ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၃/၁၅ စာ. ၁၀-၁၅
  • ထိုးထွင်းသိမြင်ခြင်းအတွက် ယေဟောဝါထံ ကြည့်မျှော်လော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထိုးထွင်းသိမြင်ခြင်းအတွက် ယေဟောဝါထံ ကြည့်မျှော်လော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ထိုးထွင်းသိမြင်ခြင်းတွင် မည်သည့်အရာပါဝင်
  • ယောရှု ထိုးထွင်းသိမြင်ခြင်း မည်သို့ရရှိပုံ
  • ယနေ့ ယေဟောဝါ ထိုးထွင်းသိမြင်ခြင်း မည်သို့ပေးပုံ
  • ထိုးထွင်းသိမြင်ခြင်းပျောက်ဆုံးမှုမှ ကာကွယ်
  • ယေဟောဝါပေးခဲ့သော ထိုးထွင်းသိမြင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ယေဟောဝါကို ဝတ်ပြုဖို့ သင့်သားသမီးကို လေ့ကျင့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ယောရှု ၁:၉—“အားယူ၍ ရဲရင့်ခြင်း ရှိလော့”
    ကျမ်းပိုဒ် ရှင်းပြချက်များ
  • ထိုးထွင်းဉာဏ်က ဒေါသကိုပြေစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၃/၁၅ စာ. ၁၀-၁၅

ထိုးထွင်းသိမြင်ခြင်းအတွက် ယေဟောဝါထံ ကြည့်မျှော်လော့

“သင့်ကို ငါထိုးထွင်းသိမြင်စေမည်။ သင်သွားရမည့်လမ်းကို ပြညွှန်မည်။ သင့်အားအကြံပေး၍ ကြည့်ရှုပြုစုမည်။”—ဆာလံ ၃၂:၈။

၁။ ကျွန်ုပ်တို့ဆုံးဖြတ်ချက်များသည် ပညာရှိရာရောက်မရောက် သိရှိနိုင်သောအချက် အချို့ကားအဘယ်နည်း။ (တရားဟောရာ ၃၂:၇၊ ၂၉ နှင့်နှိုင်းယှဉ်ပါ။)

နေ့စဉ်ပင် ကျွန်ုပ်တို့သည် ဆုံးဖြတ်ချက်များနှင့် ရင်ဆိုင်ရသည်။ အချို့သေးငယ်ပုံရပြီး အချို့သည် အရေးကြီးလှသည်။ ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်များ ပညာရှိရာရောက်မည်လော။ ယင်းသည် ကျွန်ုပ်တို့အနေနှင့် အလျင်စလိုဆုံးဖြတ်ခြင်း သို့မဟုတ်စကားမပြောမီ၊ အလုပ်တစ်ခုမလုပ်မီ စဉ်းစားသလောအပေါ် မူတည်လေသည်။ ကိစ္စအတော်များများကို ပညာရှိစွာ ဆုံးဖြတ်နိုင်ရန် မြင်ရသည်ထက် ကျော်လွန်၍မြင်ရန်လိုအပ်သည်။ လက်ရှိကမ္ဘာ့အဖြစ်အပျက်များ ဘာဖြစ်လာမည်၊ ဝိညာဏဘုံတွင်ပင် ဘာဖြစ်နေသည်ကို ကျွန်ုပ်တို့သိရှိရန်လိုပေမည်။ ဖြစ်နိုင်ပါမည်လော။ မည်သူ့အတွက်မဆို ထင်ကြေးသက်သက်မဟုတ်ဘဲ အမှန်ဖြစ်နိုင်ပါမည်လော။

၂။ အသက်တာတစ်လျှောက် အောင်မြင်စွာ ပဲ့ကိုင်နိုင်ရန် ကျွန်ုပ်တို့မည်သည့်အကူအညီ လိုအပ်သနည်း။ အဘယ်ကြောင့်နည်း။ (သု၊ ၂၀:၂၄)

၂ လူသားသည် တကယ်ကိုပင် ထူးခြားသောစိတ်စွမ်းရည်အမွေ ရထားသည်။ သို့သော် ဘုရားထံမှ နှိမ့်ချစွာအကူအညီမယူလျှင် အသက်တာတစ်လျှောက်တွင် အောင်မြင်စွာပဲ့ကိုင်နိုင်သော အရည်အချင်း ရှိမည်မဟုတ်။ မှုတ်သွင်းခံ ပရောဖက်ယေရမိ ဤသို့ရေးခဲ့သည်။ “အို [ယေဟောဝါ] လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။”—ယေရမိ ၁၀:၂၃။

၃။ လမ်းပြမှုအတွက် ယေဟောဝါထံမကြည့်မျှော်လျှင် မည်သို့သောရလဒ်ရရှိမည်နည်း။ (ကမ္ဘာဦး ၃:၄-၆၊ ၁၆-၂၄)

၃ ယင်းကိုကျွန်ုပ်တို့လျစ်လျူရှု၍ အဘယ်အရာသည် ပညာရှိသည် သို့မဟုတ် ပညာမဲ့သည်၊ မှန်သည်၊ မမှန်သည်နှင့်ပတ်သက်၍ ဆုံးဖြတ်ရန် မိမိကိုယ်ကို သို့မဟုတ် အခြားသူများကို အားကိုးလျှင် မည်သို့သောရလဒ်ရမည်နည်း။ ဇာတိစိတ်သဘောအားဖြင့် ဦးဆောင်ခံရသောကြောင့် ဘုရားကမှားသည်ဟုပြောသည့်အရာကို မှန်သည်၊ ဘုရားကမိုက်မဲသည်ဟု သတ်မှတ်ထားသောလမ်းစဉ်ကို ပညာရှိသည်ဟု ကျွန်ုပ်တို့ယူမှတ်မိသောအခါများရှိပေမည်။ (ဟေရှာယ ၅:၂၀) ယင်းကို ကျွန်ုပ်တို့သည် မရည်ရွယ်ဘဲနှင့်လုပ်မိသော်၊ အခြားသူများအတွက် ထိမိ၍လဲစရာဖြစ်သွားနိုင်သည်။ (၁ ကောရိန္သု ၈:၉ နှင့်နှိုင်းယှဉ်ပါ) ယေဟောဝါကို လမ်းပြအဖြစ် ခေါင်းမာမာနှင့် မကြည့်မျှော်သူတို့အတွက် နောက်ဆုံးဖြစ်ရပ်ကို ကိုယ်တော်၏နှုတ်ကပတ်တော်က ဖေါ်ပြထားသည်။—သု၊ ၁၄:၁၂။

