ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၈၆
  • ဘုရားသခင်က စိတ်ပြောင်းလဲတတ်သလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်က စိတ်ပြောင်းလဲတတ်သလား
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • ဘုရားသခင်က မပြောင်းလဲဘူးလို့ ကျမ်းစာထဲမှာ ပြောထားတယ်မဟုတ်လား
  • လူသားတွေကို ဖန်ဆင်းခဲ့တဲ့အတွက် ဘုရားသခင် ဝမ်းနည်းခဲ့သလား
  • သင် စိတ်ပြောင်းသင့်သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • အတိတ်မှ သတိပေးချက်တစ်ခု
    သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
  • ဘုရားသခင်နဲ့ဆိုင်တဲ့ အသိပညာ မရဖို့ တားဆီးနေတဲ့ အယူအဆတွေကို ဖြိုဖျက်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ကမ္ဘာ့အခြေအနေ ပြောင်းလဲပါဦးမလား
    နိုးလော့!—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၈၆
ဂငယ်ကွေ့ လမ်းညွှန်ဆိုင်းပုဒ်

ဘုရားသခင်က စိတ်ပြောင်းလဲတတ်သလား

ကျမ်းစာအဖြေ

ပြောင်းလဲတတ်ပါတယ်၊ ဘယ်အခါမှာလည်းဆိုရင် လူတွေရဲ့ ပြုမူကျင့်ကြံပုံတွေ ပြောင်းလဲသွားတဲ့အခါ ဘုရားသခင်ရဲ့ စိတ်တော်လည်း ပြောင်းလဲသွားပါတယ်။ ဥပမာ၊ ဘုရားသခင်က ကြိုဟောသူတွေကနေတစ်ဆင့် ရှေးအစ္စရေးလူမျိုးကို တရားစီရင်မယ့်အကြောင်း ကိုယ်တော် ခုလိုမိန့်ဆိုထားပါတယ်- “လူတို့သည် နားထောင်၍ မိမိတို့၏အကျင့်ဆိုးများကို စွန့်ပစ်ကောင်း စွန့်ပစ်ကြလိမ့်မည်။ အကယ်၍ သူတို့သည် ဤသို့စွန့်ပစ်ကြပါမူ ငါသည် သူတို့၏ယုတ်မာမှုများအတွက် သုတ်သင်ဖျက်ဆီးရန် အကြံအစည်တော်နှင့်ပတ်သက်၍ စိတ်တော်ပြောင်း လဲတော်မူမည်။”—ယေရမိ ၂၆:၃၊ ခမ။

ဘုရားသခင်က ကျရောက်စေမယ်လို့ ရည်ရွယ်ထားတဲ့ ဘေးဆိုးအပေါ် “နောင်တ” ရတယ်ဆိုပြီး ဘာသာပြန်ကျမ်းများစွာမှာ အဲဒီအခန်းငယ်ကို ပြန်ဆိုကြတယ်။ အဲဒီလိုသာဆိုရင် ဘုရားသခင်ရဲ့ လုပ်ရပ်တွေက မှားသွားတယ်လို့ နားလည်သွားနိုင်တယ်။ ဒါပေမဲ့ မူရင်းဟီဘရူးစကားလုံးရဲ့ ဆိုလိုရင်းက “စိတ် ဒါမှမဟုတ် ရည်ရွယ်ချက်ပြောင်းလဲသွားခြင်း” လို့အဓိပ္ပာယ်ရှိနိုင်တယ်။ “လူတစ်ယောက်က သူ့ရဲ့ပြုမူကျင့်ကြံပုံ ပြောင်းလဲလိုက်မယ်ဆိုရင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းလည်း ပြောင်းလဲသွားနိုင်ချေရှိတယ်” လို့ကျမ်းပညာရှင်တစ်ဦး ရေးခဲ့တယ်။

ဘုရားသခင်က စိတ်ပြောင်းလဲနိုင်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ ကိုယ်တော်ရဲ့စိတ်ကို ပြောင်းကိုပြောင်းလဲပစ်ရမယ်လို့တော့ မဆိုလိုပါဘူး။ ဘုရားသခင့်စိတ်တော် မပြောင်းလဲခဲ့ဘူးဆိုတာ ကျမ်းစာမှာ ဖော်ပြထားတဲ့ အချက်အလက်တချို့ကို သုံးသပ်ကြည့်ပါ–

  • ဘုရားသခင့်စိတ်တော် ပြောင်းလဲသွားပြီး အစ္စရေးလူမျိုးကို ကျိန်စာတိုက်ဖို့ ဗာလက်မင်းကို ကိုယ်တော် ခွင့်မပြုခဲ့ဘူး။—တောလည်ရာ ၂၃:၁၈-၂၀။

  • အစ္စရေးဘုရင် ရှောလုက မကောင်းမှုတွေကို ခေါင်းမာမာနဲ့ ဆက်လုပ်နေတဲ့အခါ သူ့ကို ဘုရင်အဖြစ်ကနေ ဖယ်ရှားပစ်မယ်ဆိုတဲ့အတိုင်း ဘုရားသခင် စိတ်မပြောင်းလဲဘဲ လုပ်ဆောင်ခဲ့တယ်။—၁ ဓမ္မရာဇဝင် ၁၅:၂၈၊ ၂၉။

