-
“သစ္စာကတိပြုသည်အတိုင်း ဝတ်ကို ဖြေလော့”ကင်းမျှော်စင် (လေ့လာရန် စာစောင်)—၂၀၁၇ | ဧပြီ
-
-
၇။ (က) ဟန္န ဘယ်လို သစ္စာကတိပြုခဲ့သလဲ။ ဘာဖြစ်ခဲ့သလဲ။ (ခ) ဟန္နရဲ့ သစ္စာကတိဟာ ရှမွေလအတွက် ဘာအဓိပ္ပာယ် ရှိသလဲ။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။)
၇ ဟန္နလည်း ယေဟောဝါဆီ သစ္စာကတိပြုထားတဲ့အတိုင်း သစ္စာရှိရှိ လုပ်ဆောင်ခဲ့တယ်။ အမြုံဘဝနဲ့ မပြတ်ကြုံနေရတဲ့ ကဲ့ရဲ့မှုကြောင့် စိတ်သောက ရောက်နေချိန်မှာ သူကတိပြုခဲ့တယ်။ (၁ ရာ. ၁:၄-၇၊ ၁၀၊ ၁၆) ‘အိုကောင်းကင်ဗိုလ်ခြေအရှင် ယေဟောဝါ၊ ကိုယ်တော်၏ကျွန်မကို မေ့လျော့တော်မမူဘဲ ကိုယ်တော်ကျွန်မ၏ ဆင်းရဲခြင်းကို ကြည့်ရှုအောက်မေ့သဖြင့် သားယောက်ျားကို ပေးသနားတော်မူလျှင် သူ၏ဆံပင်ရိတ်ခြင်းကို အလျှင်းမပြု။ တစ်သက်လုံး ယေဟောဝါ၏ကျွန် ဖြစ်စေခြင်းငှာ ကျွန်မအပ်ပါမည်’ ဆိုပြီး ဘုရားသခင်ဆီ သစ္စာကတိပြုခဲ့တယ်။a (၁ ရာ. ၁:၁၁) ဟန္နရဲ့ အသနားခံချက် ဖြေကြားခံရပြီး သားဦးလေး မွေးလာတယ်။ သူ သိပ်ပျော်မှာပဲ။ ဒါပေမဲ့ ဘုရားသခင်ဆီ ပြုထားတဲ့ သစ္စာကတိကို မမေ့ပါဘူး။ သားလေး မွေးချိန်မှာ “ယေဟောဝါဘုရားဆီမှာ တောင်းလို့ ရလာတဲ့သားပဲ” လို့ ပြောခဲ့တယ်။—၁ ရာ. ၁:၂၀၊ ကဘ။
-