သွန်သင်တယ်။ (ဗျာဒိတ် ၁၄:၁၊ ၃) ကောင်းကင် တက်ပြီး ယေရှုနဲ့အတူ ဘုရင်၊ ပုရောဟိတ်တွေအဖြစ် အုပ်ချုပ်ကြမယ်။ (လုကာ ၂၂:၂၈-၃၀။ ဗျာဒိတ် ၅:၉၊ ၁၀) လူအများစုကတော့ မြေကြီးပရဒိသုမှာ နေထိုင်ဖို့ အသက်ပြန်ရှင်လာကြမယ်။—ဆာလံ ၃၇:၁၁၊ ၂၉။

အိမ်မွေးတိရစ္ဆာန်တွေ၊ ခွေးတွေ ကောင်းကင် တက်မယ်လို့ ကျမ်းစာ ဖော်ပြမထားတာ ခိုင်လုံတဲ့အကြောင်းရင်း ရှိတယ်။ တိရစ္ဆာန်တွေက ‘ကောင်းကင်အသက်တာ ခေါ်တော်မူခြင်း’ ခံရဖို့ အရည်အချင်း မပြည့်မီနိုင်ဘူး။ (ဟီဘရူး ၃:၁) ဘုရားအကြောင်း လေ့လာဆည်းပူးခြင်း၊ ယုံကြည်ခြင်း၊ ဘုရားပညတ်တွေကို လိုက်နာခြင်း စတာတွေ ဖြစ်တယ်။ (မဿဲ ၁၉:၁၇။ ယောဟန် ၃:၁၆။ ၁၇:၃) လူတွေသာ ထာဝစဉ် အသက်ရှင်ဖို့ ဖန်ဆင်းခံရကြတယ်။—ကမ္ဘာဦး ၂:၁၆၊ ၁၇။ ၃:၂၂၊ ၂၃။

မြေကြီးသားတွေ ကောင်းကင် တက်ဖို့ဆိုရင် ရှင်ပြန်ထမြောက်ဖို့ လိုမယ်။ (၁ ကောရိန္သု ၁၅:၄၂) အသက်ပြန်ရှင်ခဲ့သူ တချို့အကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ဘုရင်များ ၁၇:၁၇-၂၄။ ၂ ဘုရင်များ ၄:၃၂-၃၇။ ၁၃:၂၀၊ ၂၁။ လုကာ ၇:၁၁-၁၅။ ၈:၄၁၊ ၄၂၊ ၄၉-၅၆။ ယောဟန် ၁၁:၃၈-၄၄။ တမန်တော် ၉:၃၆-၄၂။ ၂၀:၇-၁၂) အသက်ပြန်ရှင်ခဲ့သူအားလုံး လူသားတွေချည်းပဲ၊ တိရစ္ဆာန်တွေ မပါဘူး။

  • တိရစ္ဆာန်တွေ သေတဲ့အခါ ဘာဖြစ်သွားသလဲ

  • တိရစ္ဆာန်တွေ အပြစ်လုပ်တတ်သလား

  • တိရစ္ဆာန်တွေကို နှိပ်စက်တာ ကောင်းသလား

တိရစ္ဆာန်တွေ သေတဲ့အခါ ဘာဖြစ်သွားသလဲ

လူ့အသက်နဲ့ တိရစ္ဆာန်အသက်ကို ဘုရားသခင် ရှုမြင်ပုံဟာ အတူတူပဲလို့ ကျမ်းစာ ဆိုတယ်။ (တောလည်ရာ ၃၁:၂၈) လူတွေရော တိရစ္ဆာန်တွေပါ “မြေမှုန့်” နဲ့ “အသက်စွမ်းအား” နှစ်မျိုး ပေါင်းစပ်ထားတဲ့ သတ္တဝါတွေ ဖြစ်ကြတယ်။—ကမ္ဘာဦး ၂:၇၊ အောက်ခြေမှတ်ချက်။

လူရော တိရစ္ဆာန်ရော သေတတ်တယ်လို့ ကျမ်းစာ သွန်သင်တယ်။ (ဝတ်ပြုရာ ၂၁:၁၁။ ယေဇကျေလ ၁၈:၂၀) လူရော တိရစ္ဆာန်ရော သေတဲ့အခါ မြေမှုန့်ပဲ ပြန်ဖြစ်သွားတယ်။ (ဒေသနာ ၃:၁၉၊ ၂၀) သူတို့ ဘယ်မှာမှ မရှိတော့ဘူး။

