ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၉/၁ စာ. ၁၀-၁၅
  • လာလတံ့သော အနှစ်တစ်ထောင်အတွက် ယခုဖွဲ့စည်းခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လာလတံ့သော အနှစ်တစ်ထောင်အတွက် ယခုဖွဲ့စည်းခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခရစ်ယာန်အဖွဲ့အစည်းတော်
  • အနှစ်တစ်ထောင်အကြိုအဖွဲ့အစည်း
  • အနှစ်တစ်ထောင်အတွင်းသို့ကပ်ကျော်ဝင်ရောက်ရန် ဆက်လက်ဖွဲ့စည်းလျက်နေခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • အရေးပါသောထောင်စုနှစ်အတွက် ပြင်ဆင်လော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • မြွေ၏ခေါင်းကိုကြိတ်ခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၉/၁ စာ. ၁၀-၁၅

လာလတံ့သော အနှစ်တစ်ထောင်အတွက် ယခုဖွဲ့စည်းခြင်း

“ထိုသူတို့သည် . . . အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြလိမ့်မည်။”—ဗျာဒိတ် ၂၀:၆။

၁။ ယခုအချိန်မှစ၍ နောင်အနှစ်တစ်ထောင်ကျော်အကြာတွင် ကမ္ဘာ့အခြေအနေမည်သို့ရှိမည်နည်း။

ဘ ယ်လို။ အနှစ်တစ်ထောင်ကျော်အကြာတွင် ဤကမ္ဘာမြေကြီးပေါ်၌ လူသားများဆက်၍ရှိနေမည်ဟု ဆိုလိုသလော။ ထိုအတိုင်းအတိအကျဆိုလိုသည်။ ထိုမျှမကထိုအချိန်တွင် လူသားအပေါင်းသည် ကမ္ဘာတည်ဦးစက ပထမလူယောက်ျားနှင့် မိန်းမတို့ကဲ့သို့ ကိုယ်၊ စိတ်၊ နှလုံး၊ စုံလင်ကြလတံ့။ မှန်သည်၊ ယခုမှစ၍ အနှစ်တစ်ထောင်အကြာတွင် လူသားတို့သည် သူတို့၏ဘုရားသခင်၊ ပြန်လည်တည်ထောင်ပေးရှင်၏ ပုံသဏ္ဌာန်တော်အတိုင်း ဖြစ်လာကြမည်။ (ကမ္ဘာဦး ၁:၂၆-၃၀) သူတို့သည်လူဦးရေ ပြည့်ကျပ်ခြင်းရှိမည်မဟုတ်သော သန့်စင်ပြီးကမ္ဘာပေါ်ရှိ သာယာချမ်းမြေ့သည့် ပရဒိသု၊ ဧဒင်ဥယျာဉ်တွင်ဘဝကို အပြည့်အဝမွေ့လျော်ကြလတံ့။ (ကမ္ဘာဦး ၂:၁၅) ဤအရာအားလုံးသည် ကမ္ဘာနှင့်၄င်းအပေါ်တွင် နေထိုင်ကြမည့်သူတို့အတွက် ဖန်ဆင်းရှင်မူလက ကြံရွယ်ခဲ့သည့် ရည်ရွယ်ချက်ကို ပြည့်စုံစေရာရောက်ပေမည်။ ဤတင့်တယ်လှပသည့် ပြီးမြောက်အောင်မြင်မှုက ကိုယ်တော်သည် လူသားအပေါင်းအား ကောင်းချီးပေးမည်ဟူသော ကတိတော်ကိုအတိုက်အခံကြားမှ သစ္စာရှိသူအဖြစ် ထင်ရှားစေပေမည်။

၂။ လွန်ခဲ့သော ၁၉ ရာစုခန့်ကလူတို့သည် စုံလင်သောလူသားမည်သည့်ပုံစံရှိကြောင်း မည်သို့တွေ့မြင်ခဲ့ကြသနည်း။

၂ လွန်ခဲ့သော ၁၉ ရာစုကျော်က ကမ္ဘာပေါ်တွင်စုံလင်သောလူသားအဖြစ် ၃၃ နှစ်ခွဲကြာနေထိုင်ခဲ့သည့် ဘုန်းပွင့်သောသားတော်အားဖြင့် အုပ်ချုပ်သောအနှစ်တစ်ထောင်စိုးစံမှုကို အဆိုပါ ကောင်းချီးမင်္ဂလာဝေဖြာသော အောင်မြင်မှုက သရဖူဆောင်းစေလိမ့်မည်။ ထိုအချိန်က ကိုယ်တော်၏ပေါ်ထွန်းပုံအကြောင်းကို ဤသို့ဖတ်ရသည်။ “နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍ ခမည်းတော်၌တစ်ပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကိုငါတို့သည် မြင်ရကြပြီ။” (ယောဟန် ၁:၁၄) ထို့ကြောင့်ထိုစဉ်က ဣသရေလလူမျိုးတို့သည် ယေရှုခရစ်ကိုကြည့်၍ စုံလင်သောလူသား မည်သို့ပုံစံရှိကြောင်း တွေ့မြင်ခဲ့ကြသည်။ (လုကာ ၃:၂၃၊ ၃၈) မှန်သည်၊ လွန်ခဲ့သော ၁၉ ရာစုက လူအချို့တို့သည် လာလတံ့သောမြေကြီးပရဒိသုတွင် စုံလင်သောလူသားများသည် မည်သို့သောပုံစံရှိမည်ကို တွေ့မြင်ခဲ့ကြသည်။

