ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၁၀/၁ စာ. ၂၅-၂၇
  • ‘အိမ်ကိုယေဟောဝါဆောက်တော်မမူလျှင် . . . ’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘အိမ်ကိုယေဟောဝါဆောက်တော်မမူလျှင် . . . ’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အိမ်ဆောက်ခြင်း
  • အောင်မြင်သောမိသားစုတည်ဆောက်ခြင်း
  • အလုပ်ပေး၍ လေ့ကျင့်ခြင်း
  • မိသားစုသိုက်သိုက်ဝန်းဝန်းရှိရန် ရည်စူးခြင်း
  • ဝိညာဉ်ရေးခိုင်ခံ့သောမိသားစု တည်ဆောက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • မိသားစုစောင့်ရှောက်မှုအတွက် တာဝန်ယူထမ်းရွက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခရစ်ယာန်မိသားစုသည် အတူတကွလုပ်ဆောင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဘုရားသခင့်လုပ်ငန်းတော်၌စည်းလုံးနေသော မိသားစုကြီးများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၁၀/၁ စာ. ၂၅-၂၇

‘အိမ်ကိုယေဟောဝါဆောက်တော်မမူလျှင် . . . ’

မ ည်သည့်နေရာ၌နေစေကာမူ သင့်အတွက်နေစရာအိမ်ရှိသည်။ နေထိုင်မှုပုံစံနှင့် ဆောက်လုပ်မှုနည်းစနစ်များစွာ ကွဲပြားခြားနားသည်။ ရွှံ့နှင့်သစ်ကိုင်းတို့ဖြင့် ဆောက်သောတဲအိမ်၊ သစ်လုံးဖြင့်ဆောက်လုပ်သောတဲအိမ်၊ အစိတ်အပိုင်းများကို တပ်ဆင်ဆောက်လုပ်သော ကွန်ကရစ်တိုက်အိမ် အမျိုးမျိုးမရေမတွက်နိုင်အောင် များပြားလှသည်။ အခြားသူတို့မှာ ပို၍ခိုင်ခံ့သောနေအိမ်၌ သက်သောင့်သက်သာရှိသကဲ့သို့ အချို့သူတို့သည် တဲအိမ်၌လည်း ထိုသို့သက်သောင့်သက်သာရှိကြသည်။ ဤသို့အဘယ်ကြောင့်ဖြစ်ရသနည်း။

သက်သောင့်သက်သာရှိခြင်း၊ ကျေနပ်ခြင်းဆိုသည်မှာ အပေါင်းအဖေါ်အပေါ် များစွာမူတည်သည်။ (သု၊ ၁၈:၂၄) လောက၌တစ်ဖိတ်ဖိတ်နှင့် မက်မောစရာများရှိနေစေကာမူ၊ အိမ်သည်အေးချမ်းသာယာမှုနှင့် စိတ်သက်သာမှုအတွက် လူတို့အလိုလိုပြန်သွားလိုသည့်နေရာပင်ဖြစ်သည်။ သို့သော်လည်း ခေတ်သစ်မိသားစုဘဝနှင့်ပတ်သက်သော သတင်းများကို ချင့်ချိန်ဝေဖန်ကြည့်လျှင် အိမ်၌အေးချမ်းသာယာမှုနှင့် စိတ်သက်သာမှုကို အမြဲတွေ့ရသည်ဟူသောအာမခံချက်မရှိကြောင်းတွေ့ရသည်။ အများအားဖြင့် သင်နှင့်အတူနေထိုင်သူ မိသားစုသည် သင့်အေးချမ်းသာယာမှုကို အတူဆက်ဆံခြင်း သို့မဟုတ် ဖျက်ဆီးခြင်းတစ်မျိုးမျိုးပြုတတ်ကြသည်။ သို့ဖြစ်လျှင် ပျော်ရွှင်ချမ်းမြေ့သာယာသော အိမ်ထောင်စုတည်ဆောက်ရေးတွင် လျှို့ဝှက်ချက်ကားအဘယ်နည်း။

