ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၇/၁၅ စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • မည်သူတို့ ရှင်ပြန်ထမြောက်လာကြမည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်၏ စွမ်းအား
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • ရှီးအိုးလ်နဲ့ ဟေးဒီးစ်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • တစ်ခုတည်းသော ကုစားနည်း!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၇/၁၅ စာ. ၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

ဘုရင်ရှောလမုန်သည် အသက်ကြီးပိုင်းအရွယ်တွင် ဘုရားသခင်အပေါ်မတည်ကြည်ခဲ့သဖြင့် သူရှင်ပြန်ထမြောက်လိမ့်မည်မဟုတ်ဟု ကျွန်ုပ်တို့ကောက်ချက်ချနိုင်သလော။—၃ ဓမ္မရာဇဝင် ၁၁:၃-၁၀။

သမ္မာကျမ်းစာ၌ ရှင်ပြန်ထမြောက်လာကြမည့် တည်ကြည်သောအမျိုးသား၊ အမျိုးသမီးအချို့ကို အမည်ဖြင့်စာရင်းတင်ပြထားသော်လည်း အမည်ပါသူတိုင်း ရှင်ပြန်ထမြောက်မည်ဟု အတိအကျမဖော်ပြထားပေ။ (ဟေဗြဲ ၁၁:၁-၄၀) သို့သော် ရှောလမုန်ကိစ္စတွင် သူသေဆုံးသွားချိန်ကအဖြစ်အပျက်နှင့် တည်ကြည်သူအချို့ သေဆုံးချိန်၌အဖြစ်အပျက်ကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့် ဘုရားသခင်၏ဆုံးဖြတ်ချက်ကို ကျွန်ုပ်တို့သဘောပေါက်နိုင်ပေသည်။

သမ္မာကျမ်းစာက သေခြင်းနှင့်ပတ်သက်ပြီး ဖြစ်နိုင်ခြေနှစ်ခုရှိသော ခဏတာမတည်ရှိသည့်အခြေအနေနှင့် ထာဝရသေဆုံးသည့်အခြေအနေအကြောင်းသာ ဖော်ပြထားသည်။ ရှင်ပြန်ထမြောက်ရန်မထိုက်တန်ဟု စီရင်ခံရသူတို့သည် “ဂေဟင်္နာ” သို့မဟုတ် “မီးအိုင်” ထဲသို့ချပစ်ခံရသည်။ (မဿဲ ၅:၂၂; မာကု ၉:၄၇၊ ၄၈; ဗျာ. ၂၀:၁၄) ထိုသူတို့တွင် ပထမလူသားမောင်နှံ အာဒံနှင့်ဧဝ၊ သစ္စာဖောက် ယုဒရှကာရုတ်၊ နောဧလက်ထက်မှလူများနှင့် သောဒုံနှင့်ဂေါမောရမြို့သားများကဲ့သို့သော ဘုရားသခင်ဒဏ်စီရင်သည့်အချိန်က သေဆုံးခဲ့သူတို့ပါဝင်သည်။a ရှင်ပြန်ထမြောက်လာခွင့်ရမည့်သူများသည် သေဆုံးသောအခါ လူသားတို့၏သာမန်သင်္ချိုင်းဖြစ်သည့် ရှီးအိုးလ် သို့မဟုတ် ဟေးဒီးစ်သို့ရောက်ကြသည်။ သူတို့၏အနာဂတ်နှင့်ပတ်သက်ပြီး သမ္မာကျမ်းစာ ဤသို့ဆိုသည်– “သမုဒ္ဒရာသည် မိမိ၌ရှိသောလူသေတို့ကိုအပ်ပေး၏။ မရဏာနှင့်မရဏာနိုင်ငံ [“သေခြင်းနှင့်ဟေးဒီးစ်၊” ကဘ] သည်လည်း မိမိတို့၌ရှိသောလူသေတို့ကိုအပ်ပေးကြ၏။ လူအသီးအသီးတို့သည် မိမိတို့အကျင့်အတိုင်း တရားစီရင်ခြင်းကိုခံရကြ၏။”—ဗျာ. ၂၀:၁၃။

