ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၁/၀၇ စာ. ၈
  • ၄။ သိပ္ပံဆိုင်ရာ တိကျမှန်ကန်မှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၄။ သိပ္ပံဆိုင်ရာ တိကျမှန်ကန်မှု
  • နိုးလော့!—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဤစာအုပ်သည် သိပ္ပံပညာနှင့်ညီညွတ်၏လော
    လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်
  • ထူးကဲမြင့်မားသည့်ဉာဏ်ပညာ၏ အတုမရှိသောပင်ရင်းအမြစ်
    ဘဝ ရည်ရွယ်ချက်ကား အဘယ်နည်း ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း
  • စကြဝဠာနှင့် သက်ရှိတို့အစ ဘယ်ဆီက
    နိုးလော့!—၂၀၀၃
  • သိပ္ပံပညာက သင့်ဘဝကို အကျိုးပြုပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၇
န ၁၁/၀၇ စာ. ၈

သမ္မာကျမ်းစာကို ယုံကြည်စိတ်ချရသည့် အကြောင်းရင်းများ

၄။ သိပ္ပံဆိုင်ရာ တိကျမှန်ကန်မှု

မျက်မှောက်ခေတ် သိပ္ပံပညာသည် များစွာတိုးတက်လာသဖြင့် သီအိုရီအဟောင်းများနေရာတွင် အသစ်များက အစားဝင်ရောက်လာခဲ့၏။ ယခင်က အမှန်ဟုလက်ခံခဲ့ကြသောအရာကို ယခု ဒဏ္ဍာရီအဖြစ် ရှုမြင်ကြပေမည်။ သိပ္ပံပြဋ္ဌာန်းစာအုပ်များသည် ပြန်လည်ပြင်ဆင်ဖို့ လိုအပ်လေ့ရှိ၏။

သမ္မာကျမ်းစာသည် သိပ္ပံပြဋ္ဌာန်းစာအုပ်တစ်အုပ်မဟုတ်ပါ။ သို့သော် သိပ္ပံဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်လာလျှင် သမ္မာကျမ်းစာတွင် သိပ္ပံပညာနှင့်ကိုက်ညီသည့်အရာများသာ ပါရှိပြီး မကိုက်ညီသည့်အရာများမပါရှိသည်မှာ မှတ်သားဖွယ်ကောင်းလှသည်။

သိပ္ပံပညာနှင့်မကိုက်ညီသော ရှုမြင်ချက်များမပါရှိ။

ရှေးအချိန်က လူတို့သည် လွဲမှားသောယုံကြည်ချက်များကို လက်ခံခဲ့ကြ၏။ ကမ္ဘာမြေကြီးသည် ပြား၏၊ ကိုင်တွယ်၍ရသော ဒြပ်ဝတ္ထုများက ကမ္ဘာကို ထောက်မထား၏ဟူ၍ ရှုမြင်ခဲ့ကြသည်။ ရောဂါကူးစက်မှုနှင့် ကာကွယ်မှုအကြောင်း သိပ္ပံပညာမသိရှိမီ ကြာမြင့်စွာကတည်းက ဆရာဝန်များသည် ထိရောက်မှုမရှိသည့်အပြင် အချို့ကိစ္စများတွင် သေစေနိုင်သော ဆေးကုသနည်းများကိုပင် အသုံးပြုခဲ့ကြ၏။ သို့သော် အခန်းပေါင်း ၁,၁၀၀ ကျော်ရှိသည့် သမ္မာကျမ်းစာတွင် သိပ္ပံပညာနှင့်မကိုက်ညီသည့်ရှုမြင်ချက် သို့မဟုတ် အန္တရာယ်ရှိသောကုသနည်း တစ်စုံတစ်ရာ ကို တစ်ခါမျှ မထောက်ခံထားချေ။

