ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၈၂
  • သိပ္ပံပညာက ကျမ်းစာနဲ့ ကိုက်ညီသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သိပ္ပံပညာက ကျမ်းစာနဲ့ ကိုက်ညီသလား
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာ ဖြေဆိုရာ
  • ကျမ်းစာထဲမှာ သိပ္ပံပညာနဲ့ မကိုက်ညီတဲ့အချက်တွေ ပါသလား
  • သမ္မာကျမ်းစာ ပြောဆိုရာ
    နိုးလော့!—၂၀၂၁
  • စကြဝဠာကို ဘုရားသခင် ဘယ်အချိန်မှာ စဖန်ဆင်းခဲ့သလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ရှေးဖန်ဆင်းခြင်းမှတ်တမ်း—ယင်းကို သင်ယုံကြည်စိတ်ချနိုင်သလော
    သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
  • သိပ္ပံပညာသည် ကမ္ဘာဦးကျမ်းမှတ်တမ်းနှင့် ဆန့်ကျင်သလော
    နိုးလော့!—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၈၂
သိပ္ပံပညာရှင်တွေ လေ့လာနေကြတဲ့ ဂြိုဟ်တွေ၊ ကြယ်တွေ၊ ဆီးနှင်းတွေနဲ့ သစ်ရွက်တွေ

သိပ္ပံပညာက ကျမ်းစာနဲ့ ကိုက်ညီသလား

သမ္မာကျမ်းစာ ဖြေဆိုရာ

ကိုက်ညီပါတယ်။ ကျမ်းစာက သိပ္ပံပညာရပ်ဆိုင်ရာစာအုပ် မဟုတ်ပေမဲ့ သိပ္ပံဆိုင်ရာအကြောင်းတွေ ဖော်ပြတဲ့အခါ တိကျမှန်ကန်မှု ရှိပါတယ်။ သိပ္ပံပညာနဲ့ ကျမ်းစာကိုက်ညီကြောင်း၊ ကျမ်းစာရေးသားချိန်က လူတွေရဲ့ ယုံကြည်ချက်တွေဟာ ကျမ်းစာမှာပါတဲ့ သိပ္ပံဆိုင်ရာအချက်အလက်တွေနဲ့ လုံးဝကွာခြားကြောင်း ဥပမာတချို့ကို သုံးသပ်ကြည့်ပါ။

  • စကြဝဠာမှာ အစရှိပါတယ်။ (ကမ္ဘာဦး ၁:၁) ရှေးဒဏ္ဍာရီတွေမှာတော့ စကြဝဠာကြီးက ဖန်ဆင်းခံရတာမဟုတ်ဘဲ ရှုပ်ထွေးနေတဲ့ အခြေအနေကနေ ဖြစ်ပေါ်လာတာလို့ ပြောကြတယ်။ ဗာဗုလုန်လူမျိုးက သမုဒ္ဒရာနှစ်ခုကနေ ထွက်ပေါ်လာတဲ့ နတ်ဘုရားတွေဟာ စကြဝဠာကြီးကို ဖန်ဆင်းလိုက်တာလို့ ယုံကြည်ခဲ့ကြတယ်။ တခြားဒဏ္ဍာရီတွေမှာတော့ ဧရာမဥကြီးကနေ စကြဝဠာကြီး ပေါက်ဖွားလာတာလို့ ဆိုပြန်တယ်။

  • စကြဝဠာကြီးဟာ နတ်ဘုရားတွေရဲ့ စိတ်တိုင်းကျထိန်းချုပ်မှုအောက် လည်ပတ်နေတာမဟုတ်ဘဲ သဘာဝနိယာမတရားတွေနဲ့ လည်ပတ်နေတာဖြစ်တယ်။ (ယောဘ ၃၈:၃၃; ယေရမိ ၃၃:၂၅) လူတွေဟာ နတ်ဘုရားတွေရဲ့ ပြုသမျှနုနေရပြီး တစ်ခါတလေ သူတို့ရဲ့ ရက်စက်တာကိုတောင် ခံနေရတယ်လို့ ကမ္ဘာတစ်ဝန်းက ယုံတမ်းစကားတွေမှာ ပြောကြတယ်။

  • ကမ္ဘာကြီးဟာ အခုအခံမရှိဘဲ လွတ်လပ်လဟာပြင်မှာ တည်ရှိနေတယ်။ (ယောဘ ၂၆:၇) ကမ္ဘာကြီးက ချပ်ပြားဝိုင်းဖြစ်ပြီး ဘီလူးကြီးတစ်ကောင် ဒါမှမဟုတ် ကျွဲကြီး၊ လိပ်ကြီးတွေလို တိရစ္ဆာန်တစ်ကောင်ကောင်က ထမ်းပေးထားတာလို့ ရှေးခေတ်ကလူတွေ ယုံကြည်ကြတယ်။

