ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gf သင်ခန်းစာ ၄ စာ. ၆-၇
  • ဘုရားသခင်ကို သင်သိကျွမ်းလာနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်ကို သင်သိကျွမ်းလာနိုင်ပုံ
  • သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်ကား မည်သူနည်း
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • ကျွန်တော်တို့ကိုချစ်ကြောင်း ယေဟောဝါ ဘယ်နည်းတွေနဲ့ ဖော်ပြသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • မေတ္တာရှင် ဘုရားသခင်ဆီက စာတစ်စောင်
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ဘုရားသခင်ဟာ ဘယ်သူလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
နောက်ထပ် ကြည့်ပါ
သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
gf သင်ခန်းစာ ၄ စာ. ၆-၇

အခန်း ၄

ဘုရားသခင်ကို သင်သိကျွမ်းလာနိုင်ပုံ

သမ္မာကျမ်းစာကိုဖတ်ရှုခြင်းဖြင့် ယေဟောဝါအကြောင်း သင်ယူလေ့လာနိုင်သည်။ ရှေးအချိန်က ဘုရားသခင်သည် ကိုယ်တော်၏ အတွေးအခေါ်များကိုရေးသားဖို့ လူအချို့ကိုရွေးချယ်ခဲ့သည်။ ထိုရေးသားချက်များကို သမ္မာကျမ်းစာဟုခေါ်သည်။ ယနေ့ သမ္မာကျမ်းစာကိုဖတ်ရှုခြင်းဖြင့် ဘုရားသခင်ကိုသိကျွမ်းလာနိုင်သည်။ သမ္မာကျမ်းစာတွင် ယေဟောဝါ၏စကား သို့မဟုတ် သတင်းပါရှိသောကြောင့် ၎င်းကို ဘုရားသခင့်နှုတ်ကပါဌ်တော်ဟုလည်း ခေါ်ဆိုသည်။ ယေဟောဝါသည် ဘယ်တော့မျှမုသာမသုံးသောကြောင့် ကျမ်းစာကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။ “ဘုရားသခင်သည် မုသာမသုံးနိုင်။” (ဟေဗြဲ ၆:၁၈) ဘုရားသခင့်နှုတ်ကပါဌ်တော်၌ အမှန်တရားပါရှိ၏။—ယောဟန် ၁၇:၁၇။

မိသားစုတစ်စု ကျမ်းစာ အတူဖတ်နေကြ

သမ္မာကျမ်းစာသည် ကျွန်ုပ်တို့အတွက် ဘုရားသခင်၏အဖိုးအတန်ဆုံးလက်ဆောင်များထဲမှတစ်ခုဖြစ်၏။ ယင်းသည် မေတ္တာရှိသောဖခင်တစ်ဦးက သူ၏သားသမီးထံရေးသောစာနှင့်တူ၏။ ၎င်းက မြေကြီးကို အသက်ရှင်နေထိုင်ဖို့ အံ့ဖွယ်ရာနေရာတစ်ခု—ပရဒိသု—အသွင်သို့ ပြောင်းလဲပေးမည့် ဘုရားသခင့်ကတိတော်အကြောင်း ပြောပြသည်။ အတိတ်ကကိုယ်တော်ပြုလုပ်ခဲ့ရာ၊ ယခုပြုလုပ်နေရာနှင့် မိမိ၏သစ္စာရှိသားသမီးများအတွက် အနာဂတ်တွင်ပြုလုပ်ပေးမည့်အရာတို့ကို ကျမ်းစာကပြောပြသည်။ ကျွန်ုပ်တို့၏ပြဿနာများကိုဖြေရှင်း၍ ပျော်ရွှင်မှုရှာတွေ့ရန်လည်း ၎င်းကထောက်ကူပေး၏။—၂ တိမောသေ ၃:၁၆၊ ၁၇။

ယေဟောဝါသက်သေများသည် ဘုရားသခင့်မိတ်ဆွေများဖြစ်ကြ၏; သမ္မာကျမ်းစာသွန်သင်ရာများကို သဘောပေါက်ရန် သူတို့သင့်ကိုကူညီပေးကြပါလိမ့်မည်။ သမ္မာကျမ်းစာကို သင်လေ့လာလိုကြောင်းသာ သူတို့ကိုပြောလိုက်ပါ။ သူတို့အဖိုးအခမယူကြပါ။ (မဿဲ ၁၀:၈) ထို့အပြင် ခရစ်ယာန်အစည်းအဝေးများကို သင်တက်ရောက်နိုင်ပါသည်။ ၎င်းတို့ကို ဘုရားသခင့်နိုင်ငံတော်ခန်းမများဟုခေါ်သော ဝတ်ပြုရာနေရာများ၌ ကျင်းပကြ၏။ ခရစ်ယာန်အစည်းအဝေးများကို သင်တက်ရောက်ပါက သင်၌ ဘုရားသခင်၏အသိပညာ အလျင်အမြန်တိုးပွားလိမ့်မည်။

ဘုရားသခင်ပြုလုပ်ထားရာများမှ ကိုယ်တော့်အကြောင်း သင်ယူနိုင်သည်။ ဥပမာ၊ သမ္မာကျမ်းစာက “ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏” ဟုဆိုသည်။ (ကမ္ဘာဦး ၁:၁) “ကောင်းကင်” ကိုယေဟောဝါဖန်ဆင်းသောအခါ နေကိုပြုလုပ်တော်မူ၏။ ၎င်းက ဘုရားသခင်နှင့်စပ်လျဉ်း၍ အဘယ်အရာသိစေသနည်း။ ယေဟောဝါ၌ ကြီးမားသောတန်ခိုးတော်ရှိကြောင်း သိစေသည်။ နေကဲ့သို့တန်ခိုးကြီးမားသောအရာကို ကိုယ်တော်တစ်ပါးတည်းသာပြုလုပ်နိုင်၏။ အပူနှင့်အလင်းကိုထုတ်ပေး၍ ဘယ်သောအခါမျှလောင်ကျွမ်းမသွားသည့် နေကိုဖန်ဆင်းရန် ဉာဏ်ပညာလိုအပ်သည်ဖြစ်ရာ ယေဟောဝါ၌ ပညာရှိကြောင်းကိုလည်း ယင်းကဖော်ပြသည်။

ယေဟောဝါ၏ဖန်ဆင်းရာက ကျွန်ုပ်တို့ကိုကိုယ်တော်ချစ်တော်မူကြောင်းဖော်ပြ၏။ ကမ္ဘာပေါ်ရှိသစ်သီးဝလံမျိုးစုံကို စဉ်းစားကြည့်ပါ။ ယေဟောဝါသည် ကျွန်ုပ်တို့အတွက် သစ်သီးတစ်မျိုးတည်းသာ ပေးထားလည်းရသည်—လုံးဝမပေးလည်းရသည်။ သို့ပြုမည့်အစား ပုံစံ၊ အရွယ်အစား၊ အရောင်နှင့် အရသာမျိုးပေါင်းစုံသည့် သစ်သီးဝလံအမျိုးမျိုးကို ယေဟောဝါပေးထားသည်။ ယင်းက ယေဟောဝါသည် မေတ္တာရှိရုံမျှမက ရက်ရော၊ စာနာ၍ ကြင်နာတတ်သောဘုရားသခင်ဖြစ်ကြောင်း ဖော်ပြ၏။—ဆာလံ ၁၀၄:၂၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