၄။ ယေဟောဝါသည် မိမိကျေးကျွန်များကို မည်သို့သောအကူအညီ ရက်ရောစွာ ကတိပြုထားသနည်း။ (ယေရမိ ၁၀:၂၁ နှင့်နှိုင်းယှဉ်ပါ။)

၄ ယင်းကိုထောက်ရှု၍ ကျွန်ုပ်တို့ဘာလိုအပ်သနည်း။ ရိုးရိုးလေးနှင့်ပြောရလျှင် ကျွန်ုပ်တို့သည် ယေဟောဝါပေးအပ်သော အကူအညီလိုအပ်သည်။ ကိုယ်တော် ဤသို့အားပေးသည်။ “သင့်ကို ငါထိုးထွင်းသိမြင်စေမည်။ သင်သွားရမည့်လမ်းကို ပြညွှန်မည်။ သင့်အားအကြံပေး၍ ကြည့်ရှုပြုစုမည်။”—ဆာလံ ၃၂:၈၊ NW

ထိုးထွင်းသိမြင်ခြင်းတွင် မည်သည့်အရာပါဝင်

၅။ “ထိုးထွင်းသိမြင်ခြင်း” ကားအဘယ်နည်း။

၅ ကျမ်းစောင်များကရည်ညွှန်းသော “ထိုးထွင်းသိမြင်ခြင်း” ကားအဘယ်နည်း။ ယင်းကား အခြေအနေတစ်ခုအတွင်းသို့ မြင်နိုင်ခြင်း၊ မြင်ရသည်ထက် ကျော်လွန်၍ ကြည့်ခြင်းဖြစ်သည်။ Theological Wordbook of the Old Testament အရ ဟေဗြဲစကားလုံး “ထိုးထွင်းသိမြင်ခြင်း” သည် အရာတို့၏ “အကြောင်းရင်းကို အမြော်အမြင်ရှိ အသိပညာ” နှင့်ဆက်နွယ်နေသည်။ ယင်းသည် လူတစ်ဦးကို ပညာရှိစွာလုပ်ဆောင်ရန်နှင့် အောင်မြင်စေသောအသိပညာမျိုးဖြစ်သည်။ ယင်းအခြေခံသဘောနှင့်အညီ ထိုဟေဗြဲကြိယာ၏ရသကို ဆောင်ကြဉ်းရန် New World Translation က ‘ထိုးထွင်းသိမြင်ခြင်းရှိလော့’ အပြင် ‘သတိပညာနှင့်လုပ်ဆောင်၊’ ‘သမ္မာသတိနှင့် လုပ်ဆောင်၊’ ‘အောင်မြင်လော့’ စသော စကားလုံးများကို အသုံးပြုလေသည်။—ဆာလံ ၁၄:၂။

၆။ “မိမိနှုတ်ကို ချုပ်တည်းသောသူမူကား” သတိပညာရှိသည် သို့မဟုတ် ထိုးထွင်းသိမြင်သည်ဟု အဘယ်ကြောင့် ဆိုနိုင်သနည်း။

၆ ထိုကြောင့် “မိမိနှုတ်ကို ချုပ်တည်းသောသူမူကား” “သတိပညာရှိသည်” သို့မဟုတ် ထိုးထွင်းသိမြင်သည်ဟုဆိုထားသည်။ (သု၊ ၁၀:၁၉) သူသည် စကားမပြောမီ စဉ်းစားပြီး သူပြောသည်ကို အခြားသူများ မည်သို့ယူမှတ်မည်ကို ထည့်စဉ်းစားရုံမကသေးဘဲ အခြားသူတစ်ဦးအတွက် သူပြောမည့်စကားသည် ပညာရှိမည်လော၊ မေတ္တာပါမည်လော သို့မဟုတ် လိုအပ်မည်လော စသည်တို့ကို ချင့်ချိန်သည်။ (သု၊ ၁၂:၁၈။ ယာကုပ် ၁:၁၉) ယေဟောဝါ၏နည်းလမ်းကို ချစ်သည့်စိတ်တိုက်တွန်းမှုနှင့် ပေါင်းဖေါ်ချင်းကို ကူညီလိုသော အရင်းခံစိတ်ကြောင့် သူ၏စကားသည်အခြားသူများကို တည်ဆောက်မှုဖြစ်စေသည်။—သု၊ ၁၆:၂၃။

၇။ ဒါဝိဒ်သည် သမာသတိနှင့်ပြုမူသူဟု အဘယ်ကြောင့်နာမည်ရသနည်း။

၇ ယေရှဲသား ဒါဝိဒ်နှင့်စပ်လျဉ်း၍ ဤသို့ရေးခဲ့သည်။ “ရှောလုစေခိုင်းသမျှကို သမာသတိနှင့်ပြုမူ” သည်၊ ထိုးထွင်းသိမြင်ခြင်းနှင့် လုပ်ဆောင်ခြင်းဖြစ်သည်။ မိမိ၏လုပ်ငန်းတွင် လူသားစပ်ကြား ဆန့်ကျင်တိုက်ခိုက်နေခြင်းထက် ပိုပတ်သက်နေကြောင်း ဒါဝိဒ်သဘောပေါက်ခဲ့သည်။ သူနှင့် သူ့လူများသည် ယေဟောဝါ၏စစ်ကို တိုက်နေကြောင်း သူသိမြင်သည်။ ထိုကြောင့် ဒါဝိဒ်သည် လမ်းညွှန်မှုနှင့် ကောင်းချီးအတွက် ယေဟောဝါထံကြည့်မျှော်ခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၇:၄၅။ ၁၈:၅။ ၂ ဓမ္မရာဇဝင် ၅:၁၉) ရလဒ်အနေနှင့် ဒါဝဒ်၏ဆောင်ရွက်ရန်အမှုသည် အောင်မြင်ခဲ့သည်။