၃၊ ၄။ (က) ယေရှုခရစ်နှင့် ၁၄၄၀၀၀ တို့အားဖြင့် ယေဟောဝါစိုးစံခြင်းသည် အမှန်စင်စစ်မည်မျှကြာမည်နည်း။ (ခ) ထိုအချိန်ကာလအတွက် အဘယ်အသုံးအနှုန်း အသုံးပြုထားသနည်း။ ကင်းမျှော်စင်စာပေအချို့၏ အမည်များကဤအချက်ကို မည်သို့ထင်ဟပ်စေခဲ့သနည်း။

၃ ယေရှုခရစ်နှင့်ဘုန်းပွင့်သော တပည့်တော် ၁၄၄၀၀၀ တို့အုပ်ချုပ်မည့်ယေဟောဝါနိုင်ငံတော်သည် နှစ်ပေါင်းတစ်ထောင်ကြာမြင့်မည်အကြောင်း တင်ကူးဟောပြောထားသည်။ ထိုအနှစ်တစ်ထောင် စိုးစံခြင်းအကြောင်းကို အသက်အရွယ်ကြီးသောတမန်တော်ယောဟန် ဤသို့ရေးသားခဲ့သည်။ “ပလ္လင်များကိုလည်းငါမြင်၏။ ပလ္လင်ပေါ်မှာထိုင်သောသူတို့သည် တရားစီရင်ရသောအခွင့်ကိုရကြ၏။ သားရဲနှင့်သူ၏ရုပ်တုကိုမကိုးကွယ်၊ သူ၏တံဆိပ်လက်မှတ်ကိုနဖူး၌မခံ၊ လက်၌မခံဘဲနေ၍ ယေရှု၏သက်သေခံတော်မူချက်နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကြောင့် လည်ပင်းဖြတ်ခြင်းကိုခံရသော သူတို့၏ဝိညာဉ်များကိုငါမြင်၏။ သူတို့သည်အသက်ရှင်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ၏။ (ကြွင်းသောလူသေတို့သည် ထိုအနှစ်တစ်ထောင်မကုန်မီ အသက်မရှင်ရကြ။) ဤထမြောက်ခြင်းကား ပထမထမြောက်ခြင်းဖြစ်သတည်း။ ပထမထမြောက်ခြင်းကို ဝင်စားသောသူသည် မင်္ဂလာရှိသောသူ၊ သန့်ရှင်းသောသူဖြစ်၏။ ထိုသို့သောသူသည် ဒုတိယသေခြင်း၏လက်နှင့်ကင်းလွတ်လျက် ဘုရားသခင်၏ယဇ်ပုရောဟိတ်ဖြစ်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြလိမ့်မည်။”—ဗျာဒိတ် ၂၀:၄-၆။

၄ သူတို့သည်နှစ်ပေါင်းတစ်ထောင် စိုးစံကြမည်ဖြစ်သောကြောင့် ထိုကာလကို ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်ခြင်းဟုခေါ်သည်။ ဤကျမ်းစာအယူဝါဒကို လက်ခံယုံကြည်၍သွန်သင်သူတို့ကို အနှစ်တစ်ထောင်ယုံကြည်သူများ သို့မဟုတ် အနှစ်တစ်ထောင်သမားများဟုခေါ်ကြသည်။ ဂရိစကားလုံး “တစ်ထောင်” ဟူသောစာလုံးမှဆင်းသက်ခြင်းဖြစ်သည်။ စိတ်ဝင်စားစရာကား ကျမ်းစောင်များ၌လေ့လာခြင်း (Studies in the Scriptures) (တစ်ချိန်က ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေခဲ့သည်) အတွဲတို့ကိုမူလကအနှစ်တစ်ထောင်အရုဏ်ဦး (Millennial Dawn) ဟုခေါ်ခဲ့သည်။ ၄င်းပြင်အပြည်ပြည်ဆိုင်ရာ ကျမ်းစာကျောင်းသားများ တစ်ချိန်ကအသုံးပြုခဲ့သည့် သီချင်းစာအုပ်ကို အနှစ်တစ်ထောင်အရုဏ်ဦးဓမ္မသီချင်း (Hymns of the Millennial Dawn) ဟုအမည်ပေးခဲ့သည်။

၅။ ခရစ်တော်စိုးစံရာအနှစ်တစ်ထောင်အတွင်း စာတန်နှင့်နတ်ဆိုးများ၏ အခြေအနေမည်သို့ရှိမည်နည်း။

၅ ဗျာဒိတ်ကျမ်း ၂၀:၄မှ “အနှစ်တစ်ထောင်” အသုံးအနှုန်းမှာ ပုံဆောင်ချက်မဟုတ်ဘဲ ပကတိအနှစ်တစ်ထောင်ကိုရည်ညွှန်းသည်။ ထိုအနှစ်တစ်ထောင်အတွင်း စာတန်မာရ်နတ်နှင့်လက်အောက်ခံနတ်ဆိုးတို့သည် တွင်းနက်ကြီးထဲရောက်နေကြမည်။ အကြောင်းမှာ ခရစ်တော်၏အနှစ်တစ်ထောင် စိုးစံခြင်းအကြောင်းမပြောမီ တမန်တော်ယောဟန်ကဤသို့ဆို၏။ “တစ်ဖန်ကောင်းကင်တမန်သည် အနက်ဆုံးသော တွင်း၏သော့နှင့် သံကြိုးကြီးကိုကိုင်လျက် ကောင်းကင်ကဆင်းသက်သည်ကို ငါမြင်၏။ ရှေးမြွေဟောင်းမာရ်နတ်စာတန် တည်းဟူသောနဂါးကိုကိုင်ဖမ်း၍ အနှစ်တစ်ထောင်ဖို့ချည်နှောင်လေ၏။ အနှစ်တစ်ထောင်မကုန်မီတိုင်အောင် လူအမျိုးမျိုးတို့ကို မလှည့်ဖြားရမည်အကြောင်း အနက်ဆုံးသောတွင်းထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခတ်လေ၏။ အနှစ်တစ်ထောင်ကုန်ပြီးမှ တစ်ဖန်ခဏလွှတ်ရဦးမည်။”—ဗျာဒိတ် ၂၀:၁-၃။

