ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၆၆
  • ငရဲ တကယ် ရှိသလား။ ကျမ်းစာအရ ငရဲဆိုတာ ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငရဲ တကယ် ရှိသလား။ ကျမ်းစာအရ ငရဲဆိုတာ ဘာလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • ငရဲဆိုတာ ထာဝစဉ် ညှဉ်းဆဲခံရတဲ့ နေရာလား
  • သူဌေးနဲ့ လာဇရုအကြောင်း ယေရှုရဲ့ ပုံဥပမာ အဓိပ္ပာယ်က ဘာလဲ
  • ငရဲဆိုတာက ဘုရားနဲ့ လုံးဝ ကင်းကွာနေတာကို ဆိုလိုသလား
  • ငရဲထဲကနေ ထွက်လာဖူးသူ ရှိသလား
  • ဘယ်သူတွေ ငရဲ ရောက်သွားကြသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • မီးငရဲ မည်သို့ဖြစ်သွား ခဲ့ပြီနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ငရဲသည် အမှန်စင်စစ် အဘယ်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ငရဲဟူသည် အဘယ်သို့သော နေရာမျိုးနည်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၆၆
မီးငရဲမှာ လူတွေ ညှဉ်းဆဲခံနေရတဲ့ ရုပ်ပုံ။

ငရဲ တကယ် ရှိလား။ ကျမ်းစာအရ ငရဲဆိုတာ ဘာလဲ

ကျမ်းစာအဖြေ

ဂျိမ်းဘုရင် ဘာသာပြန်ကျမ်းလို အရင်က ထုတ်ဝေခဲ့တဲ့ ဘာသာပြန်ကျမ်းတွေမှာ “ငရဲ” ဆိုတဲ့ စကားလုံး ပါတယ်။ (ဆာလံ ၁၆:၁၀။ တမန်တော် ၂:၂၇a) ဒီဆောင်းပါးမှာ ပါတဲ့ ဘာသာရေး ပန်းချီကားမှာ တွေ့ရသလို ငရဲဆိုတာ လူဆိုးတွေကို အပြစ်ပေးဖို့ ထာဝစဉ် မီးတောက်လောင်နေတဲ့နေရာလို့ လူအများ ယူမှတ်ကြတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျမ်းစာက ဘာဖော်ပြသလဲ။

ဒီဆောင်းပါးမှာ ဖော်ပြထားတာက

  • ငရဲဆိုတာ ထာဝစဉ် ညှဉ်းဆဲခံရတဲ့ နေရာလား

  • သူဌေးနဲ့ လာဇရုအကြောင်း ယေရှုရဲ့ ပုံဥပမာ အဓိပ္ပာယ်က ဘာလဲ

  • ငရဲဆိုတာက ဘုရားနဲ့ လုံးဝ ကင်းကွာနေတာကို ဆိုလိုသလား

  • ငရဲထဲကနေ ထွက်လာဖူးသူ ရှိသလား

  • ငရဲ ဒါမှမဟုတ် သင်္ချိုင်းအကြောင်း ဖော်ပြတဲ့ ကျမ်းချက်များ

  • ကျမ်းစာ မူရင်းဘာသာစကားမှ စကားလုံးများ

  • ငရဲသွန်သင်ချက်ရဲ့ သမိုင်း

ငရဲဆိုတာ ထာဝစဉ် ညှဉ်းဆဲခံရတဲ့ နေရာလား

မဟုတ်ပါဘူး။ အရင်က ထုတ်ဝေခဲ့တဲ့ ဘာသာပြန်ကျမ်းတချို့မှာ “ငရဲ” လို့ ပြန်ဆိုထားတဲ့ မူရင်းစကားလုံး (ဟီဘရူးလို “ရှီးအိုးလ်၊” ဂရိလို “ဟေးဒီးစ်”) ဟာ “သင်္ချိုင်း” ကို ရည်ညွှန်းတယ်။ “သင်္ချိုင်း” မှာ ရှိသူတွေဟာ အသက်မရှင်ကြဘူးလို့ ကျမ်းစာက ဖော်ပြတယ်။

