-
အခြားသူတို့ကို ယေဟောဝါရှုမြင်တော်မူ သကဲ့သို့ ကြိုးစားရှုမြင်လော့ကင်းမျှော်စင်—၂၀၀၃ | မတ် ၁၅
-
-
အခြားသူတို့ကို ယေဟောဝါရှုမြင်တော်မူ သကဲ့သို့ ကြိုးစားရှုမြင်လော့
“ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။”—၁ ဓမ္မရာဇဝင် ၁၆:၇။
၁၊ ၂။ ဧလျာဘကို ယေဟောဝါရှုမြင်ပုံကား ရှမွေလရှုမြင်ပုံနှင့် မည်သို့ခြားနားသနည်း၊ ၎င်းမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။
ဘီ.စီ.အီး. ၁၁ ရာစုတွင် ယေဟောဝါသည် ပရောဖက်ရှမွေလကို လျှို့ဝှက်တာဝန်တစ်ခုထမ်းဆောင်ရန် စေလွှတ်ခဲ့သည်။ ယေရှဲအမည်ရှိသူတစ်ဦး၏အိမ်သို့သွား၍ သူ့သားတစ်ဦးကို ဣသရေလမင်းလောင်းအဖြစ် ဆီသွန်းလောင်းရန် ထိုပရောဖက်အား ကိုယ်တော်အမိန့်ပေးခဲ့၏။ ရှမွေလသည် ယေရှဲ၏သားဦး ဧလျာဘကို မြင်မြင်ချင်းပင် ဘုရားသခင်ရွေးချယ်သူကို မိမိတွေ့ရှိပြီဟု အခိုင်အမာယူမှတ်ခဲ့သည်။ သို့သော် ယေဟောဝါက ဤသို့မိန့်တော်မူသည်– “သူ၏မျက်နှာ၊ သူ၏အရပ်ကို မကြည့်မရှုနှင့်။ သူ့ကိုငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့မြင်တော်မူသည်မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကိုကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကိုကြည့်ရှုတတ်သည်။” (၁ ဓမ္မရာဇဝင် ၁၆:၆၊ ၇) ရှမွေလသည် ဧလျာဘကို ယေဟောဝါမြင်တော်မူသကဲ့သို့ မရှုမြင်ချေ။a
-
-
အခြားသူတို့ကို ယေဟောဝါရှုမြင်တော်မူ သကဲ့သို့ ကြိုးစားရှုမြင်လော့ကင်းမျှော်စင်—၂၀၀၃ | မတ် ၁၅
-
-
a လူချောဧလျာဘသည် ဣသရေလလူတို့အတွက် သင့်တော်သောဘုရင်အရည်အချင်းများမရှိကြောင်း နောက်ပိုင်းတွင် ထင်ရှားလာသည်။ ဖိလိတ္တိလူ့ဘီလူးကြီးဂေါလျတ်သည် စစ်ပွဲ၌ ဣသရေလလူတို့ကို စိန်ခေါ်သောအခါ ဧလျာဘနှင့် အခြားဣသရေလလူတို့သည် အလွန်ကြောက်ရွံ့၍ ဝပ်နေခဲ့ကြသည်။—၁ ဓမ္မရာဇဝင် ၁၇:၁၁၊ ၂၈-၃၀။
-