၆။ (က) ဗရင်ဂျီဘာသာဝင်အချို့က ခရစ်တော်အနှစ်တစ်ထောင်စိုးစံခြင်း အဘယ်ခုနှစ်တွင်ကုန်ဆုံးသည်ဟု ဆိုကြသနည်း။ (ခ) သူတို့အဆိုမှန်ခဲ့သည်ရှိသော် အဆုံးမရှိသောတွင်းမှစာတန်လွတ်လာသည့်အချိန် တစ်ခဏသည်မည်မျှကြာရှည်ခဲ့ပြီနည်း။

၆ ဗရင်ဂျီဘာသာဝင်အချို့က ယေရှုခရစ်၏အနှစ်တစ်ထောင်အုပ်စိုးခြင်းသည် ၁၇၉၉ ခုနှစ်တွင်အဆုံးတိုင်သွားသည်ဟု ဆိုကြသည်။ ထိုနှစ်တွင်ပြင်သစ်တပ်မတော်က ရောမကိုသိမ်းပိုက်၍ ပုပ်ရဟန်းမင်းကိုနန်းချကာ အကျဉ်းသားအဖြစ် ပြင်သစ်ပြည်သို့ ခေါ်ဆောင်သွားရာ ပြင်သစ်ပြည်တွင် ကွယ်လွန်သွားသည်။ ဗရင်ဂျီရဟန်းတို့က ထိုအချိန်မှစ၍ စာတန်နှင့်နတ်ဆိုးတို့သည် “အဆုံးမရှိသောတွင်း” သို့မဟုတ် “တွင်းနက်ကြီးမှ” လွှတ်လိုက်ပြီးလှည့်ဖြားခြင်းလုပ်ငန်းကို “တစ်ခဏမျှ” ပြန်လည်လုပ်ဆောင်လာသည် ဟုဆိုသည်။ (ဗျာဒိတ် ၂၀:၁-၃၊ ဗရင်ဂျီ. . .ဘာသာပြန်) ယင်းသည်မှန်ခဲ့သော် ထို “တစ်ခဏ” သည်နှစ်ပေါင်း ၁၉၀ ရှိနေပြီးဖြစ်သည့်ပြင် အဆုံးကိုလည်းမျှော်မှန်း၍မမြင်ရပေ။

၇။ ယေရှုခရစ်အနှစ်တစ်ထောင်စိုးစံရာအချိန်နှင့် ပကတိအချိန်တို့အကြောင်း သမ္မာကျမ်းစာဘာဖေါ်ပြသနည်း။

၇ သို့ရာတွင်သမ္မာကျမ်းစာအရဆိုလျှင် ယေရှုခရစ်၏စစ်မှန်သော အနှစ်တစ်ထောင်စိုးစံမှုမှာ အနာဂတ်မှာသာရှိသေးသည်။ မျက်မှောက်ခေတ်ကျမ်းစာပြည့်စုံချက်က ထိုကာလအလွန်နီးကပ်နေကြောင်း ပြသနေသည်။ စစ်မှန်သောအနှစ်တစ်ထောင်အတွင်း၌ စာတန်နှင့်နတ်ဆိုးတို့သည် အမှန်ပင်တွင်းနက်ကြီးအတွင်း ချထားခြင်းခံရမည်ဖြစ်ပြီး ယေရှုခရစ်နှင့်အမွေခံဘက် ၁၄၄၀၀၀ တို့သည်မာရ်နတ်အဖွဲ့အစည်း၏ အနှောင့်အယှက်ကင်းစွာနှင့် လူသားအပေါင်းတို့အား အုပ်ချုပ်သွားလတံ့။ “အဆွေတော်” အာဗြဟံနှင့်ယေဟောဝါဖွဲ့တော်မူသည့် ပဋိညာဉ်တရားအရ ကယ်တင်ခြင်းခံရသောလူသားတို့သည် ထာဝရကောင်းချီးမင်္ဂလာ ခံစားကြရလတံ့။ ထိုကောင်းချီးမင်္ဂလာသည် လက်ရှိဆိုးယုတ်သောစနစ်ကြီးကို အဆုံးတိုင်စေမည့်“ကြီးစွာသောဒုက္ခ” ကိုကပ်ကျော်မည့် “လူအုပ်ကြီး” ဖြင့်အစပြု၍ ယေရှုခရစ်တည်းဟူသော “သိုးသငယ်၏အသွေးတော်” ဖြင့်ရွေးနှုတ်ခြင်းခံရသည့် သန်းကုဋေများစွာသော သေလွန်သူတို့အထိ တိုးချဲ့သွားလိမ့်မည်။ (ယာကုပ် ၂:၂၁-၂၃။ ဗျာဒိတ် ၇:၁-၁၇။ ကမ္ဘာဦး ၁၂:၃။ ၂၂:၁၅-၁၈။ မဿဲ ၂၄:၂၁၊ ၂၂) ဤသို့ဖြစ်မြောက်လာရေးအတွက် ဤသူတို့သည်အောက်မေ့ရာသင်္ချိုင်းဂူများတွင် သေခြင်း၌အိပ်ပျော်နေရာမှ မြေကြီးပေါ်ရှင်ပြန်ထမြောက် လာကြလိမ့်မည်။—ယောဟန် ၅:၂၈၊ ၂၉။

