ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၅
  • ကျမ်းစာဟာ ဘုရားဆီကလာတဲ့ သတင်းစကားဖြစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာဟာ ဘုရားဆီကလာတဲ့ သတင်းစကားဖြစ်
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • ကျမ်းစာထဲက သတင်းကောင်းဟာ ဘုရားသခင်ဆီက လာတာလား
    လူမျိုးအားလုံးအတွက် သတင်းကောင်း
  • ဘုရားသခင် တောင်းဆိုတော်မူရာများကို သင်တွေ့ ရှိနိုင်ပုံ
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • ကျမ်းစာက သင့်ဘဝကို တိုးတက်ကောင်းမွန်စေနိုင်သလား
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ကျမ်းစာက သင့်ဘဝကို တိုးတက်ကောင်းမွန်စေနိုင်သလား
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာသင်ခန်းစာ မိတ်ဆက်
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၅
သင်ခန်းစာ ၅။ ဘတ်စကားစီးရင်း ကျမ်းစာ ဖတ်နေသူ။

သင်ခန်းစာ ၀၅

ကျမ်းစာဟာ ဘုရားဆီကလာတဲ့ သတင်းစကားဖြစ်

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ကျွန်တော်တို့ကို ယေဟောဝါပေးတဲ့ လက်ဆောင်မွန်တစ်ခုကတော့ ကျမ်းစောင် ၆၆ စောင်ပါတဲ့ ကျမ်းစာပါပဲ။ ‘ကျမ်းစာကို ဘယ်လို ရလာသလဲ။ အာဘော်ရှင်ဟာ ဘယ်သူလဲ’ ဆိုတာ သိချင်ပါသလား။ အဖြေသိနိုင်ဖို့ ကျမ်းစာမှာပါတဲ့ ဘုရားသခင့် သတင်းစကား ရရှိလာပုံကို လေ့လာကြည့်ပါ။

၁။ ကျမ်းစာကို လူတွေရေးတာဆိုရင် ဘုရားသခင်ဆီက လာတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

ကျမ်းစာကို ဘီစီ ၁၅၁၃ ကနေ အေဒီ ၉၈ အထိ နှစ်ပေါင်း ၁,၆၀၀ ကျော်အတွင်း လူပေါင်း ၄၀ လောက် ရေးခဲ့တယ်။ နောက်ခံအသီးသီး ရှိတဲ့သူတွေ ရေးတာဖြစ်ပေမဲ့ ကျမ်းစောင်အားလုံး ရှေ့နောက်ညီညွတ်မှု ရှိတယ်။ ဒါ ဘယ်လို ဖြစ်နိုင်မလဲ။ ကျမ်းစာရဲ့ အာဘော်ရှင်ဟာ ဘုရားသခင် ဖြစ်နေလို့ပါ။ (၁ သက်သာလောနိတ် ၂:၁၃ ကို ဖတ်ပါ။) ကျမ်းရေးသူတွေက မိမိတို့ စိတ်ကူးပေါက်ရာကို ရေးကြတာ မဟုတ်ဘူး။ “သန့်ရှင်းသော စွမ်းအားတော်ရဲ့a လှုံ့ဆော်မှုကို ခံရလို့ ဘုရားသခင်ဆီကလာတဲ့ စကားတွေကို ပြန်ဟောတာ ဖြစ်တယ်။” (၂ ပေတရု ၁:၂၁) ဘုရားသခင်က မိမိရဲ့အတွေးအခေါ်တွေကို မှတ်တမ်းတင်စေဖို့ လူတွေကို သန့်ရှင်းသော စွမ်းအားတော်နဲ့ လမ်းညွှန်ပေးခဲ့တယ်။​—၂ တိမောသေ ၃:၁၆။

၂။ ကျမ်းစာကနေ ဘယ်သူတွေ အကျိုးခံစားနိုင်သလဲ။

“လူမျိုး၊ လူမျိုးနွယ်၊ ဘာသာစကားအမျိုးမျိုး ပြောတဲ့လူတွေ၊ လူစုတွေ” အားလုံး ကျမ်းစာမှာပါတဲ့ သတင်းကောင်းကနေ အကျိုးခံစားနိုင်ပါတယ်။ (ဗျာဒိတ် ၁၄:၆ ကို ဖတ်ပါ။) တခြားစာအုပ်တွေထက် ကျမ်းစာကို ဘာသာစကားမျိုးစုံနဲ့ ရနိုင်အောင် ဘုရားသခင် လုပ်ဆောင်ပေးတယ်။ လူတိုင်းနီးပါး ကျမ်းစာကို ဖတ်ရှုနိုင်ပြီ။ ဘယ်မှာပဲ နေပါစေ၊ ဘယ်ဘာသာစကားပဲ ပြောဆိုပါစေ ကျမ်းစာကနေ အကျိုးခံစားနိုင်ပါတယ်။

