ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၄၇
  • နှစ်ခြင်းခံဖို့ အဆင်သင့်ဖြစ်ပြီလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နှစ်ခြင်းခံဖို့ အဆင်သင့်ဖြစ်ပြီလား
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • နှစ်ခြင်းခံဖို့ ပန်းတိုင်ထားခြင်းက အကျိုးရှိ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ငါ့အသက်တာကို ဘုရားသခင်ဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံသင့်သလား
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • နှစ်ခြင်း—ခရစ်ယာန်တွေအတွက် လိုအပ်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၄၇
သင်ခန်းစာ ၄၇။ ကျမ်းစာသင်သားတစ်ဦးက အစည်းအဝေးပွဲမှာ နှစ်ခြင်းခံနေသူကို ကြည့်ပြီး သူလည်း နှစ်ခြင်းခံမယ်လို့ တွေးတောနေ။

သင်ခန်းစာ ၄၇

နှစ်ခြင်းခံဖို့ အဆင်သင့်ဖြစ်ပြီလား

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ကျမ်းစာလေ့လာတဲ့အတွက် ယေဟောဝါအကြောင်း သင် အများကြီး သိခဲ့ရပြီ။ လက်တွေ့ လိုက်နာဖို့ အပြောင်းအလဲအတွေကိုလည်း လုပ်ခဲ့မှာပဲ။ ဒါတောင် ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံဖို့ အသင့်မဖြစ်သေးဘူးလို့ ခံစားမိနိုင်တယ်။ နှစ်ခြင်းမခံခင် ကြုံရတတ်တဲ့ အတားအဆီးတွေ၊ ဖြတ်ကျော်နိုင်ပုံတွေကို ဒီသင်ခန်းစာမှာ လေ့လာကြပါမယ်။

၁။ နှစ်ခြင်းမခံခင် ကျမ်းစာအသိပညာ ဘယ်လောက်ရှိဖို့ လိုသလဲ။

နှစ်ခြင်းမခံခင် “အမှန်တရားအကြောင်း တိကျမှန်ကန်စွာ သိ” ထားဖို့ လိုတယ်။ (၁ တိမောသေ ၂:၄) ဒါပေမဲ့ ကျမ်းစာအဖြေအားလုံးကို သိထားရမယ်လို့ မဆိုလိုဘူး။ နှစ်ခြင်းခံတာ ကြာပြီဖြစ်တဲ့ ခရစ်ယာန်တွေတောင် လေ့လာနေရတုန်းပဲ။ (ကောလောသဲ ၁:​၉၊ ၁၀) နှစ်ခြင်းမခံခင် အခြေခံ ကျမ်းစာသွန်သင်ချက်တွေကိုတော့ သိထားဖို့လိုတယ်။ သင့်မှာ ကျမ်းစာအသိပညာ အလုံအလောက် ရှိမရှိ သိဖို့ အသင်းတော်အကြီးအကဲတွေ ကူညီပေးပါလိမ့်မယ်။

၂။ နှစ်ခြင်းမခံခင် ဘာတွေ လုပ်ရမလဲ။

နှစ်ခြင်းမခံခင် ‘နောင်တရပြီး ပြန်လှည့်လာ’ ရမယ်။ (တမန်တော် ၃:၁၉ ကို ဖတ်ပါ။) လုပ်ခဲ့တဲ့ အပြစ်တွေအတွက် အလွန်ဝမ်းနည်းပြီး ယေဟောဝါဆီ ခွင့်လွှတ်မှု တောင်းခံရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ အကျင့်ဆိုးတွေကို ပြတ်ပြတ်သားသား ရှောင်ပြီး ဘုရားနှစ်သက်တဲ့ လမ်းစဉ်အတိုင်း နေထိုင်ဖို့ ဆုံးဖြတ်ထားရမယ်။ ဒါ့အပြင် အစည်းအဝေးတွေ တက်ခြင်း၊ နှစ်ခြင်းမခံသေးတဲ့ ကြေညာသူအဖြစ် ဟောပြောခြင်းအားဖြင့် အသင်းတော်နဲ့ ပူးပေါင်းနေသူဖြစ်ရမယ်။

၃။ ကြောက်စိတ်က ဘာကြောင့် အတားအဆီး မဖြစ်စေသင့်သလဲ။

တချို့က ယေဟောဝါကို ကတိပေးထားတဲ့အတိုင်း မလုပ်နိုင်မှာ ကြောက်ကြတယ်။ ကျမ်းစာထဲက သစ္စာရှိ အမျိုးသား/သမီးတွေတောင် အပြစ်လုပ်မိတဲ့အတွက် သင်လည်း အပြစ်လုပ်မိနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါက မိမိကို ဝတ်ပြုသူတွေဆီကနေ ပြည့်ဝစုံလင်မှုကို မမျှော်လင့်ပါဘူး။ (ဆာလံ ၁၀၃:​၁၃၊ ၁၄ ကို ဖတ်ပါ။) သင် အတတ်နိုင်ဆုံး လုပ်ဆောင်နေတာကို ဘုရား နှစ်သက်တယ်။ သင့်ကို ကူညီပါလိမ့်မယ်။ ‘ဘုရားသခင်ရဲ့ မေတ္တာကို ကျွန်တော်တို့ မခံစားရအောင် ဘယ်အရာကမှ မတားဆီးနိုင်ဘူး’ လို့လည်း အာမခံထားတယ်။​—ရောမ ၈:​၃၈၊ ၃၉ ကို ဖတ်ပါ။