ခရစ်ယာန်အဖွဲ့အစည်းတော်

၈။ သတ္တဝါသစ် (The New Creation) စာအုပ်ကအဘယ်အဖွဲ့အစည်းအကြောင်း ရေးသားခဲ့သနည်း။ သို့သော်အဘယ်အဖွဲ့အစည်းဆိုင်ရာလုပ်ငန်းကို တင်ကူး၍မမြင်ခဲ့သနည်း။

၈ ဘုရားသခင်၏ရည်ရွယ်ချက်ကို အကောင်အထည်ဖော်သွားရာတွင် ထိုကောင်းချီးမင်္ဂလာများမသက်ရောက်မီ ရာစုနှစ်များစွာကြိုတင်၍ အဖွဲ့အစည်းအသစ်တစ်ခု ပေါ်ပေါက်ခဲ့သည်။ ထိုအဖွဲ့အစည်းနှင့်စပ်လျဉ်း၍ ဤသို့ဖတ်ရသည်။ “ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းရှိသူသည် သတ္တဝါသစ်ဖြစ်၏။” “အရေဖျားလှီးမင်္ဂလာခံသည်မခံသည်မှာ အရေးမကြီးပါ။ သတ္တဝါသစ်ဖြစ်ခြင်းသာလျှင်အရေးကြီးပါ၏။” (၂ ကောရိန္သု ၅:၁၇။ ဂလာတိ ၆:၁၅။ သက) ၁၉၀၄ ခုနှစ်ကတည်းက သတ္တဝါသစ် (The New Creation) စာအုပ်က စီအီးပထမရာစုတွင် စတင်တည်ရှိလာသော ဤအဖွဲ့အစည်းအသစ်ကို အာရုံပြုစေခဲ့သည်။ (Studies in the Scriptures အတွဲ၆၊ အခန်း၅တွင် “သတ္တဝါသစ်ဆိုင်ရာအဖွဲ့အစည်းတော်” ခေါင်းစဉ်ပါရှိသည်) ၁၉၁၄ ခုနှစ်တွင် တစ်ပါးအမျိုးသားအချိန်ကာလ ကုန်ဆုံးခြင်းနှင့်စပ်လျဉ်းသော ၄င်းစာအုပ်၏ရှုမြင်သုံးသပ်ပုံကြောင့် လူ့သမိုင်းတွင်ပထမကမ္ဘာစစ်ကြီး၏ အနိဌာရုံနောက်၌ တစ်ဆက်တည်းလိုက်ပါလာမည့် ထူးခြားသည့်အဖွဲ့အစည်းဆိုင်ရာလုပ်ငန်းကို တင်ကူး၍မမြင်မိခဲ့ချေ။—လုကာ ၂၁:၂၄။

၉။ သတ္တဝါသစ်မှအကြွင်းအကျန်တို့သည် အဘယ်အရာကိုနိုင်နိုင်နင်းနင်း ဆောင်ရွက်ခဲ့ကြသနည်း။

၉ အဆိုပါဝိညာဏသတ္တဝါသစ်မှ အကြွင်းအကျန်များကို ၁၉၁၈ ခုနှစ်ပထမကမ္ဘာစစ် ပြီးစီးသည့်အချိန်အထိနှင့် အသက်ရှင်လျက်စစ်ပြီးခေတ် ၁၉၁၉ ခုနှစ်သို့ဝင်ရောက်စေခြင်းတို့မှာ အံ့ဖွယ်သရဲပင်ဖြစ်တော့သည်။ သို့သော်သာယာချမ်းမြေ့သော အနှစ်တစ်ထောင်အခြေအနေမှာ ပေါ်မလာသေးပေ။ ထို့ကြောင့်သတ္တဝါသစ်မှ အကြွင်းအကျန်တို့အနေဖြင့် ယေရှုခရစ်နှင့်အတူ အနှစ်တစ်ထောင်လုပ်ငန်းလုပ်ဆောင်ခြင်းဆိုင်ရာ သူတို့၏ကောင်းကင်မျှော်လင့်ချက် အကောင်အထည်မပေါ်မီ မြေကြီးပေါ်တွင် လုပ်စရာအလုပ်များစွာ ရှိသေးသည်မှာထင်ရှားသည်။ သို့ဖြစ်သောကြောင့် အရေးတကြီးလိုအပ်နေသောအရာမှာ အကြွင်းအကျန်တို့ကို နိုးကြားထကြွစေပြီး ပြန်လည်ဖွဲ့စည်းခြင်းပင်ဖြစ်သည်။ သို့နှင့်သူတို့သည် မိမိတို့ရှေ့တွင်ရှိသော လက်ငင်းလုပ်ရမည့် ရင်ဖိုဖွယ်လုပ်ငန်းကို စုစည်းခိုင်မာသောယုံကြည်ခြင်းနှင့် ထက်သန်သောအားမာန်တို့ဖြင့် နိုင်နိုင်နင်းနင်းဆောင်ရွက်ခဲ့ကြသည်။

၁၀။ အစီအစဉ်စနစ်သစ်ထဲသို့ အရှင်လတ်လတ်ဝင်ရောက်ရန် မျှော်လင့်သူသန်းပေါင်းများစွာနှင့်ပတ်သက်၍ အဘယ်မေးခွန်းများပေါ်ပေါက်သနည်း။