၈။ ခရစ်ယာန်ဂရိကျမ်းတွင် ‘ထိုးထွင်းသိမြင်လော့’ ဟုပြန်ဆိုထားသော ကြိယာသည် အခြားမည်သည့်သဘော ပါဝင်သေးသနည်း။

၈ ခရစ်ယာန်ဂရိတ်ကျမ်းစောင်တွင် ဘာသာပြန်ထားသော ကြိယာ “ထိုးထွင်းသိမြင်လော့” ကို ‘သဘောပေါက်သည်’ နှင့် ‘သိမြင်သည်’ ဟုလည်းဖေါ်ပြထားသည်။ (ရောမ ၃:၁၁။ မဿဲ ၁၃:၁၃-၁၅။ ဧဖက် ၅:၁၇) ဘုရားသည် မိမိ၏ကျေးကျွန်များကို ကတိပြုထားသည့် အရာမှာ ယင်းတို့ကိုပြုလုပ်နိုင်ခြင်းဖြစ်သည်။ သို့သော် ကိုယ်တော်သည် သူတို့အား ထိုသို့သောထိုးထွင်းသိမြင်ခြင်းကို မည်သို့ပေးသနည်း။

ယောရှု ထိုးထွင်းသိမြင်ခြင်း မည်သို့ရရှိပုံ

၉။ ရှေးဣသရေလခေတ်တွင် ယေဟောဝါသည် လူများကို မည်သို့ထိုးထွင်းသိမြင်ခြင်း ပေးသနည်း။

၉ ရှေးဣသရေလခေတ်တွင် ယေဟောဝါသည် လေဝိများအားမိမိပညတ်ကို လူများအားသွန်သင်ပေးရန် တာဝန်ပေးခဲ့သည်။ (ဝတ်ပြုရာ ၁၀:၁၁။ တရားဟောရာ ၃၃:၈၊ ၁၀) ပညတ်သည် ဘုရား၏မှုတ်သွင်းခံဖြစ်၍ ယင်းကိုသွန်သင်ရန် ခန့်အပ်ထားသော အဖွဲ့အစည်းဆိုင်ရာ အစီအစဉ်အပေါ်၌ ယေဟောဝါ၏ဝိညာဉ်တော်သည် လုပ်ဆောင်လျက်ရှိသည်။ (မာလခိ ၂:၇) ဤသို့ဖြင့် ယေဟောဝါသည် “ဣသရေလများကို သမာသတိရှိရန်” သို့မဟုတ် နေဟမိ ၉:၂၀ တွင်ဖေါ်ပြသည့်အတိုင်း သူတို့အား ထိုးထွင်းသိမြင်ခြင်းကို ပေးလေသည်။

၁၀၊ ၁၁။ (က) ယောရှု ၁:၇၊ ၈ တွင်ဖေါ်ပြထားသည့်အတိုင်း ယောရှုအား ထိုးထွင်းသိမြင်ခြင်းနှင့် ကျင့်ကြံရန် ဘာကလုပ်ဆောင်ပေးမည်နည်း။ (ခ) ယောရှုလေးမြတ်ရန် မည်သည့်သွန်သင်မှုအတွက် ပြင်ဆင်ပေးချက် အရေးကြီးသနည်း။ (ဃ) ယောရှုဘက်ကလည်း မည်သည့်ကိုယ်ပိုင်အားထုတ်မှု လိုအပ်သနည်း။

၁၀ သို့သော် ထိုလူမျိုးအတွင်းရှိ တစ်ဦးစီအနေနှင့် ထိုးထွင်းသိမြင်ခြင်းဖြင့် ပြုကျင့်မည်လော။ ထိုသို့ပြုမည်ဆိုလျှင်သူတို့ဘက်မှ လိုအပ်သည့်အရာ ရှိလေသည်။ ယောရှုကို ဣသရေလလူများအားကတိထားရာပြည်ကို ဦးဆောင်သွားရန် တာဝန်အပ်နှင်းခဲ့စဉ်က ယေဟောဝါသည်သူ့အား ဤသို့မိန့်ဆိုခဲ့သည်။ “ငါ၏ကျွန်မောရှေ မှာထားသောတရားအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းငှာ အားယူ၍ အလွန်ရဲရင့်ခြင်းရှိလော့။ ပညာရှိစွာကျင့်ဆောင်မည်အကြောင်း ထိုတရားလမ်းသို့လိုက်လော့။ လက်ယာဘက်၊ လက်ဝဲဘက်သို့မလွှဲနှင့်။ ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းအလိုငှာ ကျမ်းစာကို မဖတ်မရွတ်ဘဲမနေ၊ နေ့ညဉ့်မပြတ် ကြည့်ရှုဖတ်ရွတ်ရမည်။ သို့ပြုလျှင်သင်သည် ပညာရှိစွာကျင့်ဆောင်၍ အောင်မြင်လိမ့်မည်။” ဤတွင်သုံးနှုန်းထားသော ဟေဗြဲစကားလုံး “ပညာရှိစွာကျင့်ဆောင်” သည် “ထိုးထွင်းသိမြင်ခြင်းနှင့် လုပ်ဆောင်” ဟုလည်းဆိုလိုသည်။ —ယောရှု ၁:၇၊ ၈။

