ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၇၃
  • စကြဝဠာကို ဘုရားသခင် ဘယ်အချိန်မှာ စဖန်ဆင်းခဲ့သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စကြဝဠာကို ဘုရားသခင် ဘယ်အချိန်မှာ စဖန်ဆင်းခဲ့သလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • ဖန်ဆင်းရာနေ့ ခြောက်ရက်ဟာ ၂၄ နာရီကြာတဲ့ ရက်တွေလား။
  • ဖန်ဆင်းရာနေ့ ခြောက်ရက်အတွင်း ဘာတွေ ဖြစ်ပျက်ခဲ့သလဲ။
  • ကမ္ဘာဦးကျမ်းမှတ်တမ်းဟာ သိပ္ပံနည်းကျ တိကျမှန်ကန်မှုရှိသလား။
  • နေ၊ လ၊ ကြယ်တွေကို ဘယ်အချိန်မှာ ဖန်ဆင်းခဲ့သလဲ။
  • ကျမ်းစာအရ ကမ္ဘာမြေကြီးရဲ့ သက်တမ်း ဘယ်လောက်ရှိပြီလဲ။
  • သမ္မာကျမ်းစာ ပြောဆိုရာ
    နိုးလော့!—၂၀၂၁
  • သိပ္ပံပညာသည် ကမ္ဘာဦးကျမ်းမှတ်တမ်းနှင့် ဆန့်ကျင်သလော
    နိုးလော့!—၂၀၀၆
  • သိပ္ပံပညာနှင့် ကမ္ဘာဦးကျမ်းမှတ်တမ်း
    သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော
  • ကမ္ဘာမြေကြီး ဘယ်လို ဖြစ်ပေါ်လာတာလဲ
    နိုးလော့!—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၇၃
စကြဝဠာထဲမှာရှိတဲ့ ဂြိုဟ်တွေ၊ ကြယ်တွေ

စကြဝဠာကို ဘုရားသခင် ဘယ်အချိန်မှာ စဖန်ဆင်းခဲ့သလဲ

ကျမ်းစာအဖြေ

စကြဝဠာကို ဘုရားသခင် ဘယ်အချိန်မှာ စဖန်ဆင်းတယ်၊ ဘယ်လောက်ကြာတယ် ဆိုတာ ကျမ်းစာမှာ မဖော်ပြထားဘူး။ “အစအဦးမှာ ဘုရားသခင်က ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းတယ်” လို့ပဲ ဖော်ပြတယ်။ (ကမ္ဘာဦး ၁:၁) ဒီ “အစအဦး” ဘယ်အချိန် စတယ်ဆိုတာကိုတော့ အတိအကျ မဖော်ပြဘူး။ ဒါပေမဲ့ ကမ္ဘာဦးကျမ်းပါ အဲဒီဖော်ပြချက်က ဖန်ဆင်းရာ ‘နေ့’ ခြောက်ရက်မတိုင်ခင် စတင်ခဲ့ပြီး ဖြစ်တယ်။

  • ဖန်ဆင်းရာနေ့ ခြောက်ရက်ဟာ ၂၄ နာရီကြာတဲ့ ရက်တွေလား။

  • ဖန်ဆင်းရာနေ့ ခြောက်ရက်အတွင်း ဘာတွေ ဖြစ်ပျက်ခဲ့သလဲ။

  • ကမ္ဘာဦးကျမ်းမှတ်တမ်းဟာ သိပ္ပံနည်းကျ တိကျမှန်ကန်မှုရှိသလား။

  • နေ၊ လ၊ ကြယ်တွေကို ဘယ်အချိန်မှာ ဖန်ဆင်းခဲ့သလဲ။

  • ကျမ်းစာအရ ကမ္ဘာမြေကြီးရဲ့ သက်တမ်း ဘယ်လောက်ရှိပြီလဲ။

ဖန်ဆင်းရာနေ့ ခြောက်ရက်ဟာ ၂၄ နာရီကြာတဲ့ ရက်တွေလား။

မဟုတ်ပါဘူး။ ကျမ်းစာမှာပါတဲ့ “နေ့” ဆိုတဲ့ စကားလုံးက အကြောင်းအရာပေါ်မူတည်ပြီး ရှည်လျားတဲ့ အချိန်ကာလကို ရည်ညွှန်းနိုင်တယ်။ ဥပမာ၊ ကျမ်းတစ်ချက်မှာ ဖန်ဆင်းရာကာလတစ်ခုကို တစ်နေ့အဖြစ် ဖော်ပြထားတယ်။—ကမ္ဘာဦး ၂:၄။

