ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၇ ၉/၁၅ စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပသခါပွဲဆိုတာ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
က၀၇ ၉/၁၅ စာ. ၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

ပသခါပွဲအတွင်း “တဆေးပါသောမုန့်ကို မစား” ရန် ဣသရေလလူတို့ကို ပညတ်ထားသော်လည်း ယေရှုသည် မိမိသေခြင်းအောက်မေ့ရာပွဲ ကျင်းပရာတွင် တဆေးဖောက်ထားသောစပျစ်ဝိုင်ကို အဘယ်ကြောင့် အသုံးပြုခဲ့သနည်း။—⁠ထွက်မြောက်ရာ ၁၂:၂၀; လုကာ ၂၂:၇၊ ၈၊ ၁၄-၂၀။

ဣသရေလလူမျိုးတို့ အီဂျစ်ပြည်မှထွက်လာသည့် အထိမ်းအမှတ်ဖြစ်သော ပသခါပွဲတော်ကို ဘီစီ ၁၅၁၃ တွင် စတင်ကျင်းပခဲ့၏။ ထိုပွဲကျင်းပပုံနှင့်ပတ်သက်၍ ယေဟောဝါ ဤသို့ညွှန်ကြားသည်– “သင်တို့နေရာအရပ်ရပ်တို့၌ တဆေးပါသောမုန့်ကို မစားရ။ တဆေးမပါသောမုန့်ကိုသာ စားရမည်။” (ထွက်မြောက်ရာ ၁၂:၁၁၊ ၂၀) ထိုတားမြစ်ချက်သည် ပသခါပွဲအတွင်း သူတို့စားသုံးမည့်မုန့်နှင့်သာ သက်ဆိုင်သည်။ စပျစ်ဝိုင်အကြောင်း မဖော်ပြထားပေ။

တဆေးကိုရှောင်ရသည့် အဓိကအကြောင်းရင်းမှာ ဣသရေလလူတို့သည် အီဂျစ်ပြည်မှ အမြန်ထွက်ခဲ့ရသောကြောင့်ဖြစ်သည်။ “ထိုလူတို့သည် တဆေးမရောသေးသောမုန့်စိမ်းကိုယူ၍ မုန့်နယ်သောခွက်တို့ကိုလည်း အဝတ်နှင့်တကွ ထုပ်၍ထမ်းကြ၏” ဟု ထွက်မြောက်ရာ ၁၂:၃၄ ကဆိုသည်။ နောက်ပိုင်းကျင်းပသည့် ပသခါပွဲများတွင် တဆေးကိုရှောင်ခြင်းက ထိုအရေးကြီးဖြစ်ရပ်ကို အနာဂတ်မျိုးဆက် အမှတ်ရနေစေရန်ဖြစ်သည်။

အတန်ကြာသော် တဆေးကို အပြစ် သို့မဟုတ် အကျင့်ပျက်ခြင်း၏အမှတ်လက္ခဏာအဖြစ် ရှုမြင်လာကြသည်။ ဥပမာ၊ ခရစ်ယာန်အသင်းတော်အတွင်းရှိ အကျင့်ပျက်သူတစ်ဦးကို ရည်ညွှန်းလျက် တမန်တော်ပေါလု ဤသို့ဆိုသည်– “အနည်းငယ်သောတဆေးသည် မုန့်စိမ်းတစ်ပုံလုံးကို ဖောင်းကြွစေတတ်သည်ကို မသိကြသလော။ သင်တို့သည် တဆေးမဲ့ဖြစ်သည်နှင့်အညီ အသစ်သောမုန့်စိမ်းဖြစ်မည်အကြောင်း ဟောင်းသောတဆေးကို သုတ်သင်ပယ်ရှင်းကြလော့။ အကြောင်းမူကား ခရစ်တော်တည်းဟူသော ငါတို့ပသခါသိုးသငယ်သည် ငါတို့အဖို့ယဇ်ပူဇော်ရာဖြစ်၏။ ထို့ကြောင့် ဟောင်းသောတဆေး၊ ဆိုးညစ်မိုက်မဲခြင်းတဆေးတို့ကို ပယ်ပစ်၍ တဆေးမဲ့မုန့်တည်းဟူသော ကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်းနှင့် ပွဲခံကြကုန်အံ့။” (၁ ကောရိန္သု ၅:၆-၈) ထို့ကြောင့် တဆေးမဲ့မုန့်သာလျှင် ယေရှု၏အပြစ်မဲ့ကိုယ်ခန္ဓာကို ပုံဆောင်နိုင်မည်ဖြစ်သည်။—⁠ဟေဗြဲ ၇:၂၆။

ပသခါပွဲ၌ စပျစ်ဝိုင်အသုံးပြုခြင်းကို နောက်ပိုင်းတွင် ဂျူးတို့ထပ်ဖြည့်စွက်ခဲ့သည်။ ဗာဗုလုန်သုံ့ပန်းဘဝမှပြန်လာစဉ် ထိုသို့ဖြည့်စွက်ခဲ့ပုံရသည်။ ယင်းသို့ဖြည့်စွက်ခြင်းကို သမ္မာကျမ်းစာက မတားမြစ်သောကြောင့် ပသခါပွဲတွင် စပျစ်ဝိုင်ကို ယေရှုအသုံးပြုခဲ့၏။ ရှေးခေတ်တွင် သဘာဝနည်းဖြင့် စပျစ်ရည်ကိုတဆေးဖောက်ပုံသည် မုန့်ကိုတဆေးဖောက်ပုံနှင့် မတူပေ။ မုန့်စိမ်းကို တဆေးဖောက်ရန် တဆေးထည့်ဖို့လိုသည်။ စပျစ်သီးကိုဝိုင်ပြုလုပ်ရန် တဆေးထည့်ဖို့မလိုပေ။ စပျစ်သီးတွင် တဆေးပေါက်စေသောဓာတ် ပါဝင်ပြီးဖြစ်သည်။ ပသခါပွဲကျင်းပချိန်တွင် လတ်ဆတ်သောစပျစ်ရည်ကို မရရှိနိုင်ပေ။ အကြောင်းမှာ စပျစ်ရည်သည် စပျစ်သီးဆွတ်ချိန်မှ ပသခါပွဲကျင်းပသော နွေဦးချိန်ရောက်လျှင် တဆေးပေါက်ပြီးသားဖြစ်သွားသောကြောင့်ဖြစ်၏။

ထို့ကြောင့် အောက်မေ့ရာပွဲအထိမ်းအမှတ်အဖြစ် စပျစ်ဝိုင်ကို ယေရှုအသုံးပြုခြင်းသည် တဆေးနှင့်ပတ်သက်သော ပသခါပွဲညွှန်ကြားချက်များနှင့် လုံးဝမဆန့်ကျင်ပေ။ ဆေးသကြားမရောထားသော၊ အရက်မရောထားသော၊ အနံ့အရသာမရောထားသော မည်သည့်စပျစ်ဝိုင်အနီကိုမဆို ခရစ်တော် “အသွေးတော်မြတ်” ၏အထိမ်းအမှတ်အဖြစ် အသုံးပြုနိုင်သည်။—⁠၁ ပေတရု ၁:⁠၁၉။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