၃။ ကျမ်းစာကို ယေဟောဝါ ဘယ်လို ကာကွယ်ထိန်းသိမ်းခဲ့သလဲ။

ကျမ်းစာကို တာရှည်မခံတဲ့ သားရေလိပ်၊ ပပိုင်းရပ်စာလိပ်တွေပေါ်မှာ ရေးသားခဲ့ကြတယ်။ ဒါပေမဲ့ ကျမ်းစာကို မြတ်နိုးသူတွေက အသေအချာ ပြန်ကူးရေးခဲ့ကြတယ်။ အာဏာရှိသူတွေ ကျမ်းစာကို ဖျက်ဆီးဖို့ ကြိုးစားပေမဲ့ အသက်ပေး ကာကွယ်သူတွေလည်း ရှိကြတယ်။ လူတွေလက်ထဲ ကျမ်းစာ မရောက်အောင် တားဆီးမှုမှန်သမျှကို ယေဟောဝါ ခွင့်မပြုဘူး။ “ဘုရားသခင်ရဲ့ နှုတ်ထွက်စကားကတော့ ထာဝစဉ် တည်မြဲတယ်” လို့ ကျမ်းစာ ဆိုတယ်။​—ဟေရှာယ ၄၀:၈။

ရှာဖွေလေ တွေ့ရှိလေ

ကျမ်းစာ ရေးသားဖို့ လူတွေကို ဘုရားသခင် လမ်းညွှန်ပုံ၊ ကျမ်းစာကို ကာကွယ်ထိန်းသိမ်းပုံ၊ လူအားလုံး ရနိုင်အောင် လုပ်ဆောင်ပုံတို့ကို လေ့လာကြည့်ပါ။

၄။ ကျမ်းစာမှာ အာဘော်ရှင်အကြောင်း ဖော်ပြထား

ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် ၂ တိမောသေ ၃:၁၆ ကို ဖတ်ပါ။ အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ။

ဗီဒီယို။ သမ္မာကျမ်းစာရဲ့ အာဘော်ရှင်က ဘယ်သူလဲ​—ကောက်နုတ်ချက် (၂:၄၈)

  • ကျမ်းစာကို လူတွေရေးတာဆိုရင် ဘုရားသခင်ဆီက လာတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

  • ဘုရားသခင်က မိမိရဲ့အတွေးအခေါ်တွေကို ကျမ်းရေးသူတွေဆီ အသိပေးနိုင်တယ်ဆိုတာ ဖြစ်နိုင်သလား။

အလုပ်ရှင်က မိမိရေးစေချင်တာကို အတွင်းရေးမှူးကို ပြောပြ၊ အတွင်းရေးမှူးက စာရိုက်။

လူတစ်ယောက်က အတွင်းရေးမှူးကို သုံးပြီး စာရေးသလိုပဲ ဘုရားသခင်ကလည်း လူတွေကို သုံးပြီး မိမိရဲ့သတင်းစကားကို ရေးသားစေတယ်

၅။ ဆန့်ကျင်မှုတွေကြား ကျမ်းစာ ရှင်သန်တည်တံ့

ကျမ်းစာဟာ ဘုရားသခင်ဆီက လာတာဖြစ်လို့ အခုအချိန်ထိ မပျောက်ပျက်အောင် ဘုရား ကာကွယ်ထိန်းသိမ်းပေးတယ်။ သမိုင်းတစ်လျှောက် အာဏာရှိသူတွေက ကျမ်းစာကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ကြတယ်။ ဘာသာရေးခေါင်းဆောင်တွေကလည်း ကျမ်းစာကို လူတွေလက်ထဲ မရောက်အောင် တားဆီးကြတယ်။ ဒါပေမဲ့ လူများစွာက ဆန့်ကျင်မှုနဲ့ အသက်အန္တရာယ်ကြား ကျမ်းစာကို အသက်စွန့်ပြီး ကာကွယ်ခဲ့ကြတယ်။ သူတို့ထဲကတစ်ယောက်အကြောင်း သိဖို့ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါ မေးခွန်းတွေကို သုံးသပ်ပါ။

ဗီဒီယို။ ကျမ်းစာကို သူတို့ တန်ဖိုးထား—ကောက်နုတ်ချက် (ဝီလျံ တင်ဒေးလ်) (၆:၁၇)

  • ကျမ်းစာကို အသက်ပေးပြီး ကာကွယ်ထိန်းသိမ်းခဲ့ကြမှန်း သိရတဲ့အခါ ကျမ်းစာဖတ်ချင်စိတ် ပေါ်လာသလား။ ဘာကြောင့်လဲ။

ဆာလံ ၁၁၉:၉၇ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ကျမ်းစာကို အသက်အန္တရာယ်ကြားမှာ ဘာသာပြန် ထုတ်ဝေနိုင်အောင် လူများစွာကို ဘာက လှုံ့ဆော်ပေးသလဲ။