  • လူသေတွေဟာ ဘာကိုမှ မသိတဲ့အတွက် နာကျင်မှု မခံစားကြရဘူး။ “ငရဲမှာ အလုပ်အကိုင် မရှိ၊ အစီအစဉ် မရှိ၊ အသိပညာ မရှိ၊ ဉာဏ်ပညာ မရှိဘူး။” (ဒေသနာ ၉:၁၀၊ ဒူးဝေး-ရိမ်းဘာသာပြန်ကျမ်း) ငရဲမှာ မချိမဆံ့ အော်သံတွေ မရှိဘူး။ အဲဒီအစား “လူဆိုးတွေပဲ အရှက်ကွဲပြီး သင်္ချိုင်း (ငရဲ၊ ဒူးဝေး-ရိမ်းဘာသာပြန်ကျမ်း) မှာ နှုတ်ဆိတ်သွားပါစေ” လို့ ကျမ်းစာက ဆိုတယ်။—ဆာလံ ၃၁:၁၇။ ဂျိမ်းဘုရင်ဘာသာပြန်ကျမ်း (၃၀:၁၈၊ ဒူးဝေး-ရိမ်းဘာသာပြန်ကျမ်း)။ ဆာလံ ၁၁၅:၁၇။

  • အပြစ်အတွက် ပြစ်ဒဏ်ဟာ မီးငရဲမှာ ညှဉ်းဆဲခံရတာ မဟုတ်ဘဲ သေခြင်း ဖြစ်တယ်လို့ ဘုရား မိန့်မှာတယ်။ ဘုရားရဲ့ ပညတ်ကို ချိုးဖောက်တဲ့အတွက် ပြစ်ဒဏ်ဟာ သေခြင်း ဖြစ်တယ်လို့ အာဒံကို ဘုရား ပြောခဲ့တယ်။ (ကမ္ဘာဦး ၂:၁၇) ငရဲထဲမှာ ထာဝစဉ် ညှဉ်းဆဲခံရမယ့်အကြောင်း မပြောခဲ့ဘူး။ အာဒံ အပြစ်လုပ်ပြီး နောက်ပိုင်းမှာ ဘုရားက “မင်းဟာ မြေမှုန့် ဖြစ်တဲ့အတွက် မြေမှုန့်ကိုပဲ ပြန်ရမယ်” လို့ ပြောတယ်။ (ကမ္ဘာဦး ၃:၁၉) သူ ဘယ်နေရာမှာမှ မရှိတော့ဘူး။ ဘုရားက အာဒံကို မီးငရဲထဲ ပို့မယ်ဆိုရင် ငရဲပို့မယ်လို့ ပြောမှာ သေချာတယ်။ ပညတ်တွေကို မလိုက်နာလို့ ခံရမယ့် ပြစ်ဒဏ်ကို ဘုရား မပြောင်းလဲဘူး။ အာဒံ အပြစ်လုပ်ပြီး နှစ်အတော်ကြာတဲ့အခါ ဘုရားက ကျမ်းရေးသူတစ်ဦးကို “အပြစ်က ပေးတဲ့ အခဟာ သေခြင်းပဲ” လို့ ရေးသားစေခဲ့တယ်။ (ရောမ ၆:၂၃) “လူတစ်ယောက် သေဆုံးပြီဆိုရင် အပြစ်ရဲ့ လက်အောက်ကနေ လွတ်မြောက်သွားပြီ” ဖြစ်လို့ ထပ်ပြီး အပြစ်ပေးစရာ မလိုတော့ဘူး။—ရောမ ၆:၇။

  • ထာဝစဉ် ညှဉ်းဆဲတယ်ဆိုတာကို ဘုရား ရွံမုန်းတယ်။ (ယေရမိ ၃၂:၃၅) အဲဒီအယူအဆက ‘ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာ ဖြစ်တယ်’ ဆိုတဲ့ ကျမ်းစာသွန်သင်ချက်နဲ့ ဆန့်ကျင်နေတယ်။ (၁ ယောဟန် ၄:၈) ဘုရားကို ဝတ်ပြုတာက ထာဝစဉ် ညှဉ်းဆဲခံရမှာ ကြောက်လို့ မဟုတ်ဘဲ ချစ်လို့ ဝတ်ပြုတာမျိုးကို ဘုရား လိုချင်တယ်။—မဿဲ ၂၂:၃၆-၃၈။