  • ပင်လယ်သမုဒ္ဒရာနဲ့ တခြားနေရာတွေက ရေတွေဟာ အငွေ့ပြန်ပြီး မိုး၊ ဆီးနှင်း၊ မိုးသီးတွေအဖြစ် ကမ္ဘာပေါ်ကို ပြန်ကျလာတယ်။ အဲဒီရေတွေက တစ်ခါပြန်ပြီး မြစ်ချောင်းနဲ့ အင်းအိုင်တွေဆီ စီးဝင်သွားတယ်။ (ယောဘ ၃၆:၂၇၊ ၂၈; ဒေသနာ ၁:၇; ဟေရှာယ ၅၅:၁၀; အာမုတ် ၉:၆) မြေအောက်ထဲက သမုဒ္ဒရာရေတွေဟာ မြစ်တွေကို ရေဖြည့်ပေးကြတာလို့ ရှေးဂရိလူတွေ ယုံကြည်ခဲ့ကြတယ်။ အဲဒီအယူအဆကို ၁၈ ရာစုအချိန်အထိ လက်ခံခဲ့ကြတယ်။

  • တောင်တန်းတွေဟာ တစ်ချိန်က မြင့်တက်လာတာ၊ နိမ့်ဆင်းသွားတာတွေ ရှိခဲ့တယ်။ ဒီနေ့ခေတ်မှာရှိတဲ့ တောင်တန်းတွေဟာ တစ်ချိန်တစ်ခါတုန်းက ပင်လယ်အောက်မှာ ရှိခဲ့ကြတယ်။ (ဆာလံ ၁၀၄:၆၊ ၈) နတ်ဘုရားတွေက တောင်တန်းတွေကို လက်ရှိပုံစံအတိုင်း ဖန်ဆင်းထားတာဆိုတဲ့ ဒဏ္ဍာရီစကားတွေရှိတယ်။

  • သန့်ရှင်းမှုက ကျန်းမာရေးကို ကာကွယ်ပေးတယ်။ ရှေးအစ္စရေးလူမျိုးကိုပေးတဲ့ ပညတ်မှာ လူသေကောင်တွေကို ကိုင်ပြီးတဲ့နောက် ဆေးကြောသန့်စင်ဖို့၊ ကူးစက်ရောဂါရှိတဲ့သူတွေကို သီးသန့်ထားဖို့၊ လူ့မစင်ကို စနစ်တကျစွန့်ပစ်ဖို့ စတဲ့ စည်းမျဉ်းတွေ ပါဝင်တယ်။ (ဝတ်ပြုရာ ၁၁:၂၈; ၁၃:၁–၅; တရားဟောရာ ၂၃:၁၃) အဲဒီပညတ်ကို ပေးတဲ့အချိန်မှာ အီဂျစ်လူတွေသုံးတဲ့ အနာလိမ်းဆေးတစ်မျိုးမှာတော့ လူ့မစင်ကို ထည့်ဖော်စပ်ထားတယ်။

ကျမ်းစာထဲမှာ သိပ္ပံပညာနဲ့ မကိုက်ညီတဲ့အချက်တွေ ပါသလား

ကျမ်းစာကို သေသေချာချာ ဆန်းစစ်လေ့လာတဲ့အခါ မပါဘူးဆိုတာ တွေ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လူအများ အထင်မှားနေတဲ့ အချက်တချို့ကို သုံးသပ်ကြည့်ပါ။

အမှား- စကြဝဠာကြီးကို ၂၄ နာရီရှိတဲ့ ၆ ရက်အတွင်း ဖန်ဆင်းခဲ့တယ်လို့ ကျမ်းစာကဆိုတယ်။

အမှန်- စကြဝဠာကြီးကို ဘုရား ဘယ်အချိန်က စဖန်ဆင်းခဲ့တယ်ဆိုတာ ကျမ်းစာမှာ မဖော်ပြထားပါဘူး။ (ကမ္ဘာဦး ၁:၁) ကမ္ဘာဦးအခန်းကြီး ၁ မှာပါတဲ့ ဖန်ဆင်းခြင်းနေ့ရက်တွေဟာ ဘယ်လောက်ကြာသလဲဆိုတာ အတိအကျမဖော်ပြထားတဲ့ အချိန်ကာလတစ်ခုဖြစ်တယ်။ ကောင်းကင်နဲ့ကမ္ဘာကြီးကို ဖန်ဆင်းခဲ့တဲ့ အချိန်ကာလကိုလည်း “နေ့” လို့ ခေါ်ထားပါတယ်။—ကမ္ဘာဦး ၂:၄။

အမှား- အလင်းမှီသုံး အစာချက်ခြင်း ဖြစ်စဉ်ဖြစ်ပေါ်စေတဲ့ နေကိုမဖန်ဆင်းခင် သစ်ပင်တွေကို အရင်ဖန်ဆင်းခဲ့တယ်လို့ ကျမ်းစာမှာ ပြောထားတယ်။—ကမ္ဘာဦး ၁:၁၁၊ ၁၆။