၁၁ ယေဟောဝါသည် ယောရှုကို ထိုသို့သော ထိုးထွင်းသိမြင်ခြင်းကို မည်သို့ပေးမည်နည်း။ အခြားအံ့ဖွယ်သွတ်သွင်းခြင်းအားဖြင့်မဟုတ်ချေ။ ဘုရား၏ရေးသားထားသော နှုတ်ကပတ်တော်သည် သော့ချက်ပင်ဖြစ်သည်။ ယောရှုသည် သူ၏စိတ်နှင့်နှလုံးကို ယင်းနှင့်ပြည့်စေရန်လိုပြီး ယင်းကိုမှန်မှန်ဖတ်ရှု၍ တွေးတောဆင်ခြင်ရန်လိုအပ်လေသည်။ ယောရှုသိခဲ့ပြီးဖြစ်သည့်အတိုင်း ဘုရားနှုတ်ကပတ်တော်က ပညတ်တော်မှသွန်သင်ချက်ကို လေဝိများအားဖြင့် ပို့ချမည်ဟုဆိုထားသည်။ သို့ဖြင့် ယောရှုသည် ဤအချက်ကိုလေးမြတ်ရန်လိုသည်။ မိမိသည် နိုင်ငံတွင် တာဝန်ရှိနေရာရထားသောကြောင့် မိမိတစ်ယောက်တည်း သုံးသပ်နိုင်ပါသည်သဘောနှင့် သီးခြားနေ၍မရချေ။ (သု၊ ၁၈:၁) ဘုရား၏နှုတ်ကပတ်တော်ကို ယောရှုသည် ကြိုးစား၍ လေ့လာရန် အရေးကြီးသည်။ ထိုသို့သူပြုလျှင် ယင်းမှတစ်ခုကိုမျှ လျစ်လျူမရှုဘဲ နာခံလျှင် သူသည် ထိုးထွင်းသိမြင်ခြင်းဖြင့် ကျင့်ဆောင်ပါလိမ့်မည်။—၃ ဓမ္မရာဇဝင် ၂:၃ နှင့်နှိုင်းယှဉ်ပါ။

ယနေ့ ယေဟောဝါ ထိုးထွင်းသိမြင်ခြင်း မည်သို့ပေးပုံ

၁၂။ ကျွန်ုပ်တို့အတွက် ယေဟောဝါစီမံပေးသော ထိုးထွင်းသိမြင်ခြင်းမှ အကျိုးခံစားရရန် မည်သည့်အရာသုံးခုလိုအပ်သနည်း။

၁၂ ကျွန်ုပ်တို့အချိန်အထိ ယေဟောဝါသည် မိမိ၏ကျေးကျွန်များကို ပညာရှိစွာပြုမူနိုင်ရန် လမ်းညွှန်မှုများ ဆက်လက်ပေးအပ်လျက်ရှိသည်။ ထိုလမ်းညွှန်မှုမှ အကျိုးရရန် ကျွန်ုပ်တို့တစ်ဦးစီ လိုအပ်သည့်အရာ များစွာရှိသည်။ (၁) ကျွန်ုပ်တို့သည် ယောရှုပြုသကဲ့သို့ ယေဟောဝါအဖွဲ့အစည်းကို လေးမြတ်ဖို့လိုသည်။ ကျွန်ုပ်တို့ကိစ္စတွင် ယင်းလေးမြတ်မှု၌ “သစ္စာနှင့်လည်းကောင်း သတိပညာနှင့်လည်းကောင်း ပြည့်စုံသောကျေးကျွန်” ဘိသိက်ခံများ၏ ခရစ်ယာန်အသင်းတော်နှင့် ယင်း၏အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းပါဝင်သည်။ (မဿဲ ၂၄:၄၅-၄၇။ တမန်တော် ၁၆:၄ နှင့်နှိုင်းယှဉ်ပါ) ဤလေးမြတ်မှုတွင် စည်းဝေးများ မှန်မှန်တက်ခြင်းလည်း ပါဝင်သည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) (၂) ကျွန်ုပ်တို့သည် ဘုရားနှုတ်ကပတ်တော်နှင့် ယင်းကိုနားလည်ရန် “ကျေးကျွန်” အတန်းအစားမှ ပြင်ဆင်ပေးသောစာပေများကို ကိုယ်ပိုင်လေ့လာရာ၌ အားစိုက်ရမည်။ (၃) ကျွန်ုပ်တို့သင်ယူခဲ့သောအရာများကို မိမိတို့အသက်တာတွင် မည်သို့အသုံးပြုမည်နှင့် အခြားသူများကို ကူညီရာ၌ မည်သို့အသုံးပြုမည်ကိုလည်း အချိန်ယူတွေးတောဆင်ခြင်ရန် အရေးကြီး၏။

၁၃။ ယေရမိ ၃:၁၅ တွင်မှတ်တမ်းတင်ထားသော ကတိတော်၏အဓိပ္ပာယ်ကားအဘယ်နည်း။

၁၃ ကျွန်ုပ်တို့လက်ထက်တွင် ထိုသို့သောကြီးကြပ်မှူးနှင့် ဝိညာဏကျွေးမွေးမှုကို ကိုယ်တော်ပြင်ဆင်ပေးမည့်အကြောင်း ယေဟောဝါသည် ယေရမိ ၃:၁၅ တွင်ပြောခဲ့သည်။ “ငါသည် နှစ်သက်သောသူတို့ကို သိုးထိန်းအရာ၌ခန့်ထား၍ သူတို့သည် အသိပညာနှင့်ထိုးထွင်းဉာဏ်ပြည့်စုံလျက် သင်တို့ကိုကျွေးမွေးကြလိမ့်မည်။”အမှန်ပင် ဤဝိညာဏကျွေးမွေးရေးအစီအစဉ်က ကျွန်ုပ်တို့အားအောင်မြင်ရေးအတွက် မည်သည့်လမ်းစဉ်လိုက်ရမည်နှင့် အခြေအနေများကိုမြင်နိုင်ရန် ထူးခြားသော စွမ်းရည်များကို ပေးပါလိမ့်မည်။ ထိုးထွင်းသိမြင်ခြင်း၏ ပင်ရင်းကား မည်သူနည်း။ ယေဟောဝါဘုရားပင်။