အိမ်ဆောက်ခြင်း

“[ယေဟောဝါ] သည် အိမ်ကိုဆောက်တော်မမူလျှင် ဆောက်သောသူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏” ဟု ဆာလံ ၁၂၇ မှပထမအခန်းငယ်၌ဆို၏။ မှန်သောဘုရားသခင်ယေဟောဝါအားကိုးကွယ်ရန်အတွက် အဆောက်အဦဆောက်လုပ်ရာတွင် လုပ်အားပါဝင်သူများ ဤစကားမှန်ကန်ကြောင်း တွေ့ရှိကြသည်။ ခမ်းနားသောနိုင်ငံတော်ခန်းမများကို အမြန်ဆောက်လုပ်ရာတွင် ကျွမ်းကျင်သောလုပ်သားများက သူတို့၏အချိန်နှင့် ခွန်အားဖြင့် လုပ်အားပေးကြသည်မှန်သော်လည်း၊ ယေဟောဝါ၏ကောင်းချီးမင်္ဂလာသည်သာ အောင်မြင်မှုအတွက် အာမခံချက်ဖြစ်သည်။ လာရောက်ကြည့်ရှုသူတို့ကပင် ထူးဆန်းသည့်သြဇာတစ်မျိုး သက်ရောက်လှုပ်ရှားနေသည်ကို မကြာမကြာတွေ့မြင်ကြရသည်။ ဥပမာ၊ အင်္ဂလန်ပြည် ကိုလ်ချက်စတာမြို့၌ ထိုသို့ဆောက်လုပ်ခြင်းအကြောင်းကို မဂ္ဂဇင်းတစ်စောင်က သတင်းရေးသားရာတွင် “ယေဟောဝါခေါင်မိုးကိုတည်ဆောက်” ဟူသောခေါင်းစည်းတပ်ခဲ့သည်။

သို့ရာတွင် ပကတိအဆောက်အဦဆောက်လုပ်ခြင်းအပြင် အခြားကြိုးစားအားထုတ်မှုတွင်လည်း အောင်မြင်မှုအတွက် ယေဟောဝါ၏ကောင်းချီးမင်္ဂလာကိုအားထားရသည်။ ဆာလံ ၁၂၇ ၏ တတိယအခန်းငယ်မှ ရှောလမုန်၏စကားကို သုံးသပ်ကြည့်ပါ။ “ဖွားမြင်သောသားသမီးတို့သည် ယေဟောဝါဘုရားဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာဖြစ်ကြ၏။” မိသားစုနှင့်ပတ်သက်၍လည်း ယေဟောဝါသည် အလားတူပင် ပြောင်မြောက်သောဆောက်လုပ်သူ ဖြစ်တော်မူ၏။ မိဘဖြစ်သူတို့သည် ကိုယ်တော်နှင့်တွဲဖက်လုပ်ဆောင်သူ၊ လုပ်ဖေါ်ဆောင်ဖက်များဖြစ်ခွင့်ရရှိကြသည်။a(ဟေဗြဲ ၁၁:၁၀) ခရစ်ယာန်မိဘများအနေဖြင့် အခွင့်ထူးသော ဤဖက်စပ်လုပ်ငန်းမှ အကျိုးကျေးဇူးထုတ်ယူ၍ ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်၏ဂုဏ်တော် ထင်ရှားစေမည့် ပျော်ရွှင်ချမ်းမြေ့သာယာသောမိသားစုကို အောင်မြင်စွာ မည်သို့တည်ဆောက်နိုင်မည်နည်း။

အောင်မြင်သောမိသားစုတည်ဆောက်ခြင်း

အောင်မြင်သောဆောက်လုပ်ရေးအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ရပ်မှာ ဗိသုကာပုံစံ သို့မဟုတ် ပုံစံပြာကောင်းကောင်းတစ်ခုဖြစ်သည်။ ဘုရားသခင်အားချီးမွမ်းသော ငယ်ရွယ်သူတို့ကိုတည်ဆောက်ရေးအတွက် မှုတ်သွင်းခံနှုတ်ကပတ်တော် သမ္မာကျမ်းစာထက်ကောင်းသော ပုံစံပြာမရှိတော့ပါ။ (၂ တိမောသေ ၃:၁၆၊ ၁၇) “သူငယ်ကိုသွားအပ်သောလမ်း၌ စထွင်လေ့ကျက်စေလျှင် အိုသောအခါ၌ပင် မလွဲပဲရှောက်သွားလိမ့်မည်” ဟုရှောလမုန်ရေးသားခဲ့၏။ (သု၊ ၂၂:၆၊ သမ) “သွားအပ်သောလမ်း” ကား ယေဟောဝါ၏လမ်းတော်ဖြစ်ပြီး၊ ထိုအတိုင်း မိဘများလိုက်နာပါက သားသမီးများကို ဘုရားသခင်၏သစ္စာရှိအစေခံများဖြစ်လာရန် အခွင့်အလမ်းရရှိစေနိုင်သည်။

