-
ဘုရားသခင်ဆီ သူရင်ဖွင့်ဆုတောင်းခဲ့သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
-
-
၉။ ရှိလောမြို့ကိုသွားတဲ့ လမ်းခရီးမှာ ပေနိန္န ဘယ်လိုလုပ်မယ်ဆိုတာ ဟန္န သိနေလျက်နဲ့ လိုက်လာတာကနေ ဘာသင်ခန်းစာ ရသလဲ။
၉ နံနက်စောစောကတည်းက တစ်မိသားစုလုံး အလုပ်ရှုပ်နေကြတယ်။ ကလေးတွေကအစ အားလုံး ခရီးထွက်ဖို့ အသင့်ပြင်နေကြတယ်။ ဒီမိသားစုကြီးဟာ ရှိလောမြို့ကိုရောက်ဖို့ ဧဖရိမ်တောင်တန်းဒေသကို ဖြတ်ကျော်ရတဲ့ မိုင် ၂၀ ကျော်ခရီးကို သွားရတော့မယ်။b အဲဒီခရီးကို တစ်ရက်နှစ်ရက်လောက် ခြေကျင်လျှောက်ရမယ်။ ဒီအခါ ပေနိန္န ဘယ်လိုလုပ်မယ်ဆိုတာ ဟန္န ကောင်းကောင်းသိတယ်။ ဒါပေမဲ့ သူ အိမ်မှာ မနေခဲ့ပါဘူး။ ဟန္နရဲ့ စံနမူနာက ယနေ့ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်နေသူတွေအတွက် အတုယူစရာပဲ။ တခြားသူတွေရဲ့ လုပ်ရပ်အမှားကြောင့် ဘုရားသခင်ကို မကိုးကွယ်တော့ဘူးလို့ ဆုံးဖြတ်တာက မိုက်မဲရာကျတယ်။ အဲဒီလိုသာ လုပ်မယ်ဆိုရင် အခက်အခဲတွေကို ခံရပ်နိုင်ဖို့ ထောက်ကူပေးမယ့် ကောင်းချီးတွေကို ရတော့မှာမဟုတ်ဘူး။
-
-
ဘုရားသခင်ဆီ သူရင်ဖွင့်ဆုတောင်းခဲ့သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
-
-
b ဧလကာနရဲ့ ဇာတိမြို့ ရာမဟာ ယေရှုခေတ်မှာ အရိမသဲလို့ခေါ်တဲ့မြို့နဲ့ တစ်မြို့တည်း ဖြစ်နိုင်တယ်ဆိုတဲ့ ယူဆချက်အပေါ် မူတည်ပြီး ဒီအကွာအဝေးကို တွက်ချက်ထားတာ ဖြစ်တယ်။
-