ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဘုရားအမြင်မှာ သန့်ရှင်းစင်ကြယ်နိုင်ပုံ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
    • ၂။ မသန့်ရှင်းတဲ့ ဘယ်အကျင့်တွေကို ရှောင်ရမလဲ။

      “ကိုယ်စိတ်နှစ်ပါးကို ညစ်ညူးစေတဲ့အရာ ရှိသမျှနဲ့ ကင်းစင်နေ” ဖို့ ကျမ်းစာ အားပေးတယ်။ (၂ ကောရိန္သု ၇:၁) ဒါကြောင့် ကိုယ်ခန္ဓာနဲ့ စိတ်ကို ညစ်ညမ်းစေမယ့်အရာမှန်သမျှကို ရှောင်ရမယ်။ မသန့်ရှင်းတဲ့ အတွေးတွေကို အတတ်နိုင်ဆုံး ရှောင်ရမယ်။ ဒါမှ ကိုယ့်အတွေးတွေဟာ ဘုရားနှစ်သက်စရာ ဖြစ်နိုင်မယ်။ (ဆာလံ ၁၀၄:၃၄) ညစ်ညမ်းတဲ့စကားတွေကိုလည်း ရှောင်ရမယ်။​—ကောလောသဲ ၃:၈ ကို ဖတ်ပါ။

      ဘာက ကာယပိုင်းနဲ့ စာရိတ္တပိုင်းကို မသန့်မရှင်း ဖြစ်စေနိုင်သလဲ။ ကိုယ်ခန္ဓာကို ညစ်ညမ်းစေတဲ့ ဆေးလိပ်၊ ကွမ်း၊ ကိုကာရွက်၊ မူးယစ်ဆေးစတာတွေကို ရှောင်ကြတယ်။ ဒါက ပိုကျန်းမာစေတဲ့အပြင် အသက်ဆုလက်ဆောင်ကို လေးမြတ်ကြောင်း ပြရာရောက်တယ်။ တစ်ကိုယ်ရေ အာသာဖြေခြင်း၊ ညစ်ညမ်းရုပ်ပုံစာပေတွေ ကြည့်ခြင်းတို့လို မသန့်ရှင်းတဲ့အကျင့်တွေကိုလည်း ပြုပြင်ပြီး စာရိတ္တပိုင်း သန့်ရှင်းနေဖို့ ကြိုးစားကြတယ်။ (ဆာလံ ၁၁၉:၃၇။ ဧဖက် ၅:၅) ဒီအကျင့်တွေကို ဖြတ်ဖို့ ခက်ပေမဲ့ ယေဟောဝါ ကူညီပေးနိုင်တယ်။​—ဟေရှာယ ၄၁:၁၃ ကို ဖတ်ပါ။

  • ဘုရားအမြင်မှာ သန့်ရှင်းစင်ကြယ်နိုင်ပုံ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
    • ၅။ မသန့်ရှင်းတဲ့အတွေးနဲ့ အကျင့်တွေကို ပြုပြင်ပါ

      ကောလောသဲ ၃:၅ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

      • ညစ်ညမ်းရုပ်ပုံစာပေ ကြည့်တာ၊ လိင်စိတ်ကြွစေတဲ့ ရုပ်ပုံနဲ့ စာတွေကို ဖုန်းနဲ့ပို့တာ၊ တစ်ကိုယ်ရေ အာသာဖြေတာတွေဟာ ယေဟောဝါအမြင်မှာ မသန့်ရှင်းကြောင်း ဘယ်လို သိရသလဲ။

      • စာရိတ္တသန့်ရှင်းနေဖို့ ယေဟောဝါ တောင်းဆိုတာက လက်တွေ့ကျတယ်လို့ ထင်သလား။ ဘာကြောင့်လဲ။

      မသန့်ရှင်းတဲ့ အတွေးတွေ တိုက်ထုတ်နိုင်ပုံကို ရှာကြည့်ပါ။ ဗီဒီယို ဖွင့်ပါ။

      ဗီဒီယို။ သန့်ရှင်းစင်ကြယ်နေဖို့ ကြိုးစားပါ (၁:၅၁)

      စာရိတ္တသန့်ရှင်းဖို့ ပြတ်ပြတ်သားသား လုပ်သင့်ကြောင်း ယေရှု ဥပမာပေးပြီး ရှင်းပြတယ်။ မဿဲ ၅:၂၉၊ ၃၀ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

      • ယေရှုက ကိုယ်ခန္ဓာ အနာတရဖြစ်အောင် လုပ်ခိုင်းနေခြင်း မဟုတ်ဘဲ ပြတ်ပြတ်သားသားလုပ်ဖို့ လိုကြောင်း ပြောနေခြင်းဖြစ်တယ်။ မသန့်ရှင်းတဲ့အတွေး မတွေးမိအောင် ဘာလုပ်ရမလဲ။b

      မသန့်ရှင်းတဲ့ အတွေးတွေ တိုက်ထုတ်ဖို့ ကြိုးစားတာကို ယေဟောဝါ တန်ဖိုးထားတယ်။ ဆာလံ ၁၀၃:၁၃၊ ၁၄ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

      • အကျင့်ဆိုးကို ဖြတ်ဖို့ ကြိုးစားနေရင် ဒီကျမ်းပိုဒ်က ဘယ်လို အားရှိစေနိုင်သလဲ။

      အကျင့်ဆိုး ပြန်လုပ်မိရင် လက်မလျှော့နဲ့

      ‘မအောင်မြင်လို့ လက်လျှော့လိုက်ချင်ပြီ’ ဆိုပြီး တွေးမိနိုင်တယ်။ ဒါပေမဲ့ အပြေးသမားတစ်ယောက် ခလုတ်တိုက်လဲသွားရင် ရှုံးသွားပြီ၊ အစကနေ ပြန်ပြေးရမယ်လို့ မဆိုလိုဘူး။ အလားတူပဲ။ အကျင့်ဆိုး ပြန်လုပ်မိတာက ဒီအကျင့် မဖျောက်နိုင်တော့ဘူး၊ ကြိုးစားခဲ့သမျှ သဲထဲရေသွန် ဖြစ်သွားပြီလို့ မဆိုလိုဘူး။ အကျင့်ဆိုး ပြန်လုပ်မိတာမျိုးက ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ လက်မလျှော့ပါနဲ့။ ယေဟောဝါအကူအညီနဲ့ အောင်မြင်နိုင်ပါတယ်။

      လဲရာကနေ ပြန်ထတဲ့ အပြေးသမား။
မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