၁၄။ ‘သစ္စာရှိကျေးကျွန်’ အတန်းအစားသည် အဘယ်ကြောင့် ထိုးထွင်းသိမြင်ခြင်းရှိသနည်း။

၁၄ အဘယ်ကြောင့် သစ္စာရှိကျေးကျွန်သည် ထိုသို့သော ထိုးထွင်းဉာဏ်ရရှိထားသနည်း။ သူတို့သည် ဘုရားနှုတ်ကပတ်တော်ကို သူတို့၏အထူးစိတ်ဝင်စားရာအဖြစ် ထားရှိပြီး ယင်းညွှန်ကြားမှုကို လိုက်လျှောက်သောကြောင့်ဖြစ်သည်။ ထို့ပြင် သူတို့သည် ယေဟောဝါ၏ညွှန်ကြားမှုအောက် ဝန်ခံသောကြောင့် ကိုယ်တော်သည် မိမိ၏ဝိညာဉ်တော်ကို သူတို့အပေါ်တင်ပြီး မိမိ၏ရည်ရွယ်ချက်နှင့်အညီ သူတို့ကို အသုံးပြုတော်မူ၏။ (လုကာ ၁၂:၄၃၊ ၄၄။ တမန်တော် ၅:၃၂) ရှေးမဆွက မှုတ်သွင်းခံဆာလံဆရာကြီး ရေးခဲ့သကဲ့သို့ပင်ဖြစ်သည်။ “သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်သည် ဆင်ခြင်အောက်မေ့သောကြောင့် အကျွန်ုပ်၏ဆရာအပေါင်းတို့ထက် ထိုးထွင်းဉာဏ်သာ၍ရှိပါ၏။”—ဆာလံ ၁၁၉:၉၉။

၁၅။ (က) “ကျေးကျွန်” အတန်းအစားက ကျွန်ုပ်တို့အား ခိုင်မာစွာပေးခဲ့သော အကြံဉာဏ်၏ အကျဉ်းချုပ်ကားအဘယ်နည်း။ (ခ) နှစ်အတန်ကြာခန့်က “ကျေးကျွန်” အတန်းအစားသည် သွေးသွင်းခြင်းအပေါ် ခရစ်ယာန်အမြင်နှင့်စပ်လျဉ်းသော လိုအပ်သည့် “အသိပညာနှင့်ထိုးထွင်းသိမြင်ခြင်း” ကိုမည်သို့ပေးနိုင်ခဲ့သနည်း။

၁၅ အမှန်ကိုလုပ်ရန်နှင့်ပတ်သက်၍ စုံစမ်းလာသူများအား ဖြေကြားရာ၌ “သစ္စာသတိပညာနှင့်ပြည့်စုံသော ကျေးကျွန်” သည် ‘ကျမ်းစာတွင်ရေးထားချက်ကို လိုက်လျှောက်ပါ၊ ယေဟောဝါကို ကိုးစားပါ’ ဟုအမြဲအကြံပေးခဲ့သည်။ (ဆာလံ ၁၁၉:၁၀၅။ သု၊ ၃:၅၊ ၆) သွေးသွင်းခြင်းသည် ဆေးကုသရာတွင် စံအဖြစ်ထားပြီး ယေဟောဝါသက်သေများ ရင်ဆိုင်ရသည့် အရေးကိစ္စဖြစ်ခဲ့စဉ်က ၁၉၄၅ ခုနှစ်၊ ဇူလိုင် ၁ ရက်ထုတ်ကင်းမျှော်စင်တွင် သွေး၏မြင့်မြတ်မှုအပေါ် ခရစ်ယာန်များ၏အမြင်ကို ရှင်းပြခဲ့သည်။ ထိုတွင် တိရစ္ဆာန်များနှင့် လူတို့၏သွေးနှစ်ခုစလုံးပင် ဘုရားတားမြစ်ချက်တွင်ပါဝင်ကြောင်း ဖေါ်ပြခဲ့သည်။ (ကမ္ဘာဦး ၉:၃၊ ၄။ တမန်တော် ၁၅:၂၈၊ ၂၉) အကြောင်းအရာထဲတွင် ကျန်းမာရေးထိခိုက်နိုင်သည့်အပိုင်းကို မဆွေးနွေးခဲ့ချေ။ ထိုစဉ်က ယင်းနှင့်ပတ်သက်၍ အနည်းအကျဉ်းလောက်သာသိခဲ့သည်။ အဓိကအရေးသည် ဘုရားပညတ်တော်ကို နာခံခြင်းဖြစ်၍ ယခုလည်း အလားတူပင်ဖြစ်သည်။ ယနေ့တွင် လူအများသည် သွေးသွင်းခြင်းကို ငြင်းပယ်ခြင်း၏ လက်တွေ့ကျပညာရှိပုံကို သိရှိလာကြပြီး သွေးလက်မခံသူ တစ်နေ့တခြား တိုးများလာနေသည်။ သို့သော် ဤတစ်လျှောက်လုံး ယေဟောဝါသက်သေများသည် မည်သည့်လူသားထက်မဆို သွေးအကြောင်းကိုပိုသိသော ဖန်ဆင်းရှင်ကို ကိုးစားသောကြောင့် ထိုးထွင်းသိမြင်ခြင်းနှင့် လုပ်ဆောင်နိုင်ခဲ့လေသည်။

၁၆။ လိင်သီလပိုင်း၊ မိဘတစ်ဦးတည်းရှိ အိမ်ထောင်များနှင့် စိတ်ကျဝေဒနာခံနေရသောသူများ စသည်တို့အတွက် ကင်းမျှော်စင်မှအကြံဉာဏ်များသည် အဘယ်ကြောင့် အချိန်မီလိုအပ်ရာ ဖြစ်ခဲ့သနည်း။

