ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • “လျှို့ဝှက်ချက်တွေကို ဖွင့်ပြတဲ့အရှင်” ယေဟောဝါ
    ကင်းမျှော်စင်—၂၀၁၂ | ဇွန် ၁၅
    • ၄။ မိန်းမရဲ့အမျိုးအနွယ်မှာပါဝင်တဲ့ အပိုင်းနှစ်ပိုင်းက ဘယ်သူတွေလဲ။ အဲဒီအမျိုးအနွယ်က ဘာလုပ်ဆောင်မလဲ။

      ၄ ဧဒင်မှာ ပုန်ကန်မှုဖြစ်ပြီး မကြာခင်မှာ “မိန်းမ” ကနေ “အမျိုးအနွယ်” ပေါ်ထွက်လာမယ်ဆိုတဲ့အကြောင်း ယေဟောဝါ ပရောဖက်ပြုခဲ့တယ်။a (ကမ္ဘာဦး ၃:၁၅ ကိုဖတ်ပါ။) အဲဒီအမျိုးအနွယ်က မြွေဖြစ်သူစာတန်ရဲ့ခေါင်းကို “ကြိတ်” မှာဖြစ်တယ်။ အဲဒီအမျိုးအနွယ်ဟာ အာဗြဟံရဲ့မျိုးရိုးကနေ ပေါ်ထွက်လာမယ်၊ အစ္စရေးလူမျိုး၊ ယုဒအနွယ်ဝင်ဖြစ်ပြီး ဘုရင်ဒါဝိဒ်ရဲ့ သားစဉ်မြေးဆက်တစ်ဦးဖြစ်မယ်ဆိုတာကို နောက်ပိုင်းမှာ ယေဟောဝါဖွင့်ပြခဲ့တယ်။ (က. ၂၂:၁၅-၁၈; ၄၉:၁၀; ဆာ. ၈၉: ၃၊ ၄; လု. ၁:၃၀-၃၃) ခရစ်တော်ယေရှုက အမျိုးအနွယ်ရဲ့အဓိကအပိုင်းဖြစ်တယ်။ (ဂလ. ၃:၁၆) ကောင်းကင်အတန်းအစားခရစ်ယာန်တွေက အမျိုးအနွယ်ရဲ့ ဒုတိယအပိုင်းဖြစ်တယ်။ (ဂလ. ၃:၂၆-၂၉) ယေရှုနဲ့ ကောင်းကင်အတန်းအစားဝင်တွေ ပေါင်းစည်းပြီး ဘုရားသခင့်နိုင်ငံတော်ကို ဖွဲ့စည်းထားတယ်။ ဘုရားသခင်က ဒီနိုင်ငံတော်ကိုသုံးပြီး စာတန်ကိုဖျက်ဆီးပါလိမ့်မယ်။—လု. ၁၂:၃၂; ရော. ၁၆:၂၀။

      ၅၊ ၆။ (က) ဒံယေလနဲ့ ယောဟန်တို့မြင်ရတဲ့ ရူပါရုံတွေက အင်အားကြီးအုပ်ချုပ်မှု ဘယ်နှစ်ခုအကြောင်း ဖော်ပြသလဲ။ (ခ) ဗျာဒိတ်ကျမ်းပါ သားရဲရဲ့ခေါင်းတွေက ဘာကိုဆိုလိုတာလဲ။