ရှာဖွေလေ တွေ့ရှိလေ

ယေဟောဝါအကြောင်း ပိုသိအောင် လေ့လာမယ်၊ ဘုရားအကူအညီကို လက်ခံမယ်ဆိုရင် နှစ်ခြင်းခံဖို့ အတားအဆီးတွေကို ဖြတ်ကျော်နိုင်တဲ့ အကြောင်း လေ့လာပါ။

ပုံ။ အမျိုးသမီးငယ်တစ်ဦး အခက်အခဲတွေ ရှိပေမဲ့ နှစ်ခြင်းခံ။ ဒီပြကွက်တွေ ဒီသင်ခန်းစာမှာ ထပ်ကျော့ထား။

၄။ ယေဟောဝါအကြောင်း ပိုသိအောင် လေ့လာပါ

အမျိုးသမီးက ယေဟောဝါသက်သေတစ်ဦးနဲ့ ကျမ်းစာလေ့လာနေ။

နှစ်ခြင်းမခံခင် ယေဟောဝါအကြောင်း ဘယ်လောက် သိထားဖို့ လိုသလဲ။ ဘုရားကို ချစ်ပြီး ဘုရားနှစ်သက်မှု ရချင်စိတ် ပေါ်လာတဲ့အထိ သိထားဖို့ လိုတယ်။ ကမ္ဘာတစ်ဝန်းက ကျမ်းစာသင်သားတွေ ဘယ်လို လုပ်ဆောင်နေသလဲ သိဖို့ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။

ဗီဒီယို။ နှစ်ခြင်းခံဖို့ ဦးတည်ရာလမ်း (၃:၅၆)

  • ဒီဗီဒီယိုမှာ လူတချို့ နှစ်ခြင်းခံဖို့ အသင့်ဖြစ်အောင် ဘာက ကူညီပေးသလဲ။

ရောမ ၁၂:၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ကျမ်းစာသွန်သင်တာ၊ ယေဟောဝါသက်သေတွေ သင်ပေးတာ မှန်ရဲ့လားဆိုပြီး သံသယဖြစ်မိသလား။

  • သံသယဖြစ်နေရင် ဘာလုပ်နိုင်သလဲ။

၅။ နှစ်ခြင်းခံဖို့ တားဆီးနေတာတွေကို ဖြတ်ကျော်ပါ

အမျိုးသမီးက အမေဆူနေပေမဲ့ ကျမ်းစာကို အိတ်ထဲ ထည့်နေ။

ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံဖို့ ဆုံးဖြတ်ချိန်မှာ ကျွန်တော်တို့အားလုံး အခက်ကြုံရတတ်တယ်။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။

ဗီဒီယို။ ယေဟောဝါကို ချစ်တဲ့မေတ္တာက အတားအဆီးတွေကို အောင်မြင်စေ (၅:၂၂)

  • ဒီဗီဒီယိုမှာ နာရန်ဂါရယ်ဟာ ယေဟောဝါကို ဝတ်ပြုဖို့ ဘယ်အတားအဆီးတွေကို ဖြတ်ကျော်ရသလဲ။

  • ဒီအတားအဆီးတွေကို ဖြတ်ကျော်ဖို့ ယေဟောဝါကို ချစ်တဲ့မေတ္တာက ဘယ်လို ကူညီပေးသလဲ။

ပညာအလိမ္မာ ၂၉:၂၅ နဲ့ ၂ တိမောသေ ၁:၇ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • အတားအဆီးတွေကို ဖြတ်ကျော်ဖို့ ဘာက သတ္တိရှိစေသလဲ။

၆။ ယေဟောဝါကူညီမယ်ဆိုတာ စိတ်ချပါ

အမျိုးသမီးက သက်ကြီးအမျိုးသမီးကို ဟောပြောနေ။ ကျမ်းစာသင်ပေးသူက အမှုဆောင်မှာ အတူလိုက်ပါနေ။

သင့်ကို ယေဟောဝါ ကူညီပေးပါလိမ့်မယ်။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ။

ဗီဒီယို။ ယေဟောဝါဘုရားသခင် သင့်ကို ကူညီပေးလိမ့်မယ် (၂:၅၀)