ခိုင်ခံ့သော တိုက်တာအဆောက်အဦတစ်ခုဖြစ်လာရန် ခိုင်ခံ့သောဆောက်လုပ်ရေးပစ္စည်းများလိုအပ်သည်။ ဥရောပတိုက်ရောက် အာဖရိကလူမျိုးတစ်ဦးက သူတွေ့ရသောအဆောက်အဦအချို့သည် နှစ်ရာပေါင်းများစွာ သက်တမ်းရှိသည်ကို မယုံနိုင်အောင်ဖြစ်ခဲ့သည်။ ၄င်းအဆောက်အဦများ၌ အသုံးပြုသောတာရှည်ခံပစ္စည်းများကို သူသိမြင်လာသည်။ ပစ္စည်းများခိုထားလျှင်မူကား များသောအားဖြင့် အန္တရာယ်ဖြစ်စေတတ်သည်သာမက ပျက်စီးကိန်းဆိုက်နိုင်သည်။ သားသမီးများကို ပျိုးထောင်ရာတွင်လည်း ဤအတိုင်းပင်ဖြစ်သည်။

ပဋိသန္ဓေတည်ချိန်၌ သားသမီးများသည် အပြစ်တရားအကျိုးဆက်ဖြစ်သည့် မစုံလင်မှုထူးခြားထင်ရှားစွာပါဝင်သော ဗီဇအမွေကိုလက်ခံရရှိခဲ့ကြသည်။ (ဆာလံ ၅၁:၅) တစ်နည်းအားဖြင့် သူတို့သည် ကနဦးကပင် အနာအဆာပါလာသည်။ ခရစ်ယာန်မိဘတို့အနေဖြင့် သားသမီးများ၌ တာရှည်ခံသည့် ဘုရားရေးရာအရည်အသွေးများ မွေးမြူပေးခြင်းအားဖြင့် ၄င်းကိုတန်ပြန်ကြရသည်။ (၁ ကောရိန္သု ၃:၁၀-၁၅) ဤသို့မလုပ်ဆောင်လျှင် သားသမီးများအား အကောင်းဆုံးအစားအစာ၊ အဝတ်အစားနှင့် နေအိမ်ပေးခြင်းစသော ကဏ္ဍတို့တွင် မည်မျှပင်ကြိုးပမ်းအားထုတ်စေကာမူ သူတို့၏အားထုတ်မှုတို့သည် အရာထင်မည်မဟုတ်ပေ။

ယင်းအကြောင်းကြောင့် မိဘများ၊ အထူးသဖြင့်ဖခင်များအား နှိုးဆော်ထားသည်မှာ “ယေဟောဝါ၏ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ သူတို့ [သားသမီး] ကို မွေးမြူကြလော့” ဟူ၍ဖြစ်သည်။ (ဧဖက် ၆:၄၊ NW) ယေဟောဝါ၏ပဲ့ပြင်ခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းများတွင် အကောင်းဆုံးပုံစံပြာနှင့် ဆောက်လုပ်ရေးပစ္စည်းများပါဝင်သည်။ ၄င်းတို့ကိုအသုံးပြုလျှင် တစ်မိသားစုလုံးအတွက် ထာဝရအကျိုးကျေးဇူးရရှိပေမည်။

အလုပ်ပေး၍ လေ့ကျင့်ခြင်း

အစီအစဉ်ကောင်းစွာရေးဆွဲထားသည့်ကြားမှ တည်ဆောက်ချိန်ကာလအတွင်း၌ မမျှော်လင့်သောပြဿနာများအမြဲတမ်းပေါ်လာတတ်သည်။ အလားတူပင်၊ မိဘတို့အနေဖြင့် မိသားစုတို့၏နေ့စဉ်အသက်တာတွင် မမျှော်လင့်သောပြဿနာများကို ကြိုတွက်ထားပြီး ရင်ဆိုင်ဖြေရှင်းရန် ပြင်ဆင်ထားသင့်သည်။ မည်သို့ပြုလုပ်နိုင်သနည်း။

မိဘနှစ်ဦးစပ်ကြား ကောင်းစွာဆက်သွယ်မှုရှိရန် အရေးကြီးသည်။ မိခင်နှင့်ဖခင်တို့ ဆုတောင်းလျက် ကလေးများ၏တိုးတက်မှုအကြောင်းကို အတူတကွဆွေးနွေးကြသောအခါ ချီးမွမ်းစရာအချို့နှင့် “တည်ဆောက်” ရန် ပို၍လိုအပ်သောအပိုင်းများကို တွေ့လာပေမည်။ အားနည်းချက်များကို တွေ့သည်နှင့် မိဘတို့သည် ယင်းတို့ကို ကိုင်တွယ်ဖြေရှင်းရန် အတူတကွဆောင်ရွက်နိုင်ပေသည်။

