ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၁၁/၁၅ စာ. ၁၀-၁၄
  • ယောဘ ခံနိုင်ရည်ရှိခဲ့ —ကျွန်ုပ်တို့လည်း ခံနိုင်ရည်ရှိနိုင်!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယောဘ ခံနိုင်ရည်ရှိခဲ့ —ကျွန်ုပ်တို့လည်း ခံနိုင်ရည်ရှိနိုင်!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အရေးတကြီးဖြစ်သော အရေးကိစ္စ
  • စာတန်ထိုးနှက်တိုက်ခိုက်နေ!
  • သာ၍ကြီးမားသော ဝမ်းနည်းကြေကွဲမှု
  • ပြဿနာသည် အပူတပြင်းဖြစ်လာ
  • မောက်မာသော ကလိန်သမားသုံးဦး
  • ယောဘအား စွပ်စွဲသူများ တိုက်ခိုက်ပြောဆိုကြ
  • ကျွန်ုပ်တို့ခံနိုင်ရည် ရှိနိုင်
  • “ကျုပ်ရဲ့ သမာဓိကို မစွန့်ဘူး”
    သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ
  • ယောဘသည် ယေဟောဝါ၏ နာမတော်ကို ဂုဏ်တင်ခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ယောဘကျမ်းမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • “ယေဟောဝါကို မျှော်လင့်ပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၁၁/၁၅ စာ. ၁၀-၁၄

ယောဘ ခံနိုင်ရည်ရှိခဲ့ —ကျွန်ုပ်တို့လည်း ခံနိုင်ရည်ရှိနိုင်!

“သူတို့သည် ခံနိုင်ရည်ရှိသူများ ဖြစ်သဖြင့် သူတို့အား မင်္ဂလာရှိသူများဟူ၍ ငါတို့ခေါ်ကြ၏။”—ယာကုပ် ၅:၁၁၊ သတင်းကောင်း။

၁။ မိမိ၏စုံစမ်းခြင်းများနှင့်ပတ်သက်၍ သက်ကျားအိုခရစ်ယာန်တစ်ဦး မည်သို့ပြောဆိုခဲ့သနည်း။

‘ကျွန်တော့်ကို မာရ်နတ် လိုက်ဖျက်ဆီးနေတယ်! ယောဘလိုပဲ ကျွန်တော်ခံစားနေရတယ်!’ ဤသို့ အေ. အိပ်ချ်. မက္ခမီလန်သည် ယေဟောဝါသက်သေများ၏ ဌာနချုပ်ရှိ ရင်းနှီးသောမိတ်ဆွေတစ်ဦးအား ရင်ဖွင့်ပြောဆိုခဲ့သည်။ ညီအစ်ကိုမက္ခမီလန်သည် အသက် ၈၉ နှစ်အရွယ် ၁၉၆၆၊ ဩဂုတ် ၂၆ ရက်နေ့တွင် မြေကြီးအသက်တာ ချုပ်ငြိမ်းသွားခဲ့သည်။ သူ့ကဲ့သို့သော ဘိသိက်ခံခရစ်ယာန်များ၏ ဂုဏ်ယူစရာ သစ္စာရှိမှုသည် “သူတို့နှင့်အတူလိုက်” ပါသွားကြောင်း သူသိရှိထားသည်။ (ဗျာဒိတ် ၁၄:၁၃) အမှန်တကယ်ပင် သူတို့သည် မသေနိုင်သော ကောင်းကင်အသက်တာသို့ ရှင်ပြန်ထမြောက်ခံရခြင်းအားဖြင့် ယေဟောဝါ၏လုပ်ငန်းတော်ကို အဆက်မပြတ်ဆောင်ရွက်သွားကြမည်။ ညီအစ်ကိုမက္ခမီလန်သည် ထိုဆုကျေးဇူးကို ရရှိသောကြောင့် သူ၏မိတ်ဆွေများ ဝမ်းသာအားရခဲ့ကြသည်။ သို့ရာတွင် သူ၏ဇရာအိုရွယ်၌ ကျန်းမာရေးချို့တဲ့မှုအပါအဝင် စုံစမ်းခြင်းအမျိုးမျိုးကို ခံခဲ့ရခြင်းဖြင့် မိမိ၏သစ္စာသမာဓိကို စာတန်သည် ကြိုးစားချိုးဖျက်နေကြောင်း ကောင်းစွာသိရှိပါသည်။

၂၊ ၃။ ယောဘသည် မည်သူနည်း။

၂ ယောဘကဲ့သို့ မိမိခံစားရသည်ဟု ညီအစ်ကိုမက္ခမီလန် ပြောဆိုရာတွင် ယုံကြည်ခြင်းစမ်းသပ်မှု အကြီးအကျယ် ခံခဲ့ရသူတစ်ဦးအကြောင်း သူပြောဆိုနေခြင်းဖြစ်သည်။ ယောဘသည် အာရေဗျမြောက်ပိုင်းဖြစ်ပုံရသော “ဥဇပြည်” တွင်နေထိုင်ခဲ့၏။ နောဧ၏သား ရှေမမှဆင်းသက်သော ဤသူသည် ယေဟောဝါကို ကိုးကွယ်သူတစ်ဦးဖြစ်သည်။ ယောသပ်ကွယ်လွန်ချိန်အပြီးနှင့် ဖြောင့်မတ်သူတစ်ဦးအဖြစ် မောရှေမပေါ်လာမီ စပ်ကြားကာလ တစ်ချိန်ချိန်တွင် ယောဘစုံးစမ်းခံခဲ့ရပုံရှိသည်။ ထိုခေတ်ကာလတွင် ဘုရားရေးရာဆက်ကပ်အပ်နှံခြင်းကို ယောဘနည်းတူ တင်ပြသူ တစ်ဦးတစ်ယောက်မျှမရှိပေ။ ယေဟောဝါသည် ယောဘအား စုံလင်ဖြောင့်မတ်၍ ဘုရားသခင်ကို ကြောက်ရွံ့သောသူအဖြစ် ယူမှတ်ထားတော်မူသည်။—ယောဘ ၁:၁၊ ၈။

