ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၂/၁ စာ. ၃၂
  • “သင်၏ ချက်အနာ ပျောက်ကင်းရာ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “သင်၏ ချက်အနာ ပျောက်ကင်းရာ”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၂/၁ စာ. ၃၂

“သင်၏ ချက်အနာ ပျောက်ကင်းရာ”

လူသားများ၏မကျန်းမာမှုအတော်များများသည် ကြောက်ရွံ့ခြင်း၊ ဝမ်းနည်းခြင်း၊ မနာလိုခြင်း၊ နာကြည်းခြင်း၊ မုန်းတီးခြင်းနှင့် အပြစ်ရှိသည်ဟုခံစားရခြင်းကဲ့သို့သော စိတ်လှုပ်ရှားမှုဆိုင်ရာဖိစီးမှုများကြောင့် အစပျိုးခဲ့သည်ဟု ယုံကြည်ထားကြသည်။ ယင်းကြောင့် ‘ယေဟောဝါကိုကြောက်ရွံ့ခြင်း’ သည် “သင်၏ချက်အနာ ပျောက်ကင်းရာနှင့် အရိုးများကို အားပြည့်ရာ” ဟူသည့် သမ္မာကျမ်းစာဖော်ပြချက်သည် မည်မျှစိတ်သက်သာစရာပါတကား!—သု. ၃:၈၊ ကဘ။

အရိုးများသည် ကိုယ်ခန္ဓာကိုထောက်မထားသော ဘောင်ခွေဖြစ်သည်။ ထို့ကြောင့် သမ္မာကျမ်းစာက “အရိုးများ” ဟူသည့်စကားလုံးကို အထူးသဖြင့် နက်ရှိုင်းသည့်ခံစားချက်များနှင့် စိတ်လှုပ်ရှားမှုများလွှမ်းမိုးသက်ရောက်မှုခံရသော လူတစ်ဦး၏အဖြစ်အနေကို ပုံဆောင်သဘောဖြင့်အသုံးပြုသည်။ သို့သော် ယေဟောဝါကိုကြောက်ရွံ့ခြင်းသည် “သင်၏ချက်အနာပျောက်ကင်းရာ” မည်သို့ဖြစ်မည်နည်း။

ကျမ်းပညာရှင်များသည် ဤစာပိုဒ်ပါ “ချက်” ကိုဖော်ပြခြင်းနှင့်ပတ်သက်၍ ၎င်းတို့၏ယူဆချက်များ ကွဲပြားခြားနားကြသည်။ အနက်ဖွင့်သူတစ်ဦးက “ချက်” သည် “ကိုယ်ခန္ဓာ၏အလယ်ဗဟို” ၌ရှိသောကြောင့် ၎င်းသည်အရေးပါသည့်ကိုယ်အင်္ဂါအားလုံးကို ကိုယ်စားပြုနိုင်သည်ဟုဆိုသည်။ နောက်ကျမ်းပညာရှင်တစ်ဦးက “ချက်” ဟူသောစကားလုံးသည် ယေဇကျေလ ၁၆:၄ ၌အသုံးပြုထားသကဲ့သို့ ချက်ကြိုးကိုဆိုလိုနိုင်သည်ဟု အကြံပြုသည်။ ထိုသို့ဖြစ်မည်ဆိုလျှင် မစွမ်းဆောင်နိုင်သည့်သန္ဓေသားသည် အစာအာဟာရအတွက် မိခင်ကိုလုံးလုံးလျားလျားမှီခိုအားထားရသကဲ့သို့ နယပုံပြင် ၃:၈ က ကျွန်ုပ်တို့သည်ဘုရားသခင်အပေါ် လုံးလုံးမှီခိုအားထားရန်လိုကြောင်း အလေးပေးဖော်ပြခြင်းဖြစ်နိုင်သည်။ သို့ဖြစ်စေကာမူ နောက်အယူအဆမှာ “ချက်” သည် ဤတွင် ကိုယ်ခန္ဓာ၏ကြွက်သားများနှင့်အကြောအမျှင်များကို ရည်ညွှန်းခြင်းဖြစ်နိုင်သည်။ ဤအခန်းငယ်၏ရှေ့နောက်စကားအရ ဤအင်္ဂါများကို ကိုယ်ခန္ဓာ၏ပို၍မာကျောသောအစိတ်အပိုင်းဖြစ်သည့် “အရိုးများ” နှင့် ခြားနားအောင်ယှဉ်၍ပြထားခြင်းဖြစ်နိုင်သည်။

တိကျသောအဓိပ္ပာယ်သည် မည်သည့်အရာပင်ဖြစ်ပါစေ သေချာသည့်အရာတစ်ခုမှာ– ယေဟောဝါအား ရိုသေခန့်ညားသောသဘောဖြင့်ကြောက်ရွံ့ကြောင်းတင်ပြခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်သည်။ ဘုရားသခင့်စံနှုန်းများကိုလိုက်နာခြင်းသည် ယခု ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကို ကောင်းကျိုးပြုနိုင်သည်။ ထိုထက်ကား ယင်းက ကျွန်ုပ်တို့ကို လာလတ္တံ့သောကမ္ဘာသစ်တွင် ကိုယ်ခန္ဓာအရနှင့်စိတ်လှုပ်ရှားမှုအရ စုံလင်သောကျန်းမာရေးနှင့် အဆုံးမဲ့အသက်တာကိုရရှိစေမည့် ယေဟောဝါ၏မျက်နှာသာတော်ကို ရရှိစေနိုင်သည်။—ဟေရှာယ ၃၃:၂၄; ဗျာဒိတ် ၂၁:၄; ၂၂:၂။

[Picture Credit Line on page 32]

Dr. G. Moscoso/SPL/Photo Researchers

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