      ၅ ဧဒင်မှာ ယေဟောဝါပေးခဲ့တဲ့ ပထမဆုံးပရောဖက်ပြုချက်မှာ စာတန်မှာလည်း “အမျိုးအနွယ်” ရှိမယ်လို့ ဖော်ပြထားတယ်။ စာတန်ရဲ့အမျိုးအနွယ်က မိန်းမရဲ့အမျိုးအနွယ်ကို ရန်ငြိုးဖွဲ့ ဒါမှမဟုတ် မုန်းတီးမှာဖြစ်တယ်။ မြွေရဲ့အမျိုးအနွယ်က ဘယ်သူတွေလဲ။ စာတန်လိုပဲ ဘုရားသခင်ကိုမုန်းပြီး ကိုယ်တော့်လူမျိုးကို တိုက်ခိုက်သူအားလုံးဖြစ်တယ်။ စာတန်က သူ့အမျိုးအနွယ်ကို ဘာသာရေးနဲ့ စစ်အဖွဲ့အစည်းတွေအပြင် အုပ်ချုပ်မှုများစွာဖြစ်တဲ့ နိုင်ငံတွေနဲ့ ဖွဲ့စည်းခဲ့တယ်။ (လု. ၄:၅၊ ၆) အဲဒီအုပ်ချုပ်မှုတွေထဲကတချို့ကသာ ဘုရားသခင့်လူမျိုးဖြစ်တဲ့ အစ္စရေးလူမျိုး ဒါမှမဟုတ် ကောင်းကင်အတန်းအစားခရစ်ယာန်တွေကို ဗြောင်ကျကျ တိုက်ခိုက်ခဲ့ကြတယ်။ ဒီအချက်က တခြားအုပ်ချုပ်မှုတွေရှိပေမဲ့ ဒံယေလနဲ့ ယောဟန်တို့က အင်အားကြီးတဲ့ အုပ်ချုပ်မှုရှစ်ခုအကြောင်းကိုပဲ ဘာကြောင့်ဖော်ပြရတယ်ဆိုတာ နားလည်ဖို့ကူညီပေးတယ်။

  • “လျှို့ဝှက်ချက်တွေကို ဖွင့်ပြတဲ့အရှင်” ယေဟောဝါ
    ကင်းမျှော်စင်—၂၀၁၂ | ဇွန် ၁၅
    • ၇။ ပထမဆုံးဦးခေါင်းက ဘာကို ကိုယ်စားပြုသလဲ။ ဘာကြောင့်လဲ။

      ၇ သားရဲရဲ့ဦးဆုံးဦးခေါင်းက အီဂျစ်ဖြစ်တယ်၊ အကြောင်းကတော့ အီဂျစ်ဟာ ဘုရားသခင့်လူမျိုးကို မုန်းတီးပြီး တိုက်ခိုက်တဲ့ ဦးဆုံးကမ္ဘာ့အာဏာစက်ဖြစ်လို့ပါပဲ။ မိန်းမရဲ့အမျိုးအနွယ်ဟာ အာဗြဟံရဲ့မျိုးရိုးကနေ ဆင်းသက်လာမယ်ဆိုပြီး အာဗြဟံကို ဘုရားသခင် ကတိပေးခဲ့တယ်။ အစ္စရေးလူမျိုးက အာဗြဟံရဲ့သားစဉ်မြေးဆက်တွေဖြစ်တယ်။ အစ္စရေးလူမျိုး အီဂျစ်ပြည်မှာနေတုန်းက လူဦးရေတိုးပွားလာလို့ အီဂျစ်တွေက သူတို့ကို ကြမ်းတမ်းခက်ထန်စွာ စတင်ပြုမူဆက်ဆံခဲ့ကြတယ်။ စာတန်က အမျိုးအနွယ်ပေါ်ထွက်လာမှာကို မလိုလားတဲ့အတွက် ဘုရားသခင့်လူမျိုးကို မျိုးပြုတ်အောင်လုပ်ဖို့ ကြိုးစားခဲ့တယ်။ ဒါကြောင့် စာတန်က ဖာရောကိုသုံးပြီး မွေးကင်းစ အစ္စရေးယောက်ျားလေးမှန်သမျှကို သတ်ဖို့ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်က သူ့လူမျိုးကို အဲဒီလိုဖြစ်ဖို့ ခွင့်မပြုခဲ့ဘူး၊ အီဂျစ်ပြည်ကနေ သူ့လူမျိုးကို ကယ်လွှတ်ပေးခဲ့တယ်။ (ထွ. ၁:၁၅-၂၀; ၁၄:၁၃) နောက်ပိုင်းမှာ ဘုရားသခင်က အစ္စရေးလူမျိုးကို ကတိထားရာပြည် ပေးခဲ့တယ်။

