ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၉၃
  • လူသား ပေါ်ထွန်းတော်မူသောအခါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူသား ပေါ်ထွန်းတော်မူသောအခါ
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူသား ပေါ်ထွန်းတော်မူသောအခါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • လူသားပေါ်ထွန်းမယ့်အချိန်
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • မည်သည့်အချိန်တွင် ဘုရားသခင့်နိုင်ငံတော်လာမည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • သင်သည် ယေဟောဝါ၏နေ့အတွက်အသင့်ရှိသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၉၃

အခန်း ၉၃

လူသား ပေါ်ထွန်းတော်မူသောအခါ

မြောက်ပိုင်းဒေသ (ရှမာရိ သို့မဟုတ် ဂါလိလဲ) တွင် ယေရှုရှိနေစဉ် နိုင်ငံတော်ရောက်ရှိခြင်းအကြောင်း ဖာရိရှဲများမေးမြန်းကြသည်။ နိုင်ငံတော်သည် တခမ်းတနားဖြင့်လာမည်ဟုသူတို့ယုံကြည်ကြသော်လည်း ယေရှုက “ဘုရားသခင့်နိုင်ငံတော်သည် မျက်မြင်သောအရာ၌မတည်။ ‘ဤအရပ်၌ကြည့်ပါ။ ထိုအရပ်၌ကြည့်ပါ’ ဟု ပြောစရာအခွင့်မရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏ အလယ်မှာရှိသည်” ဟုမိန့်ဆို၏။

“သင်တို့၏အလယ်မှာ” ဟူသောယေရှု၏စကားကို တစ်ခါတစ်ရံ “သင်တို့၏အထဲ၌” ဟူ၍ပြန်ဆိုလေ့ရှိသဖြင့် ဘုရားသခင့်နိုင်ငံတော်သည် ကိုယ်တော့်ကျေးကျွန်များ၏နှလုံးထဲ၌စိုးမိုးသည်ဟု ယေရှုဆိုလိုကြောင်းထင်မှတ်ကြ၏။ သို့သော် ဘုရားသခင့်နိုင်ငံတော်သည် ယေရှုနှင့်စကားပြောဆိုနေသော မယုံကြည်သည့်ဖာရိရှဲတို့၏နှလုံးထဲ၌မရှိနိုင်။ သို့သော် ဘုရားသခင့်နိုင်ငံတော်၏မင်းလောင်းယေရှုခရစ်သည် သူတို့အလယ်မှာရောက်ရှိနေသဖြင့် သူတို့အလယ်မှာရှိပေသည်။

ဖာရိရှဲများထွက်သွားပြီးနောက် တပည့်တော်တို့အားနိုင်ငံတော်တည်ထောင်ခြင်းအကြောင်း ယေရှုထပ်မိန့်ဆိုသည်။ “‘ဤအရပ်၌ကြည့်ပါ။ ထိုအရပ်၌ကြည့်ပါ’ ဟုသင်တို့အားပြောဆိုသော်လည်း [ထိုမေရှိယအတုအယောင်များနောက်] မလိုက်မသွားကြနှင့်။ ကောင်းကင်တစ်ဖက်မှပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြားထွန်းလင်းသကဲ့သို့ လူသားသည် မိမိနေ့ရက်၌ဖြစ်တော်မူလတံ့။” ထိုကြောင့် လျှပ်စစ်လက်ခြင်းကိုကျယ်ဝန်းလှသည့်အရပ်မှမြင်နိုင်သကဲ့သို့ နိုင်ငံတော်တန်ခိုးဖြင့်ရောက်ရှိခြင်းသာဓကများကို တွေ့မြင်လိုသူတို့သည် တွေ့မြင်ရမည်ဖြစ်ကြောင်းယေရှုညွှန်ပြခြင်းဖြစ်၏။

ထိုနောက်ယေရှုက ရှေးခေတ်အဖြစ်အပျက်များနှင့်နှိုင်းယှဉ်၍ မိမိအနာဂတ်ရောက်ရှိချိန်အတွင်း လူတို့၌ရှိကြမည့်စိတ်သဘောထားကိုဤသို့ဖော်ပြသည်။ “နောဧလက်ထက်၌ ဖြစ်သကဲ့သို့ လူသားလက်ထက်၌ဖြစ်လိမ့်မည်။ . . . ထိုနည်းတူ လောတလက်ထက်၌လူများတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက်နေသကဲ့သို့လည်းကောင်း၊ လောတသည် သောဒုံမြို့မှထွက်သောနေ့၌ ကောင်းကင်မှကန့်နှင့်ရောသောမီးမိုးရွာ၍ ထိုလူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသကဲ့သို့လည်းကောင်း လူသားပေါ်ထွန်းသောနေ့၌ဖြစ်လိမ့်မည်။”

နောဧနှင့်လောတတို့လက်ထက်မှလူတို့သည် စားသောက်၊ ရောင်းဝယ်၊ စိုက်ပျိုး၊ ဆောက်လုပ်ခြင်းဖြစ်သောသာမန်လုပ်နေကျအလုပ်များကြောင့် ဖျက်ဆီးခံရကြသည်ဟုယေရှုဆိုနေခြင်းမဟုတ်ပါ။ နောဧ၊ လောတနှင့်သူတို့၏မိသားစုလည်း ထိုအရာများပြုလုပ်ရကြသည်။ သို့သော် အခြားသူတို့မှာ ဘုရားသခင့်အလိုတော်ကိုဂရုမစိုက်ဘဲ အဆိုပါနေ့စဉ်လုပ်ငန်းများ၌သာ လုံးပန်းနေကြသဖြင့် ဖျက်ဆီးခံရခြင်းဖြစ်သည်။ ထပ်တူအကြောင်းကြောင့် ကြီးစွာသောဒုက္ခကာလအတွင်း လူသားပေါ်ထွန်းသောအခါ လူတို့သည်ဖျက်ဆီးခြင်းခံရကြလတံ့။