၃ “အရှေ့မျက်နှာ အရပ်သားတကာတို့ထက် သာ၍ကြီးသောသူ” အဖြစ် ယောဘ၌ ငယ်သားမြောက်မြားစွာရှိ၍ သူ၏မွေးမြူရေးတိရစ္ဆာန် အကောင်ရေမှာ ၁၁,၅၀၀ ဖြစ်သည်။ သို့သော် သူ့အတွက် ဝိညာဏကြွယ်ဝမှုကား အဓိကဖြစ်သည်။ ယခုခေတ် ဘုရားရေးရာကြောက်ရွံ့သောဖခင်များနည်းတူ ယောဘသည် မိမိ၏ သားခုနစ်ယောက်နှင့် သမီးသုံးယောက်တို့အား ယေဟောဝါအကြောင်း သွန်သင်ပေးခဲ့မည်မှာအမှန်။ သားသမီးများ အိမ်ခွဲသွားကြသည့်နောက်တွင်ပင် သူတို့မှားယွင်းမိခဲ့သည်ရှိသော် မိသားစုယဇ်ပုရောဟိတ်အဖြစ် သူတို့အတွက် သူယဇ်ပူဇော်လေ့ရှိသည်။—ယောဘ ၁:၂-၅။

၄။ (က) ညှဉ်းပန်းနှိပ်စက်ခံရသော ခရစ်ယာန်များသည် ယောဘဆိုသောသူကို အဘယ်ကြောင့်ဆင်ခြင်သင့်သနည်း။ (ခ) ယောဘနှင့်ပတ်သက်၍ အဘယ်မေးခွန်းများကို ကျွန်ုပ်တို့သုံးသပ်မည်နည်း။

၄ ညှဉ်းပန်းနှိပ်စက်ခံရသော ခရစ်ယာန်များအနေနှင့် စိတ်ရှည်စွာ ခံနိုင်ရည်တင်ပြနိုင်ကြရန် ယောဘကို ဆင်ခြင်သုံးသပ်သင့်သည်။ “ခံနိုင်ရည်ရှိသူများ . . . အား မင်္ဂလာရှိသူများဟူ၍ ငါတို့ခေါ်ကြ၏။ ယောဘ မည်သို့ခံနိုင်ရည်ရှိသည်ကို သင်တို့ကြားသိခဲ့ကြလေပြီ။ နောက်ဆုံး၌ သူ့အား ထာဝရဘုရား အဘယ်သို့ကြည့်ရှုတော်မူကြောင်းကိုလည်း သင်တို့သိကြ၏။ အဘယ်ကြောင့်ဆိုသော် ထာဝရဘုရားသည် သနားကြင်နာတော်မူ၍ ကရုဏာတော်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသောကြောင့်တည်း” ဟုတပည့်တော်ယာကုပ် ရေးသားခဲ့သည်။ (ယာကုပ် ၅:၁၁၊ သတင်းကောင်း) ယောဘနည်းတူ ယေရှု၏ ဘိသိက်ခံတပည့်နောက်လိုက်များနှင့် မျက်မှောက်ခေတ် “လူအုပ်ကြီး” ပါ ယုံကြည်ခြင်းစမ်းသပ်ချက်များကို အောင်မြင်စွာ နိုင်နင်းကြရန် ခံနိုင်ရည်ရှိဖို့လိုသည်။ (ဗျာဒိတ် ၇:၁-၉၊ သတင်းကောင်း) သို့ဖြစ်၍ အဘယ်စုံစမ်းခြင်းများကို ယောဘခံခဲ့ရသနည်း။ ယင်းတို့ အဘယ်ကြောင့်ဖြစ်ပေါ်ခဲ့သနည်း။ သူ၏တွေ့ကြုံမှုမှ အဘယ်အကျိုးကျေးဇူး ခံစားနိုင်သနည်း။

အရေးတကြီးဖြစ်သော အရေးကိစ္စ

၅။ ယောဘ မသိလိုက်ရဘဲ ကောင်းကင်တွင် အဘယ်အမှုဖြစ်ပျက်နေသနည်း။

၅ ကောင်းကင်တွင် အရေးကိစ္စကြီးတစ်ခု ပေါ်ပေါက်လုဆဲဆဲဖြစ်ကြောင်းကို ယောဘမသိရှာခဲ့ပေ။ တစ်နေ့သောအခါ စစ်မှန်သော “ဘုရားသခင်၏ သားတို့သည် ထာဝရဘုရားထံတော်၌ ခစားခြင်းငှာလာ” ကြ၏။ (ယောဘ ၁:၆) ဘုရားသခင်၏ တစ်ပါးတည်းသောသားတော် နှုတ်ကပါဌ်တော်သည်လည်း ရောက်ရှိနေတော်မူ၏။ (ယောဟန် ၁:၁-၃) ဖြောင့်မတ်သောကောင်းကင်တမန်များနှင့် နာခံမှုမရှိသော “ဘုရားသခင်၏သားတို့” သည်လည်းရောက်ရှိနေကြ၏။ (ကမ္ဘာဦး ၆:၁-၃) ၁၉၁၄ ခုနှစ် ဘုရားသခင့်နိုင်ငံတော် တည်ထောင်ပြီးနောက်၌သာ စာတန်သည် ကောင်းကင်မှ နှင်ချခံရမည်ဖြစ်သောကြောင့် သူပါရောက်ရှိနေ၏။ (ဗျာဒိတ် ၁၂:၁-၁၂) ယောဘခေတ်တွင် စာတန်သည် အရေးတကြီးပြဿနာတစ်ခုကို ပေါ်ပေါက်စေမည်ဖြစ်သည်။ သတ္တဝါအပေါင်းတို့အပေါ် ယေဟောဝါ၏ ပိုင်သအုပ်စိုးခွင့်ကို သူသံသယဝင်စေတော့မည်ဖြစ်သည်။

