ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၄/၁၅ စာ. ၃၁
  • သင်မှတ်မိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်မှတ်မိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်နှစ်ခြင်း၏ အဓိပ္ပာယ်
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • ခရစ်ယာန်များသည် ဝိညာဉ်နှင့် အမှန်တရားဖြင့် ဝတ်ပြုကိုးကွယ်ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဂေရဇိမ်—‘ဤတောင်ပေါ်တွင် ကျွန်ုပ်တို့ကိုးကွယ်ခဲ့သည်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • စုစည်းခံရသောနှလုံးဖြင့် သွားလာခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၄/၁၅ စာ. ၃၁

သင်မှတ်မိသလော

မကြာမီကထုတ်ဝေသော ကင်းမျှော်စင် စာစောင်များကို ဂရုတစိုက်တွေးတောဆင်ခြင်ပြီးပြီလော။ ပြီးပါက အောက်ပါတို့ကိုပြန်လည်စဉ်းစားခြင်းက သင့်အားစိတ်ဝင်စားမှုတွေ့စေပေမည်။

▫ ယေရှု၏ခြေတော်ရာကိုလိုက်လျှောက်သူများအတွက် ယေဟောဝါစီစဉ်ပေးတော်မူသော “ကောင်းမြတ်ခြင်းအမှတ်လက္ခဏာ” ကား အဘယ်နည်း။ (ဆာလံ ၈၆:၁၇) ညှဉ်းပန်းနှိပ်စက်ခြင်းကိုခံရပ်နိုင်ရန် ရှေးခရစ်ယာန်များအား ဆက်လက်ခွန်အားပေးခဲ့သည့်အရာမှာ “သန့်ရှင်းသောဝိညာဉ်တော်နှင့်ဆိုင်သောဝမ်းမြောက်ခြင်း” ဖြစ်သည်။ (၁ သက်သာလောနိတ် ၁:၆) ယနေ့လည်းအလားတူဖြစ်သည်။ “ကောင်းမြတ်စုံလင်သောဆုကျေးဇူးရှိသမျှတို့” ကိုပေးတော်မူသောအရှင်ယေဟောဝါသည် “တောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို” ပေးရန် နှစ်သက်တော်မူသည်။ (ယာကုပ် ၁:၁၇။ လုကာ ၁၁:၁၃) ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်နှင့်ဆိုင်သောဝမ်းမြောက်ခြင်းက ယေရှု၏နောက်တော်လိုက်များအတွက် “ကောင်းမြတ်ခြင်းအမှတ်လက္ခဏာ” ကို ဖြစ်စေသည်။—၁၂/၁၅ စာမျက်နှာ ၁၇၊ ၁၈။

▫ လိမ်လည်ခြင်းအပေါ် ဘုရားသခင့်အမြင်ကို လက်ခံရန် ကျွန်ုပ်တို့အတွက် အဘယ်ကြောင့် အရေးကြီးသနည်း။ “မုသားစကားပြောသောသူတို့ကို ဖျက်ဆီးတော်မူ၏” ဟုဆာလံ ၅:၆ ကဆိုထားသည်။ “မုသားသုံးသူဟူသမျှ” သည် “ဒုတိယသေခြင်း” တည်းဟူသောထာဝရဖျက်ဆီးခြင်းကိုခံရမည်ဟု ဗျာဒိတ် ၂၁:၈ ကထပ်ဆင့်ဖော်ပြပါသည်။ ထိုကြောင့်လိမ်လည်ပြောဆိုခြင်းနှင့်ပတ်သက်၍ ဘုရားသခင့်အမြင်ကိုလက်ခံခြင်းက ကျွန်ုပ်တို့မှန်မှန်ကန်ကန်ပြောဆိုရန် ခိုင်လုံသောအကြောင်းကိုပေးပြီး ဤနည်းအားဖြင့် အသက်ဆုကျေးဇူးကိုရစေသည်။—၁၂/၁၅ စာမျက်နှာ ၂၃။