သို့ဖြစ်၍ ဟေဗြဲအခန်းကြီး ၁၁ တွင် ဖော်ပြထားသော တည်ကြည်သူများသည် ရှီးအိုးလ် သို့မဟုတ် ဟေးဒီးစ်၌ ရှင်ပြန်ထမြောက်ရန် စောင့်နေကြသည်။ ထိုသူတို့တွင် ဘုရားသခင်၏ တည်ကြည်သောကျေးကျွန် အာဗြဟံ၊ မောရှေနှင့် ဒါဝိဒ်တို့ပါသည်။ သူတို့၏သေဆုံးခြင်းနှင့်ပတ်သက်ပြီး သမ္မာကျမ်းစာ မည်သို့ပြောသည်ကို ယခုသုံးသပ်ကြမည်။ အာဗြဟံအားယေဟောဝါ ဤသို့ပြောသည်– “သင်သည် ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာသွားရလိမ့်မည်။ အသက်ကြီးရင့်လျက် သင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။” (ကမ္ဘာဦး ၁၅:၁၅) မောရှေအား ယေဟောဝါ ဤသို့ပြောသည်– “သင်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်” မည်။ (တရားဟောရာ ၃၁:၁၆) ရှောလမုန်၏ခမည်းတော်ဒါဝိဒ်နှင့် ပတ်သက်ပြီး သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ဒါဝိဒ်သည် ဘိုးတော်ဘေးတော်တို့နှင့်အိပ်ပျော်၍ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံတော်မူ၏။” (၃ ဓမ္မရာဇဝင် ၂:၁၀) ထို့ကြောင့် ‘ဘိုးဘေးတို့နှင့်အိပ်ပျော်သည်’ ဟူသောဖော်ပြချက်က ထိုသူသည် ရှီးအိုးလ်သို့ရောက်သွားသည်ဟု တစ်နည်းအားဖြင့်ပြောနေခြင်းဖြစ်သည်။

ရှောလမုန်သေဆုံးသောအခါ အဘယ်သို့ဖြစ်ခဲ့သနည်း။ သမ္မာကျမ်းစာက ဤသို့ဖြေဆိုသည်– “ရှောလမုန်သည် ယေရုရှလင်မြို့၌နေ၍ ဣသရေလနိုင်ငံလုံးကို အနှစ်လေးဆယ်စိုးစံပြီးမှ၊ ဘိုးဘေးတို့နှင့်အိပ်ပျော်၍ ခမည်းတော်ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။” (၃ ဓမ္မရာဇဝင် ၁၁:၄၂၊ ၄၃) ထို့ကြောင့် ရှောလမုန်သည် ရှီးအိုးလ် သို့မဟုတ် ဟေးဒီးစ်၌ရှိနေပြီး ထိုနေရာမှ သူရှင်ပြန်ထမြောက်လာမည်ဟု ကောက်ချက်ချခြင်းမှာ သင့်လျော်ပေသည်။

ဤကောက်ချက်အရ ‘သူတို့သည် ဘိုးဘေးတို့နှင့်အိပ်ပျော်သည်’ ဟု အခြားသူတို့နှင့်ပတ်သက်၍ သမ္မာကျမ်းစာအတိအကျဆိုလျှင် သူတို့လည်း ထမြောက်လာနိုင်ခြေရှိသည့် သဘောသက်ရောက်သည်။ အမှန်မှာ တည်ကြည်မှုမရှိသည့် ရှောလမုန်နောက်ပိုင်း ဘုရင်များစွာနှင့်ပတ်သက်၍လည်း ဤနည်းအတိုင်းပြောထားသည်။ “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်” ဖြစ်သောကြောင့် ဤအချက်သည် ကျိုးကြောင်းဆီလျော်ပါသည်။ (တမန်တော် ၂၄:၁၅) သို့သော် “[“အောက်မေ့ရာ၊” ကဘ] သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့” ရှင်ပြန်ထမြောက်ပြီးနောက်မှသာ မည်သူတို့သည် ထမြောက်ခွင့်ရကြောင်း ကျွန်ုပ်တို့အတိအကျသိနိုင်ကြမည်ဖြစ်သည်။ (ယောဟန် ၅:၂၈၊ ၂၉) ထို့ကြောင့် ရှေးခေတ်မှမည်သူ ထမြောက်လာမည်နှင့် ပတ်သက်ပြီး အတိအကျပြောမည့်အစား ယေဟောဝါ၏ ပြည့်ဝစုံလင်သောဆုံးဖြတ်ချက်ကို ယုံကြည်စိတ်ချစွာ ကျွန်ုပ်တို့စောင့်မျှော်နေကြမည်။

[အောက်ခြေမှတ်ချက်]

a ၁၉၈၈၊ ဇွန် ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၃၀-၁ ကိုရှု [လိပ်]။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