သို့ရာတွင် မိသားစုကြီးသဖြင့် ‘သားသမီးတစ်ဦးချင်း၏ လိုအင်ဆန္ဒကို မည်သို့ဖြည့်စွက်နိုင်မည်နည်း’ ဟုတွေးတောပေမည်။ ကလေးအချင်းချင်းကူညီပေးနိုင်အောင် အလုပ်တာဝန်ပေး၍ လေ့ကျင့်ကြည့်ပါ။ အလုပ်သင်များသည် ကျွမ်းကျင်သောလက်မှုပညာသည်ဆရာသမားများထံ နှစ်ပေါင်းများစွာ ဆည်းပူးသင်ယူရကြသည်။ သင့်မိသားစုလေ့လာမှုအချိန်တွင် ဆယ်ကျော်သက် သားသမီးများအား သူတို့ထက်ငယ်သောမောင်နှမများကို အကြောင်းအရာတစ်ခုခုရှင်းပြခိုင်းနိုင်သည်။ ရိုးသားခြင်း၊ သူငယ်ချင်းရွေးချယ်ခြင်း၊ ကျောင်း၌မကောင်းသောသြဇာများကိုတွန်းလှန်ခြင်း စသောအကြောင်းများသည် ကလေးကြီးများကော၊ ကလေးငယ်များပါ ကောင်းစွာပြောပြနိုင်သောအကြောင်းအရာများဖြစ်သည်။ အရွယ်ကြီးသည့် သားသမီးများအား ဤသို့လက်တွေ့ဘဝနှင့်ဆိုင်သောတာဝန်ပေးခြင်းအားဖြင့် ငယ်ရွယ်သောကလေးများအား သူတို့သိလိုရာကို သင်ကြားပေးရင်းနှင့် သူတို့ကိုယ်တိုင်၏ပိုင်းခြားဆင်ခြင်တတ်သည့်သတ္တိနှင့် သင်ကြားခြင်းစွမ်းရည်လည်း ဖွံ့ဖြိုးတိုးတက်လာအောင် လေ့ကျင့်ပေးနိုင်သည်။ (ဟေဗြဲ ၅:၁၄) ဤသို့ပြုခြင်းဖြင့် ကလေးများတွင် တစ်အူထုံ့ဆင်း မောင်နှမရင်းချာစိတ်ဓာတ်ပျိုးထောင်ပေးနိုင်သည့် အကျိုးလည်းထပ်ဆင့်ရရှိနိုင်သည်။

သို့မဟုတ် သင့်မိသားစု၌ ကလေးတစ်ယောက်သာရှိကောင်းရှိမည်။ သို့ဖြစ်လျှင် သင့်ကလေးအကြောင်းသိရှိနားလည်ရန် အခွင့်အရေးများစွာရှိပေမည်။ သို့ရာတွင် ကလေးကိုဂရုစိုက်အရေးပေးလွန်းခြင်းအားဖြင့် ကလေးပျက်စီးမည့်အန္တရာယ်ကိုကား သတိထားပါ။ သင်တို့စုစုပေါင်းလိုက်မှ သုံးယောက်သာရှိသဖြင့် အတူတကွ လုပ်ဆောင်ကြပါ။ ဤသို့လုပ်ဆောင်ပါက သူ့အား သူတစ်ပါးနှင့်ဆက်ဆံတတ်အောင် သင်ပေးရာရောက်ပြီး သူ့အာရုံကို ပြင်ပသို့လွဲပြောင်းပေးနိုင်မည်။ ဤသို့ဖြင့် ကိုယ့်အကျိုးကိုသာစွဲလမ်းအာရုံပြုသူမဖြစ်ရအောင် ကာကွယ်ပေးရာရောက်မည်။

