ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ‘အိမ်ကိုယေဟောဝါဆောက်တော်မမူလျှင် . . . ’
    ကင်းမျှော်စင်—၁၉၉၀ | အောက်တိုဘာ ၁
    • သို့ရာတွင် ပကတိအဆောက်အဦဆောက်လုပ်ခြင်းအပြင် အခြားကြိုးစားအားထုတ်မှုတွင်လည်း အောင်မြင်မှုအတွက် ယေဟောဝါ၏ကောင်းချီးမင်္ဂလာကိုအားထားရသည်။ ဆာလံ ၁၂၇ ၏ တတိယအခန်းငယ်မှ ရှောလမုန်၏စကားကို သုံးသပ်ကြည့်ပါ။ “ဖွားမြင်သောသားသမီးတို့သည် ယေဟောဝါဘုရားဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာဖြစ်ကြ၏။” မိသားစုနှင့်ပတ်သက်၍လည်း ယေဟောဝါသည် အလားတူပင် ပြောင်မြောက်သောဆောက်လုပ်သူ ဖြစ်တော်မူ၏။ မိဘဖြစ်သူတို့သည် ကိုယ်တော်နှင့်တွဲဖက်လုပ်ဆောင်သူ၊ လုပ်ဖေါ်ဆောင်ဖက်များဖြစ်ခွင့်ရရှိကြသည်။a(ဟေဗြဲ ၁၁:၁၀) ခရစ်ယာန်မိဘများအနေဖြင့် အခွင့်ထူးသော ဤဖက်စပ်လုပ်ငန်းမှ အကျိုးကျေးဇူးထုတ်ယူ၍ ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်၏ဂုဏ်တော် ထင်ရှားစေမည့် ပျော်ရွှင်ချမ်းမြေ့သာယာသောမိသားစုကို အောင်မြင်စွာ မည်သို့တည်ဆောက်နိုင်မည်နည်း။

  • ‘အိမ်ကိုယေဟောဝါဆောက်တော်မမူလျှင် . . . ’
    ကင်းမျှော်စင်—၁၉၉၀ | အောက်တိုဘာ ၁
    • a အမှန်မှာ “ဆောက်သောသူတို့ (အခန်းငယ် ၁) နှင့် သားများ” (အခန်းငယ် ၃) ဟုပြန်ဆိုသောဟေဗြဲစကားလုံးတို့သည် “ဆောက်ရန်” ဟူသည့်မူရင်းအဓိပ္ပာယ်ရှိစကားမှလာသည်ဟုထင်မြင်ကြသည်။ ၄င်းအပြင် (အိမ်) ဟူသောဟေဗြဲစကားသည် (နေထိုင်ရာအရပ်) သို့မဟုတ်(မိသားစု) ကိုဆိုနိုင်သည်။ ၂ ဓမ္မရာဇဝင် ၇:၁၁၊ ၁၆။ မိက္ခာ ၁:၅။ သို့ဖြစ်၍ အိမ်ဆောက်ခြင်းသည်မိသားစုပျိုးထောင်ပေးခြင်း နှင့်ထပ်တူထပ်မျှဖြစ်သည်။ ဤလုပ်ရပ်နှစ်ခုစလုံးတွင် ယေဟောဝါ၏ကောင်းချီးလိုသည်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