နိုင်ငံတော်အာဏာဖြင့်အနာဂတ်တွင် မိမိရောက်ရှိခြင်းဆိုင်ရာသာဓကများကိုတွေ့လျှင်တွေ့ချင်း အမြန်ဆုံးတုံ့ပြန်ရန်အရေးကြီးပုံကို အလေးအနက်တင်ပြသည့်အနေနှင့် ယေရှုဤသို့ထပ်၍မိန့်ဆို၏။ “ထိုနေ့ရက်၌အိမ်မိုးပေါ်မှာရှိသောသူသည် မိမိအိမ်ထဲမှာရှိသောဥစ္စာကိုယူခြင်းငှာ မဆင်းစေနှင့်။ ထိုအတူ၊ လယ်၌ရှိသောသူသည် နောက်သို့လှည့်၍မပြန်လာစေနှင့်။ လောတ၏မယားကိုအောက်မေ့ကြလော့။”

ခရစ်တော်ရောက်ရှိသည့်သာဓကများထင်ရှားလာသောအခါ လူတို့အနေဖြင့် ဥစ္စာစည်းစိမ်သံယောဇဉ်ကြောင့် ချက်ချင်းအရေးယူလုပ်ဆောင်ခြင်းမပြုနိုင်အောင် အဟန့်အတားမဖြစ်စေသင့်။ လောတ၏ဇနီးသည် သောဒုံမြို့မှထွက်လာပြီးနောက် ကျန်ရစ်သောအရာများကိုတမ်းတသည့်စိတ်နှင့် နောက်လှည့်ကြည့်မိသဖြင့် ဆားတိုင်ဖြစ်သွားလေသည်။

မိမိ၏အနာဂတ်ရောက်ရှိချိန်အတွင်းဖြစ်မည့်အခြေအနေအကြောင်း ဆက်၍မိန့်ဆိုရာတွင် တပည့်တော်တို့အား ဤသို့ဆို၏။ “ထိုနေ့ညတွင် အိပ်ရာတစ်ခု၌ရှိသောသူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကားနေရစ်ရလတံ့။ ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကားနေရစ်ရလတံ့။”

သိမ်းယူခံရခြင်းသည် မိသားစုနှင့်အတူနောဧသင်္ဘောအတွင်းဝင်ခြင်း၊ လောတနှင့်မိသားစုကို သောဒုံမြို့မှ ကောင်းကင်တမန်ခေါ်ထုတ်ခြင်းတို့နှင့်ဆင်တူသည်။ ကယ်တင်ခြင်းဟုအဓိပ္ပာယ်ဆောင်သည်။ တစ်ဖက်၌မူကား စွန့်ပစ်ခံရခြင်းသည် ဖျက်ဆီးခံရခြင်းဟုအဓိပ္ပာယ်ဆောင်သည်။

ဤတွင်တပည့်တော်တို့က “သခင်၊ အဘယ်အရပ်၌ ထိုသို့ဖြစ်ပါမည်နည်း” ဟု မေးကြ၏။

‘အသေကောင်ရှိရာအရပ်တွင် လင်းယုန်များစုရုံးကြလိမ့်မည်’ ဟု ယေရှုဖြေကြားတော်မူ၏။ ကယ်တင်ခြင်းအတွက် “သိမ်းယူ” ခံရသူတို့သည် အမြင်သန်သောလင်းယုန်ငှက်များကဲ့သို့ “အသေကောင်” ရှိရာသို့စုရုံးကြသည်။ အသေကောင်ဆိုရာမှာ နိုင်ငံတော်အာဏာနှင့်အရူပနည်းဖြင့်ရောက်ရှိသော ခရစ်တော်အစစ်နှင့် ယေဟောဝါပြင်ဆင်တော်မူရာဝိညာဏခဲဖွယ်စားဖွယ်ပွဲတော်ကြီးတို့ကိုရည်ညွှန်းခြင်းဖြစ်သည်။ လုကာ ၁၇:၂၀-၃၇။ ကမ္ဘာဦး ၁၉:၂၆။

▪ အဘယ်နည်းဖြင့်နိုင်ငံတော်သည် ဖာရိရှဲများအလယ်မှာရှိနေသနည်း။

▪ ခရစ်တော်၏ရောက်ရှိခြင်းသည် အဘယ်နည်းဖြင့် လျှပ်စစ်ပြက်ခြင်းနှင့်တူသနည်း။

▪ ခရစ်တော်ရောက်ရှိချိန်အတွင်း လူတို့အဘယ်လုပ်ရပ်ကြောင့်ဖျက်ဆီးခံရမည်နည်း။

▪ သိမ်းယူခံရခြင်းနှင့်စွန့်ပစ်ခံရခြင်းသည် အဘယ်အဓိပ္ပာယ်အသီးသီးရှိသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