▫ ရှမာရိလူမျိုး၏ဝတ်ပြုရေးပုံစံကို မည်သည့်အရာကအခြေပြုပေးခဲ့သနည်း။ (ယောဟန် ၄:၂၀) သူတို့၏ရောပြွမ်းနေသောဝတ်ပြုရေး၌ ရှမာရိအမျိုးသားများသည် ပင်တာကျုခေါ် မောရှေ၏ ပထမကျမ်းငါးစောင်ကိုသာ သမ္မာကျမ်းစာအဖြစ် လက်ခံကြပါသည်။ ဘီ၊ စီ၊ အီး လေးရာစုခန့်တွင် ယေရုရှလင်မြို့ရှိ ဘုရားသခင့်ဗိမာန်တော်နှင့် ယှဉ်ပြိုင်ခြင်းငှာ ဂေရဇိမ်တောင်ပေါ်၌ ဝတ်ပြုရာဗိမာန်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ မိမိတို့၏ဗိမာန်ဖျက်ဆီးခံခဲ့ရသော်လည်း ရှမာရိတို့သည် ဂေရဇိမ်တောင်ပေါ်တွင် နှစ်စဉ်ပသခါပွဲကို ယနေ့အထိကျင်းပကြသည်။—၁/၁ စာမျက်နှာ ၂၅။

▫ ခရစ်ယာန်များသည် ညစ်ညမ်းမှုတားဆီးရေး သို့မဟုတ် သန့်ရှင်းရေးစီမံချက်များကို အားပေးထောက်ခံရန်လိုအပ်သလော။ ယေရှုသည် မိမိခေတ်က လူမှုရေးပြဿနာအားလုံးကို ဖြေရှင်းပေးရန်မကြိုးစားခဲ့ချေ။ ယေဟောဝါသည် ကိုယ်တော့်မေရှိယနိုင်ငံအားဖြင့် မိမိ၏ဖြောင့်မတ်သောစံချိန်များကို ကမ္ဘာအနှံ့ချမှတ်သောအခါ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာအားလုံး အစဉ်အမြဲပြေလည်သွားမည်။ ထို့ကြောင့် ယေဟောဝါသက်သေများသည် မျှတသောအမြင်ကိုဆောင်ကြသည်။ လူလူချင်းကိုချစ်ခြင်းက သူတစ်ပါး၏ပစ္စည်းဥစ္စာကိုလေးစားရန် တိုက်တွန်းသည်။ သို့သော် သူတို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းကို တော်မှန်စွာရှေးဦးထားကြသည်။ (မဿဲ ၆:၃၃)—၁/၁ စာမျက်နှာ ၃၁။

▫ ယေရှုသည် မည်သည့်နည်းများဖြင့် လောက၏အလင်းအဖြစ်ထမ်းဆောင်ခဲ့သနည်း။ (ယောဟန် ၈:၁၂) ယေရှုသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းတွင် မိမိအသက်တာကိုမြုပ်နှံခဲ့သည်။ (လုကာ ၄:၄၃။ ယောဟန် ၁၈:၃၇) ဘာသာရေးမှောက်မှားမှုများကို လှစ်ဟဖော်ထုတ်ခဲ့ခြင်းအားဖြင့် ဘာသာရေးအချုပ်အနှောင်အောက်ရောက်နေသူများအား ဝိညာဏလွတ်လပ်မှုကိုပေးခဲ့သည်။ (မဿဲ ၁၅:၃-၉) မိမိ၏စုံလင်သောလူသားအသက်ကို ရွေးဖိုးအဖြစ်ပေးဆက်ခဲ့ခြင်းအားဖြင့် ဤလောက၏အလင်းဖြစ်ကြောင်း အထင်အရှားသက်သေထူခဲ့သည်။ (မဿဲ ၂၀:၂၈။ ယောဟန် ၃:၁၆)—၁/၁၅ စာမျက်နှာ ၁၁။

▫ ယေဟောဝါဘုရားသခင်အား ကျွန်ုပ်တို့လက်အောက်ခံထိုက်သည့်အကြောင်းအချို့ကား အဘယ်နည်း။ ယေဟောဝါသည် စကြဝဠာပိုင်သအုပ်စိုးခွင့်ရှိသူဖြစ်ပြီး ဤအကြောင်းကြောင့် ကိုယ်တော်အား ကျွန်ုပ်တို့လက်အောက်ခံသင့်သည်။ ထို့ပြင် ယေဟောဝါသည် အနန္တတန်ခိုးရှင်ဖြစ်တော်မူသောကြောင့် မည်သူမျှကိုယ်တော်အား ဆန့်ကျင်ဘက်ပြု၍ အောင်မြင်မည်မဟုတ်ပါ။ ထို့ကြောင့် ကိုယ်တော့်လက်အောက်ခံဖြစ်ရမည့်တာဝန်ကို မည်သူမျှလျစ်လျူရှုမထားနိုင်ပါ။ အသိဉာဏ်ရှိသတ္တဝါအပေါင်းသည် မိမိတို့ဖန်ဆင်းရှင်၏အမှုတော်ကိုထမ်းဆောင်ရန် ဖန်ဆင်းခံထားကြရသည့်အတွက် သူတို့အားလုံး ဖန်ဆင်းရှင်ကိုလက်အောက်ခံရန် တာဝန်ရှိကြပါသည်။—၂/၁ စာမျက်နှာ ၁၀-၁၁။

