-
“အပြစ်ကြီးသော ဤအမှုကို” ဘယ်လိုလုပ် ကျူးလွန်နိုင်မှာလဲကင်းမျှော်စင်—၂၀၁၄ | နိုဝင်ဘာ ၁
-
-
ယောသပ် ပေးဆပ်လိုက်ရတဲ့အခကတော့ များလွန်းပါတယ်။ ပေါတိဖာရဲ့မိန်းမက ကလဲ့စားချေချင်တဲ့အတွက် ချက်ချင်းပဲ ငယ်သံပါအောင် အော်လိုက်တဲ့အခါ အိမ်ထဲကို အစေခံကျွန်တွေ ပြေးဝင်လာကြတယ်။ သူ့ကို ယောသပ်က သားမယားပြုကျင့်ဖို့ ကြိုးစားနေတုန်း အော်လိုက်မှ ထွက်ပြေးသွားတယ်ဆိုပြီး အစေခံကျွန်တွေကို လိမ်ညာပြောတယ်။ ဝတ်ရုံကို သက်သေအနေနဲ့သိမ်းထားပြီး ပေါတိဖာပြန်အလာကို စောင့်နေတယ်။ ပေါတိဖာလည်း ပြန်လာရော အစေခံကျွန်တွေကို ပြောတဲ့အတိုင်း ပြန်ပြောပြတယ်။ အိမ်ထဲကို လူမျိုးခြားတစ်ယောက် ခေါ်သွင်းထားလို့ ဒီလိုဖြစ်ရတာဆိုပြီး သူ့ယောက်ျားကို အပြစ်ပုံချခဲ့တယ်။ ဒါနဲ့ ပေါတိဖာ ဘာလုပ်လိုက်သလဲ။ “ယောသပ်ကို အမျက်ထွက်” ပြီး ထောင်ချလိုက်တယ်။—ကမ္ဘာဦး ၃၉:၁၃-၂၀။
ခြေကျင်းအခတ်ခံရ
အဲဒီခေတ်က အီဂျစ်အကျဉ်းထောင်တွေဟာ ဘယ်လိုပုံစံရှိတယ်ဆိုတာ ကျွန်ုပ်တို့ မသိပါဘူး။ ဒါပေမဲ့ ထောင်ခန်းတွေနဲ့ မြေအောက်ခန်းတွေပါတဲ့ ခံတပ်ကြီးလို အဆောက်အအုံတွေရဲ့ အပျက်အယွင်းတွေကို ရှေးဟောင်းသုတေသီတွေ တွေ့ရှိခဲ့ပါတယ်။ ယောသပ်ကလည်း အကျဉ်းထောင်ကို မူရင်းဟေဗြဲဘာသာစကားနဲ့ တွင်းလို့ ဖော်ပြခဲ့တယ်။ မှောင်မဲပြီး လွတ်လမ်းမရှိတဲ့နေရာလို့ အဓိပ္ပာယ်ရတယ်။ (ကမ္ဘာဦး ၄၀:၁၅) ထောင်ထဲမှာ ယောသပ် ညှဉ်းပန်းနှိပ်စက်မှုတွေ ခံခဲ့ရတဲ့အကြောင်း ဆာလံကျမ်းမှာ ဒီလိုဖော်ပြထားပါတယ်– “ယောသပ်သည် ခြေကျင်းအခတ်ခံရ၏။ သူ၏လည်တွင်လည်း သံလည်ပတ် အတပ်ခံရ၏။” (ဆာလံ ၁၀၅:၁၈၊ ၁၉၊ ခမ) အီဂျစ်လူတွေဟာ အကျဉ်းသားတွေရဲ့ လက်တံတောင်ဆစ်ကို နောက်ပြန်ကြိုးတုပ်တတ်ကြတယ်။ အကျဉ်းသားတချို့ရဲ့ လည်ပင်းမှာ သံလည်ပတ်စွပ်ထားတယ်။ မတရားညှဉ်းဆဲခံရတဲ့အတွက် ယောသပ်ခမျာ ဘယ်လောက်ထိ နာကျင်လိုက်မလဲ။ တကယ်တော့ အဲဒီလိုအပြစ်ဒဏ်ခံရလောက်တဲ့အထိ ယောသပ် ဘာမှမလုပ်ခဲ့ပါဘူး။
ယောသပ်ခံရတဲ့ ဆင်းရဲဒုက္ခဟာ ခဏပဲလည်း မဟုတ်ပါဘူး။ သူဟာ ‘ထောင်ထဲမှာ ဆက်နေရ’ တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ဆိုးဝါးလွန်းတဲ့အကျဉ်းထောင်ထဲမှာ နှစ်ပေါင်းများစွာ နေခဲ့ရတယ်။a ထောင်ထဲကနေ လွတ်မယ်မလွတ်ဘူးဆိုတာကို သူမသိဘူး။ ထောင်ထဲမှာ စိတ်ရောကိုယ်ပါဆင်းရဲခဲ့ရတဲ့ နေ့ရက်တွေဟာ အပတ်ပေါင်းများစွာ၊ လပေါင်းများစွာ ကြာလာတယ်။ အဲဒီအခါ ဝမ်းနည်းကြေကွဲပြီး စိတ်ပျက်လက်ပျက်နဲ့ ဘဝကို အရှုံးမပေးဘဲ သူဘယ်လိုတောင့်ခံခဲ့သလဲ။
-
-
“အပြစ်ကြီးသော ဤအမှုကို” ဘယ်လိုလုပ် ကျူးလွန်နိုင်မှာလဲကင်းမျှော်စင်—၂၀၁၄ | နိုဝင်ဘာ ၁
-
-
a ပေါတိဖာအိမ်ကို ရောက်စတုန်းက ယောသပ်ရဲ့အသက် ၁၇၊ ၁၈ နှစ်လောက်ပဲ ရှိသေးတယ်။ အဲဒီအိမ်မှာပဲ သူကြီးပြင်းလာခဲ့တဲ့အတွက် နှစ်အနည်းငယ်အထိ အဲဒီမှာ နေထိုင်ခဲ့တာဖြစ်နိုင်တယ်။ ထောင်ထဲက လွတ်လာချိန်မှာ သူ့အသက် ၃၀ ရှိနေပြီ။—ကမ္ဘာဦး ၃၇:၂; ၃၉:၆; ၄၁:၄၆။
-