      ၈။ ဒုတိယဦးခေါင်းက ဘာကို ကိုယ်စားပြုသလဲ။ သူ ဘာလုပ်ဖို့ ကြိုးစားခဲ့သလဲ။

      ၈ သားရဲရဲ့ ဒုတိယဦးခေါင်းက အဆီးရီးယားဖြစ်တယ်။ ဒီအင်အားကြီးအာဏာစက်လည်းပဲ ဘုရားသခင့်လူမျိုးကို သုတ်သင်ပယ်ရှားဖို့ ကြိုးစားခဲ့တယ်။ ဆယ်နွယ်နိုင်ငံမှာရှိတဲ့ အစ္စရေးလူမျိုးက အရုပ်တွေကိုကိုးကွယ်ပြီး ဘုရားသခင်ကိုမနာခံတဲ့အတွက် ယေဟောဝါက အဆီးရီးယားကိုသုံးပြီး သူတို့ကို ဒဏ်ခတ်ခဲ့တယ်။ အဲဒီနောက် အဆီးရီးယားတွေက နှစ်နွယ်နိုင်ငံဖြစ်တဲ့ ဂျေရုဆလင်ကို ဖျက်ဆီးဖို့ကြိုးစားပြန်တယ်။ စာတန်က ယေရှုပေါ်ထွန်းမယ့် ဘုရင့်အမျိုးအနွယ်ကို ဖျက်ဆီးချင်တာ ဖြစ်နိုင်တယ်။ ဂျေရုဆလင်ကို ဖျက်ဆီးဖို့ ယေဟောဝါ ခွင့်မပြုခဲ့ဘူး၊ ဒါကြောင့် ကိုယ်တော်က အဆီးရီးယားစစ်တပ်ကို ဖျက်ဆီးပြီး သူ့လူမျိုးကို ကယ်တင်ခဲ့တယ်။—၄ ရာ. ၁၉:၃၂-၃၅; ဟေရှာ. ၁၀:၅၊ ၆၊ ၁၂-၁၅။

  • “လျှို့ဝှက်ချက်တွေကို ဖွင့်ပြတဲ့အရှင်” ယေဟောဝါ
    ကင်းမျှော်စင်—၂၀၁၂ | ဇွန် ၁၅
    • ၁၃ ဗာဗုလုန်ကိုအောင်နိုင်ဖို့၊ ကြိုဟောထားတဲ့အတိုင်း အစ္စရေးလူတွေ ပြည်တော်ပြန်နိုင်ဖို့ မီဒို-ပါးရှားကို ယေဟောဝါသုံးခဲ့တယ်။ (၆ ရာ. ၃၆:၂၂၊ ၂၃) ဒါပေမဲ့ နောက်ပိုင်းမှာ မီဒို-ပါးရှားအာဏာစက်က ဘုရားသခင့်လူမျိုးကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်။ ဧသတာကျမ်းမှာ ပါးရှားရဲ့ အလွန်အရေးပါတဲ့ အရာရှိတစ်ဦးဖြစ်တဲ့ ဟာမန်အကြောင်း ဖတ်ရတယ်၊ သူက သူ့ရဲ့ကြီးမားကျယ်ဝန်းတဲ့နိုင်ငံမှာရှိတဲ့ ဂျူးအားလုံးကို သတ်ပစ်ချင်တယ်။ ဟာမန်က သူသတ်မှတ်ထားတဲ့ရက်တစ်ရက်မှာ ဂျူးအားလုံးကို သတ်ပစ်ဖို့ နိုင်ငံတစ်ဝန်းမှာရှိတဲ့လူတွေကို ညွှန်ကြားခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါက သူ့လူမျိုးကို စာတန့်အမျိုးအနွယ်ရဲ့ ရန်လိုမုန်းတီးမှုကနေ ထပ်ကာကွယ်ပေးခဲ့ပြန်တယ်။ (ဧသ. ၁:၁-၃; ၃:၈၊ ၉; ၈:၃၊ ၉-၁၄) ဒါကြောင့် ဗျာဒိတ်ကျမ်းပါ သားရဲရဲ့စတုတ္ထဦးခေါင်းက မီဒို-ပါးရှားဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

  • “လျှို့ဝှက်ချက်တွေကို ဖွင့်ပြတဲ့အရှင်” ယေဟောဝါ
    ကင်းမျှော်စင်—၂၀၁၂ | ဇွန် ၁၅
    • ၁၆။ အန္တိအုတ်ကပ် ၄ ဘာလုပ်ခဲ့သလဲ။

