ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၁၁/၁၅ စာ. ၂၇
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • စာတန်ဟာ ဧဝနဲ့စကားပြောဖို့ မြွေတစ်ကောင်ကို ဘာကြောင့် အသုံးပြုရတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဘုရားသခင် ၀မ်းနည်းတတ်—ကိုယ်တော့်ကို ပျော်ရွှင်စေနိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • တို့ထက် အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၁၁/၁၅ စာ. ၂၇

စာရှုသူများထံမှမေးခွန်းလွှာ

ဧဒင်ဥယျာဉ်တွင် မြွေသည် ကောင်းမကောင်းသိကျွမ်းရာအပင်နှင့်ပတ်သက်သော ဘုရားသခင့်ပညတ်ကိုချိုးဖောက်ရန် ဧဝအား မည်သည့်နည်းဖြင့်သိရှိစေခဲ့သနည်း။

ကမ္ဘာဦး ၃:၁ ကဤသို့ဆိုသည်– “မြွေသည် ထာဝရအရှင်ဘုရားသခင်ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်တကာတို့ထက် လိမ္မာသည်ဖြစ်၍ မိန်းမအား သင်တို့သည် ဥယျာဉ်၌ရှိသမျှသော အပင်တို့၏အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရားသခင်မိန့်တော်မူသလောဟုမေး၏။” မြွေသည် ဧဝနှင့်မည်သို့ဆက်သွယ်ခဲ့မည့်အကြောင်း အဆိုပြုချက်အမျိုးမျိုးရှိ၏။ ယူဆချက်တစ်ခုမှာ အမူအရာပြစကား သို့မဟုတ် ကိုယ်ဟန်အမူအရာအားဖြင့် ဆက်သွယ်ခဲ့သည်ဟုဆိုသည်။ ဥပမာ၊ အင်္ဂလိပ်ခရစ်ယာန်ဘုန်းကြီး ဂျိုးဇက် ဘင်ဆင်က ဤသို့ဝေဖန်ခဲ့သည်– “အရိပ်လက္ခဏာတစ်မျိုးမျိုးဖြင့် ဖြစ်ဖွယ်ရှိသည်။ ထိုအချိန်က မြွေ၏ထူးခြားသောဂုဏ်သတ္တိတွင် စဉ်းစားဆင်ခြင်နိုင်စွမ်းနှင့် စကားပြောနိုင်စွမ်းတို့ပါဝင်သည်ဟု အချို့ကမှတ်ယူခဲ့ကြသည်၊ . . . သို့သော် သက်သေအထောက်အထားမရှိချေ။”

သို့ရာတွင် မြွေသည် အမူအရာပြခြင်းဖြင့်သာ တားမြစ်ထားသောအသီးကိုစားလျှင် ဘုရားသခင်ကဲ့သို့ အကောင်းအဆိုးကိုဆုံးဖြတ်နိုင်မည်ဟု ဧဝအား မည်သို့သိစေနိုင်မည်နည်း။ ထို့ပြင် ဧဝသည် မြွေမေးခဲ့သောမေးခွန်းကို ဖြေဆို၍ အပြန်အလှန်စကားပြောခဲ့သည်။ (ကမ္ဘာဦး ၃:၂-၅) မြွေသည် အရိပ်အခြည် သို့မဟုတ် အမူအရာပြစကားဖြင့်သာ ဆက်သွယ်ခဲ့သည်ဟူသော ယူဆချက်က ဧဝသည် ကိုယ်ဟန်အမူအရာဖြင့် ပြန်ဖြေဆိုသည်ဟု ကောက်ချက်ချစေမည်၊ သို့သော် သမ္မာကျမ်းစာက သူစကားပြောသည်ဟုဆိုသည်။

ထိုဖြစ်ရပ်ကိုရည်ညွှန်းကာ တမန်တော်ပေါလုက ခရစ်ယာန်ချင်းများအား ဤသို့သတိပေးခဲ့သည်– “မြွေသည် မိမိပရိယာယ်အားဖြင့် ဧဝကိုလှည့်စားသကဲ့သို့၊ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း . . . မည်ဟု စိုးရိမ်ခြင်းရှိ၏။” ပေါလုပြောသောအန္တရာယ်သည် ‘အယူမှားတမန်များ၊ လှည့်ဖြားတတ်သောအမှုဆောင်များ’ ထံမှလာသည်။ ဤ “အထူးမြင့်မြတ်သောတမန်များ” ၏ခြိမ်းခြောက်မှုသည် အမူအရာပြစကား၊ ကိုယ်ဟန်အမူအရာများအားဖြင့်သာမဟုတ်ချေ။ သူတို့၏အပြောအဆို၊ အခြားသူများကို လှည့်ဖြားရန် ပါးနပ်လိမ္မာစွာပြောသောစကားများ ပါဝင်ခဲ့သည်။—၂ ကောရိန္သု ၁၁:၃-၅၊ ၁၃။

ဧဒင်ဥယျာဉ်တွင် ဧဝအားလှည့်ဖြားရန် စကားပြောနိုင်စွမ်းကို အသုံးပြုခဲ့သော်လည်း ပကတိမြွေတွင် အသံကြိုးများရှိသည်ဟု ထင်မှတ်စရာအကြောင်းမရှိချေ။ ၎င်းကို မြွေမလိုအပ်ပေ။ ဘုရားသခင့်ကောင်းကင်တမန်သည် မြည်းမှတစ်ဆင့် ဗာလမ်အားစကားပြောဆိုသောအခါ ထိုတိရစ္ဆာန်မှာ လူတစ်ဦးကဲ့သို့ ရှုပ်ထွေးသောအသံအိုးရှိစရာ မလိုအပ်ခဲ့ချေ။ (တောလည်ရာ ၂၂:၂၆-၃၁) ထင်ရှားသည်မှာ ‘စကားမပြောနိုင်သောမြည်းသည် လူ့အသံဖြင့်မြွက်ဆို’ သောအခါ . . . ဝိညာဉ်ဘုံမှတန်ခိုးဖြင့် ထိုသို့ပြောဆိုနိုင်ခဲ့ခြင်းဖြစ်သည်။—၂ ပေတရု ၂:၁၆။

ဧဝအားစကားပြောခဲ့သည့် မြွေ၏နောက်ကွယ်ရှိ . . . ဝိညာဉ်သတ္တဝါကို “စာတန်အမည်ရှိသော ရှေးမြွေဟောင်း” ဟုသမ္မာကျမ်းစာက ဖော်ပြထားသည်။ (ဗျာဒိတ် ၁၂:၉) ဧဝကြား၍ တုံ့ပြန်ခဲ့သည့် စကားများမှာ “လင်းသောကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်” သူစာတန်၏ လှုံ့ဆော်ပေးမှုဖြင့်ဖြစ်သည်။—၂ ကောရိန္သု ၁၁:၁၄။

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

“ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ဖြစ်ကြလတ္တံ့”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