၁၀ လူသားတို့အထဲမှအချို့သည် ဤဆိုးယုတ်သောစနစ်ကြီး၏ ရုတ်တရက်ပျက်သုဉ်းခြင်းကိုကပ်ကျော်၍ ယေရှုခရစ်၏အနှစ်တစ်ထောင် စိုးစံခြင်းအတွင်းသို့ ဝင်ရောက်ကြမည်ကို ဘိသိက်ခံအကြွင်းအကျန်များ မျှော်လင့်ခဲ့ကြသည်။ အထူးသဖြင့်စစ်ဖြစ်နေဆဲ ၁၉၁၈ ခုနှစ်တွင်ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်းဂျလီစ်မြို့၌ဟောပြောခဲ့သော “ယခုအသက်ရှင်နေသော လူသန်းပေါင်းများစွာသည် ဘယ်တော့မျှမသေဘဲနေနိုင်သည်” ဟူသော လူထုဟောပြောချက်နောက်ပိုင်းမှစ၍ ဤသို့မျှော်လင့်ခဲ့ကြသည်။ လာလတံ့သောအာမဂေဒုန်ကိုကျော်မည့် သန်းပေါင်းများစွာသောသူတို့သည် စနစ်တကျဖွဲ့စည်းမှုရှိမည်လော။ (ဗျာဒိတ် ၁၆:၁၄-၁၆) ဤသူတို့သည် “ကမ္ဘာသစ်” ၏အစိတ်အပိုင်းအဖြစ် အနှစ်တစ်ထောင်အတွင်းမဝင်ရောက်မီ အကြွင်းအကျန်တို့နှင့်အတူ နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ကြမည်လော။ (၂ ပေတရု ၃:၁၃) စစ်ပြီးခေတ်ဖြစ်ပေါ်တိုးတက်မှုတို့က ဤမေးခွန်းတို့ကို ဖြေဆိုပေးလိမ့်မည်။

၁၁။ (က) အခြားသိုးများအနေဖြင့် အကြွင်းအကျန်တို့နှင့် သိုးအုပ်တစ်အုပ်ဖြစ်နိုင်ရန်၊ မည်သို့ပြုလုပ်ရမည်နည်း။ (ခ) အကြွင်းအကျန်တို့နှင့် အခြားသိုးများ မျှော်လင့်ချက်ကွဲပြားခြင်းသည် စိတ်ဝမ်းကွဲစရာအကြောင်း အဘယ်ကြောင့်မဟုတ်သနည်း။

၁၁ ကောင်းသောသိုးထိန်းယေရှုခရစ်၏ အောက်ပါစကားသည်ထိုက်ထိုက်တန်တန် အာရုံစိုက်ခြင်းခံလာရသည်။ “ဤသိုးခြံသို့မဝင်သော အခြားသိုးတို့ကိုလည်းငါပိုင်သေး၏။ ထိုသိုးတို့ကိုငါဆောင်ခဲ့ရမည်။ သူတို့သည်လည်းငါ့စကားသံကိုနားထောင်သဖြင့် သိုးခြံတစ်ခုသိုးထိန်းတစ်ပါးတည်း ရှိရလိမ့်မည်။” (ယောဟန် ၁၀:၁၆) ဘိသိက်ခံအကြွင်းအကျန်တို့အနေဖြင့် ၁၉၁၉ ခုနှစ်မှစ၍ စစ်ပြီးခေတ်လုပ်ငန်းအတွက် စနစ်တကျဖွဲ့စည်းရန်လိုလျှင်၊ နောက်ပိုင်းတွင်အခြားသိုးများသည် ၄င်းသိုးခြံတွင်အကြွင်းအကျန်တို့နှင့် သိုးအုပ်တစ်အုပ်တည်း ဖြစ်လာရမည်ဆိုလျှင် မည်သည့်အဓိပ္ပာယ်သက်ရောက်သနည်း။ အခြားသိုးများအနေဖြင့်လည်း အကြွင်းအကျန်တို့နှင့် တစ်ဖွဲ့တစ်စည်းတည်းရှိရမည် ဟူ၍အဓိပ္ပာယ်ရသည်။ အခြားသိုးများ၏မျှော်လင့်ချက်မှာ သာယာချမ်းမြေ့သော မြေကြီးပရဒိသုတွင် အသက်ရှင်ခြင်းဖြစ်ပြီး တစ်မျိုးစီဖြစ်စေကာမူ ယင်းသည်သူတို့နှင့် အကြွင်းအကျန်တို့၏စပ်ကြားတွင် စိတ်ဝမ်းကွဲစရာအကြောင်းမဟုတ်ပေ။ အားလုံးသည်တစ်ပါးတည်းသော သိုးထိန်း၏နောက်တော်သို့ လိုက်ကြသည်။ နိုင်ငံတော်တွင်ဘိသိက်ခံအကြွင်းအကျန်တို့ ဘုန်းဝင်စားချိန်တိုင်အောင် ၄င်းတို့အုပ်စုနှစ်ခုကြားတွင် ကွဲပြားမှုရှိလိမ့်မည်မဟုတ်ပေ။

၁၂။ (က) လူသားတို့၏ကယ်တင်ခြင်းထက် အဘယ်အရာသည်များစွာသာ၍ အရေးကြီးသနည်း။ (ခ) နိုင်ငံတော်အကြောင်းကြေညာခြင်းသည် အဘယ်အချိန်တွင်အရေးအကြီးဆုံး ဖြစ်လာသနည်း။ အဘယ်ကြောင့်နည်း။