၁၆ လိင်သီလပိုင်းကို အရေးပေးသောသဘောထားများ တိုးပွားကျော်ကြားနေချိန်တွင် ကင်းမျှော်စင်က ရေပန်းစားနေသော ယင်းကိုထောက်ခံမည့်အစား ကျမ်းဆိုင်ရာလမ်းညွှန်မှုကောင်းကိုသာ တင်ပြခဲ့သည်။ ယင်းက လူအများကို ယေဟောဝါနှင့် သူတို့၏အဖိုးထိုက်သော ဆက်ဆံရေးကို စောင့်ရှောက်ထားစေပြီး ခဏတာပျော်ရွှင်မှုထက် ရေရှည်ပျော်ရွှင်မှုကို အာရုံစိုက်စေသည်။ အလားတူပင် “အလိုတော်ကို လိုက်စေမည်အကြောင်း သွန်သင်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားဖြစ်တော်မူ၏” ဟုအားတက်သရော ဆုတောင်းကာ ယေဟောဝါ၏အလိုတော်များကို အထူးတန်ဖိုးထားသောသူများသာ ထိုးထွင်းသိမြင်ခြင်းတင်ပြနိုင်သည့် မိဘတစ်ဦးတည်းရှိ အိမ်ထောင်များနှင့်၊ စိတ်ကျဝေဒနာဖြင့် ရုန်းကန်နေသူတို့ကို ကင်းမျှော်စင်အကြောင်းအရာများတွင် ဖေါ်ပြခဲ့သည်။—ဆာလံ ၁၄၃:၁၀။ ၁၃၉:၁၇။a

၁၇။ (က) နှစ်အတန်ကြာကြို၍ ယေဟောဝါ၏ကျေးကျွန်များ ၁၉၁၄ ခုနှစ်နှင့်ပတ်သက်၍ မည်သည့်အကြောင်းကို သိရှိခဲ့သနည်း။ (ခ) ၁၉၁၄ ခုနှစ်ပြီးနောက် ဘုရားရှင်၏လူများသည် အသေးစိတ်သိရှိရန်အချက်များ ရှိသေးသော်လည်း သူတို့အသက်တာအတွက် လမ်းညွှန်မှုကောင်းပေးခဲ့သည့် မည်သည့်အရာကို သူတို့သိရှိခဲ့သနည်း။

၁၇ “သစ္စာနှင့် သမာဓိပြည့်စုံသော ကျေးကျွန်” အားဖြင့် ယေဟောဝါသည် မိမိ၏ကျေးကျွန်များကို နှစ်အတန်ကြာကြို၍ ၁၉၁၄ ခုနှစ်သည် တစ်ပါးအမျိုးသားအချိန် ကုန်ဆုံးခြင်းကို မှတ်သားသည့်နှစ်ဖြစ်မည့်အကြောင်း သိရှိရန်လည်း ကူညီပေးခဲ့သည်။ (လုကာ ၂၁:၂၄၊ King James Version) ပထမကမ္ဘာစစ်ပြီးခေတ်တွင် သူတို့သည် မေးခွန်းများဖြင့် ရှုပ်ထွေးခဲ့သည်။သို့သော် သူတို့သိခဲ့သမျှသည် သူတို့ပညာရှိစွာပြုမူရန် လုံလောက်ခဲ့သည်။ အစီအစဉ်ဟောင်းကို ဖျက်ဆီးရန် ဘုရား၏အချိန်တန်ကြောင်း ကျမ်းစောင်များမှ သူတို့သိခဲ့ရသည်။ ထိုကြောင့် ယင်းအပေါ်တွင် မျှော်မှန်းချက်များထားပြီး ယင်း၏ရုပ်ဝါဒဆိုင်ရာ အောင်မြင်မှုစံသတ်မှတ်ချက်များကို သူတို့၏ဘဝတွင် လွှမ်းမိုးစေခြင်းသည် မိုက်မဲရာရောက်ပေမည်။ ယေဟောဝါ၏နိုင်ငံတော်သည် လူသားများကို ဒုက္ခပေးနေသော ပြဿနာအားလုံး၏ ဖြေရှင်းရာအစစ်အမှန်ဖြစ်ကြောင်းလည်း သူတို့သိကြသည်။ (ဒံယေလ ၂:၄၄။ မဿဲ ၆:၃၃) ယေဟောဝါ၏ဘိသိက်ခံဘုရင် ယေရှုခရစ်နှင့် ကိုယ်တော်၏ နိုင်ငံတော်ကို ကြေညာရန် ခရစ်ယာန်စစ်တိုင်း၏ တာဝန်ဖြစ်ကြောင်း သူတို့ရှင်းလင်းစွာမြင်ခဲ့ကြသည်။ (ဟေရှာယ ၆၁:၁၊ ၂။ မဿဲ ၂၄:၁၄) ၁၉၂၅ ခုနှစ်တွင် ကင်းမျှော်စင်ပါအကြောင်း “နိုင်ငံမွေးဖွားခြင်း” အားဖြင့် ဗျာဒိတ်အခန်းကြီး ၁၂ ကိုပိုမိုနားလည်သွားကာ သူတို့အားခိုင်ခန့်စေခဲ့သည်။ သို့ဖြင့် လူ့မျက်စိဖြင့်မမြင်ရသော်လည်း ယခုကောင်းကင်တွင် ဘာဖြစ်နေသည်ကို သူတို့နားလည်ခဲ့လေသည်။ ထိုသို့သော ထိုးထွင်းသိမြင်ခြင်းက သူတို့အသက်တာတွင် လမ်းညွှန်မှုကောင်းပေးခဲ့လေသည်။

၁၈။ ယခုကျွန်ုပ်တို့ မည်သည့်အခွင့်အရေးနှင့် တာဝန်ရရှိထားပြီး ကျွန်ုပ်တို့ကိုယ်ကို မည်သည့်မေးခွန်းမေးသင့်သနည်း။