  • ငရဲကို လူကောင်းတွေ ရောက်ကြတယ်။ “ငရဲ” ဆိုတဲ့ စကားလုံး ပါတဲ့ ကျမ်းချက်တွေအရ သစ္စာရှိသူတွေ ဖြစ်တဲ့ ယာကုပ်နဲ့ ယောဘတို့ဟာ ငရဲကို ရောက်မယ်ဆိုတာ သိကြတယ်။ (ကမ္ဘာဦး ၃၇:၃၅။ ယောဘ ၁၄:၁၃) ယေရှုခရစ်တောင် သေဆုံးပြီး မထမြောက်ခင်အတွင်း ငရဲမှာ ရှိနေတယ်လို့ ကျမ်းစာက ဆိုတယ်။ (တမန်တော် ၂:၃၁၊ ၃၂) အဲဒီကျမ်းပိုဒ်တွေထဲက “ငရဲ” ဆိုတဲ့ အသုံးအနှုန်းဟာ သင်္ချိုင်းကို ရည်ညွှန်းတာ ထင်ရှားပါတယ်။b

သူဌေးနဲ့ လာဇရုအကြောင်း ယေရှုရဲ့ ပုံဥပမာ အဓိပ္ပာယ်က ဘာလဲ

ယေရှု ပြောခဲ့တဲ့ အဲဒီပုံဥပမာကို လုကာ ၁၆:၁၉-၃၁ မှာ မှတ်တမ်းတင်ထားတယ်။ အမှန်တရားအကြောင်း၊ ဘုရားရဲ့ ရှုမြင်ပုံအကြောင်း သွန်သင်ရာမှာ ပုံဥပမာတွေကို အသုံးပြုတယ်။ သူဌေးနဲ့ လာဇရုအကြောင်း ပုံဥပမာဟာ တကယ့် အဖြစ်အပျက် မဟုတ်ဘူး။ (မဿဲ ၁၃:၃၄) ဒီအကြောင်းကို ပိုသိဖို့ “သူဌေးနဲ့ လာဇရုက ဘယ်သူတွေလဲ” ဆောင်းပါးကို ဖတ်ပါ။

ငရဲဆိုတာက ဘုရားနဲ့ လုံးဝ ကင်းကွာနေတာကို ဆိုလိုသလား

မဟုတ်ပါဘူး။ ဘုရားနဲ့ လုံးဝ ကင်းကွာနေတယ်လို့ လူသေတွေ သိတယ်ဆိုတဲ့ သွန်သင်ချက်က ကျမ်းစာနဲ့ ဆန့်ကျင်တယ်။ လူသေတွေဟာ ဘာကိုမှ မသိဘူးလို့ ကျမ်းစာက ရှင်းရှင်းလင်းလင်း သွန်သင်တယ်။—ဆာလံ ၁၄၆:၃၊ ၄။ ဒေသနာ ၉:၅။

ငရဲထဲကနေ ထွက်လာဖူးသူ ရှိသလား

ရှိပါတယ်။ (တချို့ကျမ်းစာတွေမှာ “ငရဲ” လို့ ပြန်ဆိုထားတဲ့) သင်္ချိုင်းကို ရောက်သွားတဲ့ လူကိုးယောက်ဟာ ရှင်ပြန်ထမြောက်လာတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။c အဲဒီလူတွေဟာ ငရဲကို ရောက်သွားတုန်းက ဖြစ်ပျက်နေတာတွေကို သိမယ်ဆိုရင် အဲဒီအကြောင်းကို ပြန်ပြောပြကြမှာပဲ။ ညှဉ်းဆဲခံရတယ်၊ ဘာတွေ တွေ့ကြုံခဲ့တယ်ဆိုပြီး ပြန်ပြောပြသူ တစ်ယောက်မှ မရှိတာ ထူးခြားပါတယ်။ ဘာကြောင့်လဲ။ ကျမ်းစာ သွန်သင်တဲ့အတိုင်း သူတို့ဟာ နှစ်နှစ်ခြိုက်ခြိုက် “အိပ်ပျော်” နေသူလို ဘာကိုမှ မသိကြလို့ပါ။—ယောဟန် ၁၁:၁၁-၁၄။ ၁ ကောရိန္သု ၁၅:၃-၆။