၆။ အဘယ်အရာကို စာတန်ကြိုးစားပြုလုပ်နေပြီး ယေဟောဝါကို သူမည်သို့ဂုဏ်ဖျက်သနည်း။

၆ ယေဟောဝါက “သင်သည် အဘယ်အရပ်က လာသနည်း” ဟုမေးတော်မူလျှင် စာတန်က “မြေကြီးပေါ်မှာ လှည့်လည်၍ အရပ်ရပ်သွားလာခြင်းအမှုထဲက လာပါသည်” ဟုပြန်လျှောက်လေ၏။ (ယောဘ ၁:၇) တစ်ဦးတစ်ယောက်ကို ဝါးမျိုဖို့ရန် သူလိုက်လံရှာဖွေနေသည်။ (၁ ပေတရု ၅:၈၊ ၉) ယေဟောဝါအမှုတော်ထမ်းသူများ၏ သစ္စာသမာဓိကို ချိုးဖျက်ခြင်းအားဖြင့် ဘုရားသခင်ကို ချစ်မြတ်နိုးခြင်းကြောင့် ကိုယ်တော်အား အပြည့်အဝနာခံသူ တစ်စုံတစ်ယောက်မျှမရှိကြောင်း စာတန်တင်ပြလိုခဲ့သည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ စာတန်အား ယေဟောဝါက “ငါ့ကျွန်ယောဘကို ဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာ သူနှင့်တူသောသူ တစ်ယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်” ဟုမိန့်တော်မူ၏။ (ယောဘ ၁:၈) ယောဘ၏ မစုံလင်မှုများကို ထောက်ထားထည့်စဉ်းစားသည့် မြင့်မြတ်သောစံနှုန်းကို သူလိုက်မီပါသည်။ (ဆာလံ ၁၀၃:၁၀-၁၄) သို့သော် စာတန်က “ယောဘသည် အကျိုးမရဘဲ ဘုရားဝတ်ကို ပြုသလော။ ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာရှိသမျှ ပတ်လည်၌ စောင်ရန်းကာတော်မူသည်မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းချီးပေးတော်မူပြီ။ သူ့သိုးနွား အစရှိသောတိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ” ဟုပြန်ပြောသည်။ (ယောဘ ၁:၉၊ ၁၀) ယေဟောဝါကို ချစ်မြတ်နိုး၍မဟုတ်ဘဲ ကိုယ်တော်၏သတ္တဝါများအား ဆုလာဘ်များ ပေးထားသောကြောင့်သာ ကိုယ်တော်ကို ဝတ်ပြုကိုးကွယ်နေကြသည်ဟု မာရ်နတ်ပြောဆိုကာ ယေဟောဝါကိုရှုတ်ချခဲ့သည်။ ယောဘသည် မေတ္တာရှိ၍မဟုတ် အတ္တသဘောအတွက်သာ ဘုရားဝတ်ပြုသည်ဟု စာတန်စွပ်စွဲခဲ့သည်။

စာတန်ထိုးနှက်တိုက်ခိုက်နေ!

၇။ ဘုရားသခင်ကို မာရ်နတ်သည် အဘယ်နည်းဖြင့် စိန်ခေါ်သနည်း။ ယေဟောဝါ မည်သို့တုံ့ပြန်တော်မူသနည်း။

၇ “ယခုမူကား၊ လက်တော်ကိုဆန့်၍ သူ၏ဥစ္စာရှိသမျှကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်” ဟုစာတန်ပြောသည်။ ဤမျှစော်ကားမော်ကား ပြုသောစိန်ခေါ်ချက်ကို ဘုရားသခင်မည်သို့တုံ့ပြန်မည်နည်း။ “သူ၏ဥစ္စာရှိသမျှသည် သင့်လက်၌ရှိ၏။ သူ့ကိုယ်တစ်ခုကိုသာ မထိမခိုက်နှင့်” ဟုယေဟောဝါ မိန့်တော်မူလေသည်။ ယောဘ၏ စည်းစိမ်ဥစ္စာရှိရှိသမျှကို ကောင်းချီးပေး၍ တိုးပွားစေလျက် စောင်ရန်းကာတော်မူပြီဟု မာရ်နတ်ပြောဆိုခဲ့သည်။ ယောဘ၏ကိုယ်ကို မထိမခိုက်ဘဲ သူ့အား ဘုရားသခင်သည် ဒုက္ခခံစေမည်ဖြစ်သည်။ စာတန်သည် ဆိုးရွားမှုပြုရန် ဆုံးဖြတ်ကာ အစည်းအဝေးမှ ထွက်ခွာသွားလေသည်။—ယောဘ ၁:၁၁၊ ၁၂။

၈။ (က) အဘယ်စည်းစိမ်ဥစ္စာများကို ယောဘ ဆုံးရှုံးခဲ့ရသနည်း။ (ခ) “ဘုရားသခင်၏မီး” နှင့်ပတ်သက်၍ အမှန်တရားကား အဘယ်နည်း။

၈ များမကြာမီ ကောက်ကျစ်စဉ်းလဲသော စာတန့်တိုက်ခိုက်မှု စတင်လေသည်။ ယောဘ၏ငယ်သားတစ်ဦးက ဤသတင်းဆိုးကို လာပို့သည်။ သူက “နွားတို့သည် လယ်ထွန်လျက်၊ သူတို့အနားမှာ မြည်းမတို့သည် ကျက်စားလျက်ရှိကြသောအခါ ရှေဘအမျိုးသားတို့သည် တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ဓားနှင့်သတ်” ကြပြီဟုဆိုသည်။ (ယောဘ ၁:၁၃-၁၅) ယောဘ၏စည်းစိမ်ကို စောင်ရန်းကာမထားတော့ပေ။ တစ်ခဏချင်းတွင်ပင် နတ်ဆိုးတန်ခိုးတိုက်ရိုက်ပြသခဲ့ရာ အခြားငယ်သားတစ်ဦးက “ဘုရားသခင်၏မီးသည် မိုးကောင်းကင်မှကျသဖြင့် သိုးများနှင့် လူစောင့်များတို့ကို လောင်၍ သူတို့သည် ကျွမ်းကုန်ကြပါပြီ” ဟုသတင်းလာပို့သည်။ (ယောဘ ၁:၁၆) ဘုရားသခင်သည် ကိုယ်တော်တိုင်၏ကျေးကျွန်အပေါ်သို့ပင် ဤကပ်ဘေးမျိုးကို ကျရောက်စေသည်ဟု ထင်မှတ်စေခြင်းသည် အလွန်ကောက်ကျစ်စဉ်းလဲမှုပါတကား! လျှပ်စီးလက်ခြင်းသည် ကောင်းကင်မှ ဖြစ်ပေါ်သည့်အတွက် ယေဟောဝါကို အလွယ်တကူအပြစ်ဖို့နိုင်သော်လည်း အမှန်မှာ ထိုမီးသည် နတ်ဆိုးလက်ချက်ဖြစ်သည်။