မိသားစုသိုက်သိုက်ဝန်းဝန်းရှိရန် ရည်စူးခြင်း

မိသားစုတစ်စု တည်ဆောက်ရာတွင် သမ္မာကျမ်းစာသင်အံမှုပြုလုပ်ခြင်း၊ ဆုံးမသြဝါဒပေးခြင်းအပြင် အခြားလုပ်စရာများစွာရှိသေးသည်။ “စားသောက်ခြင်း၊ လုပ်ကိုင်မှု၌ စိတ်ရွှင်လန်းခြင်းများထက် လူ၌ကောင်းသောအရာမရှိချေ” ဟု ရှောလမုန်မိန့်ဆိုခဲ့သည်။ (ဒေသနာ ၂:၂၄၊ သမ) အရသာရှိရှိပြင်ဆင်ချက်ပြုတ်ထားသည့် ထမင်းဟင်းလျာကို သင့်မိသားစုမြိန်ရည်ရှက်ရည်စားသောက်ကြမည်မှာ မလွဲပေ။ မိသားစုနှင့်အတူ ထမင်းဝိုင်းတွင် အတူတကွစားသောက်ရန် စီစဉ်ထားသလော။ မိသားစုဝင်များ အလုပ်သွားသူသွား၊ ကျောင်းတက်သူတက်၊ အခြားကိစ္စလုပ်သူလုပ်နှင့် အတူတကွ ထမင်းစားရန်မှာ အမြဲတစေလွယ်ကူမည်မဟုတ်ပေ။ သို့သော် များသောအားဖြင့် တစ်နေ့လျှင်တစ်နပ်လောက်အနည်းဆုံး မိသားစုနှင့်အတူ သိုက်သိုက်ဝန်းဝန်းစားသောက်နိုင်ပေသည်။ မိသားစုထမင်းဝိုင်းကို ပျော်စရာကောင်းအောင် မည်သို့ဖန်တီးနိုင်သနည်း။

ညီအစ်ကိုတစ်ဦးက စားသောက်နေသူအားလုံးပါဝင်ဆွေးနွေးရန် သမ္မာကျမ်းစာမေးခွန်းထုတ်လေ့ရှိသည်။ အဖြေမသိသူများ စိတ်အနှောင့်အယှက်မဖြစ်စေရန် သတိထားရှောင်ကြဉ်ရပေသည်။ အခြားသူများက လယ်ကွင်းဓမ္မအမှုတွေ့ကြုံမှုများ ပြောကြသည်။ ဝိညာဏကိစ္စများကို အလေးပေးခြင်းအားဖြင့် ထမင်းဝိုင်းသည် မိသားစုတစ်ရပ်လုံးကို တည်ဆောက်စရာအချိန်အခါဖြစ်လာသည်။ (ရောမ ၁၄:၁၉ ရှု) ကမ္ဘာ့ဒေသအချို့တွင် ထမင်းစားချိန်၌ စကားများများပြောလေ့ပြောထမရှိသည်မှာ မှန်ပါသည်။ သို့သော်လည်း ပျော်ရွှင်သောအခြေအနေထိန်းသိမ်းရန် အသိစိတ်ဓာတ်ဖြင့် ကြိုးစားရန် အရေးကြီးသည်။ သု၊ ၁၅:၁၇ ၌ “ဆူအောင်ကျွေးသောနွားတစ်ကောင်လုံးကို အချင်းချင်း အငြိုးထားသောစိတ်နှင့်စားရသည်ထက် ချစ်ခြင်းမေတ္တာပါသောဟင်းရွက်တစ်နပ်စာသည် သာ၍ကောင်း၏” ဟုဆိုသည်။

ခရစ်ယာန်မိသားစု၌ စိတ်လက်အပန်းဖြေခြင်းနှင့် အပြောင်းအလဲတစ်မျိုးမျိုးအတွက်လည်း နေရာပေးသင့်သည်။ အမြော်အမြင်ရှိသော မိဘတို့သည် ထိုသို့သောအချိန်အခါမျိုးကို အသုံးပြု၍ ခိုင်ခံ့သောသီအိုကရက်တစ်မိသားစုယူနစ်ဖြစ်အောင် တည်ဆောက်ကြသည်။ အဘယ်သို့အားဖြင့်နည်း။

ကလေးများကို ကြိုက်ရာလုပ်ဖို့လွှတ်ထားခြင်းသည် လွယ်ကူသောကိစ္စဖြစ်သော်လည်း အန္တရာယ်ရှိသည်။ ဥပမာ၊ အသက်သို့မဟုတ် ကိုယ်လက်အင်္ဂါအတွက် အန္တရာယ်ရှိသော အားကစားမျိုး၌ အလွန်အကျွံပါဝင်ခွင့်ပြုခြင်းသည် မည်မျှပညာမဲ့ရာကျသည်တကား။ (၁ တိမောသေ ၄:၈) မိသားစုအားလုံးပါဝင်နိုင်သည့် လှုပ်ရှားမှုမျိုးကို အတတ်နိုင်ဆုံးရွေးချယ်ပါ။ ဖခင်ကသူတို့၏ထင်မြင်ယူဆချက်များကို တောင်းခံ၍ ပြင်ဆင်ရာတွင် တစ်ခုခုပါဝင်လုပ်ဆောင်ရန် တာဝန်ပေးနိုင်သည်။

