-
‘ယေဟောဝါသည် တန်ခိုးကြီးတော်မူ၏’ယေဟောဝါထံ ချဉ်းကပ်လော့
-
-
၁၅။ ယေဟောဝါသည် မိမိ၏ကျေးကျွန်များနှင့်စပ်လျဉ်း၍ အဘယ်ရည်ရွယ်ချက်အတွက် တန်ခိုးတော်ကို အသုံးပြုသနည်း၊ ၎င်းသည် ဧလိယ၏အဖြစ်အပျက်တွင် မည်သို့ထင်ရှားသနည်း။
၁၅ ယေဟောဝါသည် ကျွန်ုပ်တို့တစ်ဦးချင်းစီ၏ အကျိုးအတွက်လည်း တန်ခိုးတော်ကိုအသုံးပြုတော်မူ၏။ ၂ ရာဇဝင်ချုပ် ၁၆:၉ [ကဘ] ၏ဖော်ပြထားချက်ကို သတိပြုပါ– “ယေဟောဝါဘက်တော်သို့ စုံလင်သောစိတ်ရှိသူတို့အဖို့ တန်ခိုးပြခြင်းငှာ မြေကြီးတစ်ပြင်လုံးကို အနှံ့အပြားကြည့်ရှုလျက်ရှိတော်မူ၏။” အစတွင် ဖော်ပြထားသော ဧလိယ၏တွေ့ကြုံမှုသည် ပုံနမူနာတစ်ရပ်ဖြစ်သည်။ ဘုရားသခင့်တန်ခိုးတော်၏ ကြောက်ရွံ့ထိတ်လန့်ဖွယ် သရုပ်ဖော်ပြချက်ကို သူ့အား ယေဟောဝါ အဘယ်ကြောင့်ပြခဲ့သနည်း။ အကြောင်းမှာ မိဖုရားဆိုးယေဇဗေလသည် ဧလိယကိုသတ်ပစ်ရန် အဓိဋ္ဌာန်ပြုခဲ့၏။ ထိုပရောဖက်သည် အသက်ချမ်းသာရရန် ထွက်ပြေးနေခဲ့ရသည်။ သူတစ်ဦးတည်းရှိတော့သည်ဟု ခံစားမိပြီး ကြောက်ရွံ့ကာ မိမိကြိုးပမ်းခဲ့သမျှ အရာမထင်ဘိသကဲ့သို့ စိတ်ပျက်အားလျော့နေ၏။ ဤသို့စိတ်အနှောင့်အယှက်ဖြစ်နေသူကို နှစ်သိမ့်ပေးရန် ယေဟောဝါသည် ဧလိယအား ဘုရားသခင့်တန်ခိုးတော်နှင့်စပ်လျဉ်း၍ အထင်းသား သတိရစေခဲ့သည်။ လေတိုက်ခြင်း၊ မြေငလျင်လှုပ်ခြင်းနှင့် မီးလောင်ခြင်းတို့က စကြဝဠာတွင်တန်ခိုးအရှိဆုံးပုဂ္ဂိုလ်သည် ဧလိယနှင့်အတူရှိကြောင်း ဖော်ပြခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ဧလိယဘက်၌ရှိရာ ယေဇဗေလကို သူကြောက်ရွံ့စရာ အဘယ်အကြောင်းရှိပါမည်နည်း။—၃ ဓမ္မရာဇဝင် ၁၉:၁-၁၂။b
-
-
‘ယေဟောဝါသည် တန်ခိုးကြီးတော်မူ၏’ယေဟောဝါထံ ချဉ်းကပ်လော့
-
-
b သမ္မာကျမ်းစာက “ထာဝရဘုရားသည် လေ၌ . . . မြေလှုပ်ခြင်း၌ . . . မီး၌လည်းရှိတော်မမူ” ဟုဆိုထားသည်။ ဒဏ္ဍာရီဆန်ဆန်သဘာဝဘုရားများကို ကိုးကွယ်သူတို့နှင့်မတူဘဲ ယေဟောဝါ၏ကျေးကျွန်များသည် ကိုယ်တော့်အား သဘာဝအင်အားစုများအတွင်းတွင်ရှိသော အရှင်သခင်အဖြစ် မရှုမြင်ကြပါ။ ကိုယ်တော်သည် မိမိဖန်ဆင်းထားသော အရာတစ်စုံတစ်ခုတွင် ကန့်သတ်ထားရန် ကြီးမြတ်လွန်းလှ၏။—၃ ဓမ္မရာဇဝင် ၈:၂၇။
-