ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၂/၁၅ စာ. ၂၇
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘဝအသက်တာတွင် အပြောင်းအလဲများနှင့် ကြုံတွေ့ရသောအခါဘုရားသခင့်ဝိညာဉ်တော်ကို ယုံကြည်ကိုးစားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ဓမ္မရာဇဝင်ဒုတိယစောင်မှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • အမ္မုန်အမျိုးသားများ—ကြင်နာမှုကို ရန်လိုမှုဖြင့် တုံ့ပြန်သောလူမျိုး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ယေဟောဝါ ဘုရားသခင်ရဲ့ စိတ်တော်နဲ့တွေ့သူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၂/၁၅ စာ. ၂၇

စာရှုသူများထံမှမေးခွန်းလွှာ

၂ ဓမ္မရာဇဝင် ၁၂:၃၁ နှင့် ၁ ရာဇဝင်ချုပ် ၂၀:၃ တို့ကိုထောက်၍ လူအချို့ ကောက်ချက်ချခဲ့သည့်အတိုင်း ဘုရားသခင်၏စိတ်နှလုံးတော်နှင့်ညီညွတ်သူ ဒါဝိဒ်သည် သူ၏သုံ့ပန်းများကို ရက်စက်ကြမ်းတမ်းစွာ ဆက်ဆံခဲ့သလော။

မဆက်ဆံခဲ့ပါ။ ဒါဝိဒ်သည် အမ္မုန်သုံ့ပန်းများကို အလုပ်ကြမ်းလုပ်ခိုင်းခြင်းသာဖြစ်သည်။ ဤအခန်းငယ်များကို ဘာသာပြန်ကျမ်းအချို့၏ ပြန်ဆိုနည်းကြောင့် ဒါဝိဒ်၏လုပ်ရပ်များကို တလွဲထင်မြင်ခဲ့ခြင်းဖြစ်သည်။

အမ္မုန်အမျိုးသားများနှင့် ဆက်ဆံပုံကို ဖော်ပြရာတွင် အဆိုပါဘာသာပြန်ကျမ်းများသည် ဒါဝိဒ်အား ရက်စက်ကြမ်းတမ်းသူအဖြစ် ပုံဖော်ထားကြသည်။ ဥပမာ၊ ၂ ဓမ္မရာဇဝင် ၁၂:၃၁ ကို ဂျိမ်းစ်ဘုရင်ဘာသာပြန်ကျမ်းတွင် ဤသို့ဖတ်ရသည်– “သူသည် မြို့သားများကို ခေါ်ထုတ်၍ လွှ၊ သံထွန်၊ သံပုဆိန်တို့အောက်တွင်ထား၍ အုတ်ဖိုနေရာတွင် ဖြတ်သန်းသွားလာစေသည်။ အမ္မုန်အမျိုးသားအပေါင်း၏ မြို့တို့ကို ထိုသို့ပြု၏။” ၁ ရာဇဝင်ချုပ် ၂၀:၃ ပါမှတ်တမ်းကိုလည်း ထိုနည်းတူ ပြန်ဆိုကြသည်။

သို့သော် ကျမ်းပညာရှင် ဆယ်မြူရယ်လ် ရိုလ်စ် ဒရိုင်ဗာ ဖော်ပြသည့်အတိုင်း ရက်စက်ကြမ်းတမ်းမှုသည် “ဒါဝိဒ်၏စရိုက်နှင့် စိတ်သဘောထားအကြောင်း ကျွန်ုပ်တို့သိရှိထားသမျှနှင့် တခြားစီပင်။” သို့ဖြစ်၍ အဲန်ခါရ်သမ္မာကျမ်းစာပါ မှတ်ချက်တစ်ခုက ဤသို့ဖော်ပြသည်– “ဒါဝိဒ်သည် အောင်ပွဲခံဘုရင်များ လုပ်လေ့လုပ်ထရှိသည့်အတိုင်း သိမ်းပိုက်ဝင်ရောက်သည့်နယ်မြေမှ စီးပွားရေးအကျိုးအမြတ်ရရှိရန် သုံ့ပန်းများကို အလုပ်စေခိုင်းခြင်းဖြစ်၏။” ထိုနည်းထပ်တူ၊ အယ်ဒမ် ကလပ်ခ်ကလည်း ဤသို့ဖော်ပြသည်– “အဓိပ္ပာယ်ကား၊ သူသည် လူတို့ကို ကျွန်များအနေနှင့် လွှတိုက်ခြင်း၊ သံထွန်များပြုလုပ်ခြင်း၊ သို့မဟုတ် တွင်းတူးခြင်း၊ . . . သစ်ခုတ်ခြင်းနှင့် အုတ်ဖုတ်ခြင်းတို့ကို ပြုလုပ်စေခဲ့သည်။ ဒါဝိဒ်သည် အမ္မုန်အမျိုးသားတို့ကို လွှဖြင့်ပိုင်းခြင်း၊ ခုတ်ခြင်း၊ စဉ်းခြင်းနှင့် ဖြတ်ခြင်းတို့ပြုလိမ့်မည်မဟုတ်သကဲ့သို့ ဤကျမ်းချက်တွင် လူတို့ကို ထိုသို့ပြုကြောင်း မပါနိုင်ချေ။”