၁၂ လူသားတို့ကိုအပြစ်နှင့်သေခြင်းမှကယ်တင်ခြင်း၊ စာတန့်လောကစိုးမိုးမှုကို အဆုံးသတ်ခြင်းနှင့်နာခံသောလူသားတို့ကို ကမ္ဘာချီ၍ပြန်လည်တည်ထောင်လာမည့် ပရဒိသုတွင်မူလအခြေအနေသို့ ပြန်လည်ရောက်ရှိခြင်းတို့သည် ယေဟောဝါ၏မေတ္တာပြည့်ဝသောရည်ရွယ်ချက်မှ ထူးခြားထင်ရှားသောကဏ္ဍများ ဖြစ်ပေသည်။ သို့သော်စကြဝဠာတစ်ပြင်လုံးတွင် များစွာသာ၍အရေးကြီးသည့် အရာတစ်ခုရှိနေသည်။ အဘယ်အရာနည်း။ ယေဟောဝါ၏စကြဝဠာအချုပ်အခြာ အာဏာပိုင်သမှုကို ထင်ရှားစေခြင်းနှင့်နာမတော်ကို သိဒ္ဓိတင်ခြင်းဖြစ်သည်။ စိုးစံလျက်ရှိသော ယေရှုခရစ်လက်ဝယ်ရှိ ယေဟောဝါနိုင်ငံတော်အကြောင်းကို အချိန်မီကြေညာရန်လိုကြောင်း ၁၉၂၂ ခုနှစ်၊ အိုဟိုင်းအိုပြည်နယ် စီဒါပွိုင့်မြို့၌နိုင်ငံတကာကျမ်းစာကျောင်းသားများ ဒုတိယအကြိမ်ကျင်းပသည့် စည်းဝေးပွဲကြီးတွင်အလေးအနက် ပဓာနပြုတင်ပြခဲ့သည်။ တစ်ပါးအမျိုးသားအချိန်ကာလသည် ၁၉၁၄ ခုနှစ်တွင်ကုန်ဆုံးခဲ့ပြီဖြစ်သဖြင့် ယခုအချိန်သည်ယေရှု၏ အောက်ပါပရောဖက်ပြုချက်ကို ပြီးမြောက်အောင်ဆောင်ရွက်ရမည့် အချိန်ဖြစ်ပေသည်။ “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ် ရှိသမျှတို့၌ဟောရလိမ့်မည်။ သို့ပြီးမှအဆုံးသည်ဖြစ်လတံ့။” (မဿဲ ၂၄:၁၄) ယေဟောဝါ၏စကြဝဠာ အချုပ်အခြာအာဏာပိုင်သမှုကို ထင်ရှားစေ၍ သန့်ရှင်းသောနာမတော်ကို သိဒ္ဓိတင်မည့် နိုင်ငံတော်သည် ၁၉၁၄ ခုနှစ်တွင် ကောင်းကင်ဘုံ၌ တည်ထောင်ပြီးဖြစ်သည်။ ယေရှုခရစ်လည်း ရန်သူတော်တို့အလယ်တွင် စိုးစံလျက်ရှိတော်မူ၏။ ရှင်ဘုရင်နှင့်နိုင်ငံတော်အကြောင်းကို ကြေညာရာတွင်ရနိုင်သမျှ နည်းလမ်းများဖြင့် ဤထူးမြတ်သောသတင်းကောင်းကို ဟောပြောအပ်ပေသည်။

၁၃။ နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းအတွက် ဘုရားသခင်အဘယ်အရာ ပြင်ဆင်ပေးတော်မူသနည်း။ အဘယ်ကြောင့်နည်း။

၁၃ ယေဟောဝါသည် အမြင့်ဆုံးသောအရှင်ဖြစ်သောကြောင့် ကိုယ်တော်သည် စကြာဝဠာနှင့်ချီ၍ စည်းရုံးသောအရှင်ဖြစ်တော်မူ၏။ ဤစနစ်၏အဆုံးမတိုင်မီ ကမ္ဘာတစ်ဝှန်း နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းကို စနစ်တကျဖွဲ့စည်းရန် ထိုစဉ်က ကိုယ်တော်အာရုံပြု လုပ်ဆောင်တော်မူ၏။ ထို့ကြောင့်သက်ရှိထင်ရှားလျက်ရှိသော ဘိသိက်ခံအကြွင်းအကျန်တို့သည် ကိုယ်တော်.အလိုတော်ကို ပြီးမြောက်စေရေးအတွက် သွေးစည်းခိုင်မာလျက်နေကြသည်။ ဤသူတို့အနေဖြင့် ယေဟောဝါ၏စကြာဝဠာအချုပ်အခြာအာဏာတော်ကို စာတန်စိန်ခေါ်ခဲ့ခြင်းကိုထောက်၍ ထိုအချုပ်အခြာအာဏာတော်၏ အမှန်တည်ရှိခြင်းနှင့်ပိုင်သမှုတို့ကို ထာဝစဉ်ထင်ရှားစေရန် ကမ္ဘာသို့ ကြေညာကြရမည်ဖြစ်သည်။

အနှစ်တစ်ထောင်အကြိုအဖွဲ့အစည်း

၁၄။ (က) ကျွန်ုပ်တို့ခေတ်သက္ကရာဇ်မတိုင်မီက အဘယ်အဖွဲ့အစည်းသည် ယေဟောဝါစကြဝဠာအဖွဲ့အစည်းတော်၏ မြေကြီးဆိုင်ရာအပိုင်းဖြစ်ခဲ့သနည်း။ (ခ) ဒါဝိဒ်သည်အဘယ်သို့ ထူးခြားထင်ရှားသော စည်းရုံးသူဖြစ်သနည်း။

