-
ဧလိရှဲဟာ မီးမြင်းရထားတွေကို မြင်တွေ့ခဲ့—သင်ကော မြင်သလားကင်းမျှော်စင်—၂၀၁၃ | ဩဂုတ် ၁၅
-
-
ဧလိရှဲ ဘာကို မြင်ခဲ့ရသလဲ
ဧလိရှဲတောင်းတာကို ယေဟောဝါ ပေးခဲ့သလား။ “သူတို့စကားပြောရင်း ဆက်လျှောက်သွားတဲ့အခါ မီးတောက်နေတဲ့စစ်မြင်းရထားနဲ့ မီးတောက်နေတဲ့မြင်းတွေ ရုတ်တရက်ပေါ်လာပြီး သူတို့နှစ်ယောက်ကို ခွဲလိုက်တယ်။ ဧလိယလည်း လေမုန်တိုင်းအားဖြင့် ကောင်းကင်ကိုတက်သွားတယ်။ အဲဒါကို ဧလိရှဲကြည့်နေ” ခဲ့တယ်။’a ဒါက ဧလိရှဲတောင်းတာကို ယေဟောဝါ အဖြေပေးလိုက်တာပဲ။ ဧလိယ ခေါ်ဆောင်ခံရတာကို ဧလိရှဲ မြင်တွေ့ခဲ့တယ်၊ ဧလိယ ရတဲ့စွမ်းအားတော်ရဲ့ နှစ်ဆကို သူရရှိပြီး ပရောဖက်နေရာကို ဆက်ခံခဲ့တယ်။—၄ ရာ. ၂:၁၁-၁၄၊ ကဘ။
-
-
ဧလိရှဲဟာ မီးမြင်းရထားတွေကို မြင်တွေ့ခဲ့—သင်ကော မြင်သလားကင်းမျှော်စင်—၂၀၁၃ | ဩဂုတ် ၁၅
-
-
ဧလိယ လေမုန်တိုင်းနဲ့ခေါ်ဆောင်ခံရတဲ့အချိန်မှာ မြင်တွေ့ ခဲ့တဲ့အရာတွေကို ဧလိရှဲ ဘယ်တော့မှမေ့မှာ မဟုတ်ဘူး။ မီးတောက်နေတဲ့စစ်မြင်းရထားနဲ့ မြင်းတွေကို မြင်ရရင် ဘယ်သူမဆို အံ့သြမှာပဲ။ ဒီအဖြစ်အပျက်တွေက ဧလိရှဲတောင်းတာတွေကို ယေဟောဝါ ပေးတယ်ဆိုတာ သက်သေပြတယ်။ ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေကို ဘုရားသခင်ဖြေကြားပေးတဲ့အခါ မီးတောက်နေတဲ့စစ်မြင်းရထားနဲ့ မြင်းတွေကိုတော့ မြင်တွေ့ရမှာမဟုတ်ဘူး။ ဒါပေမဲ့ ဘုရားသခင်က ကျွန်ုပ်တို့ကို ကူညီပေးဖို့နဲ့ မိမိရဲ့အလိုတော်ပြီးမြောက်ဖို့အတွက် မိမိရဲ့ ကြီးမားတဲ့တန်ခိုးကို အသုံးပြုတယ်ဆိုတာ ကျွန်ုပ်တို့ ရှင်းရှင်းလင်းလင်း သိမြင်နိုင်တယ်။ ဒါ့အပြင် အဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းကို ယေဟောဝါ ကောင်းချီးပေးနေတာကို ကျွန်ုပ်တို့မြင်တွေ့ရတာက ကိုယ်တော့် ကောင်းကင်ရထားရဲ့လုပ်ဆောင်မှုကို “မြင်” နေရတာနဲ့တူတယ်။—ယေဇ. ၁၀:၉-၁၃။
-
-
ဧလိရှဲဟာ မီးမြင်းရထားတွေကို မြင်တွေ့ခဲ့—သင်ကော မြင်သလားကင်းမျှော်စင်—၂၀၁၃ | ဩဂုတ် ၁၅
-
-
a ဧလိယဟာ ယေဟောဝါနဲ့ ကောင်းကင်တမန်တွေနေထိုင်တဲ့ ကောင်းကင်ကို ခေါ်ဆောင်ခံရတာ မဟုတ်ဘူး။ ၁၉၉၇၊ စက်တင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၁၅ ကို ကြည့်ပါ။
-