အမှန်- သစ်ပင်တွေကို မဖန်ဆင်းခင် “ကောင်းကင်” ကို ဖန်ဆင်းတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ကောင်းကင်ထဲမှာရှိတဲ့ ကြယ်တွေထဲကတစ်လုံးဟာ နေဖြစ်ပါတယ်။ (ကမ္ဘာဦး ၁:၁) ဖန်ဆင်းရာ ပထမနေ့ ဒါမှမဟုတ် ကာလအတွင်းမှာ နေရောင်ခြည်က ကမ္ဘာ့မျက်နှာပြင်ပေါ် ကျရောက်လာတယ်။ ဖန်ဆင်းခြင်း သုံးရက်မြောက်နေ့မှာ လေထုသန့်စင်သွားတဲ့အခါ အလင်းမှီသုံး အစာချက်ခြင်းဖြစ်စဉ်အတွက် လုံလောက်တဲ့ နေရောင်ခြည် ရရှိလာတယ်။ (ကမ္ဘာဦး ၁:၃–၅၊ ၁၂၊ ၁၃) အဲဒီနောက်ပိုင်းမှပဲ ကမ္ဘာကနေ နေကို ရှင်းရှင်းလင်းလင်း မြင်လာရတယ်။—ကမ္ဘာဦး ၁:၁၆။

အမှား- နေက ကမ္ဘာကိုပတ်နေတယ်လို့ ကျမ်းစာမှာ ပြောထားတယ်။

အမှန်- “နေလည်း ထွက်လျက်၊ ဝင်လျက်၊ ထွက်ရာအရပ်သို့တစ်ဖန်ပြေးလျက် တောင်လမ်းသို့လိုက်၍ တစ်ဖန် မြောက်လမ်းသို့ပြန်လည်တတ်၏” လို့ ဒေသနာ ၁:၅ မှာ ပြောထားပါတယ်။ ဒီဖော်ပြချက်က ကမ္ဘာကနေ မြင်ရတဲ့ နေရဲ့လှုပ်ရှားမှုကို ဖော်ပြနေခြင်းသာ ဖြစ်တယ်။ ဒီနေ့အချိန်မှာတောင် ကမ္ဘာကြီးက နေကို ပတ်နေတယ်ဆိုတာ လူတွေ သိရဲ့သားနဲ့ နေဝင်တယ်၊ နေထွက်တယ်ဆိုတဲ့ စကားလုံးတွေကို သုံးကြတယ်။

အမှား- ကမ္ဘာကြီးက ပြားတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။

အမှန်- ကျမ်းစာမှာ “မြေကြီးစွန်း” ဆိုတဲ့ အသုံးအနှုန်းပါရှိတယ်။ ဒါက ကမ္ဘာကြီးဟာ ပြားတယ် ဒါမှမဟုတ် အစွန်းရှိတယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘဲ ကမ္ဘာ့နေရာအနှံ့ကို ဆိုလိုနေတာဖြစ်တယ်။ (တမန်တော် ၁:၈) အလားတူ “မြေကြီးလေးမျက်နှာ” လို့ပြောတဲ့အခါ ကမ္ဘာကြီးမှာ ထောင့်လေးထောင့်ရှိတယ်လို့ မဆိုလိုပါဘူး။ ကမ္ဘာတစ်ခုလုံးကို ရည်ညွှန်းနေတာ ဖြစ်တယ်။—ဟေရှာယ ၁၁:၁၂; လုကာ ၁၃:၂၉။

အမှား– စက်ဝိုင်းရဲ့ အဝန်းက အချင်းရဲ့ သုံးဆရှိတယ်လို့ ကျမ်းစာမှာ ပြောထားတယ်။ အမှန်က pi (π) ရဲ့တန်ဖိုး ၃.၁၄၁၆ ရှိရမှာဖြစ်တယ်။

အမှန်– “ကြေးဝါရေကန်” ရဲ့ အချင်းက ၁၀ တောင်ရှိပြီး “အဝန်းအတောင်သုံးဆယ်” ရှိတယ်လို့ ၃ ဓမ္မရာဇဝင် ၇:၂၃ နဲ့ ၂ ရာဇဝင်ချုပ် ၄:၂ မှာ ဖော်ပြထားတယ်။ ဒီအတိုင်းအတာတွေက အနီးစပ်ဆုံး ယူထားတာ ဖြစ်နိုင်တယ်။ ရေကန်ရဲ့ အဝန်းကို အတွင်းအနားကတိုင်းထားပြီး ရေကန်ရဲ့အချင်းကို အပြင်အနားကနေ တိုင်းထားတာလည်း ဖြစ်နိုင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