မိသားစုအနေနှင့် သင်တို့၏မေတ္တာကို တိုးချဲ့၍ အသင်းတော်မှ အချို့သူများအား သင့်မိသားစု၏ပျော်ရွှင်မှုကို ဝေမျှခံစားစေနိုင်သလော။ အသင်းတော်မှ သက်ကြီးရွယ်အိုများသည် မိသားစုသိုက်သိုက်ဝန်းဝန်းနေခြင်းကို နှစ်သက်ပျော်မွေ့တတ်ကြသည်။ အထူးသဖြင့် သူတို့မိသားစုနီးနီးနားနားမရှိသည့်အခါမျိုး သို့မဟုတ် ခရစ်ယာန်မူအတိုင်း မလိုက်လျှောက်ကြသည့်အခါမျိုး၌ဖြစ်သည်။ (ယာကုပ် ၁:၂၇) အသင်းတော်များစွာ၌ မိဘတစ်ဦးတည်းသာရှိသော မိသားစုများရှိကြသည်။ သီအိုကရက်တစ်ဦးစီးမှုကိုထောက်ထားခြင်း၊ ခရစ်ယာန်အမူအကျင့်ကို လေးစားခြင်းတို့နှင့်အတူ အကြီးအကဲများနှင့် အခြားသူများသည် ထိုသို့သောမိသားစုဝင်များအား ဝိညာဏအကာအကွယ်ပေးနိုင်ကြသည်။ (ဟေရှာယ ၃၂:၁) ရင့်ကျက်သော ခရစ်ယာန်လူကြီးတစ်ဦး၏ မေတ္တာရှေ့ထား အရေးပေးမှုကြောင့် သမာသမတ်ရှိသည့် အိမ်ထောင်ဦးစီးဖြစ်လာကြသော “အဖမရှိသူ” တို့မနည်းလှပေ။—ဆာလံ ၈၂:၃။

ခရစ်ယာန်အိမ်ထောင်စု တည်ဆောက်ခြင်းသည် အားထုတ်ရသောအလုပ်ဖြစ်သည်။ သို့သော်လည်း၊ ယေဟောဝါ၏မစမှုဖြင့် “ဖွားမြင်သောသားသမီးတို့သည် [ယေဟောဝါ] ဆုချ၍ပေးသနားတော်မူသော အမွေဥစ္စာဖြစ်ကြ” ကြောင်းကို သင်အမှန်အတိုင်း နားလည်လာပေမည်။ (ဆာလံ ၁၂၇:၁၊ ၃) သူတို့သည် ခရစ်ယာန်မိဘတို့အတွက် ချီးမွမ်းစရာအကြောင်းဖြစ်သည်သာမက ဖန်ဆင်းရှင်ယေဟောဝါဘုရားသခင်အတွက်လည်း ချီးမွမ်းစရာအကြောင်းဖြစ်လာနိုင်သည်။

[အောက်ခြေမှတ်ချက်များ]

a အမှန်မှာ “ဆောက်သောသူတို့ (အခန်းငယ် ၁) နှင့် သားများ” (အခန်းငယ် ၃) ဟုပြန်ဆိုသောဟေဗြဲစကားလုံးတို့သည် “ဆောက်ရန်” ဟူသည့်မူရင်းအဓိပ္ပာယ်ရှိစကားမှလာသည်ဟုထင်မြင်ကြသည်။ ၄င်းအပြင် (အိမ်) ဟူသောဟေဗြဲစကားသည် (နေထိုင်ရာအရပ်) သို့မဟုတ်(မိသားစု) ကိုဆိုနိုင်သည်။ ၂ ဓမ္မရာဇဝင် ၇:၁၁၊ ၁၆။ မိက္ခာ ၁:၅။ သို့ဖြစ်၍ အိမ်ဆောက်ခြင်းသည်မိသားစုပျိုးထောင်ပေးခြင်း နှင့်ထပ်တူထပ်မျှဖြစ်သည်။ ဤလုပ်ရပ်နှစ်ခုစလုံးတွင် ယေဟောဝါ၏ကောင်းချီးလိုသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