-
ယေဟောဝါကို သင်၏ယုံကြည်ကိုးစားရာဖြစ်စေလော့ကင်းမျှော်စင်—၂၀၀၃ | စက်တင်ဘာ ၁
-
-
၁၈၊ ၁၉။ ယေဟောဝါကို ယုံကြည်ကိုးစားရန် သမ္မာကျမ်းစာက မည်သို့သောစကားလုံးများဖြင့် တိုက်တွန်းထားသနည်း၊ သို့သော် ယင်းနှင့်ပတ်သက်၍ အချို့ မည်သို့ တလွဲယူဆကြသနည်း။
၁၈ ဘုရားသခင့်နှုတ်မြွက်စကားတော်က ကျွန်ုပ်တို့ကို ဤသို့တိုက်တွန်းသည်– “ထာဝရဘုရား[သခင်]ကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရား[သခင်]ကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။” (သု. ၃:၅၊ ၆) အားတက်စေသော နှစ်လိုဖွယ်စကားများပင်တည်း။ စကြဝဠာတစ်ခွင်လုံးတွင် ကျွန်ုပ်တို့၏ ချစ်လှစွာသောကောင်းကင်ခမည်းတော်ထက် သာ၍ယုံကြည်ကိုးစားထိုက်သောပုဂ္ဂိုလ် လုံးဝမရှိပါ။ သို့တိုင် နယပုံပြင်ကျမ်းပါ အဆိုပါစကားများကို ဖတ်ရှုရလွယ်သော်လည်း လက်တွေ့ကျင့်သုံးရန် ခက်ခဲသည်။
-
-
ယေဟောဝါကို သင်၏ယုံကြည်ကိုးစားရာဖြစ်စေလော့ကင်းမျှော်စင်—၂၀၀၃ | စက်တင်ဘာ ၁
-
-
၂၂၊ ၂၃။ (က) ပြဿနာများရင်ဆိုင်ကြုံတွေ့ရသောအခါ ယေဟောဝါကို အဘယ်ကြောင့် ယုံကြည်ကိုးစားသင့်သနည်း၊ ယင်းကို မည်သို့တင်ပြနိုင်မည်နည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်အကြောင်း သုံးသပ်မည်နည်း။
၂၂ သို့သော် ကျွန်ုပ်တို့သည် ခက်ခဲသောအခြေအနေများ ကြုံတွေ့ရမှသာမဟုတ်ဘဲ ‘သွားလေရာရာ၌ ယေဟောဝါကိုမျက်မှောက်ပြု’ သင့်သည်ဟု နယပုံပြင် ၃:၆ ကဖော်ပြသည်။ ထို့ကြောင့် ကျွန်ုပ်တို့ဘဝတွင် နေ့စဉ်ပြုလုပ်သောဆုံးဖြတ်ချက်များက ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း ပေါ်လွင်စေသင့်သည်။ ပြဿနာများပေါ်လာသည့်အခါ စိတ်ပျက်အားလျော့၊ ချောက်ချားခြင်းမဖြစ်သင့်၊ ကိစ္စရပ်များကို အကောင်းဆုံးနည်းဖြင့်ကိုင်တွယ်ရန် ယေဟောဝါလမ်းညွှန်ပေးမှုကို ကျွန်ုပ်တို့ မငြင်းပယ်သင့်ပါ။ စမ်းသပ်မှုများသည် ယေဟောဝါ၏ပိုင်သအုပ်စိုးမှုကို ထောက်ခံရန်၊ စာတန်သည်မုသာကောင်ဖြစ်ကြောင်း သက်သေထူရန်၊ နာခံမှုနှင့် ယေဟောဝါနှစ်သက်သော အခြားအရည်အသွေးများကို တိုးပွားရင့်သန်စေရန် အခွင့်အလမ်းများဖြစ်၏ဟု ကျွန်ုပ်တို့ရှုမြင်ဖို့လိုသည်။—ဟေဗြဲ ၅:၇၊ ၈။
-