၉။ စီးပွားပျက်ယွင်းမှုက ဘုရားသခင်နှင့် ယောဘ၏ ဆက်ဆံရေးကို မည်သို့ဖြစ်စေသနည်း။

၉ စာတန်သည် ဆက်၍လိုက်လံတိုက်ခိုက်ရာ ယောဘ၏ကုလားအုတ်များကို ခါလဒဲအမျိုးသားတို့ တိုက်ယူသွားပြီး အခြားလူစောင့်အားလုံးတို့ကိုလည်း ဓားနှင့်သတ်ပစ်ကုန်ကြောင်း အခြားငယ်သားတစ်ဦးလာ၍ တိုင်ကြားသည်။ (ယောဘ ၁:၁၇) ဤနည်းဖြင့် ယောဘသည် စီးပွားပျက်ခဲ့ရသော်လည်း ဘုရားသခင်နှင့် သူ၏ဆက်ဆံရေးကိုကား မပျက်စီးစေပါ။ ယေဟောဝါအပေါ် သစ္စာသမာဓိစောင့်သိခြင်းကို မပျက်စီးစေဘဲ သင့်စည်းစိမ်ဥစ္စာ အကြီးအကျယ်ဆုံးရှုံးခြင်းကို သင်ခံနိုင်ပါမည်လော။

သာ၍ကြီးမားသော ဝမ်းနည်းကြေကွဲမှု

၁၀၊ ၁၁။ (က) ယောဘ၏ သားသမီးဆယ်ယောက်အပေါ် အဘယ်အမှုဖြစ်ပျက်ခဲ့သနည်း။ (ခ) ယောဘ၏သားသမီးများ ဝမ်းနည်းကြေကွဲစွာပင် သေဆုံးကြပြီးနောက် သူသည် ယေဟောဝါကို မည်သို့ရှုမြင်သနည်း။

၁၀ ထိုသို့နှင့် မာရ်နတ်မကျေနပ်သေးချေ။ နောက်ထပ်ငယ်သားတစ်ဦး ရောက်လာပြန်၍ ဤသို့သတင်းပို့သည်– “ကိုယ်တော်၏ သားသမီးတို့သည် အစ်ကိုအကြီးအိမ်၌စား၍ စပျစ်ရည်ကိုသောက်လျက် နေကြသောအခါ တောမှ လေကြီးလာ၍ အိမ်လေးထောင့်ကို တိုက်သဖြင့် အိမ်သည် ထိုလုလင်တို့အပေါ်၌ ပြိုလဲပါ၏။ သူတို့သည် သေ၍ ကျွန်တော်တစ်ယောက်တည်းကျန်ရစ်လျက်၊ ကိုယ်တော်အား သတင်းကြားပြောရပါသည်။” (ယောဘ ၁:၁၈၊ ၁၉) ထိုလေကြီးကြောင့် ပျက်စီးခဲ့ခြင်းသည် ‘ဘုရားသခင်၏စီရင်ချက်’ ပင်ဖြစ်သည်ဟု သတင်းအမှား ကြားသိထားသူများအနေနှင့် ဆိုကြပေမည်။ သို့ရာတွင် နတ်ဆိုးတန်ခိုးသည် ယောဘ၏ အထူးပျော့ကွက်ကို ယခုထိပါးခဲ့သည်။

၁၁ ဝမ်းနည်းပက်လက်ဖြစ်၍ ယောဘသည် ‘သူ၏ဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာ ဝပ်လျက် ကိုးကွယ်’ လေ၏။ သို့ဖြစ်သည့်တိုင် သူ့စကားကို နားထောင်ကြည့်ပါ။ “ထာဝရဘုရား ပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်း။” မှတ်တမ်းက “ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း မမှားယွင်း။ ထာဝရဘုရားကိုလည်း အပြစ်မတင်ဘဲနေ၏” ဟုထပ်ဆင့်သည်။ (ယောဘ ၁:၂၀-၂၂) စာတန်သည် နောက်ထပ်တစ်ဖန် ရှုံးနိမ့်ရပြန်ပြီ။ ဘုရားသခင့်ကျေးကျွန်များအနေနှင့် ရင်းနှီးချစ်ခင်ရသူ ကွယ်လွန်သဖြင့် ဝမ်းနည်းပူဆွေးရလျှင်ကော။ ကိုယ်ကျိုးကိုမထောက်ထားဘဲ ယေဟောဝါကို ချစ်မြတ်နိုးခြင်း၊ ကိုယ်တော်ကို ယုံကြည်ကိုးစားခြင်းအားဖြင့် ယောဘနည်းတူပင် သမာဓိစောင့်သိသူများအဖြစ် ခံနိုင်ရည်ရှိနိုင်ကြပါသည်။ ဘိသိက်ခံများနှင့် မြေကြီးနှင့်ဆိုင်သော မျှော်လင့်ချက်ရှိသူ ယင်းတို့၏အပေါင်းအပါများသည် ယောဘ၏ခံနိုင်ရည်နှင့်စပ်လျဉ်းသည့် ဤအကြောင်းမှ နှစ်သိမ့်မှုနှင့် ခွန်အားပါ အမှန်ရရှိနိုင်သည်။

ပြဿနာသည် အပူတပြင်းဖြစ်လာ

၁၂၊ ၁၃။ ကောင်းကင်ညီလာခံ နောက်တစ်ခုတွင် စာတန်သည် ဘာကိုတောင်းဆိုသနည်း။ ဘုရားသခင် မည်သို့တုံ့ပြန်သနည်း။