a ခေတ်သစ် ဘာသာပြန်ကျမ်း အတော်များများက တမန်တော် ၂:၂၇ မှာ “ငရဲ” ဆိုတဲ့ စကားလုံးကို အသုံးမပြုကြတော့ဘူး။ အဲဒီအစား ဘာသာပြန်ကျမ်းတချို့က “သင်္ချိုင်း၊” “မရဏာနိုင်ငံ” ဆိုပြီး ပြန်ဆိုကြတယ်။ တခြားဘာသာပြန်ကျမ်းတွေကတော့ ဂရိစကားလုံး “ဟေးဒီးစ်” ဆိုပြီး အသံလှယ်ထားတယ်။

b “ကျမ်းစာ မူရင်းဘာသာစကားမှ စကားလုံးများ” လေးထောင့်ကွက်ကို ကြည့်ပါ။

c ၁ ဘုရင်များ ၁၇:၁၇-၂၄။ ၂ ဘုရင်များ ၄:၃၂-၃၇။ ၁၃:၂၀၊ ၂၁။ မဿဲ ၂၈:၅၊ ၆။ လုကာ ၇:၁၁-၁၇။ ၈:၄၀-၅၆။ ယောဟန် ၁၁:၃၈-၄၄။ တမန်တော် ၉:၃၆-၄၂။ တမန်တော် ၂၀:၇-၁၂ ကို ကြည့်ပါ။

ငရဲ ဒါမှမဟုတ် သင်္ချိုင်းအကြောင်း ဖော်ပြတဲ့ ကျမ်းချက်များ

ယောဘ ၁၄:၁၃။ “ကိုယ်တော်က ကျွန်တော့်ကို သင်္ချိုင်း (“ငရဲ၊” ဒူးဝေး-ရိမ်းဘာသာပြန်ကျမ်း) မှာ ဝှက်ထားပေးရင်၊ . . . ကျွန်တော့်အတွက် အချိန်သတ်မှတ်ပြီး သတိရပေးရင် သိပ်ကောင်းမှာပဲ။”

အဓိပ္ပာယ်။ ငရဲ (သင်္ချိုင်း) မှာ ဝေဒနာတွေ သက်သာရာရပြီး ဘုရား အသက်ပြန်ရှင်စေမယ်ဆိုတာကို သစ္စာရှိသူ ယောဘ သိတယ်။

ဆာလံ ၁၄၅:၂၀။ “ယေဟောဝါက မိမိကို ချစ်မြတ်နိုးသူအားလုံးကို စောင့်ရှောက်တယ်။ လူဆိုးတွေကိုတော့ အစတုံး ဖျက်ဆီးလိမ့်မယ်။”

အဓိပ္ပာယ်။ လူဆိုးတွေကို ဘုရား လုံးဝ ဖျက်ဆီးပစ်မယ်။ လူဆိုးတွေကို ညှဉ်းဆဲဖို့ ငရဲမှာ ဆက်အသက်ရှင်နေစေမှာ မဟုတ်ဘူး။

ဒေသနာ ၉:၁၀။ “ကိုယ်ရောက်သွားမယ့် သင်္ချိုင်း (“ငရဲ၊” ဒူးဝေး-ရိမ်းဘာသာပြန်ကျမ်း) မှာ အလုပ်အကိုင်၊ အစီအစဉ်၊ အသိပညာ၊ ဉာဏ်ပညာ ဘာတစ်ခုမှ မရှိလို့ပဲ။”

အဓိပ္ပာယ်။ သင်္ချိုင်း ဒါမှမဟုတ် ငရဲမှာ ရှိသူတွေဟာ ဘာကိုမှ မသိဘူး။ ညှဉ်းဆဲခံနေရမှာ မဟုတ်ဘူး။ ကျမ်းရေးသူက လူကောင်းတွေကိုပါ အဲဒီပညာရှိစကားတွေ ပြောနေခြင်း ဖြစ်တယ်။

တမန်တော် ၂:၃၁။ “ခရစ်တော် ထမြောက်မယ့်အကြောင်းကို သူ ကြိုသိနေလို့ ခရစ်တော်ဟာ သင်္ချိုင်း (“ငရဲ၊” ဂျိမ်းဘုရင်ဘာသာပြန်ကျမ်း) မှာ စွန့်ပစ်ခံရမှာ မဟုတ်ဘူး။”

အဓိပ္ပာယ်။ ယေရှုခရစ် သေတဲ့အချိန်မှာ ငရဲ (သင်္ချိုင်း) ကို ရောက်သွားတယ်။

ရောမ ၆:၂၃။ “အပြစ်က ပေးတဲ့ အခဟာ သေခြင်းပဲ။”

