ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၂ ဒီဇင်ဘာ စာ. ၁၅
  • သင် မှတ်မိသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် မှတ်မိသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • “အလုပ်ကို မနှောင့်ယှက်ကြနဲ့”
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • ယေဟောဝါဘုရား အသုံးပြုတာကို လက်ခံပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • ယုံကြည်သူချင်းတွေကို ဘယ်တော့မှ ပစ်မထားပါနဲ့
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • လုပ်ငန်းတော်နှစ်သစ်အတွက် ဘာပန်းတိုင်တွေ ချထားသလဲ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
က၂၂ ဒီဇင်ဘာ စာ. ၁၅

သင် မှတ်မိသလား

ဒီနှစ်မှာ ထုတ်ဝေခဲ့တဲ့ ကင်းမျှော်စင် တွေကို သင် သေသေချာချာ ဖတ်ရှုသလား။ အောက်ပါမေးခွန်းတွေကို ဖြေနိုင်သလားဆိုတာ စမ်းကြည့်ပါ–

ယေဟောဝါနဲ့ စကားပြောဖို့၊ ဘုရားပြောတာ နားထောင်ဖို့၊ ဘုရားအကြောင်း တွေးတောဆင်ခြင်ဖို့ အချိန်ပေးရင် ဘာအကျိုး ရမလဲ။

ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်မယ်။ သွန်သင်သူကောင်း ဖြစ်လာမယ်။ ယုံကြည်ခြင်း ခိုင်မာလာမယ်။ ယေဟောဝါကို ချစ်တဲ့ မေတ္တာ တိုးများလာမယ်။—w၂၂.၀၁ စာ. ၃၀-၃၁။

ယေဟောဝါနဲ့ ဘုရားရဲ့ ကိုယ်စားလှယ်တွေကို ယုံကြည်စိတ်ချရင် ကျွန်တော်တို့ ဘယ်လို အကျိုးရမလဲ။

အခုအချိန်ဟာ အကြီးအကဲတွေရဲ့ လမ်းညွှန်ချက်နဲ့ ဆုံးဖြတ်ချက်တွေကို သံသယ မဝင်ခြင်းအားဖြင့် ဘုရားရဲ့ လုပ်ဆောင်ပုံနည်းလမ်းတွေကို ယုံကြည်စိတ်ချရမယ့် အချိန် ဖြစ်တယ်။ ကြီးစွာသော ဒုက္ခအတွင်း ကိုယ်ရတဲ့ လမ်းညွှန်ချက်တွေဟာ ထူးဆန်းပုံ၊ လက်တွေ့မကျပုံ ပေါက်နေရင်တောင် နာခံဖို့ အသင့်ရှိပါလိမ့်မယ်။—w၂၂.၀၂ စာ. ၄-၆။

‘[ဘုရင်ခံ] ဇေရုဗဗေလရဲ့ လက်ထဲက ချိန်သီး’ အကြောင်း ဇာခရိကို ကောင်းကင်တမန် ပြောတာ ဘာကြောင့်လဲ။ (ဇာ. ၄:၈-၁၀)

ဘုရားလူမျိုး ဆောက်နေတဲ့ ဗိမာန်တော်ဟာ ဘုရားရဲ့ စံချိန်စံညွှန်းအတိုင်း ပြီးမြောက်မယ်ဆိုတာကို စိတ်အာရုံက အာမခံနေတာ ဖြစ်တယ်။—w၂၂.၀၃ စာ. ၁၆-၁၇။

ဘယ်လိုနည်းနဲ့ ‘အပြောအဆိုမှာ စံနမူနာကောင်းသူ’ ဖြစ်နိုင်သလဲ။ (၁ တိ. ၄:၁၂)

အမှုဆောင်လုပ်ငန်းမှာ ကြင်ကြင်နာနာ၊ လေးလေးစားစား ပြောဆိုပါ။ အစည်းအဝေးတွေမှာ လှိုက်လှိုက်လှဲလှဲ သီချင်းဆိုပါ။ မှန်မှန် မှတ်ချက်ပေးပါ။ မှန်တာကို ပြောဆိုပါ။ တခြားသူတွေကို တည်ဆောက်ပေးပါ။ ဆဲဆိုတာကို ရှောင်ပါ။—w၂၂.၀၄ စာ. ၆-၉။

ဒံယေလ အခန်းကြီး ၇ မှာ ပါတဲ့ သားရဲလေးကောင်ရဲ့ အမှတ်သင်္ကေတတွေဟာ ဗျာဒိတ် ၁၃:၁၊ ၂ မှာ သားရဲတစ်ကောင်တည်းအဖြစ် ဘာကြောင့် ပေါင်းသွားသလဲ။

ဗျာဒိတ် ၁၃ မှာ ပါတဲ့ သားရဲဟာ ရောမလိုမျိုး သတ်သတ်မှတ်မှတ် နိုင်ငံ တစ်နိုင်ငံကို ဆိုလိုတာ မဟုတ်ဘူး။ လူတွေကို အုပ်ချုပ်လာတဲ့ အစိုးရအားလုံးကို ပုံဆောင်တယ်။—w၂၂.၀၅ စာ. ၉။