၁၈ ယေဟောဝါ၏သက်သေများအဖြစ် ထိုစဉ်က ကိုယ်တော်၏အမှုဆောင်နေသော ထောင်ဂဏန်းအနည်းငယ်မျှသောသူတို့သည် ဘုရား၏တည်ထောင်ပြီးနိုင်ငံတော်သတင်း ဟောပြောခြင်း ကမ္ဘာတစ်ဝှန်းသို့ ဦးတည်ခဲ့လေသည်။ သို့ဖြင့် သန်းပေါင်းများစွာသောသူတို့သည် ယေဟောဝါကို သိရှိချစ်မြတ်နိုးလာကြပြီး ထာဝရအသက်မျှော်လင့်ချက်ကို ရရှိလာကြသည်။ သူတို့၏ မေတ္တာရှိသော လုပ်ဆောင်မှုများကြောင့် သမ္မာတရားရရှိလာသော သန်းပေါင်းများစွာသော ကျွန်ုပ်တို့အားလုံးသည် မိမိတို့လက်လှမ်းမီသလောက် လူတိုင်းထံ စေ့စပ်စွာသက်သေခံ၍ ယေဟောဝါက လုပ်ငန်းပြီးပြီဟု မိန့်ဆိုသည့်တိုင်အောင် ဆက်လက်လုပ်ကိုင်သွားရန် ကျွန်ုပ်တို့တွင်လည်း အခွင့်နှင့်တာဝန်ရှိကြောင်း ပြသခဲ့ကြသည်။ (ဗျာဒိတ် ၂၂:၁၇။ တမန်တော် ၂၀:၂၆၊ ၂၇ နှင့်နှိုင်းယှဉ်ပါ) သင်၏အသက်တာကို အသုံးပြုပုံက ယေဟောဝါသည် မိမိ၏အဖွဲ့အစည်းဖြင့်ပေးနေသော ထိုးထွင်းသိမြင်ခြင်းကို လေးမြတ်ကြောင်း သက်သေပြနေပါသလော။

၁၉။ (က) ယေဟောဝါသည် အဖွဲ့အစည်းအားဖြင့်ပေးသော ထိုးထွင်းသိမြင်ခြင်းအတွက် မိမိအသက်တာတွင် လေးမြတ်မှုတင်ပြခဲ့သော သူတစ်ဦး၏ ပုံသက်သေကို တင်ပြပါ။ (ခ) ထိုပုံသက်သေမှ ကျွန်ုပ်တို့ အဘယ်အရာသင်အံနိုင်သနည်း။

၁၉ ကမ္ဘာတစ်ဝှမ်းရှိ လူအုပ်ကြီးယောက်စီ၏အသက်တာက သူတို့နှင့်ပတ်သက်၍ အဖြေသည် ဟုတ်ကဲ့ဖြစ်ကြောင်း သက်သေပြနေသည်။ ဥပမာ ဂျောန် ကတ်ဖို့သ်ကိုစဉ်းစားကြည့်ပါ။ လွန်ခဲ့သည့် ၄၈ နှစ်ခန့်က ‘သစ္စာရှိကျေးကျွန်အတန်းအစားက ယခုအချိန်တွင် ပြုသကဲ့သို့ပင် ထိုစဉ်ကညွှန်ကြားခဲ့သော “ဘုရားသခင့်နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတံ့။ ထိုကြောင့် နက်ဖြန်အဖို့ မစိုးရိမ်ကြနှင့်” ဟူသည့်ကျမ်းဆိုင်ရာ အကြံပေးချက်ကို သူနှလုံးသွင်းခဲ့သည်။ (မဿဲ ၆:၃၃၊ ၃၄) ယေဟောဝါ၏အမှုတော်တွင် နှစ်များစွာ အတွေ့အကြုံရပြီးနောက် ညီအစ်ကိုကတ်ဖို့သ်က ဤသို့ဆိုသည်။ ‘ကျွန်တော်.စိတ်ထဲမှာ အလေးအနက်စွဲမြဲသွားတာတစ်ခုကတော့ ယေဟောဝါဟာ မြေကြီးပေါ်မှာ ကိုယ်တော်ညွှန်ကြားနေတဲ့ အဖွဲ့အစည်းတစ်ခုရှိပြီး ကျွန်တော်ဟာ တစ်ယောက်ချင်းအနေနဲ့ အဲ့ဒီအဖွဲ့အစည်းနဲ့အတူ လုပ်ဆောင်နိုင်တယ်။ နောက်ပြီး အဲ့ဒီဦးဆောင်မှုနဲ့ လမ်းညွှန်မှုကို ကျွန်တော်အပြည့်အဝလိုက်လျှောက်ရင် ငြိမ်သက်မှု၊ ရောင့်ရဲမှု၊ ကျေနပ်မှုနဲ့ မိတ်ဆွေတွေအပြင် တခြားကြွယ်ဝတဲ့ကောင်းချီးတွေလည်း ကျွန်တော်ရရှိမယ်။’ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျားနှင့် ပါပူအာနယူးဂီနီတွင် သူသည် ဝိညာဏကောင်းချီးများဖြင့် ကြွယ်ဝသောအသက်တာကို ခံစားခဲ့ရသဖြင့် ယင်းယုံကြည်ချက်သည် ခိုင်မြဲသည်ထက်ခိုင်မြဲခဲ့လေသည်။b အမှန်ပင် ကျွန်ုပ်တို့အားလုံးအတွက် ပညာရှိသော လမ်းစဉ်မှာ မိမိလူများအား ယေဟောဝါ ထိုးထွင်းသိမြင်ခြင်းပေးရာတွင် အသုံးပြုသည်များကို လေးမြတ်မှုတင်ပြ ခြင်းပင်ဖြစ်သည်။—မဿဲ ၆:၁၉-၂၁။

