ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယေဟောဝါ၏ချစ်ခင်ကြင်နာမှုမှ အကျိုးခံစားရခြင်း
    ကင်းမျှော်စင်—၂၀၀၂ | မေ ၁၅
    • ဘုရားသခင့်ချစ်ခင်ကြင်နာမှုက သက်သာရာရစေပြီး အကာအကွယ်ပေး

      ၁၁၊ ၁၂။ (က) ယောသပ်သည် အဘယ်စမ်းသပ်မှုများ ခံနေရစဉ် ယေဟောဝါ၏ချစ်ခင်ကြင်နာမှုကို ခံစားခဲ့ရသနည်း။ (ခ) ဘုရားသခင်သည် ယောသပ်၏အဖြစ်အပျက်တွင် ချစ်ခင်ကြင်နာမှုကို မည်သို့ဖော်ပြခဲ့သနည်း။

      ၁၁ ကမ္ဘာဦးအခန်းကြီး ၃၉ ကိုဆက်၍သုံးသပ်ကြည့်ကြစို့။ ၎င်းသည် အာဗြံဟံ၏မြစ်၊ အီဂျစ်ပြည်သို့ ကျွန်အဖြစ်ရောင်းချခံခဲ့ရသူယောသပ်အကြောင်းကို အဓိကထားသည်။ သို့သော် “ထာဝရဘုရားသည် ယောသပ်ဘက်မှာရှိတော်မူ . . . ၏။” (အခန်းငယ် ၁၊ ၂) အမှန်မှာ၊ ယောသပ်၏အီဂျစ်သခင် ပေါတိဖာပင်လျှင် ယောသပ်ဘက်၌ ယေဟောဝါရှိတော်မူသည်ဟု ကောက်ချက်ချခဲ့သည်။ (အခန်းငယ် ၃) သို့သော် ယောသပ်သည် အလွန်အရေးပါသောစမ်းသပ်မှုတစ်ခုကို ရင်ဆိုင်ခဲ့ရသည်။ သူသည် ပေါတိဖာ၏ဇနီးကို လိင်ဆိုင်ရာကျူးလွန်မှုပြုသည်ဟု မတရားစွပ်စွဲခံရပြီး ထောင်ချခံခဲ့ရသည်။ (အခန်းငယ် ၇-၂၀) “ထောင်ထဲမှာ” “သူ့ကိုခြေချင်းခတ်၍ သံနှင့်ညှဉ်းဆဲကြ၏။”—ကမ္ဘာဦး ၄၀:၁၅; ဆာလံ ၁၀၅:၁၈။

