ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၄၄
  • ဘုရားသခင်က သင့်ကံကြမ္မာကို ထိန်းချုပ်ထားသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်က သင့်ကံကြမ္မာကို ထိန်းချုပ်ထားသလား
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာဖြေဆိုရာ
  • ဘုရားသခင်က အရာရာကို မထိန်းချုပ်ထားဘူးလား
  • သင့်အနာဂတ်ကို ဘုရားသခင် ကြိုတင်သတ်မှတ်ထားသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ဆုလက်ဆောင်ကို တန်ဖိုးထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ခပ်သိမ်းသောအမှုအရာအတွက် အချိန်ရှိ၏
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ကံကြမ္မာအယူကို ကျမ်းစာသွန်သင်ပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၄၄

လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး သမ္မာကျမ်းစာက ဘာပြောသလဲ။ ဘုရားသခင်က သင့်ကံကြမ္မာကို ထိန်းချုပ်ထားသလား။

သမ္မာကျမ်းစာဖြေဆိုရာ

ဘုရားသခင် ဒါမှမဟုတ် ကံကြမ္မာက ကျွန်ုပ်တို့ဘာတွေလုပ်ရမယ်ဆိုတာကို ကြိုတင်ပိုင်းဖြတ်ထားတာမျိုး မရှိပါဘူး။ အဲဒီအစား ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချနိုင်ခွင့်ဆိုတဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို ပေးထားခြင်းအားဖြင့် ကိုယ်တော် ကျွန်ုပ်တို့ကို ဂုဏ်တင်ပါတယ်။ သမ္မာကျမ်းစာမှာ ဘယ်လိုဖော်ပြထားသလဲဆိုတာကို သုံးသပ်ကြည့်ကြရအောင်။

  • ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို ကိုယ်တော်ရဲ့ ဂုဏ်ရည်တော်နဲ့အညီ ဖန်ဆင်းထားပါတယ်။ (ကမ္ဘာဦး ၁:၂၆) ဒါကြောင့် ကျွန်ုပ်တို့ဟာ ပင်ကိုအသိစိတ်နဲ့ လုပ်ဆောင်တဲ့ တိရစ္ဆာန်နဲ့မတူဘဲ ဖန်ဆင်းရှင်လို မေတ္တာနဲ့ တရားမျှတမှု တင်ပြနိုင်ကြတယ်။ အဲဒီအပြင် ဖန်ဆင်းရှင်လိုပဲ ကျွန်ုပ်တို့ဟာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိကြတယ်။

  • ကျွန်ုပ်တို့ဟာ အတိုင်းအတာတစ်ခုထိတော့ ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်နိုင်တယ်။ ဘုရားပညတ်ကို နားထောင်ပြီး ‘အသက်ရှင်ခြင်းကို ရွေးယူ’ ဖို့ သမ္မာကျမ်းစာမှာ အားပေးထားတယ်။ (တရားဟောရာ ၃၀:၁၉၊ ၂၀) လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် မရှိဘူးဆိုရင် အဲဒီလိုပြောတာက အဓိပ္ပာယ်မရှိတဲ့အပြင် ရက်စက်ရာတောင် ကျတယ်။ ဘုရားသခင်က မိမိပြောတာကို အတင်းအကျပ်လုပ်စေမယ့်အစား ဒီလိုလှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ထားတယ်– ‘သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါစေသော။ သို့ပြုလျှင် သင်၏ချမ်းသာသည် မြစ်ကဲ့သို့ဖြစ်လိမ့်မည်။’—ဟေရှာယ ၄၈:၁၈။

  • ကျွန်ုပ်တို့ရဲ့ အောင်မြင်မှု၊ ဆုံးရှုံးမှုကို ကံကြမ္မာက ကြိုတင်မပိုင်းဖြတ်ထားပါဘူး။ အလုပ်တစ်ခု အောင်မြင်ချင်တယ်ဆိုရင် ကြိုးကြိုးစားစားလုပ်ရမယ်။ “ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအားထုတ်၍ ဆောင်ရွက်လော့” လို့ကျမ်းစာမှာ ပြောထားတယ်။ (ဒေသနာ ၉:၁၀) နောက်ပြီး ‘လုံ့လဝီရိယပြုသောသူ၏ အကြံအစည်သည် ကြွယ်ဝပေ၏’ လို့လည်း ပြောထားတယ်။—သုတ္တံ ၂၁:၅။

လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်က ဘုရားသခင်ဆီကရတဲ့ အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ဖြစ်တယ်။ အဲဒီလိုရွေးချယ်ပိုင်ခွင့်ရှိလို့ပဲ ဘုရားသခင်ကို “စိတ်နှလုံးအကြွင်းမဲ့” ချစ်မြတ်နိုးနိုင်ကြတယ်။—မဿဲ ၂၂:၃၇။

ဘုရားသခင်က အရာရာကို မထိန်းချုပ်ထားဘူးလား

သမ္မာကျမ်းစာမှာ ဘုရားသခင်ကို အနန္တတန်ခိုးရှင်လို့ ပြောထားပါတယ်။ ဒါကြောင့် ကိုယ်တော်ကလွဲလို့ ဘယ်သူကမှ ကိုယ်တော့်တန်ခိုးကို မထိန်းချုပ်နိုင်ပါဘူး။ (ယောဘ ၃၇:၂၃; ဟေရှာယ ၄၀:၂၆) ဒါပေမဲ့ ကိုယ်တော်က အရာရာကို လိုက်ပြီး ထိန်းချုပ်ဖို့ ကိုယ်တော့်တန်ခိုးကို အသုံးမပြုပါဘူး။ ဥပမာ၊ ကိုယ်တော့်လူမျိုးရဲ့ရန်သူ ရှေးဗာဗုလုန်နဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် “ချုပ်တည်း” ခဲ့တယ် လို့ကျမ်းစာမှာ ပြောထားတယ်။ (ဟေရှာယ ၄၂:၁၄၊ သမ္မာ) ဒီနေ့အချိန်မှာလည်း လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်တဲ့သူတွေကို ဘုရားသခင် သည်းခံနေတယ်။ ဒါပေမဲ့ အမြဲသည်းခံမှာတော့ မဟုတ်ပါဘူး။—ဆာလံ ၃၇:၁၀၊ ၁၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