ထိုးထွင်းသိမြင်ခြင်းပျောက်ဆုံးမှုမှ ကာကွယ်

၂၀၊ ၂၁။ အချို့သူများသည် တစ်ခါက သူတို့ပိုင်ဆိုင်ခဲ့သော ဘုရားရေးရာထိုးထွင်းသိမြင်ခြင်း မည်သို့ပျောက်ဆုံးသွားသနည်း။ (ခ) ကျွန်ုပ်တို့အား နာကျင်လှသောလမ်းစဉ်မှ ကာကွယ်ရန် ဘာကကူညီပေးမည်နည်း။

၂၀ ယေဟောဝါပေးသော ထိုးထွင်းသိမြင်ခြင်းသည် တန်ဖိုးထားရမည့် ရတနာတစ်ရပ်ပင်။ သို့သော် ကျွန်ုပ်တို့ သတိချပ်သင့်သည်ကား ကျွန်ုပ်တို့အား ဘုရားရေးရာထိုးထွင်းသိမြင်ခြင်းကို ရရှိစေသည့်လမ်း၌ ဆက်မလျှောက်လျှင် ယင်းကိုဆုံးရှုံးနိုင်သည်။ ဝမ်းနည်းဖွယ်ကား အချို့သည် ထိုအတိုင်းပင်ဖြစ်ခဲ့သည်။ (သု၊ ၂၁:၁၆။ ဒံယေလ ၁၁:၃၅) သူတို့ကိုယ်နှိုက်ကိုထိခိုက်သော ဆုံးမမှုကိုငြင်းပယ်ပြီး သူတို့၏လုပ်ရပ်ကို ကြိုးစားဆင်ခြေပေးကာကွယ်သည်။ စိတ်နေမြင့်ခြင်းသည် သူတို့အတွက် ထောင်ချောက်ဖြစ်လာသည်။ ဘုရားနှုတ်ကပတ်တော်က မကောင်းဟုပြောသည့်အရာကို သူတို့က ကောင်းသည်ဟုမြင်တွေ့ကာ ယေဟောဝါအဖွဲ့အစည်းမှ သူတို့သွေဖည်သွားကြသည်။ ဝမ်းနည်းစရာပါတကား။

၂၁ ထိုသို့သောသူ၏ အခြေအနေကို ဆာလံ ၃၆:၁-၃ (သတင်းကောင်း) တွင်ကျွန်ုပ်တို့ဖတ်ရသည့်အတိုင်း ဤသို့ဖေါ်ပြထားသည်။ “သူယုတ်မာ၏စိတ်နှလုံးအတွင်း၌ အပြစ်ဒုစရိုက်သည် တီးတိုးတိုက်တွန်းလျက်နေတတ်၏။” ဆိုလိုသည်ကား သူ၏တစ်ကိုယ်ကောင်းစိတ်နှင့် ရမက်က သူ့အားအပြစ်ကျူးလွန်ခြင်းသို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်။ “ထိုသူသည် ဘုရားကို . . . မကြောက်မရွံ့တတ်။ မိမိကိုယ်ကို အထင်ကြီးလှသဖြင့် သူ၏အပြစ်ကိုမတွေ့၊ မရွံရှာ။ သူပြောဆိုသောစကားသည် ညစ်ညမ်း၍ မုသားအတိဖြစ်၏။” နောက်ဆုံး သူ့အတွက်ရလဒ်ကား အဘယ်နည်း။ ‘ကောင်းသောအကျင့်ကို ကျင့်စေတတ်သော ထိုးထွင်းသိမြင်ခြင်းပညာကို စွန့်လိုက်’ ရသည်။ သူလုပ်နေသောအရာသည် မှန်ကြောင်းသူတကယ်ကိုယုံကြည်ပြီး အခြားသူများလည်း သူ့နောက်လိုက်ရန် သွေးဆောင်လေသည်။ ထိုကြောင့် ကျွန်ုပ်တို့တွင် ထိုးထွင်းသိမြင်ခြင်းရှိရုံမက ယေဟောဝါကျွန်ုပ်တို့အား ယင်းကိုရရှိစေရန် အသုံးပြုရာများကို လေးမြတ်ခြင်းဖြင့် ယင်းကိုစောင့်ရှောက်ရန် မည်မျှအရေးကြီးလှပါသည်တကား။

[အောက်ခြေမှတ်ချက်များ]

a Watch Tower Publication Index 1930-1985 ပါ “Marriage,” “Families,” နှင့် “Moral Breakdown,” “Depression (Mental)” အောက်ရှိ အကြောင်းများကိုကြည့်ပါ။

b The Watchtower of June 1, 1958, pages 333-6 ကိုကြည့်ပါ။

သင်ဘာကို မှတ်မိသနည်း

▫ ပညာရှိ ဆုံးဖြတ်ချက်များ ချမှတ်ရန် ဘာကကျွန်ုပ်တို့ကို ကူညီမည်နည်း။

▫ “ထိုးထွင်းသိမြင်ခြင်း” တွင် အဘယ်အရာပါဝင်သနည်း။

▫ ယေဟောဝါသည် ကျွန်ုပ်တို့ခေတ်ရှိ ကိုယ်တော်၏ကျေးကျွန်များအား ထိုးထွင်းသိမြင်ခြင်း မည်သို့ပေးသနည်း။

▫ ယေဟောဝါပေးသော ထိုးထွင်းသိမြင်ခြင်းမှ ကျွန်ုပ်တို့ အပြည့်အဝအကျိုးခံစားလိုလျှင် ကျွန်ုပ်တို့ဘက်မှ ဘာလုပ်ရန် လိုအပ်သနည်း။

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ယေဟောဝါပေးသော ထိုးထွင်းဉာဏ်မှ အကျိုးခံစားရခြင်းငှာ ကိုယ်တော်၏အဖွဲ့အစည်းကို တန်ဖိုးထားလေးစားရမည်။ ဝီရိယရှိရှိ ကိုယ်ပိုင်လေ့လာမှုပြုလုပ်ရမည်။ လေ့လာသမျှကို မည်သို့ကျင့်သုံးမည်အကြောင်း ပြန်သုံးသပ်ရမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