၁၂ များမကြာမီ ကောင်းကင်ညီလာခံ နောက်ထပ်တစ်ခုကို ယေဟောဝါ ဆင့်ခေါ်တော်မူသည်။ ယခု ယောဘသည် အမြင်အားဖြင့် ဘုရားသခင့်အပြစ်ဒဏ်ခံရသည့် သားသမီးမရှိ၊ ဆင်းရဲမွဲတေသူတစ်ဦး ဖြစ်နေသော်လည်း သူ၏သစ္စာသမာဓိသည် မပျက်ယွင်းပါ။ ဘုရားသခင်နှင့်ယောဘတို့ပတ်သက်သော မိမိ၏စွဲချက်များသည် မှားယွင်းပါသည်ဟု စာတန်အဘယ်နည်းဖြင့်မျှ ဝန်ခံလိမ့်မည်ကားမဟုတ်ပါ။ ပေါ်ထွက်လာသည့်ပြဿနာကို အဆုံးအဖြတ်ပေးရာတွင် မာရ်နတ်ကို ယေဟောဝါကျင်လည်စွာ ကိုင်တွယ်သည့် ငြင်းခုံချက်များနှင့် ငြင်းဆိုချေပချက်များကို ‘ဘုရားသခင်၏သားများ’ သည် ယခုကြားနာကြရတော့မည်ဖြစ်သည်။

၁၃ ယေဟောဝါသည် စာတန်ကိုစစ်ကြောလျက် “အဘယ်အရပ်က လာသနည်း” ဟုမေးတော်မူခဲ့သည်။ အဖြေကားအဘယ်နည်း။ “မြေကြီးပေါ်မှာ လှည့်လည်၍ အရပ်ရပ်သွားလာခြင်းအမှုထဲက လာပါသည်” ဟူ၍ဖြစ်သည်။ သစ္စာသမာဓိ ဆက်စောင့်ထိန်းနေသော စုံလင်ဖြောင့်မတ်၍ ဘုရားသခင်ကို ကြောက်ရွံ့သည့် မကောင်းသောအကျင့်ကိုရှောင်သော ကိုယ်တော်၏ကျေးကျွန် ယောဘကို တစ်ဖန်အာရုံပြုစေပြန်သည်။ မာရ်နတ်က “အရေဖို့အရေဟုဆိုသကဲ့သို့၊ လူသည် မိမိအသက်ဖို့ မိမိဥစ္စာရှိသမျှကို ပေးပါလိမ့်မည်။ ယခုတစ်ဖန် လက်တော်ကိုဆန့်၍ သူ့အရိုးနှင့် သူ့အသားကို ထိခိုက်တော်မူလျှင် သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်” ဟုအဖြေပေးသည်။ ထိုအခါ ဘုရားသခင်က “သူသည် သင့်လက်၌ရှိ၏။ သူ့အသက်တစ်ခုကိုသာ လွတ်စေ” ဟုမိန့်တော်မူ၏။ (ယောဘ ၂:၂-၆) စောင့်ရှောက်ကာကွယ်မှု အားလုံးကို ယေဟောဝါ မပယ်ရှားသေးကြောင်း အရိပ်အမြွက်ပြောဆိုသဖြင့် ယောဘ၏ အရိုးနှင့်အသားကို ထိခိုက်ခွင့်ပြုရန် စာတန်တောင်းဆိုလေသည်။ ယောဘကို မာရ်နတ်သတ်ခွင့်မရှိသည်မှာ မှန်သော်လည်း ရုပ်ခန္ဓာပိုင်းရောဂါက သူ့အား အနာတရဖြစ်စေ၍ လျှို့ဝှက်ထားသော အပြစ်များအတွက် ဘုရားသခင့်ဒဏ်ခတ်ခြင်းကိုခံနေရကြောင်း အထင်ရှိစေနိုင်သည်ကို စာတန်ကောင်းစွာသိသည်။

၁၄။ ယောဘကို စာတန် မည်သို့ထိုးနှက်သနည်း။ ဝေဒနာသည်အား မည်သည့်လူသားဆေးဆရာမျှ အဘယ်ကြောင့် သက်သာမှုမရစေနိုင်သနည်း။

၁၄ စာတန်သည် ထိုညီလာခံမှ ဆိုးရွားကောက်ကျစ်သောသဘောနှင့် ထွက်ခွာသွားကာ ယောဘ၏ “ခြေဖဝါးမှသည်ဦးထိပ်တိုင်အောင် ဆိုးသောအနာစိမ်းများ တိုးပေါက်စေ၏။” ယောဘသည် ကိုယ်ကိုခြစ်စရာ အိုးခြမ်းကိုကိုင်ယူ၍ မီးဖိုပြာထဲမှာ ထိုင်စဉ်တွင် မည်မျှအတိဒုက္ခရောက်နေမည်တကား! (ယောဘ ၂:၇၊ ၈) စာတန့်တန်ခိုးဖြင့် စွဲကပ်သောရောဂါဆိုးဖြစ်သောကြောင့် ဤမျှနာကျင်ရွံရှာဖွယ် အရှက်တကွဲဖြစ်ရသည့်ရောဂါမျိုးမှ အဘယ်ဆေးဆရာမျှ သူ့အား သက်သာစေနိုင်မည်မဟုတ်ပါ။ ယေဟောဝါသာလျှင် ယောဘ၏ရောဂါကို ပျောက်ကင်းစေနိုင်တော်မူမည်။ သင်သည် ရောဂါဝေဒနာခံနေရသော ဘုရားသခင့်ကျေးကျွန်တစ်ဦးဖြစ်မည်ဆိုလျှင် ခံနိုင်ရည်ရှိရန် ဘုရားသခင်ကူညီပေးနိုင်ပြီး ရောဂါကင်းသောကမ္ဘာသစ်တွင် သင့်အား အသက်ရှင်စေနိုင်သည်ကို ဘယ်သောအခါမျှ မမေ့ပါနှင့်။—ဆာလံ ၄၁:၁-၃; ဟေရှာယ ၃၃:၂၄။

