ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၉ ဒီဇင်ဘာ စာ. ၁၅
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဧဒင်ဥယျာဉ် အသက်တာ
    ဘုရားသခင့်စကား နားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ
  • တမလွန်ဘဝ—လူတို့ယုံကြည်ရာကားအဘယ်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • နာမ်ဝိညာဉ်ဘုံက ပုန်ကန်မှု
    လူသေတွေရဲ့ဝိညာဉ်—ကောင်းကျိုးပြုနိုင်သလား၊ အန္တရာယ်ပေးနိုင်သလား။ တကယ်ကော တည်ရှိရဲ့လား။
  • စိုးလ်အတွက် သာ၍ကောင်းသောမျှော်လင့်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
က၁၉ ဒီဇင်ဘာ စာ. ၁၅

စာရှုသူများထံမှ မေးခွန်းလွှာ

အကောင်းအဆိုး သိကျွမ်းရာအပင်ရဲ့ အသီးကို စားရင် သေမှာ မဟုတ်ဘူးလို့ ဧဝကို စာတန် ပြောတုန်းက ဒီနေ့ခေတ် လူအများ လက်ခံထားတဲ့ မသေနိုင်တဲ့ ဝိညာဉ် အယူအဆအကြောင်း ပြောနေတာလား။

စာတန်က မြွေကတစ်ဆင့် စကားပြောပြီး ဧဝကို လှည့်စားနေ

အဲဒီလို ဖြစ်ပုံမရဘူး။ ဘုရား တားမြစ်ထားတဲ့ အသီးကို စားရင် ကိုယ်ခန္ဓာသာ သေပြီး ဝိညာဉ် ဆက်အသက်ရှင်နေမယ်လို့ ဧဝကို စာတန် မပြောခဲ့ဘူး။ အဲဒီအပင်ရဲ့ အသီးကို စားရင် “လုံးဝ သေမှာ မဟုတ်ဘူး” လို့ မြွေကတစ်ဆင့် စာတန် ပြောတယ်။ ဘုရားကို မှီခိုစရာ မလိုဘဲ ပိုကောင်းတဲ့ အသက်တာနဲ့ ကမ္ဘာပေါ် ဆက်အသက်ရှင်မယ်လို့ ပြောနေတာဖြစ်တယ်။—က. ၂:၁၇။ ၃:၃-၅။

မသေနိုင်တဲ့ ဝိညာဉ်နဲ့ပတ်သက်တဲ့ မှားယွင်းတဲ့ အယူဝါဒ ဧဒင်မှာ အစပြုခဲ့တာ မဟုတ်ဘူးဆိုရင် ဘယ်အချိန်မှာ စပေါ်လာသလဲ။ အတိအကျတော့ မပြောနိုင်ဘူး။ နောဧခေတ် ရေလွှမ်းမိုးဘေးမှာ မှားယွင်းတဲ့ ဘာသာတရားအားလုံး ဖယ်ရှားခံလိုက်ရတယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ စစ်မှန်တဲ့ ဝတ်ပြုသူတွေ ဖြစ်တဲ့ နောဧနဲ့ မိသားစုပဲ ကယ်တင်ခံရတာ ဖြစ်လို့ အဲဒီအချိန်မှာ မှားယွင်းတဲ့ ဘာသာရေး အတွေးအခေါ်တွေ မရှိတော့ဘူး။

ဒါကြောင့် မသေနိုင်တဲ့ ဝိညာဉ်အယူအဆဟာ ရေလွှမ်းမိုးဘေးနောက်မှ စပေါ်လာတာ ဖြစ်ရမယ်။ ဘုရားသခင်က ဘေဘယ်မှာ ဘာသာစကားတွေ ရှုပ်ထွေးစေပြီး လူတွေကို “ကမ္ဘာမြေအနှံ့” ကွဲလွင့်စေခဲ့တုန်းက မသေနိုင်တဲ့ ဝိညာဉ်အယူအဆဟာ သူတို့နဲ့အတူ ပါသွားခဲ့မှာ သေချာတယ်။ (က. ၁၁:၈၊ ၉) မှားယွင်းတဲ့ အဲဒီအယူအဆ ဘယ်အချိန်မှာ စပေါ်ခဲ့တာပဲဖြစ်ဖြစ် နောက်ကွယ်မှာ “မုသားရဲ့ အဖ” စာတန်မာရ်နတ် ရှိနေတယ်။ ဒီအယူအဆ ပျံ့နှံ့နေတာကို ကြည့်ပြီး စာတန် ကျေနပ်နေမှာ သေချာတယ်။ —ယော. ၈:၄၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