ဖန်ဆင်းရာနေ့ ခြောက်ရက်အတွင်း ဘာတွေ ဖြစ်ပျက်ခဲ့သလဲ။

‘ပုံစံ မပီပြင်သေးတဲ့၊ လဟာပြင်ကြီး’ ကို သက်ရှိတွေ နေထိုင်လို့ရတဲ့ ကမ္ဘာဂြိုဟ်ဖြစ်အောင် ဘုရားသခင် ပုံဖော်လိုက်တယ်။ (ကမ္ဘာဦး ၁:၂) ပြီးတဲ့နောက် ကမ္ဘာပေါ်မှာ သက်ရှိတွေကို ဖန်ဆင်းတယ်။ ဖန်ဆင်းရာနေ့ရက်တွေ ဒါမှမဟုတ် ကာလတွေအတွင်း ဖြစ်ပေါ်လာတာတွေကို ကျမ်းစာက အုပ်စုခြောက်စု ခွဲပြီး ဖော်ပြထားတယ်-

  • အလင်းနဲ့ အမှောင်

    ပထမနေ့– ဘုရားသခင်က ကမ္ဘာမြေမျက်နှာပြင်ပေါ် အလင်းကျရောက်စေတဲ့အတွက် နေ့နဲ့ ညဆိုတာ ဖြစ်ပေါ်လာတယ်။—ကမ္ဘာဦး ၁:၃-၅။

  • ကောင်းကင်နဲ့ ပင်လယ်

    ဒုတိယနေ့– ဘုရားသခင်က ဟင်းလင်းပြင်ကြီးကို ဖြစ်ပေါ်စေပြီး ကမ္ဘာ့ရေမျက်နှာပြင် ရေထုနှစ်ခုကို ခြားလိုက်တယ်။—ကမ္ဘာဦး ၁:၆-၈။

  • ကုန်းမြေနဲ့ အပင်တွေ

    တတိယနေ့– ဘုရားသခင်က ကုန်းမြေကို ပေါ်စေတယ်။ အပင်တွေကိုလည်း ဖန်ဆင်းတယ်။—ကမ္ဘာဦး ၁:၉-၁၃။

  • နေ၊ လ၊ ကြယ်တွေကို ကမ္ဘာမြေကနေ မြင်နိုင်ပြီ

    စတုတ္ထနေ့– နေ၊ လ၊ ကြယ်တွေကို ကမ္ဘာမြေကနေ မြင်နိုင်တဲ့ အလင်းအိမ်တွေအဖြစ် ဘုရားသခင် ပြုလုပ်ခဲ့တယ်။—ကမ္ဘာဦး ၁:၁၄-၁၉။

  • ရေနေသတ္တဝါတွေ၊ ပျံတတ်တဲ့ သတ္တဝါတွေ

    ပဉ္စမနေ့– ဘုရားသခင်က ရေနေသတ္တဝါတွေ၊ ပျံတတ်တဲ့ သတ္တဝါတွေကို ဖန်ဆင်းတယ်။—ကမ္ဘာဦး ၁:၂၀-၂၃။

  • ကုန်းသတ္တဝါတွေ၊ လူတွေ

    ဆဋ္ဌမနေ့– ဘုရားသခင်က ကုန်းသတ္တဝါတွေ၊ လူတွေကို ဖန်ဆင်းတယ်။—ကမ္ဘာဦး ၁:၂၄-၃၁။

ဆဋ္ဌမနေ့ ကုန်ဆုံးပြီးနောက် ဖန်ဆင်းတဲ့အလုပ်ကနေ ဘုရားသခင် အနားယူတယ်။—ကမ္ဘာဦး ၂:၁၊ ၂။

