ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၅၀
  • မိသားစု ပျော်ရွှင်နိုင်ပုံ​—အပိုင်း ၂

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိသားစု ပျော်ရွှင်နိုင်ပုံ​—အပိုင်း ၂
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • မိဘတို့၊ သားသမီးတွေ ယေဟောဝါကို ချစ်လာဖို့ ကူညီပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • မိဘတို့—သင်တို့၏သားသမီးကိုမေတ္တာဖြင့် လေ့ကျင့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ဝိညာဉ်ရေးခိုင်ခံ့သောမိသားစု တည်ဆောက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • မိဘတို့၊ ယေဟောဝါကို ချစ်လာအောင် သားသမီးတွေကို လေ့ကျင့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၅၀
သင်ခန်းစာ ၅၀။ လှပတဲ့ ကန်ဘေးမှာ စကားဝိုင်းဖွဲ့နေတဲ့ မိသားစု။

သင်ခန်းစာ ၅၀

မိသားစု ပျော်ရွှင်နိုင်ပုံ​—အပိုင်း ၂

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

သားသမီးတွေဟာ ယေဟောဝါပေးတဲ့ လက်ဆောင်ပါ။ ဒီလက်ဆောင်ကို မိဘတွေ ပြုစုစောင့်ရှောက်ဖို့ ဘုရား ဆန္ဒရှိတယ်။ ဒါကြောင့် ဘယ်လို စောင့်ရှောက်ရမလဲဆိုတာ အကြံပေးထားတယ်။ မိသားစု ပျော်ရွှင်ဖို့ သားသမီးတွေ ဘာလုပ်နိုင်တယ်ဆိုတာကိုလည်း အကြံပေးထားတယ်။

၁။ မိဘတွေကို ယေဟောဝါ ဘာအကြံဉာဏ် ပေးထားသလဲ။

သားသမီးတွေကို ချစ်ဖို့၊ အတတ်နိုင်ဆုံး အချိန်ပေးဖို့ ယေဟောဝါ လိုလားတယ်။ အန္တရာယ်တွေကို ကာကွယ်ပေးပြီး ကျမ်းစာမူတွေအတိုင်း လေ့ကျင့်ပေးစေချင်တယ်။ (ပညာအလိမ္မာ ၁:၈) “ယေဟောဝါ မိန့်မှာတဲ့အတိုင်း [သားသမီးတွေကို] ပြုစုပျိုးထောင်ကြပါ” ဆိုပြီး ဖခင်တွေကို မှာကြားတယ်။ (ဧဖက် ၆:၄ ကို ဖတ်ပါ။) သားသမီး ပြုစုပျိုးထောင်တဲ့အခါ ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို လိုက်နာရင်၊ ဒီတာဝန်ကို ခေါင်းမရှောင်ဘူးဆိုရင် ယေဟောဝါ ပျော်ရွှင်မယ်။

၂။ သားသမီးတွေကို ယေဟောဝါ ဘာအကြံဉာဏ် ပေးထားသလဲ။

“သားသမီးတို့၊ မိဘစကားကို အရာရာမှာ နာခံကြပါ” လို့ ယေဟောဝါ မှာကြားတယ်။ (ကောလောသဲ ၃:၂၀ ကို ဖတ်ပါ။) မိဘကို ရိုသေလေးစားပြီး နာခံမယ်ဆိုရင် ယေဟောဝါကော မိဘတွေပါ ပျော်ရွှင်တယ်။ (ပညာအလိမ္မာ ၂၃:​၂၂-၂၅) ယေရှုက သားသမီးတွေအတွက် ပုံသက်သေကောင်း ပြခဲ့တယ်။ ပြည့်ဝစုံလင်သူဖြစ်ပေမဲ့ မိဘကို ရိုသေလေးစားပြီး နာခံတယ်။​—လုကာ ၂:​၅၁၊ ၅၂။