၁၄ ကျွန်ုပ်တို့ခေတ်သက္ကရာဇ်မတိုင်မီ ၁၅ ရာစုနှစ်အတွင်း မြေကြီးပေါ်၌ ယေဟောဝါ၏ မျက်မြင်ရအဖွဲ့အစည်းတော်ရှိခဲ့သည်။ သမ္မာကျမ်းစာသမိုင်းတွင် ပထမကမ္ဘာ့အင်ပါယာဖြစ်သော အီဂျစ်နိုင်ငံမှ ဣသရေလလူမျိုးကို ကယ်နှုတ်ပြီးနောက်သူတို့ကို စည်းရုံးဖွဲ့စည်းရာတွင် ဖျန်ဖြေစေ့စပ်ရေးမှူးအဖြစ် ပရောဖက်မောရှေအားကိုယ်တော် အသုံးပြုတော်မူ၏။ မောရှေပညတ်အောက်တွင် ဣသရေလလူမျိုးသည်ယေဟောဝါ၏ စကြဝဠာအဖွဲ့အစည်းတော်မှ မျက်မြင်ရအပိုင်းဖြစ်လာသည်။ ဘုရားရှင်ရွေးချယ်ခံရသော လူမျိုးတော်အနက်ထင်ရှားသော စည်းရုံးသူတစ်ဦးမှာ သိုးထိန်းရှင်ဘုရင်ဒါဝိဒ်ဖြစ်သည်။ သူ့အကြောင်းဤသို့ဖတ်ရ၏။ “ဒါဝိဒ်သည် [ယေဟောဝါ၏သန့်ရှင်းရာဌာနတော်၌ အမှုထမ်းဆောင်သည့်] လေဝိသားဂေရရှုံ၊ ကောဟတ်၊ မေရာရိအမျိုးအသီးသီးတို့ကိုခွဲထား၍ တစ်မျိုးတစ်ခြားစီ သင်းဖွဲ့စေ၏။” “စာရေးတံပြုလျက် [ယဇ်ပုရောဟိတ်တို့ကို] အသီးအခြားခွဲထား၍ ဗိမာန်တော်ဆိုင်ရာအကြီးအကဲ၊ ဘုရားသခင့်ဆိုင်ရာအကြီးအကဲတို့ကို ဧလာဇာအနွယ်နှင့်ဣသမာအနွယ်ထဲက ရွေးယူ၏။”—၁ ရာဇဝင်ချုပ် ၂၃:၃၊ ၆။ ၂၄:၁၊ ၅။

၁၅။ (က) ဣသရေလလူမျိုးသည် အီဂျစ်ပြည်မှအဘယ်နည်းဖြင့် ထွက်ခွာခဲ့ကြသနည်း။ (ခ) မည်သူတို့လည်းအီဂျစ်ပြည်မှထွက်ခွာရန် ဆုံးဖြတ်ကြသနည်း။ ဣသရေလလူမျိုးနှင့် ဆက်လက်နေထိုင်ခဲ့သလော။

၁၅ ဒါဝိဒ်ခေတ်မတိုင်မီ နှစ်ရာစုပေါင်းများစွာကဣသရေလလူမျိုး အီဂျစ်ပြည်မှထွက်ခွာကြစဉ်တွင် သူတို့သည်သွေးရူးသွေးတန်းနှင့် ကစဉ့်ကလျားအလုအယက် ထွက်ပြေးကြသည်မဟုတ်ဘဲ စည်းကမ်းတကျနှင့် ထွက်ခွါခဲ့ကြသည်။ ဤအချက်ကဖျန်ဖြေစေ့စပ်ရေးမှူးမောရှေ၏ ကောင်းစွာစည်းရုံးနိုင်သောစွမ်းရည်ကိုဖော်ညွှန်းသည်။ ဣသရေလလူမျိုးမဟုတ်သော လူအုပ်ကြီးလည်း လိုက်ပါခဲ့ကြသည်။ အီဂျစ်ပြည်၏နတ်ဘုရားအားလုံးထက် တန်ခိုးကြီးမားပြီး အံ့ဖွယ်တန်ခိုးအမျိုးမျိုး ပြသတော်မူသည့် ဘုရားသခင်ယေဟောဝါ-၏လူမျိုးတော်နှင့် အတူတကွနေသွားရန် သူတို့ရွေးချယ်ခဲ့သည်။ အခက်အခဲအမျိုးမျိုးရင်ဆိုင်ရစေကာမူ ယေဟောဝါ၏ရွေးချယ်ခံလူမျိုးတော်အပေါ် စေတနာကောင်းထားရှိသောအဆိုပါ “ရောနှောသောလူအုပ်ကြီး” သည်အချိန်အတန်ကြာပြီးနောက်၌ပင် သိနကျွန်းဆွယ်၏စိုးရွံ့ဖွယ်ကောင်းသော တောကန္တာရကြီးတွင်ဣသရေလလူမျိုးနှင့်အတူရှိနေတုံးပင်။ (ထွက်မြောက်ရာ ၁၂:၃၇-၅၁။ တောလည်ရာ ၁၁:၄) ထိုရောနှောသောလူအုပ်ကြီးသည် ဣသရေလလူမျိုးနှင့်အတူ မောရှေ၏နောက်ဆက်ခံယောရှု၏ ဦးဆောင်မှုအောက်တွင် ကတိထားရာပြည်တော်သို့ ဝင်ခဲ့ကြမည်မှာထင်ရှားသည်။ အဘယ်ကြောင့်ဆိုသော် ထိုဧည့်သည်အာဂန္တုအတွက် အစီအစဉ်များပြုလုပ်ပေးရန် ဣသရေလလူများအား ဘုရားရှင်မိန့်တော်မူခဲ့၍ဖြစ်သည်။