အဓိပ္ပာယ်။ အပြစ်အတွက် ဒဏ်စီရင်ချက်ဟာ ငရဲမှာ ညှဉ်းဆဲခံရတာ မဟုတ်ဘဲ သေခြင်း ဖြစ်ပါတယ်။

ဗျာဒိတ် ၂၀:၁၃။ “သေမင်းနဲ့ သင်္ချိုင်း (“ငရဲ၊” ဂျိမ်းဘုရင်ဘာသာပြန်ကျမ်း) ကလည်း မိမိတို့ဆီမှာ ရှိထားတဲ့ သေလွန်သူတွေကို ပေးအပ်တယ်။”

အဓိပ္ပာယ်။ ငရဲမှာ ရှိသူတွေဟာ လူသေတွေ ဖြစ်တယ်။ သူတို့ ပြန်အသက်ရှင်လာကြမယ်။

ဗျာဒိတ် ၂၀:၁၄။ “အဲဒီနောက် သေမင်းနဲ့ သင်္ချိုင်း (“ငရဲ၊” ဂျိမ်းဘုရင်ဘာသာပြန်ကျမ်း) ဟာ မီးအိုင်ထဲ ပစ်ချခံရတယ်။”

အဓိပ္ပာယ်။ သင်္ချိုင်းမှာ ရှိတဲ့ သေလွန်သူတွေ ရှင်ပြန်ထမြောက်လာပြီးနောက် သင်္ချိုင်း (ငရဲ) ကို မီးနဲ့ ထာဝစဉ် ဖျက်ဆီးလိုက်တယ်။ အဲဒီနောက် အာဒံရဲ့ အပြစ်ကြောင့် ဖြစ်ပေါ်လာတဲ့ သေခြင်းဆိုတာ ရှိတော့မှာ မဟုတ်ဘူး။—ရောမ ၅:၁၂။

ကျမ်းစာ မူရင်းဘာသာစကားမှ စကားလုံးများ

အောက်ပါအချက်တွေအရ ကျမ်းစာဘာသာပြန်သူတွေဟာ တခြားအဓိပ္ပာယ်ရှိတဲ့ ကျမ်းစာ မူရင်းစကားလုံးတွေကို “ငရဲ” လို့ ဘာသာပြန်ကြတဲ့အတွက် အဓိပ္ပာယ် ရှုပ်ထွေးသွားစေတယ်။ လူဆိုးတွေ ထာဝစဉ် ညဉ်းဆဲခံရမယ်ဆိုတဲ့ အယူအဆကို အားပေးအားမြှောက်လုပ်ချင်လို့ ဖြစ်ပုံရတယ်။

  • ● ဂေဟင်နာ (Greek γέεννα)

    အဓိပ္ပာယ်။ ထာဝရ ဖျက်ဆီးခြင်း။—မဿဲ ၅:၃၀

    ပြန်ဆိုချက်။ ငရဲ (ယုဒသန်ကျမ်း)

  • တားတရပ် (Greek ταρταρόω)

    အဓိပ္ပာယ်။ နတ်ဆိုးတွေရဲ့ အနိမ့်ကျဆုံး အခြေအနေ။—၂ ပေတရု ၂:၄

    ပြန်ဆိုချက်။ ငရဲ (ယုဒသန်ကျမ်း)

ငရဲသွန်သင်ချက်ရဲ့ သမိုင်း

တိတ္ထိအယူ။ ရှေးခေတ် အီဂျစ်တွေမှာ မီးငရဲအယူဝါဒ ရှိတယ်။ ဘီစီ ၁၆ ရာစုကလို့ သမိုင်းပညာရှင်တွေ အဆိုပြုတဲ့၊ အသုဘ အစီအစဉ်တွေမှာ သုံးလေ့ရှိတဲ့ အမ်ဒူအတ် စာအုပ်မှာ “မီးအိုင်တွေထဲ ပစ်ချခံရမယ့် သူတွေဟာ . . . မီးတောက်တွေထဲကနေ မလွတ်မြောက်နိုင်ပါ” လို့ ဖော်ပြတယ်။—The Egyptian Heaven and Hell။