  • ယေရှုကို ထာဝရပုရောဟိတ်အဖြစ် ခန့်အပ်မယ်ဆိုတဲ့ ကတိကို ဘုရားသခင် ပြည့်စုံစေမှာဖြစ်တယ်။ ကိုယ်တော်ရဲ့ စိတ်တော် ပြောင်းလဲသွားမှာမဟုတ်ဘူး။—ဆာလံ ၁၁၀:၄။

ဘုရားသခင်က မပြောင်းလဲဘူးလို့ ကျမ်းစာထဲမှာ ပြောထားတယ်မဟုတ်လား

ပြောထားပါတယ်၊ “ငါသည် ထာဝရဘုရားဖြစ်၏။ ပြောင်းလဲခြင်းမရှိ” ဆိုတဲ့ ဘုရားသခင်ပြောဆိုရာကို ကျမ်းစာမှာ မှတ်တမ်းတင်ထားပါတယ်။ (မာလခိ ၃:၆) ဒါ့အပြင် ဘုရားသခင်အကြောင်း ဒီလိုဆက်ပြောထားပါတယ်- “ရွှေ့ပြောင်းတတ်သော အရိပ်ကဲ့သို့ ကိုယ်တော်၌ ပြောင်းလဲခြင်းမရှိ။” (ယာကုပ် ၁:၁၇) ဒါပေမဲ့ အဲဒီအချက်တွေဟာ အစပိုင်းမှာဖော်ပြထားတဲ့ ဘုရားသခင်က စိတ်ပြောင်းလဲတတ်တယ်ဆိုတဲ့ ကျမ်းစာပြောဆိုရာနဲ့ မဆန့်ကျင်ပါဘူး။ ဘုရားသခင်က မိမိရဲ့ ပင်ကိုယ်အရည်အသွေးတွေကို ပြောင်းလဲနိုင်မှာမဟုတ်သလို ချစ်ခြင်းမေတ္တာ၊ တရားမျှတမှု စံနှုန်းတွေကိုလည်း ဘယ်တော့မှ ပြောင်းလဲပစ်မှာလည်း မဟုတ်ဘူး။ (တရားဟောရာ ၃၂:၄; ၁ ယောဟန် ၄:၈) ဒါပေမဲ့ ဘုရားသခင်က အချိန်အခါအလိုက် မတူညီတဲ့လမ်းညွှန်ချက်တွေကို ပေးနိုင်ပါတယ်။ ဥပမာ၊ ဘုရားသခင်က ဘုရင်ဒါဝိဒ်ကို ဖိလိတ္တိလူတွေနဲ့တိုက်တဲ့ စစ်ပွဲနှစ်ပွဲမှာ မတူညီတဲ့လမ်းညွှန်ချက်နှစ်ခု ပေးခဲ့ပါတယ်။ နည်းလမ်းနှစ်ခုစလုံးက အောင်မြင်ခဲ့တာပါပဲ။—၂ ဓမ္မရာဇဝင် ၅:၁၈-၂၅။

လူသားတွေကို ဖန်ဆင်းခဲ့တဲ့အတွက် ဘုရားသခင် ဝမ်းနည်းခဲ့သလား

ဝမ်းမနည်းခဲ့ပါဘူး၊ ဘုရားသခင်ကို လူတွေ ငြင်းပယ်ပြီး လျစ်လျူရှုတာကိုပဲ ကိုယ်တော် နောင်တရခဲ့တယ်။ နောဧခေတ် ရေလွှမ်းမိုးဘေးမတိုင်ခင် အခြေအနေအကြောင်း ကျမ်းစာမှာ ဒီလိုပြောထားပါတယ်- “မြေကြီးပေါ်မှာ လူကိုဖန်ဆင်းတော်မူသည်ကို နောင်တရ၍ နှလုံးတော်ပူပန်လျက် ရှိတော်မူ၏။” (ကမ္ဘာဦး ၆:၆) ဒီအခန်းငယ်မှာသုံးထားတဲ့ “နောင်တရ” ဆိုတဲ့စကားလုံးက “စိတ်တော်ပြောင်းလဲခြင်း” လို့အဓိပ္ပာယ်ရနိုင်တဲ့ ဟီဘရူးစကားကနေ ဆင်းသက်လာတာဖြစ်တယ်။ ရေလွှမ်းမိုးခြင်းမတိုင်ခင် အသက်ရှင်ခဲ့တဲ့သူ အများစုဟာ ဆိုးသွမ်းလာတဲ့အတွက် သူတို့အပေါ် ဘုရားသခင်ရဲ့ စိတ်တော် ပြောင်းလဲသွားပါတယ်။ (ကမ္ဘာဦး ၆:၅၊ ၁၁) သူတို့က ဆိုးညစ်တဲ့လမ်းစဉ်ကို လိုက်လျှောက်တဲ့အတွက် ဘုရားသခင် စိတ်ဝမ်းနည်းခဲ့တယ်၊ ဒါပေမဲ့ လူသားထုတစ်ရပ်လုံးနဲ့ပတ်သက်တဲ့ ကိုယ်တော်ရဲ့စိတ် မပြောင်းလဲသွားပါဘူး။ ဘုရားသခင်က နောဧနဲ့ သူ့မိသားစုကို ရေလွှမ်းမိုးဘေးကနေ ကယ်တင်ပေးပြီး လူသားထု ဆက်လက်တည်တံ့နေအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။—ကမ္ဘာဦး ၈:၂၁; ၂ ပေတရု ၂:၅၊ ၉။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