၁၅။ ယောဘ၏ဇနီးက သူ့အား မည်သို့တိုက်တွန်းသနည်း။ သူ၏တုံ့ပြန်မှုကား အဘယ်နည်း။

၁၅ နောက်ဆုံးတွင် ယောဘ၏မိန်းမက “သင်သည် သမာဓိစောင့်သိခြင်းကို စွဲလမ်းသေးသလော။ ဘုရားသခင်ကိုကျိန်ဆဲပြီး သေပါလေ” (ကဘ) ဟုဆိုသည်။ “သမာဓိစောင့်သိခြင်း” မည်သည် အပြစ်တင်ခြင်းနှင့်ကင်းလွတ်သော ဆက်ကပ်အပ်နှံမှုကိုဆိုလိုသဖြင့် ဘုရားသခင်ကိုကျိန်ဆဲရန် ယောဘအား ပြောဆိုရာတွင် သူမသည် ငေါ့တော့တော့ ပြောဆိုခဲ့ပေမည်။ သို့သော် သူက “မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည် ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍ ဒုက္ခဆင်းရဲကို မခံမယူရာသလော” ဟုဖြေဆိုလိုက်သည်။ စာတန်၏ ဤပရိယာယ်ပင်လျှင် မအောင်မြင်ပေ။ အကြောင်းမူကား– “ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှ မမှားယွင်း။” (ယောဘ ၂:၉၊ ၁၀) ခရစ်ယာန်လုပ်ငန်းများကို လေ့လာလိုက်စားခြင်း၌ အချည်းနှီး အင်အားကုန်ခန်းစေနေသည်ဟု အတိုက်အခံပြုမိသားစုအဝင်မှသူတို့က ပြောဆိုကြပြီး ယေဟောဝါဘုရားကို စွန့်ပယ်ရန် တိုက်တွန်းကြသည် ဆိုပါစို့။ ကျွန်ုပ်တို့သည် ယေဟောဝါကို ချစ်မြတ်နိုး၍ ကိုယ်တော်၏ သန့်ရှင်းသော နာမတော်ကို ချီးမွမ်းထောမနာပြုလိုသောကြောင့် ယောဘနည်းတူ ဤစုံစမ်းခြင်းမျိုးကို ခံရပ်နိုင်ကြပါမည်။—ဆာလံ ၁၄၅:၁၊ ၂; ဟေဗြဲ ၁၃:၁၅။

မောက်မာသော ကလိန်သမားသုံးဦး

၁၆။ နှစ်သိမ့်မှုပေးလိုသည့် ပုံစံမျိုးဖြင့် ယောဘထံ မည်သူတို့ရောက်လာသနည်း။ သို့သော် သူတို့အား စာတန်မည်သို့ ကြိုးကိုင်သနည်း။

၁၆ နှစ်သိမ့်မှုပေးလိုသည့် ပုံစံမျိုးဖြင့် “အဆွေခင်ပွန်း” သုံးဦးယောဘထံရောက်လာကြခြင်းသည် အမှန်မှာ စာတန့်ဉာဏ်ဆင်မှုနောက်တစ်ခုဖြစ်သည်။ တစ်ဦးသည် ဧသောမှတစ်ဆင့် အာဗြဟံမှဆင်းသက်ခဲ့မည့် ဧလိဖတ်ဖြစ်သည်။ ဧလိဖတ်သည် ဦးဆုံးစကားပြောဆိုခဲ့သောကြောင့် သူသည် အသက်အကြီးဆုံးဖြစ်တန်ရာ၏။ ကေတုရဖွားမြင်ခဲ့သော အာဗြဟံ၏ သားတစ်ဦးဖြစ်သူ ရှုအာမှဆင်းသက်သော ဗိလဒဒ်လည်းရောက်ရှိနေသည်။ တတိယသူကား ဇောဖာဖြစ်၍ သူ၏အမျိုးအနွယ် သို့မဟုတ် အာရေဗျ အနောက်မြောက်ဘက်တွင် ရှိကောင်းရှိမည့် သူနေထိုင်သည့်အရပ်ကို ခွဲခြားဖော်ပြရန် နေမတ်အမျိုးသားဟုခေါ်ခဲ့သည်။ (ယောဘ ၂:၁၁; ကမ္ဘာဦး ၂၅:၁၊ ၂; ၃၆:၄၊ ၁၁) ယနေ့ ယေဟောဝါသက်သေများကို ဘုရားသခင်အား စွန့်ပယ်ရန် ကြိုးစားတိုက်တွန်းသူများကို စာတန်ကြိုးကိုင်သည့်နည်းတူ မတရားစွပ်စွဲချက်များသည် မှန်ကန်ပါ၏ဟု ယောဘဝန်ခံဖို့ သူ၏သစ္စာသမာဓိကို ချိုးဖျက်ရန် တိုက်တွန်းခဲ့သော ဤသုံးဦးအဖွဲ့ကိုလည်း စာတန်ကြိုးကိုင်ထားသည်။

၁၇။ ဧည့်သည်သုံးဦးသည် ဘာလုပ်ကြသနည်း။ ခုနစ်ရက်ပတ်လုံး သူတို့ဘာမလုပ်ဘဲ နေကြသနည်း။

၁၇ ဤသုံးဦးအဖွဲ့သည် ငိုကြွေးမြည်တမ်းခြင်း၊ အသီးအသီး မိမိတို့ဝတ်လုံကိုဆုတ်ခြင်း၊ မြေမှုန့်ကိုယူပြီး မိမိတို့ခေါင်းပေါ်သို့ ကျရောက်စေခြင်းအားဖြင့် အကြီးအကျယ် ကရုဏာပြကြသည်။ သို့သော်လည်း ယောဘနှင့်အတူ ခုနစ်ရက်ပတ်လုံး မြေပေါ်မှာထိုင်၍ နှစ်သိမ့်စကားတစ်ခွန်းမျှမပြောမဆိုဘဲ နေကြ၏! (ယောဘ ၂:၁၂၊ ၁၃; လုကာ ၁၈:၁၀-၁၄) ဤမောက်မာသော ကလိန်သမားသုံးဦးသည် မည်မျှဝိညာဉ်ရေးကင်းမဲ့သနည်းဟူမူ ယေဟောဝါနှင့် ကိုယ်တော်၏ကတိတော်များအကြောင်း နှစ်သိမ့်ပြောဆိုစရာစကား ဘာမျှမရှိကြချေ။ သို့ဖြစ်သည့်တိုင် ဓလေ့ထုံးစံရှိသည့်အတိုင်း ဝမ်းနည်းကြေကွဲခြင်းကို ထင်ရှားစွာပြပြီးသည်နှင့်တစ်ပြိုင်နက် သူတို့မှားယွင်းစွာကောက်ချက်ချထားသည့်ထင်ကြေးတို့ကို ဖော်ထုတ်ကာ ယောဘကိုအပြစ်ဆိုရန် စိုင်းပြင်းနေကြသည်။ စိတ်ဝင်စားစရာကား ဆိတ်ညံရာ ခုနစ်ရက်တာကာလ မကုန်မီ လူငယ်ဧလိဟုသည် ကြားနာနိုင်လောက်သောနေရာတွင် နေရာယူ၍ ထိုင်နေ၏။