၁၆။ (က) ရောနှောသောလူအုပ်ကြီးသည် မည်သူတို့ကိုပုံခိုင်းသနည်း။ (ခ) ဤစနစ်၏အဆုံးကို ကပ်ကျော်နိုင်ရန် ဤသူတို့ဘာလုပ်ရမည်နည်း။

၁၆ ဖာရောမင်းအုပ်ချုပ်သည့်အီဂျစ်ပြည်မှ ထွက်ခွာခဲ့ကြသော ထိုရောနှောသောလူအုပ်ကြီးသည် ဤ ၂၀ ရာစုလူအုပ်ကြီးကိုပုံဆောင်သည်။ သူတို့သည်ဝိညာဏဣသရေလလူမျိုးမဟုတ်ကြဘဲ သိုးထိန်းကောင်းယေရှုခရစ်၏ အခြားသိုးများဖြစ်ကြသည်။ သူတို့သည်ဘိသိက်ခံအကြွင်းအကျန်တို့နှင့်အတူ ပုံဆောင်ရာအီဂျစ်ပြည်တည်းဟူသော သာ၍ကြီးမြတ်သည့်ဖာရောစာတန်မာရ်နတ်ကို ဘုရားအဖြစ်ထားသော ဤလောကစနစ်ကြီးမှ အပြီးအပိုင်ကယ်နှုတ်ခြင်းကို စောင့်ရှောက်နေကြသည်။ (ယောဟန် ၁၀:၁၆။ ၂ ကောရိန္သု ၄:၄။ ဗျာဒိတ် ၇:၉) သို့သော်လည်း စာတန့်လောကဟောင်းကြီး၏ပျက်စီးခြင်းကို ကပ်ကျော်ကာ သာ၍ကြီးမြတ်သည့် ယောရှုဖြစ်သောယေရှုခရစ်၏ လက်အောက်ရှိကတိထားရာ ကမ္ဘာသစ်အတွင်းသို့ ဝင်ရောက်နိုင်ရေးအတွက် သူတို့ ဘာလုပ်ကြရမည်နည်း။ (၂ ပေတရု ၃:၁၃) ယေဟောဝါ၏မျက်မြင်ရအဖွဲ့အစည်းတော်၏ အချက်အချာဖြစ်သော ဘိသိက်ခံအကြွင်းအကျန်တို့၏ အဖွဲ့အစည်းဆိုင်ရာ အစီအစဉ်များအတိုင်း တစ်သမတ်တည်း လိုက်နာကြရပေမည်။

၁၇။ ကစဉ့်ကရဲဖြစ်နေသောကမ္ဘာတွင် လူအုပ်ကြီးအဝင်တို့သည် မည်သို့ပြုမူကြသနည်း။ အဘယ်အရာကိုသူတို့ မျှော်လင့်စောင့်စားနေကြသနည်း။

၁၇ အထူးသဖြင့်ဤ ၂၀ ရာစု၏စတုတ္ထနှစ်ဝက်မှစ၍ အခြားသိုးများမှလူအုပ်ကြီးကို သိုးအုပ်တစ်အုပ်အတွင်းသို့ ဆောင်သွင်းလာခဲ့သည်။ ထိုသိုးအုပ်မှာဘုန်းပွင့်သော သိုးထိန်းတစ်ပါးတည်းဟူသော စိုးစံလျက်ရှိသည့်ရှင်ဘုရင်ယေရှုခရစ် လက်အောက်တွင်စနစ်တကျဖွဲ့စည်းထားသော သိုးအုပ်ဖြစ်သည်။ ကုလသမဂ္ဂအဖွဲ့အစည်းကြီးရှိပါလျက်ကယ် ဤလောကကြီးသည် ပို၍ပို၍သာ ကစဉ့်ကရဲဖြစ်လာသည်။ ထိုသို့သောလောကကြီးတွင် နေထိုင်ကြသောလူအုပ်ကြီးဝင်တို့သည် ဘိသိက်ခံအကြွင်းအကျန်တို့ကို စိတ်နှလုံးအကြွင်းမဲ့ထောက်ခံကြခြင်းအားဖြင့် ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်၏ စည်းလုံးစေနိုင်သည့်တန်ခိုးကို ထင်ရှားပေါ်လွင်စေသည်။ သူတို့သည်ယေရှုခရစ်စိုးစံရာ အနှစ်တစ်ထောင်အတွင်း အထူးတာဝန်ထမ်းဆောင်ခွင့်ကို မျှော်လင့်လျက်အကြွင်းအကျန်တို့နှင့် ခိုင်မာစွာဖွဲ့စည်းလျက်ရှိသွားရန် သန္နိဌာန်ချထားကြသည်။

သင်မည်သို့သဘောရသနည်း

▫ ယေရှုခရစ်၏အနှစ်တစ်ထောင်စိုးစံခြင်း အချိန်နှင့်ပကတိအခြေအနေတို့နှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက ဘာဖေါ်ပြထားသနည်း။

▫ လူသားများ၏ကယ်တင်ခြင်းထက် များစွာသာ၍အရေးကြီးသည့်အရာကား အဘယ်နည်း။

▫ ကျွန်ုပ်တို့ခေတ်သက္ကရာဇ်မတိုင်မီက အဘယ်အဖွဲ့အစည်းသည် ယေဟောဝါ၏စကြဝဠာအဖွဲ့အစည်းတော်၏ မြေကြီးဆိုင်ရာအပိုင်း ဖြစ်လာခဲ့သနည်း။

▫ ရောနှောသောလူအုပ်ကြီးပုံဆောင်သူတို့သည် အနှစ်တစ်ထောင်စိုးစံရာကာလအတွင်းသို့ မည်သို့ကပ်ကျော်ဝင်ရောက်ကြသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