      ၁၆ ဂရိက ပါးရှားကို အောင်မြင်ပြီးတဲ့နောက် အစ္စရေးလူမျိုးအပေါ် အုပ်စိုးခဲ့တယ်။ အဲဒီအချိန်မှာ ဂျူးတွေဟာ ကတိထားရာပြည်တော်မှာ အခြေကျနေပြီဖြစ်ပြီး ဂျေရုဆလင်မှာ ၀တ်ပြုရာအိမ်တော်ကို ပြန်တည်ဆောက်ခဲ့ကြတယ်။ သူတို့တွေက ဘုရားသခင့်လူမျိုးဖြစ်နေဆဲ၊ ၀တ်ပြုရာအိမ်တော်ကလည်း ဘုရားသခင်ကိုဝတ်ပြုတဲ့နေရာ ဖြစ်နေဆဲပဲ။ ဒါပေမဲ့ ဘီစီ ဒုတိယရာစုမှာ ဂရိက ဘုရားသခင့်လူမျိုးကို တိုက်ခိုက်ခဲ့တယ်၊ အလက်ဇန္ဒားရဲ့ ပြိုကွဲသွားတဲ့ အင်ပါယာကိုဆက်ခံသူတွေထဲက အုပ်စိုးရှင်တစ်ဦးဖြစ်သူ ဘုရင်အန္တိအုတ်ကပ် ၄ က ဂျေရုဆလင်မှာရှိတဲ့ဝတ်ပြုရာအိမ်တော်မှာ အယူမှားဝတ်ပြုသူတွေရဲ့ ယဇ်ပလ္လင်ကိုတည်ပြီး ဂျူးဘာသာကိုကိုးကွယ်သူတွေကို သေဒဏ်ပေးသင့်တယ်လို့ ပြောခဲ့တယ်။ စာတန့်အမျိုးအနွယ်ရဲ့အစိတ်အပိုင်းတစ်ခုက ဘုရားသခင့်လူမျိုးကို တိုက်ခိုက်နေပြန်ပြီ။ ဒါပေမဲ့ မကြာခင်မှာပဲ ဂရိနေရာကို နောက်ထပ်ကမ္ဘာ့အာဏာစက်တစ်ခုက အစားထိုးနေရာဝင်ယူခဲ့တယ်။ သားရဲရဲ့ဆဋ္ဌမမြောက်ဦးခေါင်းက ဘာဖြစ်မလဲ။

  • “လျှို့ဝှက်ချက်တွေကို ဖွင့်ပြတဲ့အရှင်” ယေဟောဝါ
    ကင်းမျှော်စင်—၂၀၁၂ | ဇွန် ၁၅
    • ၁၇။ ကမ္ဘာဦး ၃:၁၅ ရဲ့ဘယ်အပိုင်းကို ဆဋ္ဌမမြောက်ဦးခေါင်းက ပြည့်စုံစေခဲ့သလဲ။

      ၁၇ သားရဲနဲ့ပတ်သက်တဲ့ရူပါရုံကို ယောဟန်ရရှိချိန်မှာ ရောမက ကမ္ဘာ့အာဏာစက်ဖြစ်နှင့်နေပြီ။ (ဗျာ. ၁၇:၁၀) ရောမက သားရဲရဲ့ဆဋ္ဌမမြောက်ဦးခေါင်းဖြစ်ပြီး ကမ္ဘာဦး ၃:၁၅ မှာပါတဲ့ ပရောဖက်ပြုချက်ရဲ့ သတ်သတ်မှတ်မှတ်အပိုင်းတစ်ခုကို ပြည့်စုံစေခဲ့တယ်။ စာတန်ဟာ ရောမအာဏာပိုင်တွေကို သုံးပြီး အမျိုးအနွယ်ရဲ့ “ဖနောင့်” ကိုဒဏ်ရာရစေခဲ့တယ်။ ရောမတွေက ယေရှုကို သူတို့ရဲ့အစိုးရကိုဆန့်ကျင်ပုန်ကန်တဲ့ သူပုန်တစ်ဦးအဖြစ်ယူမှတ်၊ တရားစီရင်ပြီး ကိုယ်တော့်ကိုသတ်ခဲ့တယ်။ (မ. ၂၇:၂၆) ဒါပေမဲ့ အဲဒီဒဏ်ရာက မကြာခင်မှာပဲ ပျောက်သွားတယ်၊ အကြောင်းကတော့ ယေဟောဝါက ယေရှုကို ရှင်ပြန်ထမြောက်ပေးခဲ့လို့ပဲ။