တိရစ္ဆာန်တွေ အပြစ်လုပ်တတ်သလား

မလုပ်တတ်ဘူး။ အပြစ်ဆိုတာ ဘုရားစံနှုန်းနဲ့ ဆန့်ကျင်တဲ့ အတွေးအခေါ်၊ ခံစားချက်၊ လုပ်ရပ်ကို ဆိုလိုတယ်။ ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချနိုင်စွမ်းရှိတဲ့သူသာ အပြစ်လုပ်တတ်တယ်။ တိရစ္ဆာန်တွေမှာ အဲဒီစွမ်းရည်မျိုး မရှိဘူး။ သက်တမ်းတိုလေးအတွင်း ပင်ကိုအသိစိတ်အတိုင်း အသက်ရှင်ကြတယ်။ (၂ ပေတရု ၂:၁၂) အပြစ် မလုပ်ပေမဲ့လည်း သက်တမ်းကုန်တဲ့အခါ သေသွားကြတယ်။

တိရစ္ဆာန်တွေကို နှိပ်စက်တာ ကောင်းသလား

မကောင်းပါဘူး။ ဘုရားသခင်က လူတွေကို တိရစ္ဆာန်တွေအပေါ် အုပ်စိုးခွင့် ပေးပေမဲ့ နှိပ်စက်တာကို ခွင့်မပြုဘူး။ (ကမ္ဘာဦး ၁:၂၈။ ဆာလံ ၈:၆-၈) ငှက်ငယ်လေးတွေပါမကျန် တိရစ္ဆာန်တစ်ကောင်ချင်းစီကို ဘုရား ဂရုစိုက်တယ်။ (ယောန ၄:၁၁။ မဿဲ ၁၀:၂၉) တိရစ္ဆာန်တွေကို ညှာတာဖို့ မိမိရဲ့လူတွေကို ဘုရား မိန့်မှာထားတယ်။—ထွက်မြောက်ရာ ၂၃:၁၂။ တရားဟောရာ ၂၅:၄။ ပညာအလိမ္မာ ၁၂:၁၀။

တိရစ္ဆာန်တွေနဲ့ပတ်သက်ပြီး ဖော်ပြထားတဲ့ ကျမ်းပိုဒ်များ

ကမ္ဘာဦး ၁:၂၈။ “‘သားသမီးတွေ အများကြီး မွေးကြ။ ကမ္ဘာမြေကို ပြည့်စေပြီး အုပ်ထိန်းကြ။ ပင်လယ်ငါးတွေ၊ မိုးကောင်းကင်မှာပျံတဲ့ ငှက်တွေ၊ ကုန်းသတ္တဝါတွေကို အုပ်စိုးကြ’ လို့ပြောပြီး သူတို့ကို ကောင်းချီးပေးတယ်။”

အဓိပ္ပာယ်။ ဘုရားသခင်က လူတွေကို တိရစ္ဆာန်တွေအပေါ် အုပ်စိုးခွင့် ပေးတယ်။

တောလည်ရာ ၃၁:၂၈။ “စစ်သည်တွေ ရတဲ့ ဝေစုထဲကနေ လူ ၅၀၀ မှာ တစ်ယောက်၊ သိုး၊ နွား၊ မြည်းတွေကိုလည်း အကောင်ရေ ၅၀၀ မှာ တစ်ကောင်စီကို . . .  အခွန်အဖြစ် ယူပါ။”

အဓိပ္ပာယ်။ လူရော တိရစ္ဆာန်ရော သက်ရှိသတ္တဝါတွေ ဖြစ်ကြတယ်။

ပညာအလိမ္မာ ၁၂:၁၀။ “ဖြောင့်မတ်သူက ခြံမွေးတိရစ္ဆာန်တွေကို ဂရုစိုက်တယ်။”

အဓိပ္ပာယ်။ ဘုရားရဲ့ လူတွေဟာ ချစ်စနိုးမွေးထားတဲ့ အကောင်တွေ အပါအဝင် ဘယ်တိရစ္ဆာန်ကိုမဆို ဂရုစိုက်ကြတယ်။

မဿဲ ၁၀:၂၉။ “စာငှက်နှစ်ကောင်ကို ငွေတစ်ပြားနဲ့ ဝယ်လို့ရတယ် မဟုတ်လား။ အဖဘုရား မသိဘဲနဲ့ အဲဒီစာငှက် တစ်ကောင်မှ မြေပေါ်မကျဘူး။”

အဓိပ္ပာယ်။ ငှက်ငယ်လေးကအစ တိရစ္ဆာန်အားလုံးကို ဘုရား ကြည့်ရှုစောင့်ရှောက်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