၁၈။ သေခြင်း၌ ငြိမ်းချမ်းမှုကို ယောဘ အဘယ်ကြောင့်ရရှိလိုသနည်း။

၁၈ နောက်ဆုံး တိတ်ဆိတ်မှုကို ယောဘဖြိုခွင်းလိုက်သည်။ ဧည့်သည်သုံးဦးထံမှ အဘယ်နှစ်သိမ့်မှုမျှ မရခဲ့သောကြောင့် မိမိမွေးနေ့ကို ကျိန်ဆဲပြီး မိမိ၏ စိတ်ဆင်းရဲစရာဘဝသည် အဘယ်ကြောင့်မကုန်ခန်းနိုင်ရကြောင်း တွေးမိသည်။ ယခု မိမိသည် ချို့တဲ့ဆင်းရဲပြီး သားသမီးမရှိ အသည်းအသန်ဖျားနာနေရသောဘဝသို့ ရောက်နေပြီဖြစ်ရာ မိမိမသေမီ နောက်တစ်ဖန်ပျော်ရွှင်မှု ရှိနိုင်တော့မည်မဟုတ်ပါဟု ယူမှတ်ပြီး သေခြင်း၌သာ ငြိမ်းချမ်းမှုရရှိလိုသည်။ သို့သော် သေသည့်အထိ ယောဘအား ထိခိုက်ခွင့် ဘုရားသခင်ပေးတော်မမူချေ။—ယောဘ ၃:၁-၂၆။

ယောဘအား စွပ်စွဲသူများ တိုက်ခိုက်ပြောဆိုကြ

၁၉။ ဧလိဖတ်သည် အဘယ်နည်းဖြင့် ယောဘကို မတရားစွပ်စွဲသနည်း။

၁၉ ယောဘ၏သစ္စာသမာဓိကို ထပ်ဆင့်စမ်းသပ်သည့် စကားအချေအတင် ဆွေးနွေးပွဲ သုံးချီတွင် ဧလိဖတ် ဦးဆုံးပြောဆိုပါသည်။ ပထမအကြိမ်တွင် ဧလိဖတ်က ဤသို့မေးမြန်းသည်– “ဖြောင့်မတ်သောသူသည် အဘယ်အရပ်၌ ဆုံးသနည်း။” ဘုရားသခင်၏ အပြစ်ဒဏ်စီရင်ခြင်းကို ခံရရန် ယောဘသည် အဆိုးတစ်ခုခု ပြုလုပ်ခဲ့လိမ့်မည်ဟု သူကောက်ချက်ချသည်။ (ယောဘ၊ အခန်းကြီး ၄၊ ၅) ဒုတိယတစ်ချီ ပြောဆိုချိန်တွင် ဧလိဖတ်သည် ယောဘ၏ ဉာဏ်ပညာကို ပြောင်လှောင်၍ ဤသို့မေးသည်– “ငါတို့မသိ၊ သင်သိသောအရာ မည်မျှရှိသနည်း” ဟူ၍မေးလေသည်။ ယောဘသည် မိမိကိုယ်ကို အနန္တတန်ခိုးရှင်ထက်ပင် သာလွန်သည်ဟု ဖော်ပြရန် ကြိုးစားနေ၏ဟု ဧလိဖတ်ဆိုလိုခြင်းဖြစ်သည်။ ဒုတိယအကြိမ်ထိုးနှက်ပြီးသည့်အခါ ယောဘသည် ဖောက်ပြန်ခြင်း၊ လာဘ်စားခြင်းနှင့် လှည့်လည်ခြင်းအပြစ်ရှိသူတစ်ဦးအဖြစ် သူဖော်ပြသည်။ (ယောဘ၊ အခန်းကြီး ၁၅) နောက်ဆုံးတစ်ချီ ပြောဆိုချိန်တွင် ဧလိဖတ်က ယောဘ၌ ငွေညှစ်ခြင်းအပြစ်၊ ဆင်းရဲသူတို့အား အစာရေစာ မကျွေး၊ မုဆိုးမများနှင့် မိဘမဲ့ကလေးများကို ဖိနှိပ်သည့် ပြစ်မှုများရှိသည်ဟု ဧလိဖတ်စွပ်စွဲလေသည်။—ယောဘ၊ အခန်းကြီး ၂၂။

၂၀။ ယောဘအပေါ် ဗိလဒဒ်၏ထိုးနှက်ချက်များသည် အဘယ်ပုံစံမျိုးဖြစ်သနည်း။

၂၀ သုံးချီတိုင် စကားအချေအတင်ပြောဆိုရာတွင် ဒုတိယအလှည့်ကျအမြဲပြောဆိုသည့် ဗိလဒဒ်သည် ဧလိဖတ်အသုံးပြုသောလေသံအတိုင်း အများအားဖြင့်လိုက်၍ပြောဆိုသည်။ ဗိလဒဒ်သည် စကားရှည်ဝေးစွာမပြောသော်လည်း ပို၍ပစ်ပစ်ခါခါပြောဆိုတတ်သည်။ ယောဘ၏သားသမီးများပင် ပြစ်မှားသောကြောင့် သေထိုက်ကြသည်ဟု သူစွပ်စွဲသည်။ မှားယွင်းစွာ ဆင်ခြင်စဉ်းစားကာ ဤဥပမာကို သူအသုံးပြုသည်– ကျူပင်၊ ကိုင်းပင်တို့သည် ရေမရှိလျှင် ခြောက်၍သေသွားသကဲ့သို့ “ဘုရားသခင်ကို မေ့လျော့သောသူအပေါင်းတို့သည် ဆုံးခြင်းသို့ ရောက်ရကြ” ၏။ ထိုစကားမှန်သော်လည်း ယောဘနှင့် မသက်ဆိုင်ပါ။ (ယောဘ၊ အခန်းကြီး ၈) ယောဘ၏ ဒုက္ခဝေဒနာများသည် လူဆိုး၏ဆင်းရဲခြင်းနှင့် တစ်တန်းတစ်စားတည်းဖြစ်သည်ဟု ဗိလဒဒ်သတ်မှတ်သည်။ (ယောဘ၊ အခန်းကြီး ၁၈) တတိယအကြိမ် တိုတုတ်စွာ ပြောဆိုချိန်တွင် လူသည် “တီကောင်” “ပိုးရွ” ဖြစ်သောကြောင့် ဘုရားသခင့်မျက်မှောက်တွင် မသန့်ရှင်းပါဟု ဗိလဒဒ်ဆိုသည်။—ယောဘ၊ အခန်းကြီး ၂၅။

