-
သက်ရှိ ဘယ်လို အစပြုခဲ့သလဲပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
-
-
၁။ စကြဝဠာ ဘယ်လို အစပြုခဲ့သလဲ။
“အစအဦးမှာ ဘုရားသခင်က ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းတယ်” လို့ ကျမ်းစာမှာ ဆိုတယ်။ (ကမ္ဘာဦး ၁:၁) စကြဝဠာမှာ အစရှိတယ်ဆိုတာ သိပ္ပံပညာရှင်အများစု လက်ခံကြတယ်။ စကြဝဠာကို ဘုရား ဘယ်လို ဖန်ဆင်းခဲ့သလဲ။ ဘုရားသခင်က ဂလက်ဆီတွေ၊ ကြယ်တွေ၊ ဂြိုဟ်တွေအပါအဝင် စကြဝဠာမှာရှိတဲ့အရာမှန်သမျှကို “စွမ်းအားတော်” သုံးပြီး ဖန်ဆင်းခဲ့တယ်။—ကမ္ဘာဦး ၁:၂။
-
-
သက်ရှိ ဘယ်လို အစပြုခဲ့သလဲပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
-
-
၅။ ကျမ်းစာမှာပါတဲ့ ဖန်ဆင်းခြင်းမှတ်တမ်းဟာ ယုတ္တိရှိ
ကမ္ဘာဦးကျမ်း အခန်းကြီး ၁ မှာ ကမ္ဘာမြေနဲ့ ကမ္ဘာပေါ်က သက်ရှိတွေ ဖြစ်ပေါ်လာပုံအကြောင်း ဖော်ပြထားတယ်။ အဲဒီမှတ်တမ်းကို ယုံကြည်စိတ်ချနိုင်သလား၊ ဒဏ္ဍာရီပဲလား။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။
တစ်ရက်ကို ၂၄ နာရီစီ ရှိတဲ့ ၆ ရက်အတွင်း ကမ္ဘာကြီးနဲ့ ကမ္ဘာပေါ်က သက်ရှိတွေကို ဖန်ဆင်းခဲ့တယ်လို့ ကျမ်းစာ သွန်သင်သလား။
ကျမ်းစာမှာပါတဲ့ ဖန်ဆင်းခြင်းမှတ်တမ်းဟာ ယုတ္တိရှိတယ်လို့ ထင်ပါသလား။ ဘာကြောင့်လဲ။
ကမ္ဘာဦး ၁:၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။
စကြဝဠာမှာ အစရှိတယ်လို့ သိပ္ပံပညာရှင်တွေ ဆိုကြတယ်။ သူတို့ရဲ့အဆိုက ခုလေးတင် ဖတ်ခဲ့တဲ့ ကျမ်းချက်နဲ့ ကိုက်ညီသလား။
ဘုရားသခင်က ဆင့်ကဲဖြစ်စဉ် သုံးပြီး သက်ရှိတွေကို ဖန်ဆင်းခဲ့သလားဆိုပြီး တချို့ စဉ်းစားကြတယ်။ ကမ္ဘာဦး ၁:၂၁၊ ၂၅၊ ၂၇ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။
ဘုရားသခင်က သက်ရှိ တစ်စုံတစ်ရာကို ဖန်ဆင်းပြီးနောက်မှ ငါး၊ နို့တိုက်သတ္တဝါ၊ လူကို ဆင့်ကဲဖြစ်လာစေတယ်ဆိုပြီး ကျမ်းစာ သွန်သင်သလား။ ဒါမှမဟုတ် သက်ရှိတွေကို “အမျိုးအလိုက်” ဖန်ဆင်းထားသလား။b
-