သိပ္ပံပညာနှင့်ညီညွတ်သော ဖော်ပြချက်များ။

လွန်ခဲ့သောနှစ်ပေါင်း ၃,၅၀၀ ခန့်က သမ္မာကျမ်းစာတွင် ကမ္ဘာမြေကြီးသည် “အခုအခံမရှိ” တွဲလွဲဖြစ်နေသည်ဟု ဖော်ပြထား၏။ (ယောဘ ၂၆:၇) ဘီစီ ရှစ်ရာစုတွင် ဟေရှာယသည် “မြေကြီးစက် [သို့မဟုတ် စက်လုံး]” ဟု ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့၏။ (ဟေရှာယ ၄၀:၂၂) လုံးဝန်းသောကမ္ဘာမြေကြီးသည် မြင်နိုင်သောအရာတစ်ခုခု၏ ထောက်မမှုမပါဘဲ လွတ်လပ်လဟာတွင် တည်ရှိနေခြင်းက ခေတ်သစ်သိပ္ပံပညာ၏ဖော်ပြချက်နှင့် ကိုက်ညီနေရာ ထူးခြားလှပါသည်။

ဘီစီ ၁၅၀၀ ခန့်တွင်ရေးသားခဲ့သည့် မောရှေပညတ် (သမ္မာကျမ်းစာ၏ ပထမဆုံးကျမ်းငါးစောင်တွင် တွေ့ရှိရ) တွင် လူနာကိုသီးခြားထားခြင်း၊ အသေကောင်များကို ကိုင်တွယ်ခြင်း၊ အညစ်အကြေးစွန့်ခြင်းတို့နှင့်စပ်လျဉ်းသော အမှားကင်းသည့်ပညတ်များပါရှိသည်။—ဝတ်ပြုရာ ၁၃:၁-၅; တောလည်ရာ ၁၉:၁-၁၃; တရားဟောရာ ၂၃:၁၃၊ ၁၄။

အလွန်အားကောင်းသော အဝေးကြည့်မှန်ပြောင်းများဖြင့် ကောင်းကင်ကို လေ့လာစူးစမ်းကြည့်ရာ စကြဝဠာသည် ရုတ်တရက် ဖြစ်ပေါ်လာကြောင်း သိပ္ပံပညာရှင်များက ကောက်ချက်ချခဲ့ကြသည်။ ယင်းကောက်ချက်ကို သိပ္ပံပညာရှင်အားလုံးက လက်မခံကြချေ။ ပါမောက္ခတစ်ဦးက ဤသို့မှတ်ချက်ချခဲ့၏– “စကြဝဠာသည် မူလအကြောင်းတရားရှိရန် လိုအပ်ပုံရ၏; အဘယ်ကြောင့်ဆိုသော် လုံလောက်သောအကြောင်းတရားမရှိဘဲနှင့် ဤမျှအကျိုးသက်ရောက်မှု ရှိနိုင်ပါမည်လော။” သို့သော် အဝေးကြည့်မှန်ပြောင်းမပေါ်မီ ကြာမြင့်စွာကတည်းက သမ္မာကျမ်းစာ၏ ပထမဆုံးအခန်းငယ်တွင် ဤသို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်– “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။”—ကမ္ဘာဦး ၁:၁။

ခေတ်ရှေ့ပြေးသည့် သမ္မာကျမ်းစာတွင် ကမ္ဘာမြေကြီးသည် လုံးဝန်းပြီး “အခုအခံမရှိ” တွဲလွဲနေကြောင်း မှန်ကန်စွာဖော်ပြထား

သမ္မာကျမ်းစာသည် ရှေးကျသောစာအုပ်တစ်အုပ်ဖြစ်ပြီး အကြောင်းအရာများစွာ ဖော်ပြထားသော်လည်း သိပ္ပံပညာနှင့်မကိုက်ညီသည့်အချက်များ မပါရှိချေ။ ယင်းသို့သောစာအုပ်ကို ကျွန်ုပ်တို့ ဆင်ခြင်သုံးသပ်ထိုက်သည်မဟုတ်လော။a

a သမ္မာကျမ်းစာ၏ သိပ္ပံဆိုင်ရာ တိကျမှန်ကန်မှုနှင့်ပတ်သက်သော ထပ်ဆင့်ဥပမာများကို ယေဟောဝါသက်သေများထုတ်ဝေသည့် လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ် ဘရိုရှာ၏ စာမျက်နှာ ၁၈-၂၁ တွင်ရှု။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