ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၅/၁ စာ. ၈-၉
  • ဗာရှန်—မြေသြဇာကောင်းရာ အချက်အချာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဗာရှန်—မြေသြဇာကောင်းရာ အချက်အချာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၅/၁ စာ. ၈-၉

ကတိထားရာနယ်မြေမှမြင်ကွင်းများ

ဗာရှန်—မြေသြဇာကောင်းရာ အချက်အချာ

သမ္မာကျမ်းစာဖတ်နေစဉ်၊ သင်ပုံမဖေါ်နိုင်သော နေရာအများ၏ အမည်များတွေ့ရပါသလော။ ဗာရှန်ကို ကျမ်းပိုဒ်သုံးနေရာတွင် တွေ့ရမည်။ (မိက္ခာ ၇:၁၄။ နာဟုံ ၁:၄။ ဇာခရိ ၁၁:၂) ဗာရှန် (Bashan) ကို သင့်စိတ်မျက်စိဖြင့်မြင်နိုင်လျှင် ယင်းနှင့်အခြားစိတ်ဝင်စားဖွယ် ကျမ်းပိုဒ်များသည် ပို၍အဓိပ္ပာယ်ရှိပေမည်။

ဗာရှန်သည် ဘယ်နေရာတွင်ရှိသနည်း။ သတင်းစာမြေပုံများတွင် သင်သတိပြုမိမည်ဖြစ်သည့်အတိုင်း ယင်းကိုဂိုလန်ကုန်းမြင့် (Golan Heights)နှင့်အတူတွေ့နိုင်သည်။ ဗာရှန်သည် ဂါလိလဲပင်လယ်နှင့် ယော်ဒန်ချိုင့်ဝှမ်းတို့၏ အရှေ့ဘက်တွင်ရှိသည်။ ယင်းသည် ဟေရမုန် (Hermon) တောင်၏ မြောက်ဘက်ယာမွတ်ခ်မြစ် (Yarmuk) (ယောဒန်နှင့်ဆီးရီးယားကြား လက်ရှိနယ်စပ်) မှအစပြုသည်။

ရှေးဣသရေလများ ကတိထားရာပြည်သို့မဝင်မီ သူတို့သည် ဗာရှန်ဘုရင်မဟာသြဃ၏ ခါနန်တပ်ကို နိုင်နင်းခဲ့ရသည်။ ယင်းနောက် ဗာရှန်နယ်အများကို မနာရှေအမျိုးက ပိုင်ဆိုင်ခဲ့သည်။ (တရားဟောရာ ၃:၁-၇၊ ၁၁၊ ၁၃။ တောလည်ရာ ၃၂:၃၃။ ၃၄:၁၄) ဤကျမ်းဆိုင်ရာနယ်မြေများသည် မည်သို့ပုံပန်းရှိသနည်း။ ယင်း၏တောင်ပေါ်ဒေသများတွင် တောအုပ်များရှိသော်လည်း ဗာရှန်ဒေသအများသည် ကုန်းပြန့်၊ ကုန်းပြင်မြင့်ဖြစ်သည်။

ဗာရှန်သည် အမှန်ပင် အစာခြင်းတောင်းဖြစ်သည်။ ဒေသအများကို စားကျက်ကောင်း သို့မဟုတ် စားကျက်မြေက ဖုံးလွှမ်းထားသောကြောင့်ဖြစ်သည်။ (ယေရမိ ၅၀:၁၉) ဖေါ်ပြပါပုံများက ဗာရှန်နှင့်စပ်လျဉ်း၍ ကျမ်းဖေါ်ပြချက်အချို့ကို သင့်စိတ်ထဲပေါ်လာစေပေမည်။a“ဗာရှန်ဥသဘများ” အကြောင်း အများဖတ်ဖူးကြသည်။ (ဆာလံ ၂၂:၁၂) မှန်ပါသည်။ ရှေးအချိန်က ဤဒေသသည် အားသန်လှသော နွားထီးပျိုများအပါအဝင် တိရစ္ဆာန်များဖြင့်ကျော်ကြားခဲ့သည်။ ထောပတ်နှင့်နို့ လှိုင်လှိုင်ထွက်သော သိုးဆိတ်များ ဖြစ်ထွန်းရာ နေရာလည်းဖြစ်သည်။—တရားဟောရာ ၃၂:၁၄။