အစောပိုင်း ခရစ်ယာန်တွေ မသွန်သင်ခဲ့။ “ဓမ္မသစ်ကျမ်းထဲမှာ အစောပိုင်း ခရစ်ယာန်တွေ ဟောပြောတဲ့ စကားတွေထဲမှာ မီးငရဲအကြောင်း မပါတာ ထူးခြားတယ်။”—A Dictionary of Christian Theology။

ဂရိအတွေးအခေါ်တွေ ဝင်လာခြင်း။ “အေဒီ ၂ ရာစု အလယ်ပိုင်းမှာ ဂရိအတွေးအခေါ်တွေကို လေ့လာကြတဲ့ ခရစ်ယာန်တွေက မိမိတို့ရဲ့ ယုံကြည်ချက်တွေကို အတွေးအခေါ်နည်းလမ်းအတိုင်း ရှင်းပြဖို့ လိုတယ်လို့ ယူဆကြလာကြတယ်။ . . . သူတို့အကြိုက်ဆုံးက ပလေတိုရဲ့ သွန်သင်ချက်တွေ ဖြစ်တယ်။” (ဗြိတန်နီကာ စွယ်စုံကျမ်း) အဲဒီအတွေးအခေါ်ထဲမှာ သေဆုံးပြီးနောက် မီးငရဲမှာ ညှဉ်းဆဲခံရခြင်း အယူဝါဒ ပါတယ်။ “ငရဲအကြောင်း သွန်သင်တဲ့ ဂရိအတွေးအခေါ် ပညာရှင်တွေထဲမှာ သြဇာအရှိဆုံးဟာ ပလေတို ဖြစ်တယ်။”—မီးငရဲရဲ့ သမိုင်း။

တခြားသူကို နှိပ်စက်ညှဉ်းဆဲတာ မမှားဘူးလို့ မီးငရဲအယူကို သုံးပြီး ဆင်ခြေပေးကြ။ စပိန်ခုံရုံးဆိုပြီး လူသိများတဲ့ ခေတ်အတွင်း ချာ့ခ်ျအယူဝါဒ ဆန့်ကျင်သူကို သစ်တိုင်တင် မီးရှို့တာက “မီးငရဲထဲမှာ ဘယ်လို ခံစားရမယ်” ဆိုတာ သိစေဖို့၊ အဲဒီလူတွေ မသေခင် နောင်တရသွားဖို့ ဖြစ်တယ်လို့ ဆိုတယ်။ (The Spanish Inquisition, by Jean Plaidy) အင်္ဂလန် ဘုရင်မ မေရီလည်း ပရိုတက်စတင့် ၃၀၀ လောက်ကို သစ်တိုင်တင် မီးရှို့သတ်ခဲ့တယ်။ “မိစ္ဆာတိတ္ထိတွေရဲ့ ဝိညာဉ်တွေဟာ မီးငရဲထဲ ထာဝစဉ် မီးလောင်နေရမှာဆိုတော့ လူဆိုးတွေကို ဘုရား အပြစ်ပေးတာကို တုပတဲ့အနေနဲ့ မြေကြီးပေါ်မှာ မီးရှို့တာဟာ သင့်တော်ပါတယ်” လို့ သူပြောခဲ့တယ်ဆိုပြီး အဆိုရှိတယ်။—အလက်ဇန်းဒါး တိုင်လာ ရေးတဲ့ Universal History စာအုပ်။

မျက်မှောက်ခေတ် အပြောင်းအလဲများ။ ဘာသာရေး ဂိုဏ်းဂဏတချို့က မီးငရဲသွန်သင်ချက်ကို လျှော့ပြောလာကြတယ်။ မှားယွင်းတဲ့ သွန်သင်ချက် ဖြစ်လို့ ငြင်းပယ်ကြခြင်း မဟုတ်ဘဲ အသင်းဝင်တွေ အကြိုက်တွေ့ဖို့ ဖြစ်တယ်။ (၂ တိမောသေ ၄:၃) “လူတွေက ကြင်နာတတ်တဲ့ ဘုရားကို ပိုနှစ်သက်ကြတယ်။ . . . ဒီနေ့ခေတ်မှာ အပြစ်အကြောင်း၊ အပြစ်ရှိခြင်းအကြောင်း ပြောတာကို လူကြိုက်မများတော့ဘူး။”—ပါမောက္ခ ဂျက်ဆင် ဒဗလျူ ကာရိုး။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