၃။ မိသားစုလိုက် ဘုရားသခင်နဲ့ ဘယ်လို ရင်းနှီးနိုင်မလဲ။

သင်ဟာ မိဘဖြစ်မယ်ဆိုရင် သားသမီးတွေကို သင့်လိုပဲ ယေဟောဝါကို ချစ်တဲ့သူ ဖြစ်စေချင်မှာပဲ။ ဘယ်လို လုပ်နိုင်မလဲ။ ‘[ယေဟောဝါရဲ့စကားကို] သားသမီးတွေ စိတ်စွဲမှတ်သွားအောင် သွန်သင်ပေးရမယ်။ အိမ်မှာ ထိုင်တဲ့အခါ၊ လမ်းလျှောက်တဲ့အခါ ပြောပြရမယ်’ ဆိုတဲ့ ကျမ်းစကားကို လိုက်နာပါ။ (တရားဟောရာ ၆:၇) “စိတ်စွဲမှတ်သွားအောင် သွန်သင်” ဆိုတာ အထပ်ထပ် သင်ပေးတာကို ဆိုလိုတယ်။ သားသမီးတွေ မှတ်မိအောင် အထပ်ထပ် ပြောပြရမယ်။ ဒီကျမ်းချက်အရ အခွင့်အရေး ရရင်ရသလို သားသမီးတွေကို ယေဟောဝါအကြောင်း မှန်မှန် သင်ပေးသင့်တယ်။ ပတ်စဉ် မိသားစုလိုက် ကျမ်းစာလေ့လာဖို့ အချိန်ဖယ်ထားတာ ကောင်းတယ်။ သားသမီး မရှိရင်လည်း အချိန်ယူပြီး ပတ်စဉ် ကျမ်းစာလေ့လာမယ်ဆိုရင် အကျိုးရှိပါတယ်။

ရှာဖွေလေ တွေ့ရှိလေ

အေးချမ်းလုံခြုံပြီး ပျော်ရွှင်တဲ့ မိသားစုဘဝအတွက် လက်တွေ့ကျ အကြံပြုချက်တွေကို သုံးသပ်ပါ။

၄။ သားသမီးတွေကို မေတ္တာနဲ့ လေ့ကျင့်ပေးပါ

သားသမီးကို လေ့ကျင့်ပေးဖို့ ခက်နိုင်တယ်။ ကျမ်းစာက ဘယ်လို ကူညီနိုင်သလဲ။ ယာကုပ် ၁:၁၉၊ ၂၀ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • သားသမီးကို စကားပြောတဲ့အခါ မိဘတွေ ဘယ်လို မေတ္တာပြနိုင်သလဲ။

  • ဒေါသထွက်နေချိန်မှာ ဘာကြောင့် သားသမီးကို မဆုံးမသင့်သလဲ။a

ဘောလုံးကိုင်ထားတဲ့ သားငယ်ကို ဖခင်က ဆောင့်ကြောင့်ထိုင်ပြီး စကားပြောနေ။ ကြမ်းပြင်မှာ ပန်းအိုး ကျကွဲ။

၅။ သားသမီးတွေကို ကာကွယ်ပေးပါ

သားသမီးကို ကာကွယ်တဲ့အနေနဲ့ လိင်အကြောင်း ပြောပြထားဖို့ အရေးကြီးတယ်။ ပြောဖို့ ခက်နိုင်တယ်။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ။

ဗီဒီယို။ ကလေးတွေကို မကောင်းမှုကနေ ကာကွယ်ပါ (၂:၅၈)

  • သားသမီးတွေကို လိင်အကြောင်း ပြောပြဖို့ မိဘတချို့ ဘာကြောင့် အခက်တွေ့ကြသလဲ။

  • မိဘတချို့ ဘယ်နည်းတွေသုံးပြီး သားသမီးတွေကို လိင်အကြောင်း ပြောပြသလဲ။

ကျမ်းစာကြိုဟောထားသလိုပဲ စာတန့်လောကဟာ ဆိုးသည်ထက် ဆိုးလာတယ်။ ၂ တိမောသေ ၃:၁၊ ၁၃ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • အခန်းငယ် ၁၃ မှာ ဖော်ပြထားတဲ့ ဆိုးညစ်သူတချို့က ကလေးတွေကို လိင်ဆိုင်ရာ မတော်မတရား ပြုကျင့်ကြတယ်။ ဒါကြောင့် သားသမီးတွေကို လိင်အကြောင်း သင်ပေးဖို့၊ မတော်မတရားပြုသူတွေ ရန်ကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်အောင် သင်ပေးဖို့ ဘာကြောင့် အရေးကြီးသလဲ။