  • ဒီဗီဒီယိုမှာ ကျမ်းစာသင်သားက နှစ်ခြင်းခံဖို့ ဘာကြောင့် တွန့်ဆုတ်နေသလဲ။

  • သူ လေ့လာသိရှိခဲ့တာတွေက ယေဟောဝါကို ယုံကြည်အားကိုးဖို့ ဘယ်လို ကူညီပေးသလဲ။

ဟေရှာယ ၄၁:၁၀၊ ၁၃ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဆက်ကပ်အပ်နှံချိန်မှာ ပေးတဲ့ ကတိအတိုင်း လုပ်ဆောင်နိုင်မယ်ဆိုတာ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။

၇။ ယေဟောဝါရဲ့မေတ္တာကို တန်ဖိုးထားလေးမြတ်စိတ် တိုးပွားစေပါ

အမျိုးသမီး ဆုတောင်းနေ။

သင့်ကို ယေဟောဝါ ဘယ်လောက်ချစ်မှန်း တွေးတောတဲ့အခါ ဘုရားကို ပိုကျေးဇူးတင်ပြီး ထာဝစဉ်ဝတ်ပြုချင်စိတ် ပေါ်လာပါလိမ့်မယ်။ ဆာလံ ၄၀:၅ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ယေဟောဝါဆီက ဘယ်ကောင်းချီးတွေအတွက် အထူးကျေးဇူးတင်သလဲ။

ပရောဖက် ယေရမိက ယေဟောဝါနဲ့ တရားစကားကို ချစ်မြတ်နိုးတယ်။ ယေဟောဝါနာမည် ခံယူခွင့်ကို အလွန်တန်ဖိုးထားတယ်။ ‘ယေဟောဝါဘုရား၊ နာမတော်ကို ခံယူထားတဲ့အတွက် နှုတ်တော်ထွက်စကားတွေက ကျွန်တော့်ကို ရွှင်လန်းစေတယ်။ ရင်ကို ကြည်နူးစေပါတယ်’ လို့ သူပြောတယ်။ (ယေရမိ ၁၅:၁၆) ဒီမေးခွန်းတွေကို ဖြေပါ။

  • ယေဟောဝါသက်သေဖြစ်ရတာ ဘာကြောင့် အခွင့်ထူးသလဲ။

  • ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံချင်သလား။

  • နှစ်ခြင်းခံဖို့ တားဆီးနေတဲ့အရာတစ်ခုခု ရှိနေသလား။

  • နှစ်ခြင်းခံဖို့ ပန်းတိုင်ရောက်အောင် ဘာလုပ်ဖို့လိုမယ် ထင်သလဲ။

အမျိုးသမီး နှစ်ခြင်းခံနေ။

လူတချို့ အမေး။ “နှစ်ခြင်းခံပြီးမှ ကတိအတိုင်း မလိုက်နာနိုင်မှာ စိုးရိမ်တယ်။”

  • သင်ကော အဲဒီလို ခံစားရသလား။

အနှစ်ချုပ်

နှစ်ခြင်းခံဖို့ အတားအဆီးမှန်သမျှကို ယေဟောဝါအကူအညီနဲ့ ဖြတ်ကျော်နိုင်ပါတယ်။

ပြန်လည်သုံးသပ်ခြင်း

  • နှစ်ခြင်းမခံခင် ကျမ်းစာအသိပညာ ဘယ်လောက်ရှိဖို့ လိုသလဲ။

  • နှစ်ခြင်းမခံခင် ဘယ်အပြောင်းအလဲတွေ လုပ်ဖို့ လိုနိုင်သလဲ။

  • ကြောက်စိတ်က ဘာကြောင့် အတားအဆီး မဖြစ်စေသင့်သလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

နှစ်ခြင်းခံဖို့ ပန်းတိုင်ထားရတဲ့ အဓိကအကြောင်းရင်းကို သုံးသပ်ပါ။

“နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီလား” (ကင်းမျှော်စင်၊ မတ် ၂၀၂၀)

သင် ကြုံရနိုင်တဲ့ အခက်အခဲတွေကို ဘယ်လို ဖြတ်ကျော်မလဲ လေ့လာပါ။

‘နှစ်ခြင်းခံဖို့ ဘာက တားဆီးနေသလဲ’ (ကင်းမျှော်စင်၊ မတ် ၂၀၁၉)

နှစ်ခြင်းခံဖို့ အတားအဆီးကြီးတွေကို ဖြတ်ကျော်ခဲ့သူတစ်ဦးအကြောင်း ရှုစားပါ။

‘နှစ်ခြင်းခံဖို့ ဘာကြောင့် အချိန်ဆွဲနေတာလဲ’ (၁:၁၀)

အစပိုင်းမှာ တွန့်ဆုတ်ခဲ့သူတစ်ဦး နှစ်ခြင်းခံနိုင်ဖို့ ဘာက ကူညီပေးသလဲ ကြည့်လိုက်ပါ။

ကျွန်တော် တကယ်ပဲ ထိုက်တန်ရဲ့လား (၇:၂၁)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