ယင်းသည်ယော်ဒန်အရှေ့ဘက် အလွန်ခြောက်သွေ့ရာနေရာဟု အများယူဆသော ဒေသတွင်တည်ရှိလျက်နှင့် ဗာရှန်သည် အဘယ်ကြောင့်မြေသြဇာကောင်းရသနည်းဟု သင်တွေးတောမိမည်။ အမှန်မှာ အနောက်ဘက်ရှိ ဂါလိလဲတောင်ကုန်းများသည် နိမ့်သောကြောင့် မြေထဲပင်လယ်မှမိုးတိမ်များသည် ယင်းတို့အပေါ်ဖြတ်သွားကာ ဗာရှန်အပေါ်လုံလောက်သောမိုး ရွာချလေသည်။ ထို့ပြင် ဟေရမုန်တောင်မှ ရေခိုးရေငွေ့လေနှင့် စမ်းချောင်းများစီးဆင်းလာသည်။ ထိုအဖိုးတန်လှသော ရေခိုးရေငွေ့နှင့် ဗာရှန်တွင်တွေ့ရသော မြေသြဇာကောင်းလှသည့် ချော်ပြာများ ပေါင်းစပ်လိုက်သောအခါ မည်မျှကောင်းလိုက်မည်ဖြစ်ခြင်းကို စဉ်းစားကြည့်ပါ။ ယင်းဒေသတွင် အသီးအနှံများ လှိုင်လှိုင်ထွက်သည်။ ရောမများအတွက် အဓိကအစာဌာနမဖြစ်မီ အချိန်များစွာကတည်းက ဗာရှန်သည် ရှောလမုန်၏စားပွဲများအတွက် ရိက္ခာများပို့ခဲ့ရသည်။ ထို့ကြောင့်ပင် ဘုရားသည် မိမိကယ်နှုတ်ခဲ့သော လူမျိုးအတွက် ပြင်ဆင်ပေးချက်ကို နောက်ပိုင်းတွင် ဤသို့ပြောရန် အကြောင်းကောင်းများရှိခဲ့သည်။ “ရှေးကာလ၌ရှိသကဲ့သို့ ဗာရှန်ပြည်နှင့်ဂိလဒ်ပြည်၌ ကျက်စားရသောအခွင့်ကိုပေးတော်မူပါ။”—မိက္ခာ ၇:၁၄။ ၃ ဓမ္မရာဇဝင် ၄:၇၊ ၁၃။

ထိုသို့သောထွက်နှုန်းကောင်းမှုကိုသိထားခြင်းဖြင့် ဘုရားမျက်နှာသာမရခြင်းကြောင့် မည်သို့ဖြစ်လာမည့်အပေါ် နာဟုံ၏နာကြည်းဖွယ်တင်ပြချက်ကို သဘောပေါက်နိုင်သည်။ “ဗာရှန်တောင်နှင့်ကရမေလတောင် [မြေထဲပင်လယ်အနီးရှိ စိမ်းလန်းသောတောင်များ] တို့သည် ညှိုးနွမ်းကြ၏။ လေဗနုန်အပွင့်လည်းညှိုးနွမ်း၏။”—နာဟုံ ၁:၄ခ။

ဗာရှန်ကိုဤသို့သုံးသပ်ခြင်းဖြင့် ကျမ်းစာရှိ အချို့ပိတ်ထားသော မြင်ကွင်းများကို ပို၍လွယ်ကူစွာမြင်ယောင်လာမည်။ ဥပမာ၊ ဗာရှန်ဒေသများတွင် ပေါက်သောဂျုံစပါးကဲ့သို့ အသီးအနှံများရိတ်သိမ်းခြင်းကို သင်ဖတ်ဖူးပေမည်။ ဂျုံစပါးရိတ်သိမ်းခြင်းသည် ပူနွေးသောကာလဖြစ်သည့် ဣရာနှင့်စီဗန် (ဂျူးပြက္ခဒိန်၊ ဧပြီလ၊ မေလနောက်ဆုံးပိုင်းနှင့် ဇွန်လစောစောပိုင်းကျရောက်) တွင်ဖြစ်သည်။ ဤကာလပိုင်းတွင် သီတင်းပတ်များပွဲတော် (ပင်တေကုတ္တေ) ကျင်းပသည်။ ယင်း၏တစ်စိတ်တစ်ပိုင်းအနေနှင့် ဂျုံစပါးရိတ်သိမ်းခြင်းမှ အဦးသီးသောအသီးများကို ဆက်ကပ်ပြီး သိုး၊ ဆိတ်၊ နွားများကို ပူဇော်ခဲ့ကြသည်။ တိရစ္ဆာန်များကို ဗာရှန်မှယူလာခြင်းဖြစ်နိုင်ပါမည်လော။—ထွက်မြောက်ရာ ၃၄:၂၂။ ဝတ်ပြုရာ ၂၃:၁၅-၁၈။

