ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဘာကြောင့် ဖြစ်ခွင့်ပြုထားတာလဲ
    ကင်းမျှော်စင်—၂၀၁၄ | ဇန်နဝါရီ ၁
    • မချယ်ရီ– “မြွေသည် ထာဝရအရှင်ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်တကာတို့ထက် လိမ္မာသည်ဖြစ်၍ မိန်းမအား ‘သင်တို့သည် ဥယျာဉ်၌ရှိသမျှသော အပင်တို့၏အသီးကို မစားရဟု ဧကန်စင်စစ် ဘုရားသခင် မိန့်တော်မူသလော’ ဟုမေး၏။ မိန်းမကလည်း ‘ငါတို့သည် ဥယျာဉ်၌ရှိသော အပင်တို့၏အသီးကို စားရသောအခွင့်ရှိ၏။ ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား သင်တို့သည် မကိုင်မစားဘဲနေကြလော့။ သို့မဟုတ် သေမည်ဟု ဘုရားသခင်အမိန့်တော်ရှိသည်’ ဟု မြွေအားဆို၏။ မြွေကလည်း ‘သင်တို့သည် ဧကန်အမှန် သေရမည်မဟုတ်။ အကြောင်းမူကား ထိုအသီးကို စားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတ္တံ့သည်ကို ဘုရားသခင်သိတော်မူသည်’ ဟု မိန်းမအားဆို၏။”

  • ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဘာကြောင့် ဖြစ်ခွင့်ပြုထားတာလဲ
    ကင်းမျှော်စင်—၂၀၁၄ | ဇန်နဝါရီ ၁
    • မသီတာ– မှန်ပါတယ်။ ဒါပေမဲ့ စာတန်က “သင်တို့သည် ဧကန်အမှန် သေရမည်မဟုတ်” လို့ ပြောခဲ့တယ်။ အဲဒီလိုပြောလိုက်တာက ဘုရားသခင်ဟာ လိမ်ညာသူလို့ မတရားစွပ်စွဲလိုက်တာပဲ။

      မချယ်ရီ– ဟုတ်လား။ အဲဒီအကြောင်းကို ကျွန်မ အခုမှပဲ သိတော့တယ်။

      မသီတာ– ဘုရားသခင်ကို လိမ်ညာသူလို့ စာတန်စွပ်စွဲလိုက်တဲ့အခါ ဒီကိစ္စ မှန်မမှန် သိရှိဖို့ အချိန်လိုအပ်လာတယ်။ ဘာကြောင့်လဲဆိုတာ မချယ်ရီ သိသလား။

      မချယ်ရီ– ကျွန်မ မသိပါဘူး။

      မသီတာ– ကောင်းပြီ။ ဒါဆို အဲဒီအချက်ကို နားလည်နိုင်ဖို့ ဥပမာတစ်ခု ပေးမယ်။ ကျွန်မက မချယ်ရီထက် ခွန်အားပိုရှိတယ်လို့ ပြောတယ်ဆိုပါစို့။ ကျွန်မပြောတာ မှန်မမှန်ဆိုတာသိဖို့ မချယ်ရီ ဘာလုပ်မလဲ။

      မချယ်ရီ– တစ်ခုခုနဲ့ စမ်းမှာပေါ့။

      မသီတာ– သိပ်မှန်တာပဲ။ ပစ္စည်းအလေးတစ်ခုကို ဘယ်သူမ,နိုင်မလဲဆိုတာ စမ်းမှာပေါ့။ အဲဒီလိုစမ်းရင် ဘယ်သူက ပိုပြီး ခွန်အားရှိတယ်ဆိုတာ ချက်ချင်း အဖြေပေါ်မှာပဲ မဟုတ်လား။

      မချယ်ရီ– မသီတာပြောတာကို ကျွန်မ သဘောပေါက်ပါတယ်။

      မသီတာ– ဒါပေမဲ့ ကျွန်မက မချယ်ရီထက် ခွန်အားပိုရှိတယ်လို့မပြောဘဲ ပိုပြီးတော့ ရိုးသားဖြောင့်မတ်တယ်လို့ ပြောရင်ကော။ ဒီကိစ္စမှာတော့ သက်သေပြဖို့ ခက်မယ်မဟုတ်ဘူးလား။

      မချယ်ရီ– ကျွန်မလည်း အဲဒီလိုပဲ ထင်တယ်။

      မသီတာ– ဘယ်သူက ပိုရိုးသားဖြောင့်မတ်တယ်ဆိုတာကတော့ စောစောကလို ချက်ချင်း အဖြေပေါ်လာမှာ မဟုတ်ဘူး။ အဲဒီပြဿနာကို ဖြေရှင်းနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ ကျွန်မတို့နှစ်ယောက်မှာ ဘယ်သူက ပိုပြီး ရိုးသားဖြောင့်မတ်သလဲဆိုတာ တခြားသူတွေ သိအောင် အချိန်ပေးရပါလိမ့်မယ်။

      မချယ်ရီ– သိပ်ဟုတ်တာပေါ့။

      မသီတာ– ဒါဆိုရင် ကမ္ဘာဦးကျမ်းမှာပါတဲ့ ဒီဇာတ်လမ်းကို ပြန်ကြည့်ရအောင်။ စာတန်က ဘုရားသခင်ထက် ပိုခွန်အားရှိတယ်လို့ ပြောနေတာလား။

      မချယ်ရီ– မပြောပါဘူး။

      မသီတာ– အဲဒီလိုသာပြောမယ်ဆိုရင် စာတန်မှားတယ်ဆိုတာကို သက်သေပြဖို့ ဘုရားသခင်အတွက် လွယ်လွယ်လေးပါ။ အဲဒီအစား၊ စာတန်က ဘုရားသခင်ထက် ပိုပြီး ရိုးသားဖြောင့်မတ်တယ်လို့ ပြောခဲ့တယ်။ ‘ဘုရားသခင်က မင်းကို လိမ်နေတာ၊ ငါကတော့ မင်းကို အမှန်အတိုင်းပြောနေတာ’ လို့ ဧဝကို စာတန် ပြောလိုက်တာနဲ့တူတယ်။

      မချယ်ရီ– စိတ်ဝင်စားစရာပဲ။

      မသီတာ– ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းဖို့ အချိန်ပေးတာက အကောင်းဆုံးနည်းဖြစ်တယ်ဆိုတာ ဉာဏ်ပညာအကြီးမားဆုံးအရှင် ဘုရားသခင် သိထားတယ်။ နောက်ဆုံးမှာတော့ ဘယ်သူက အမှန်အတိုင်းပြောပြီး ဘယ်သူက လိမ်ညာနေသလဲဆိုတာ ထင်ရှားလာမှာဖြစ်တယ်။

      အရေးကြီး ပြဿနာတစ်ရပ်

      မချယ်ရီ– ဒါဆိုရင် ဧဝ သေသွားတဲ့အခါ ဘုရားသခင် အမှန်အတိုင်းပြောနေတယ်ဆိုတာ ထင်ရှားသွားတယ် မဟုတ်ဘူးလား။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