ကမ္ဘာဦးကျမ်းမှတ်တမ်းဟာ သိပ္ပံနည်းကျ တိကျမှန်ကန်မှုရှိသလား။

ဖန်ဆင်းခြင်းအကြောင်း ကျမ်းစာမှတ်တမ်းဟာ သိပ္ပံနည်းကျ အသေးစိတ်ရှင်းပြချက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဖန်ဆင်းခြင်းအကြောင်း ဖြစ်စဉ်တွေကို ကျမ်းစာခေတ်မှာ အသက်ရှင်ခဲ့သူတွေ ဖတ်ရှု နားလည်ခဲ့ကြတယ်။ ဖန်ဆင်းခြင်းမှတ်တမ်းက သိပ္ပံပညာနဲ့ မဆန့်ကျင်ဘူး။ ရူပနက္ခတ္တဗေဒပညာရှင် ရောဘတ် ဂျက်စထရို အခုလို ရေးတယ်- “အသေးစိတ် မတူညီပေမဲ့ နက္ခတ္တဗေဒဆိုင်ရာ အချက်အလက်နဲ့ ကမ္ဘာဦးကျမ်းပါ ဖန်ဆင်းခြင်းမှတ်တမ်းရဲ့ အခြေခံသဘောတရားကတော့ အတူတူပါပဲ။ လူ ဖြစ်ပေါ်ချိန်အထိ ဖြစ်စဉ်တွေဟာ တိကျတဲ့အချိန်တစ်ချိန်မှာ ရုတ်တရက် စတင်ခဲ့တယ်။”

နေ၊ လ၊ ကြယ်တွေကို ဘယ်အချိန်မှာ ဖန်ဆင်းခဲ့သလဲ။

“အစအဦး” ထဲက ဖန်ဆင်းခဲ့တဲ့ “ကောင်းကင်” မှာ နေ၊ လ၊ ကြယ်တွေ ရှိနှင့်ပြီးသားပါ။ (ကမ္ဘာဦး ၁:၁) ကမ္ဘာ့လေထု သိပ်သည်းနေလို့ နေ၊ လ၊ ကြယ်တွေရဲ့ အလင်း ကမ္ဘာပေါ် သိသိသာသာ မရောက်နိုင်သေးတာပါ။ (ကမ္ဘာဦး ၁:၂) ဒါကြောင့် ပထမနေ့မှာ အလင်းရောင် ရေးတေးတေး ရှိပေမဲ့ ဘယ်ကနေ အလင်းလာမှန်း မသိသာသေးဘူး။ စတုတ္ထနေ့ကျမှ လေထု ရှင်းလင်းလာတယ်။ နေ၊ လ၊ ကြယ်တွေ ‘ကမ္ဘာမြေကို အလင်း’ စပေး ပြီလို့ ကျမ်းစာပြောတယ်။ အဲဒီအလင်းအိမ်တွေကို ကမ္ဘာမြေကနေ မြင်နိုင်ပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။—ကမ္ဘာဦး ၁:၁၇။

ကျမ်းစာအရ ကမ္ဘာမြေကြီးရဲ့ သက်တမ်း ဘယ်လောက်ရှိပြီလဲ။

ကမ္ဘာမြေကြီးရဲ့ သက်တမ်းအကြောင်း ကျမ်းစာမှာ မဖော်ပြထားဘူး။ ကမ္ဘာမြေကြီးနဲ့ စကြဝဠာမှာ အစရှိတယ်လို့ပဲ ကမ္ဘာဦး ၁:၁ မှာ ဖော်ပြတယ်။ ဒီဖော်ပြချက်က သိပ္ပံ အချက်အလက်တွေနဲ့ ကိုက်ညီတယ်။ ကမ္ဘာကြီးသက်တမ်းနဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်တွေရဲ့ ခန့်မှန်းချက်တွေနဲ့လည်း မဆန့်ကျင်ဘူး။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