      ၁၈။ (က) ဘယ်လူမျိုးအသစ်ကို ယေဟောဝါ ရွေးချယ်ခဲ့သလဲ။ ဘာကြောင့်လဲ။ (ခ) မြွေရဲ့အမျိုးအနွယ်က မိန်းမရဲ့အမျိုးအနွယ်ကို ဘယ်လိုဆက်ပြီး ရန်လိုတိုက်ခိုက်ခဲ့သလဲ။

      ၁၈ အစ္စရေးဘာသာရေးခေါင်းဆောင်တွေက ယေရှုကို တိုက်ခိုက်ဖို့ ရောမတွေနဲ့ တစ်ကျိတ်တည်းတစ်ဉာဏ်တည်း လုပ်ဆောင်ခဲ့ကြတယ်။ အစ္စရေးလူမျိုးအများစုက ယေရှုကို မေရှိယအဖြစ် လက်မခံကြဘူး။ ဒါကြောင့် ယေဟောဝါက အစ္စရေးလူမျိုးကို သူ့ရဲ့လူမျိုးအဖြစ်ကနေ ငြင်းပယ်ခဲ့တယ်။ (မ. ၂၃:၃၈; တ. ၂:၂၂၊ ၂၃) ကိုယ်တော်က လူမျိုးအသစ်တစ်မျိုးကို “ဘုရားသခင်၏အစ္စရေးလူမျိုး” အနေနဲ့ ရွေးချယ်ခဲ့တယ်။ (ဂလ. ၃:၂၆-၂၉; ၆:၁၆) အဲဒီလူမျိုးက ဘိသိက်ခံခရစ်ယာန်တွေဖြစ်ပြီး အဲဒီအထဲမှာ ဂျူးလူမျိုးရော၊ လူမျိုးခြားတွေပါ ပါတယ်။ (ဧ. ၂:၁၁-၁၈) ယေရှုသေဆုံးပြီး၊ ရှင်ပြန်ထမြောက်ပြီးနောက်မှာ မြွေရဲ့အမျိုးအနွယ်က မိန်းမရဲ့အမျိုးအနွယ်ကို ဆက်ပြီး ရန်လိုမုန်းတီး၊ တိုက်ခိုက်ခဲ့တယ်။ ရောမတွေက မိန်းမရဲ့အမျိုးအနွယ်အဝင်ဖြစ်တဲ့ ဘိသိက်ခံခရစ်ယာန်တွေကို ဖျက်ဆီးဖို့ တစ်ကြိမ်ထက်မက ကြိုးစားခဲ့ကြတယ်။c

  • “လျှို့ဝှက်ချက်တွေကို ဖွင့်ပြတဲ့အရှင်” ယေဟောဝါ
    ကင်းမျှော်စင်—၂၀၁၂ | ဇွန် ၁၅
    • a မိန်းမက ကောင်းကင်မှာရှိတဲ့ ယေဟောဝါရဲ့ကျေးကျွန်အားလုံးကို ဆိုလိုပြီး သူက ကိုယ်တော့်အတွက် ဇနီးတစ်ဦးနဲ့တူတယ်။—ဟေရှာ. ၅၄:၁; ဂလ. ၄:၂၆; ဗျာ. ၁၂:၁၊ ၂။

  • “လျှို့ဝှက်ချက်တွေကို ဖွင့်ပြတဲ့အရှင်” ယေဟောဝါ
    ကင်းမျှော်စင်—၂၀၁၂ | ဇွန် ၁၅
    • c ဂျေရုဆလင်ကို ရောမတွေဖျက်ဆီးတဲ့ အေဒီ ၇၀ မှာ အစ္စရေးလူမျိုးက ဘုရားသခင်ရွေးချယ်ထားတဲ့လူမျိုး လုံးဝမဟုတ်တော့ဘူး။ ဒါကြောင့် ဂျေရုဆလင်ဖျက်ဆီးခံရခြင်းက မိန်းမရဲ့အမျိုးအနွယ်ကို တိုက်ခိုက်ခြင်းမဟုတ်သလို ကမ္ဘာဦး ၃:၁၅ ပြည့်စုံခြင်းလည်းမဟုတ်ဘူး။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