၂၁။ ဇောဖာသည် ယောဘကို မည်သို့စွပ်စွဲသနည်း။

၂၁ ထိုသို့စကားအချေအတင် ဆွေးနွေးချိန်တွင် တတိယစကားပြောဆိုသူကား ဇောဖာဖြစ်သည်။ သူ၏အတွေးအခေါ်သည်လည်း များသောအားဖြင့် ဧလိဖတ်နှင့် ဗိလဒဒ်တို့အတိုင်းပင်ဖြစ်သည်။ ယောဘအား လူဆိုးဟူ၍ ဇောဖာစွပ်စွဲပြီးနောက် သူ၏အကျင့်ဆိုးများကို စွန့်လွှတ်ရန် တိုက်တွန်းသည်။ (ယောဘ၊ အခန်းကြီး ၁၁၊ ၂၀) ဒုတိယအချီစကားပြောဆိုပြီးနောက် ဇောဖာသည် ဆက်မပြောတော့ပေ။ တတိယအချီတွင် သူဆက်ပြောဆိုစရာ လုံးဝမရှိ။ သို့ရာတွင် ယောဘသည် သူအား ပြစ်တင်ပြောဆိုသူများကို ရဲရင့်စွာဖြင့် တောက်လျှောက်ပြန်ချေပပြောဆိုနိုင်ခဲ့သည်။ ဥပမာ၊ သူက ဤသို့တစ်ချက်ပြောလိုက်သည်– “နှစ်သိမ့်စေလိုသော သင်တို့ရှိသမျှကား နှောင့်ယှက်သူတို့သာလျှင်တည်း။ လေသက်သက်ဖြစ်သောစကားများ ကုန်ဆုံးဦးမည်လော။”—ယောဘ ၁၆:၂၊ ၃၊ သမ။

ကျွန်ုပ်တို့ခံနိုင်ရည် ရှိနိုင်

၂၂၊ ၂၃။ (က) ယောဘ၏အဖြစ်မှာကဲ့သို့ ယေဟောဝါဘုရားသခင်အပေါ် ကျွန်ုပ်တို့၏ သစ္စာသမာဓိကို ချိုးဖျက်ရန် မာရ်နတ်သည် မည်သို့ပြုလုပ်ကောင်း ပြုလုပ်မည်နည်း။ (ခ) ယောဘသည် စုံစမ်းခြင်းအမျိုးမျိုးကို ခံနိုင်ရည်ရှိရှိ သည်းခံခဲ့သည်မှန်သော်လည်း သူ၏စိတ်သဘောနှင့်ပတ်သက်၍ အဘယ်မေးခွန်းများ မေးနိုင်သနည်း။

၂၂ ယောဘနည်းတူ ကျွန်ုပ်တို့သည် တစ်ကြိမ်တည်းတွင် စုံစမ်းခြင်းတစ်ခုထက်မက ကြုံရပေမည်။ ကျွန်ုပ်တို့၏ သမာဓိကို ချိုးဖျက်ရန် စိတ်ဓာတ်ကျခြင်း သို့မဟုတ် အခြားနည်းများကို စာတန်အသုံးပြုပေမည်။ ငွေရေးကြေးရေးပြဿနာတက်နေမည်ဆိုလျှင် ယေဟောဝါကို ကျောခိုင်းရန် သူကြိုးစားပြုလုပ်ပေမည်။ ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးမည် သို့မဟုတ် ဖျားနာမည်ဆိုလျှင် ဘုရားသခင်ကို အပြစ်တင်မိရန် စာတန်သွေးဆောင်ပေမည်။ ယောဘ၏ မိတ်ဆွေများနည်းတူ ကျွန်ုပ်တို့အား မတရားစွပ်စွဲသူတစ်ဦးပင် ပေါ်ကောင်းပေါ်လာပေမည်။ ညီအစ်ကိုမက္ခမီလန် ပြောသကဲ့သို့ပင် စာတန်သည် ‘ကျွန်ုပ်တို့ကို လိုက်ဖျက်ဆီးနေ’ ပေမည်။ သို့သော် ကျွန်ုပ်တို့ခံနိုင်ရည်ရှိနိုင်ပါသည်။

၂၃ ဤအထိလေ့လာရာမှ သိရှိရသည်ကား ယောဘသည် စုံစမ်းခြင်းအမျိုးမျိုးကို ခံနိုင်ရည်ရှိရှိ သည်းခံခဲ့သည်ဟူ၍ပင်။ သို့ရာတွင် ခံနိုင်ရည်တင်ပြရုံမျှသာ သည်းခံနေပါသလော။ အမှန်ဆိုလျှင် သူသည် စိတ်မာန်ကျိုးနေသလော။ ယောဘမှာ မျှော်လင့်ချက် လုံးလုံးမရှိတော့သည့်တိုင် ဖြစ်မဖြစ် ဆက်ကြည့်ကြဦးစို့။

သင်မည်သို့တုံ့ပြန်မည်နည်း

◻ ယောဘခေတ်တွင် အဘယ်အရေးတကြီးကိစ္စကို စာတန်ပေါ်ပေါက်စေခဲ့သနည်း။

◻ အဘယ်နည်းမျိုးဖြင့် ယောဘသည် အဆုံးစွန် စမ်းသပ်ခံခဲ့ရသနည်း။

◻ ယောဘ၏ “မိတ်ဆွေ” သုံးဦးသည် သူ့အား မည်သို့စွပ်စွဲသနည်း။

◻ ယောဘအဖြစ်မှာကဲ့သို့ ယေဟောဝါအပေါ် ကျွန်ုပ်တို့၏သမာဓိကို စာတန် မည်သို့ကြိုးစားချိုးဖျက်လိမ့်မည်နည်း။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

အေ. အိပ်ချ်. မက္ခမီလန်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