ပိုမိုတိကျသော ဤနားလည်မှုကို ပြန်လည်သုံးသပ်ရာတွင် ဒါဝိဒ်သည် လူမဆန်စွာပြုမူဆက်ဆံသည်ဟု မစွပ်စွဲသင့်ကြောင်း ခေတ်သစ်ဘာသာပြန်ကျမ်းများစွာက အထင်အရှားဖော်ပြသည်။a အင်္ဂလိပ်ဘာသာပြန်ကျမ်းသစ် (၂၀၀၃) ၏ပြန်ဆိုချက်ကို သတိပြုပါ– “မြို့သားများကို ခေါ်ထုတ်၍ လွှ၊ သံထွန်၊ သံပုဆိန်တို့နှင့် အလုပ်ကြမ်းလုပ်စေ၍ အုတ်ဖိုတွင်လည်း အလုပ်လုပ်စေခဲ့သည်။ အမ္မုန်အမျိုးသား၏မြို့အားလုံးတို့၌ ထိုသို့စီရင်၏။” (၂ ဓမ္မရာဇဝင် ၁၂:၃၁) “မြို့သားများကို ခေါ်ထုတ်၍ လွှ၊ သံထွန်နှင့် ပုဆိန်များကို ပြုလုပ်စေသည်။ ထိုသို့ ဒါဝိဒ်သည် အမ္မုန်မြို့သားတို့၏မြို့များ၌ ပြုလေ၏။” (၁ ရာဇဝင်ချုပ် ၂၀:၃) ကမ္ဘာသစ်ဘာသာပြန်ကျမ်း၏ပြန်ဆိုချက်သည်လည်း နောက်ဆုံးပေါ်ကျမ်းပညာရှင်များ၏အဆိုနှင့် ကိုက်ညီသည်– “မြို့သားတို့ကို ထုတ်ဆောင်၍ ကျောက်တုံးများ လွှတိုက်ခြင်း၊ သံကိရိယာများ သွေးခြင်းနှင့် ဖြတ်ခြင်းတို့ကို လုပ်စေ၍ အုတ်ဖို၌လည်း စေခိုင်းခဲ့သည်။” (၂ ဓမ္မရာဇဝင် ၁၂:၃၁) “မြို့သားတို့ကို ထုတ်ဆောင်၍ ကျောက်တုံးများ လွှတိုက်ခြင်း၊ သံကိရိယာများကို သွေးခြင်းနှင့်ဖြတ်ခြင်းတို့တွင် စေခိုင်း၏။ ထိုသို့ ဒါဝိဒ်သည် အမ္မုန်အမျိုးသားအပေါင်း၏မြို့တို့၌ပြု၏။”—၁ ရာဇဝင်ချုပ် ၂၀:၃။

ဒါဝိဒ်သည် စစ်ရှုံးသောအမ္မုန်အမျိုးသားများကို ရက်စက်ကြမ်းတမ်းစွာ ညှဉ်းပန်းနှိပ်စက်ပြီး ထိတ်လန့်ဖွယ်ကောင်းအောင် အစုလိုက်အပြုံလိုက် မသတ်ဖြတ်ခဲ့ချေ။ သူသည် သူ့ခေတ်က ရက်စက်ကြမ်းတမ်းသော စစ်အလေ့အထများကို မတုပခဲ့ချေ။

[အောက်ခြေမှတ်ချက်]

a အက္ခရာတစ်လုံး ကွာခြားမှုကြောင့် ဟေဗြဲစာသားက “အပိုင်းပိုင်းဖြတ် (လွှတိုက်) သည်” သို့မဟုတ် “သူတို့ကို လွှဖြင့်ဖြတ်သည်” ဟုဖတ်နိုင်သည်။ ထို့ပြင် “အုတ်ဖို” ဟူသော စကားလုံးသည် “အုတ်ပုံစံခွက်” ဟူ၍လည်း အဓိပ္ပာယ်ရနိုင်သည်။ ဤပုံစံခွက်သည် မည်သူမျှ ဖြတ်မကျော်နိုင်သည့်အထိ အလွန်ကျဉ်းမြောင်း၏။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