ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၁၁/၁၅ စာ. ၃၂
  • အဘယ် နာမည်မျိုး သင်ရထားသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဘယ် နာမည်မျိုး သင်ရထားသနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၁၁/၁၅ စာ. ၃၂

အဘယ် နာမည်မျိုး သင်ရထားသနည်း

သမ္မာကျမ်းစာတွင် “အမည်” ဟူသောစကားလုံးသည် တစ်ခါတစ်ရံ လူတစ်ဦး၏အသရေကိုရည်ညွှန်းသည်။ ဥပမာ၊ ပညာရှိရှောလမုန်ဘုရင်က ဤသို့ရေးသားခဲ့သည်– “ကောင်းသောအသရေ [“အမည်၊” ကဘ] သည် နံ့သာဆီထက်သာ၍ကောင်း၏။ သေရသောနေ့သည်လည်း ဖွားမြင်သောနေ့ထက်သာ၍ကောင်း၏။” (ဒေသနာ ၇:၁; သု. ၂၂:၁ နှိုင်းယှဉ်။) ရှောလမုန်၏စကားများအရ လူတစ်ဦးသည် နာမည်ကောင်းဖြင့်မွေးဖွားလာသည်မဟုတ်ပါ။ သို့ဖြစ်မည့်အစား သူ၏အသက်တာအတွင်း တကယ်အဓိပ္ပာယ်ရှိသော အသရေကိုရသည်ဖြစ်၏။ သူရထားသောနာမည်က မည်သို့သောလူစားမျိုးဖြစ်ကြောင်းဖော်ပြသည်၊ သူသည် ပေးကမ်းစွန့်ကြဲတတ်သူလော သို့မဟုတ် တစ်ကိုယ်ကောင်းဆန်သလော၊ သနားကြင်နာတတ်သူလော သို့မဟုတ် ကရုဏာကင်းမဲ့သူလော၊ စိတ်နှိမ့်ချသူလော သို့မဟုတ် စိတ်နေမြင့်သူလော၊ ဖြောင့်မတ်သူလော သို့မဟုတ် ဆိုးသွမ်းသူလောစသည်တို့ဖြစ်သည်။

ဒါဝိဒ်ကိုသုံးသပ်ကြည့်ပါ။ သူသည် မင်းပြုချိန်တွင် ကြံ့ခိုင်၍တည်ကြည်သူဖြစ်ကြောင်းတင်ပြခဲ့သည်။ တစ်ချိန်တည်းတွင် ဒါဝိဒ်သည် သူ၏အမှားများကို နှိမ့်ချစွာဝန်ခံခဲ့ပြီး ကြီးလေးသောအပြစ်များအတွက် နောင်တယူခဲ့သည်။ ထို့ကြောင့် ယေဟောဝါ၏ပရောဖက်က ဒါဝိဒ်သည် “[ဘုရားသခင်၏] စိတ်နှလုံးတော်နှင့် ညီညွတ်သောသူ” ဖြစ်သည်ဟု ခိုင်လုံသောအကြောင်းရှိ၍ ထိုသို့ဖော်ပြခဲ့ခြင်းဖြစ်သည်။ (၁ ဓမ္မရာဇဝင် ၁၃:၁၄) လူငယ်ဒါဝိဒ်သည် ဘုရားသခင်ရှေ့ နာမည်ကောင်းရရှိထားနှင့်ပြီးသူဖြစ်သည်။

ယင်းနှင့်ဆန့်ကျင်လျက် ယုဒရှင်ဘုရင်ယဟောရံသည် နာမည်ဆိုးရခဲ့သည်။ သူသည် ပြည်သူပြည်သားတို့ကို ယေဟောဝါ၏ဝတ်ပြုရေးမှ သွေဖည်သွားစေခဲ့ပြီး သူ၏ညီတော်ခြောက်ပါးနှင့် ယုဒမှူးတော်မတ်တော်အချို့ကိုပင် သတ်ပစ်ခဲ့သည်။ နောက်ဆုံးတွင် ယဟောရံကိုသေဘေးဆိုက်စေသော အနာရောဂါဖြင့် ယေဟောဝါဒဏ်ခတ်တော်မူ၏။ သမ္မာကျမ်းစာက ယဟောရံသည် “အဘယ်သူမျှမနှမြောဘဲ သေသွား၏” သို့မဟုတ် ခေတ်သုံးအင်္ဂလိပ်ဘာသာပြန်ကျမ်းအရ “သူသေသောအခါ အဘယ်သူမျှဝမ်းမနည်းကြ” ဟုဆိုသည်။—၂ ရာဇဝင်ချုပ် ၂၁:၂၀။

ဒါဝိဒ်နှင့်ယဟောရံတို့၏ ဘဝလမ်းစဉ်က “တရားသောသူကိုအောက်မေ့သောအခါ ကောင်းချီးပေးတတ်၏။ မတရားသောသူ၏နာမမူကား ပုပ်ပျက်တတ်၏” ဟူသော နယပုံပြင်ကျမ်း၏မှန်ကန်မှုကို သရုပ်ဖော်သည်။ (သု. ၁၀:၇) ထို့ကြောင့် ကျွန်ုပ်တို့တစ်ဦးစီအနေနှင့် ‘ဘုရားသခင်ရှေ့၊ လူသားချင်းရှေ့ အကျွန်ုပ်သည် အဘယ်နာမည်မျိုးရနေသနည်း’ ဟူသောမေးခွန်းကို အလေးအနက်စဉ်းစားသင့်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