၆။ လူအားလုံးအတွက် စာအုပ်

သမိုင်းတစ်လျှောက် ကျမ်းစာဟာ ဘာသာအပြန်ရဆုံး၊ အဖြန့်ဝေရဆုံး စာအုပ် ဖြစ်တယ်။ တမန်တော် ၁၀:​၃၄၊ ၃၅ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ကျမ်းစာဟာ ဘာသာအပြန်ရဆုံး၊ အဖြန့်ဝေရဆုံးစာအုပ် ဖြစ်ဖို့ ဘုရားသခင် ဘာကြောင့် လိုလားသလဲ။

  • ကျမ်းစာနဲ့ပတ်သက်ရင် ဘယ်အချက်ကို သဘောကျပါသလဲ။

လူမျိုးပေါင်းစုံ၊ နိုင်ငံပေါင်းစုံက လူတွေ ကိုယ့်ဘာသာစကားနဲ့ ကျမ်းစာဖတ်နေကြ။

ကမ္ဘာ့လူဦးရေ

၁၀၀%

နီးပါးဟာ

မိမိတို့နားလည်တဲ့ ဘာသာစကားနဲ့ ကျမ်းစာကို ဖတ်ရှုနိုင်ပြီ

ကျမ်းစာ တစ်အုပ်လုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ

ဘာသာစကား

၃,၀၀၀

ကျော် ရနိုင်ပါပြီ

၅,၀၀၀,၀၀၀,၀၀၀

ခန့်မှန်းခြေ ထုတ်ဝေပြီးအုပ်ရေ

တခြားစာအုပ်တွေထက် များ

လူတချို့ အဆို။ “ကျမ်းစာဟာ လူတွေရေးတဲ့ ရှေးဟောင်းစာအုပ်ပါ။”

  • သင်ကော ဘယ်လို ထင်ပါသလဲ။

  • ကျမ်းစာဟာ ဘုရားရဲ့တရားစကား ဖြစ်တယ်ဆိုတာ ဘာသက်သေရှိသလဲ။

အနှစ်ချုပ်

ကျမ်းစာဟာ ဘုရားရဲ့တရားစကား ဖြစ်တယ်။ လူအားလုံး ရနိုင်အောင် ဘုရား စီစဉ်ပေးထားတယ်။

ပြန်လည်သုံးသပ်ခြင်း

  • ကျမ်းစာ ရေးသားဖို့ လူတွေကို ဘုရား လမ်းညွှန်တယ်ဆိုတာ ဘာကို ဆိုလိုသလဲ။

  • ကျမ်းစာကို ကာကွယ်ထိန်းသိမ်းခြင်း၊ ဘာသာပြန်ခြင်း၊ ဖြန့်ချိခြင်းနဲ့ပတ်သက်ပြီး ဘယ်အချက်ကို သင် သဘောကျသလဲ။

  • ကျမ်းစာကတစ်ဆင့် သင်နဲ့ ဆက်သွယ်နိုင်ဖို့ ဘုရားသခင် ကြိုးစားလုပ်ဆောင်နေမှန်း သိရတဲ့အတွက် ဘယ်လို ခံစားရပါသလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

မူရင်း ရှေးလက်ရေးစာမူတွေကနေ ခေတ်သစ် ဘာသာပြန်ကျမ်းတွေအထိ ကျမ်းစာသမိုင်းကြောင်းကို ဖတ်ကြည့်ပါ။

“ကျွန်ုပ်တို့ခေတ်အထိ သမ္မာကျမ်းစာ တည်တံ့လာခဲ့ပုံ” (နိုးလော့! နိုဝင်ဘာ ၂၀၀၇)

အတားအဆီးကြီး သုံးခုကြား ကျမ်းစာ ရှင်သန်တည်တံ့ခဲ့ပုံအကြောင်း လေ့လာကြည့်ပါ။

“သမ္မာကျမ်းစာ ရှင်သန်တည်တံ့ခဲ့ပုံ” (ကင်းမျှော်စင် အမှတ် ၄၊ ၂၀၁၆)

ကျမ်းစာကို သက်စွန့်ဆံဖျား ဘာသာပြန်ခဲ့ကြပုံကို လေ့လာကြည့်ပါ။

ကျမ်းစာကို သူတို့ တန်ဖိုးထား (၁၄:၂၆)

ကျမ်းစာကို အကြိမ်ကြိမ် ကူးရေးပြီး ဘာသာပြန်ခဲ့ကြတယ်။ ကျမ်းစာသတင်းစကား မပြောင်းလဲဘဲ မူရင်းအတိုင်း အတိအကျ ရှိနေမှန်း ဘယ်လို စိတ်ချနိုင်မလဲ။

“သမ္မာကျမ်းစာကို ပြုပြင် ပြောင်းလဲခဲ့သလား” (ဝက်ဘ်ဆိုက် ဆောင်းပါး)

a သန့်ရှင်းသော စွမ်းအားတော်ဆိုတာ ဘုရားအသုံးပြုတဲ့ တန်ခိုးဖြစ်ကြောင်း သင်ခန်းစာ ၇ မှာ ဆွေးနွေးပါမယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