စိတ်ဝင်စားစရာအချက်

သားသမီးတွေကို လိင်အကြောင်း သင်ပေးဖို့၊ မဖွယ်မရာပြုသူတွေ ရန်ကနေ ကာကွယ်တတ်အောင် သင်ပေးဖို့ မိဘတွေအတွက် အောက်ပါစာပေတွေကို ယေဟောဝါသက်သေတွေ ထုတ်ဝေထားတယ်။

  • သင့်ကလေးတွေကို ကာကွယ်ပါ (ဗီဒီယို)

  • ကြီးမြတ်သောဆရာထံမှ သင်ယူပါ၊ အခန်း ၁၀ နဲ့ ၃၂

  • “လိင်မှုကိစ္စအကြောင်း သားသမီးတွေကို သွန်သင်ပေးပါ” (နိုးလော့! အမှတ် ၅၊ ၂၀၁၆)

၆။ မိဘကို ရိုသေလေးစားပါ

သားသမီးတွေ၊ ဆယ်ကျော်သက်တွေဟာ မိဘကို စကားပြောတဲ့အခါ ရိုသေလေးစားကြောင်း ပြနိုင်ပါတယ်။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ။

ဗီဒီယို။ မိဘတွေနဲ့ ဘယ်လို စကားပြောနိုင်သလဲ (၂:၁၉)

  • မိဘကို ရိုရိုသေသေ စကားပြောတာက ဘာကြောင့် အကျိုးရှိသလဲ။

  • မိဘကို စကားပြောတဲ့အခါ ရိုသေကြောင်း ဘယ်လို ပြနိုင်သလဲ။

ပညာအလိမ္မာ ၁:၈ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ကိုယ့်မိဘ အကြံပေးတဲ့အခါ ဘယ်လို တုံ့ ပြန်သင့်သလဲ။

၇။ မိသားစုလိုက် ယေဟောဝါကို ဝတ်ပြုပါ

ယေဟောဝါသက်သေတွေဟာ မိသားစုလိုက် ဝတ်ပြုဖို့ ပတ်စဉ် အချိန်ဖယ်ထားကြတယ်။ မိသားစုဝတ်ပြုမှုကို ဘယ်လို လုပ်ကြသလဲ။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ။

ဗီဒီယို။ မိသားစုဝတ်ပြုမှု​—အခက်အခဲနဲ့ ဆုကျေးဇူးများ (၈:၀၄)

  • မိသားစုဝတ်ပြုမှုကို ဘယ်လို ပုံမှန်လုပ်နိုင်သလဲ။

  • မိသားစုဝတ်ပြုမှုကို လက်တွေ့ကျကျ၊ ပျော်စရာကောင်းအောင် ဘယ်လို လုပ်နိုင်သလဲ။​—ဒီသင်ခန်းစာအဖွင့်ရုပ်ပုံကို ကြည့်ပါ။

  • မိသားစုလိုက် လေ့လာဖို့ ဘာကြောင့် ခက်နိုင်သလဲ။

ရှေးခေတ် အစ္စရေးမိသားစုတွေ ဘုရားရဲ့စကားကို အတူဆွေးနွေးကြဖို့ ယေဟောဝါ မိန့်မှာတယ်။ တရားဟောရာ ၆:၆၊ ၇ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဒီကျမ်းစာမူကို ဘယ်လို လိုက်နာနိုင်သလဲ။