▫ ပေါတိဖာ၏မိန်းမနှင့် မတရားမေထုန်ဖြစ်ခြင်းကို တွန်းလှန်ရန် မည်သည့်အရာက ယောသပ်အားအကူအညီဖြစ်စေခဲ့သနည်း။ ယောသပ်ထံတွင် သူ၏စိတ်ကိုစေ့ဆော်သည့် ကြီးမားသောစွမ်းအားရှိခဲ့သည်။ ယေဟောဝါနှင့်မိမိ၏ဆက်ဆံရေးကို အလွန်သတိချပ်၍နေခဲ့ပြီး မတရားမေထုန်ပြုခြင်းသည် သူမ၏လင်ယောက်ျားကို ပြစ်မှားခြင်းဖြစ်သည်သာမက ထိုထက်အရေးကြီးသည့် ဘုရားသခင်ကိုပြစ်မှားရာရောက်ကြောင်းကို သူကောင်းစွာသဘောပေါက်ခဲ့သည်။—၂/၁၅ စာမျက်နှာ ၂၁။

▫ ယေရှုက “ငါသည် . . . သမ္မာတရားလည်းဖြစ်၏” ဟုပြောရာတွင် ကိုယ်တော်ဘာကိုဆိုလိုသနည်း။ (ယောဟန် ၁၄:၆) ယေရှုသည် ပြောရုံ၊ သွန်သင်ရုံမျှမဟုတ်ဘဲ ယင်းနှင့်အညီအသက်ရှင်ခဲ့ပြီး ယင်းကိုကိုယ်တိုင်ပြုမူကျင့်ကြံပြခဲ့သည်။ မှန်ပါသည်။ စစ်မှန်သောခရစ်ယာန်လမ်းစဉ်သည် အတွေးအခေါ်သက်သက်မျှသာမဟုတ်ဘဲ ဘဝလမ်းစဉ်ဖြစ်သည်။—၃/၁ စာမျက်နှာ ၁၅။

▫ ဆာလံ ၅၁ တွင် အဘယ်နှစ်သိမ့်မှုပေးသော သင်ခန်းစာပါဝင်သနည်း။ကျွန်ုပ်တို့ပြစ်မှားမိသော်လည်း နောင်တရမည်ဆိုလျှင် ကျွန်ုပ်တို့၏မေတ္တာရှင်ခမည်းတော်သည် ကရုဏာပြသရန် ကျွန်ုပ်တို့၏ဟစ်ကြွေးသံကိုနားညောင်းတော်မူပြီး စိတ်ပျက်အားငယ်မှုများမှ ကယ်တင်တော်မူမည်ဖြစ်ကြောင်းကျွန်ုပ်တို့သဘောပေါက်ရန် ဤဆာလံကျမ်းက အကူအညီပေးသည်။ သို့ရာတွင် ကျွန်ုပ်တို့ကြောင့် ယေဟောဝါ၏နာမတော် ရှုတ်ချခံခဲ့သမျှအတွက် ဦးဆုံးစိုးရိမ်မကင်းဖြစ်သင့်သည်။—၃/၁၅ စာမျက်နှာ ၁၈။

▫ ရေတွင်နှစ်ခြင်းခံခြင်းသည် မည်သည့်အရာ၏အထိမ်းအမှတ်ဖြစ်သနည်း။ ရေတွင်နှစ်ခြင်းခံခြင်းသည် ယေဟောဝါဘုရားသခင်ထံ လူတစ်ဦးဆက်ကပ်အပ်နှံကြောင်းတင်ပြသည့်အထိမ်းအမှတ်ဖြစ်သည်။ ရေအောက်တွင်နှစ်မြုပ်ခံလိုက်ခြင်းက နှစ်ခြင်းခံသူသည် မိမိကိုယ်ကိုပဓာနပြုသောအသက်တာ၌ သေဆုံးသွားပြီဖြစ်ကြောင်း တင်ပြသည်။ ရေအောက်မှပြန်ပေါ်လာခြင်းက ယခုသူတို့သည် ယေရှုခရစ်ကဲ့သို့ ဘုရားသခင်၏အလိုတော်ကိုဆောင်ပြီး ယင်းကိုမိမိတို့အသက်တာတွင် ဦးထိပ်ထားခြင်းတွင် ပြန်ရှင်လာကြောင်းကို တင်ပြသည်။ (မဿဲ ၁၆:၂၄)—၄/၁ စာမျက်နှာ ၅-၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