ရိတ်သိမ်းချိန်တွင် လုပ်သားများသည် ထောင်နေသောဂျုံစပါးကို အထက်တွင်တွေ့ရသော သစ်သားလက်ကိုင်မပါသည့် သံတံစဉ်ကဲ့သို့သောအရာဖြင့် ရိတ်ကြသည်။ (တရားဟောရာ ၁၆:၉၊ ၁၀၊ ၂၃:၂၅) ထို့နောက်ကောက်လှိုင်းများကို တလင်းပြင်သို့ ယူဆောင်သွားပြီး သီးနှံများချွေရန် သစ်သားစွတ်ဖား (အောက်တွင် ခဲများထည့်ထားသည်) နှင့်နင်းချေသည်။ (ရုသ ၂:၂-၇၊ ၂၃၊ ၃:၃၊ ၆။ ဟေရှယ ၄၁:၁၅) ဂိုလန်ကုန်းပြင်တွင် ရိုက်ထားသော ဤပုံကိုကြည့်ရှုစဉ် “စပါးနင်းနယ်သောနွား၏နှုတ်ကို မချုပ်တည်းရ”ဟူသည့် ဘုရား၏အဓိပ္ပာယ်ပါသော ဥပဒေကိုသင်သတိရပေမည်။ —တရားဟောရာ ၂၅:၄။ ၁ ကောရိန္သု ၉:၉။

ရှေးဗာရှန်သည် လက်ဝဲဘက်တွင် ဖေါ်ပြထားသည့်အတိုင်း သပိတ်ပင်တောအုပ်အများပါဝင်သော နယ်မြေများရှိသည်ကို သတိရပါ။ ဇိဒုန်ပြည်သားတို့သည် ဗာရှန်မှခိုင်မာသောသပိတ်သားဖြင့် တက်များပြုလုပ်ခဲ့ကြသည်။ (ယေဇကျေလ ၂၇:၆) သို့သော်လည်း ထို့သို့သော ‘ဗာရှန်တောအုပ် မထိုးဖောက်နိုင်သောသစ်တော’ ပင်ဘုရားအမျက်ကို မခံမရပ်နိုင်ချေ။ (ဇာခရိ ၁၁:၂ NW၊ ဟေရှာယ ၂:၁၃) ထိုသို့သောသစ်ပင်များကိုမြင်ခြင်းက ပြေးလွှားနေသောတပ်အတွက်ပြဿနာဖြစ်နိုင်ကြောင်းတွေ့နိုင်သည်။ အဗရှလုံဖြစ်သကဲ့သို့ တစ်ဦးတည်းစီးနင်းနေသူပင်လျှင် သစ်ကိုင်းများတွင် ငြိသွားနိုင်သည်။—၂ ဓမ္မရာဇဝင် ၁၈:၈၊ ၉။

ကတိထားရာနယ်မြေမှ ဗာရှန်သည် ကျမ်းဆိုင်ရာဖြစ်ပျက်မှုအများ ဖြစ်ပျက်ရာမဟုတ်သော်လည်း ယင်းမှမြင်ကွင်းများသည် ကျမ်းရည်ညွှန်းချက်များအပေါ် ကျွန်ုပ်တို့နားလည်မှုကို တိုးပွားစေပါသည်။

[အောက်ခြေမှတ်ချက်များ]

a 1989 Calendar of Jehovah’s Witnesses ကိုလည်းကြည့်ပါ။

[Picture Credit Line on page 8]

Pictorial Archive (Near Eastern History) Est.

[Picture Credit Lines on page 9]

Pictorial Archive (Near Eastern History) Est.

Inset: Badè Institute of Biblical Archaeology

Pictorial Archive (Near Eastern History) Est.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