မိသားစုဝတ်ပြုမှုအတွက် အကြံပြုချက်များ

  • အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ပါ။

  • မိသားစု ကြိုက်မယ့် ကျမ်းစာမှတ်တမ်းကို ဖတ်ပြီး ဆွေးနွေးပါ။

  • ကလေးငယ် ရှိရင် jw.org ထဲက ကလေးများအတွက် လုပ်ဆောင်စရာကို ကူးယူပါ၊ ပရင့်ထုတ်ပါ။

  • ဆယ်ကျော်သက်တွေ ရှိရင် jw.org ထဲက ဆယ်ကျော်သက်များအတွက် ဆောင်းပါးတစ်ခု ဆွေးနွေးပါ။

  • ကလေးတွေနဲ့အတူ ကျမ်းစာဇာတ်လမ်းတစ်ခု သရုပ်ဆောင်ပါ။

  • jw.org ထဲက ဗီဒီယိုတစ်ခုကို ကြည့်ပြီး ဆွေးနွေးပါ။

လူတချို့ အဆို။ “ကျမ်းစာက ကလေးတွေအတွက် ခက်လွန်းတယ်။”

  • သင်ကော ဘယ်လို ထင်သလဲ။

အနှစ်ချုပ်

မိဘတွေဟာ သားသမီးကို ချစ်ဖို့၊ လေ့ကျင့်ဖို့၊ ကာကွယ်ဖို့၊ သားသမီးတွေလည်း မိဘကို ရိုသေပြီး မိဘစကား နားထောင်ဖို့၊ မိသားစုလိုက် အတူဝတ်ပြုကြဖို့ ယေဟောဝါ လိုလားတယ်။

ပြန်လည်သုံးသပ်ခြင်း

  • သားသမီးကို မိဘတွေ ဘယ်လို လေ့ကျင့်၊ ကာကွယ်ပေးနိုင်သလဲ။

  • မိဘကို ရိုသေကြောင်း ဘယ်လို ပြနိုင်သလဲ။

  • ပတ်စဉ် မိသားစုဝတ်ပြုမှုအတွက် အချိန်ဖယ်ထားရင် ဘာအကျိုးရှိသလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ကလေးတွေကို လူကြီးဘဝအတွက် ဘာတွေ ပြင်ဆင်ပေးနိုင်သလဲ။

“ကလေးတွေ သင်ယူရမယ့် သင်ခန်းစာ ခြောက်ခု” (နိုးလော့! အမှတ် ၂၊ ၂၀၁၉)

ပြုစုစောင့်ရှောက်သူတွေအတွက် လက်တွေ့ကျ ကျမ်းစာအကြံပြုချက်တွေကို လေ့လာပါ။

“သက်ကြီးမိဘတွေကို ပြုစုစောင့်ရှောက်ခြင်းအကြောင်း ကျမ်းစာ ဘာပြောသလဲ” (ဝက်ဘ်ဆိုက် ဆောင်းပါး)

ကလေးပြုစုစောင့်ရှောက်နည်း မသိတဲ့ အမျိုးသားတစ်ဦး ဖခင်ကောင်းဖြစ်လာပုံကို ကြည့်ပါ။

ယေဟောဝါရဲ့သွန်သင်နည်းအတိုင်း မိသားစုကို ပြုစုပျိုးထောင်ခဲ့ (၅:၅၈)

သားအဖတွေ ပိုရင်းနှီးလာနိုင်ပုံကို သုံးသပ်ပါ။

“ဖခင်များ၊ သားတွေနဲ့ ဘယ်လို ရင်းရင်းနှီးနှီး နေနိုင်မလဲ” (ကင်းမျှော်စင် နိုဝင်ဘာ ၁၊ ၂၀၁၁)

a ကျမ်းစာမှာပါတဲ့ “ဆုံးမ” ဆိုတဲ့ စကားလုံးက သွန်သင်၊ လမ်းညွှန်၊ ပဲ့ပြင်တာကို ဆိုလိုတယ်။ ရက်ရက်စက်စက် ရိုက်နှက်တာကို မဆိုလိုဘူး။​—ပညာအလိမ္မာ ၄:၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