      ၁၂ အထူးခံရခက်သော ထိုအဖြစ်ဆိုး ကြုံတွေ့နေရစဉ် အဘယ်သို့ဖြစ်ပျက်ခဲ့သနည်း။ “ထာဝရဘုရားသည် သူ့ဘက်၌ရှိ၍ ကယ်မသနား [“ချစ်ခင်ကြင်နာမှုပြ၊” ကဘ] တော်မူ . . . ၏။” (အခန်းငယ် ၂၁က) ချစ်ခင်ကြင်နာမှုလုပ်ရပ်တစ်ခုက ယောသပ်ခံနေရသောအခက်အခဲများကို တဖြည်းဖြည်းရပ်စဲသွားစေသည့် ဆက်တိုက်အဖြစ်အပျက်များကို စတင်စေခဲ့၏။ ယေဟောဝါသည် ယောသပ်အား “ထောင်မှူးထံမျက်နှာရစေ” ခဲ့သည်။ (အခန်းငယ် ၂၁ခ) သို့ဖြစ်၍ ထောင်မှူးသည် ယောသပ်ကို တာဝန်ခံတစ်ဦးအဖြစ်ခန့်အပ်ခဲ့သည်။ (အခန်းငယ် ၂၂) ထို့နောက် အီဂျစ်ရှင်ဘုရင်ဖာရောရှေ့ရောက်စေခဲ့သူနှင့် ယောသပ်တွေ့ဆုံခဲ့သည်။ (ကမ္ဘာဦး ၄၀:၁-၄၊ ၉-၁၅; ၄၁:၉-၁၄) တစ်ဖန် ရှင်ဘုရင်သည် ယောသပ်ကို အီဂျစ်ပြည်၏ဒုတိယအုပ်စိုးရှင်အဖြစ် ခန့်အပ်လိုက်လေသည်၊ ယင်းကြောင့် အီဂျစ်ပြည်၌ အစာခေါင်းပါးသောအခါ အသက်ကယ်ဆယ်ရေးလုပ်ငန်းကို သူထမ်းဆောင်ခဲ့သည်။ (ကမ္ဘာဦး ၄၁:၃၇-၅၅) ယောသပ်သည် အသက် ၁၇ နှစ်အရွယ်မှစ၍ ဆင်းရဲခြင်းများကို ခံစားခဲ့ရာ တစ်ဆယ့်နှစ်နှစ်ကျော် ခံခဲ့ရသည်! (ကမ္ဘာဦး ၃၇:၂၊ ၄; ၄၁:၄၆) သို့သော် ဆင်းရဲခြင်းအမျိုးမျိုးခံနေရသည့် ထိုနှစ်များတစ်လျှောက် ယေဟောဝါဘုရားသခင်သည် ယောသပ်ကို ဘေးအန္တရာယ်အတိမရောက်စေဘဲ ဘုရားသခင့်ရည်ရွယ်ချက်တွင် ထူးခြားသောအခန်းကဏ္ဍမှ အမှုဆောင်ရန်သူ့ကိုကာကွယ်စောင့်ရှောက်ခြင်းအားဖြင့် မိမိ၏ချစ်ခင်ကြင်နာမှုကို ပြခဲ့သည်။

  • ယေဟောဝါ၏ချစ်ခင်ကြင်နာမှုမှ အကျိုးခံစားရခြင်း
    ကင်းမျှော်စင်—၂၀၀၂ | မေ ၁၅
    • ၁၆။ အာဗြံဟံ၊ ယောသပ်တို့အကြောင်းကို သမ္မာကျမ်းစာက အဘယ်နှစ်လိုဖွယ်အသုံးအနှုန်းများဖြင့် ဖော်ပြပြောဆိုသနည်း။

      ၁၆ အာဗြံဟံသည် ယေဟောဝါနှင့်ရင်းနှီးသောဆက်ဆံရေးရှိကြောင်း ကမ္ဘာဦး ၂၄ ကအတိအလင်းဖော်ပြသည်။ “ထာဝရဘုရားသည် အရာရာ၌ သူ့ကိုကောင်းချီးပေးတော်မူ” ကြောင်းပထမအခန်းငယ်ကဖော်ပြသည်။ အာဗြံဟံ၏ကျွန်က ယေဟောဝါအား “အကျွန်ုပ်၏သခင် အာဗြံဟံ၏ဘုရားသခင်” ဟုခေါ်ဆိုခဲ့သည်။ (အခန်းငယ် ၁၂၊ ၂၇) အာဗြံဟံသည် ‘ဖြောင့်မတ်သည်ဟုကြေညာခံရ’ ပြီး “‘ဘုရားသခင်၏အဆွေ’ ဟူ၍ ခေါ်ဝေါ်ခြင်းကိုခံရ” သည်ဟု တပည့်တော်ယာကုပ်ကဆို၏။ (ယာကုပ် ၂:၂၁-၂၃) ယောသပ်နှင့်ပတ်သက်၍လည်း ထိုနည်းတူပင်။ ယေဟောဝါနှင့် ယောသပ်၏ရင်းနှီးသောဆက်ဆံရေးကို ကမ္ဘာဦးအခန်းကြီး ၃၉ တစ်လျှောက်လုံးတွင် အလေးပေးဖော်ပြထားသည်။ (အခန်းငယ် ၂၊ ၃၊ ၂၁၊ ၂၃) ထို့အပြင် တပည့်တော်သတေဖန်က “ဘုရားသခင်သည် သူနှင့်အတူရှိတော်မူ” ၏ဟု ယောသပ်နှင့်စပ်လျဉ်း၍ဆို၏။—တမန်တော် ၇:၉၊ သမ္မာ။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