ဘုရားသခင့် တရားမျှတမှုကို ယုံကြည်စိတ်ချကြောင်း ပြနိုင်တဲ့ အဓိကနည်း တစ်နည်းက ဘာလဲ။

ကိုယ့်ကို တစ်ယောက်ယောက် စော်ကားတဲ့အခါ၊ စိတ်ထိခိုက်အောင် လုပ်တဲ့အခါ၊ ပြစ်မှားတဲ့အခါ ဒေါသထွက်တာ၊ စိတ်နာကြည်းတာမျိုး မဖြစ်ဘဲ ကိစ္စရပ်တွေကို ယေဟောဝါ လက်ထဲ အပ်ထားဖို့ ကြိုးစားကြတယ်။ အပြစ်ကြောင့် ဖြစ်ရတဲ့ ထိခိုက်နစ်နာမှု အားလုံးကို ဘုရား ပြန်တည့်မတ်ပေးပါလိမ့်မယ်။—w၂၂.၀၆ စာ. ၁၀-၁၁။

အစည်းအဝေးမှာ ဆုတောင်းဖို့ တာဝန်ကျတဲ့ ညီအစ်ကိုဟာ ဘယ်အချက်ကို မှတ်ထားသင့်သလဲ။

ဆုတောင်းချက်ကို ခုတုံးလုပ်ပြီး သွန်သင်ချက် ပေးတာ၊ တစ်ခုခု ကြေညာတာမျိုး မလုပ်သင့်ဘူး။ အထူးသဖြင့် အစည်းအဝေး အစမှာ “အရှည်ကြီး” ဆုတောင်းဖို့ မလိုဘူး။ (မ. ၆:၇)—w၂၂.၀၇ စာ. ၂၄-၂၅။

“ဆိုးညစ်တဲ့အကျင့်ကို ကျင့်သူတွေ” ဟာ ဘယ်လိုနည်းနဲ့ “တရားစီရင်ခံရဖို့ ထမြောက်လာ” ကြမလဲ။ (ယော. ၅:၂၉)

အရင်က လုပ်ခဲ့တာတွေပေါ် မူတည်ပြီး စီရင်ချက် ချခံရမှာ မဟုတ်ဘူး။ ရှင်ပြန်ထမြောက်ပြီးနောက် သူတို့ရဲ့ သဘောထား၊ အကျင့်အကြံကို အကဲဖြတ်၊ စောင့်ကြည့်မှာ ဖြစ်တယ်။—w၂၂.၀၉ စာ. ၁၈။

၁၉၂၂၊ စက်တင်ဘာ အစည်းအဝေးကြီးမှာ ညီအစ်ကို ရပ်သဖော့ စိတ်လှုပ်ရှားမှု အပြည့်နဲ့ ဘာတိုက်တွန်းသွားသလဲ။

“ဘုရင် အုပ်စိုးနေပြီ။ ခင်ဗျားတို့က ကြေညာရေး ကိုယ်စားလှယ်တွေ ဖြစ်တယ်။ ဒါကြောင့် ဘုရင်နဲ့ နိုင်ငံတော်ကို ကြေညာကြ၊ ကြေညာကြ၊ ကြေညာကြ” ဆိုပြီး အမေရိကန်၊ အိုဟိုင်အိုပြည်နယ်၊ စီဒါပွိုင့် အစည်းအဝေးကြီးမှာ တိုက်တွန်းသွားတယ်။—w၂၂.၁၀ စာ. ၃-၅။

ခံနိုင်ရည် ရှိဖို့ ဘုရား ကူညီပေးတဲ့ ဘယ်နည်းသုံးနည်းကို ဟေရှာယ အခန်းကြီး ၃၀ မှာ အလေးပေးဖော်ပြထားသလဲ။

(၁) ဆုတောင်းချက်တွေကို နားထောင် ဖြေကြားပေးတယ်၊ (၂) လမ်းညွှန်ချက် ပေးတယ်၊ (၃) လောလောဆယ်ရော အနာဂတ်မှာပါ ကောင်းချီးပေးတယ်လို့ အဲဒီအခန်းကြီးမှာ ဖော်ပြတယ်။—w၂၂.၁၁ စာ. ၉။

ဆာလံ ၃၇:၁၀၊ ၁၁ မှာ ပါတဲ့ စကားတွေဟာ ရှေးတုန်းက ပြည့်စုံခဲ့သလို အနာဂတ်မှာပါ ပြည့်စုံမယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

ရှောလမုန် အုပ်ချုပ်တုန်းကလို အစ္စရေးမှာ ရှိခဲ့တဲ့ ခေတ်ကောင်းကို ဒါဝိဒ်စကားတွေက ဖော်ပြတယ်။ ယေရှုက အနာဂတ် ပရဒိသုအကြောင်း ပြောပြီး အခန်းငယ် ၁၁ ကို ကိုးကားခဲ့တယ်။ (မ. ၅:၅။ လု. ၂၃:၄၃)—w၂၂.၁၂ စာ. ၈-၁၀ ၁၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